MSN 2.0

MSN 2.0

Share

Hello guys. This channel is for martial arts combat sports. ✌️

06/06/2026

Khabib Nurmagomedov က သူဟာ ၂၀၂၀ ခုနှစ်ကတည်းက MMA လောကကနေ အနားယူခဲ့တာဖြစ်ပေမဲ့ Gym ထဲမှာ လေ့ကျင့်တဲ့အခါ ထိပ်တန်းဖိုက်တာတွေကို အခုထိ အေးဆေး ယှဉ်နိုင်တုန်းပဲလို့ ပြောလိုက်ပါတယ်။

Podcast တစ်ခုမှာ Khabib က ရှင်းပြခဲ့တာကတော့ သူ အနားယူချိန်မှာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ရေရှည်ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘဲ ကျန်းကျန်းမာမာနဲ့ အနားယူနိုင်ခဲ့တာကြောင့် လက်ရှိ ထိုးသတ်နေတဲ့ ကမ္ဘာ့အဆင့် ဖိုက်တာတွေနဲ့ Gym ထဲမှာ ပညာစမ်းတဲ့အခါ အကောင်းဆုံး သူတင်ကိုယ်တင် ယှဉ်နိုင်နေတာဖြစ်တယ်လို့ ပြောတယ်။

လောလောဆယ်မှာတော့ သူက နည်းပြအလုပ်ကိုပဲ အဓိက အာရုံစိုက်ထားပြီး လက်ရှိ UFC ရဲ့ P4P နံပါတ်တစ် ဖိုက်တာ Islam Makhachev အပြင် အလားအလာရှိတဲ့ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ Umar Nurmagomedov နဲ့ Usman Nurmagomedov တို့လို ရုရှားထိပ်တန်းကစားသမားတွေကို လေ့ကျင့်ပေးနေတယ်။

ဒါ့အပြင် မကြာသေးခင်ကပဲ သူဟာ ဒက်ဂက်စတန်ဒေသမှာ ခေတ်မီလေ့ကျင့်ရေးစင်တာတစ်ခုကို ဖွင့်လှစ်ခဲ့ပြီး မျိုးဆက်သစ် ဖိုက်တာတွေကို ဆက်လက် မွေးထုတ်ပေးနေပါတယ်။

Khabib ရဲ့ ပြောစကားတွေကို ကြည့်ရင် ပြင်းထန်တဲ့ ဒဏ်ရာတွေရမှ အနားယူတာနဲ့ ခန္ဓာကိုယ်အခြေအနေ အကောင်းဆုံးအချိန်မှာ အနားယူလိုက်တာ ဘယ်လောက်ကွာခြားလဲဆိုတာကို မြင်နိုင်ပါတယ်။ သူဟာ ဒဏ်ရာအနည်းဆုံးရအောင် ကစားတတ်တဲ့ ကစားကွက် (Low-risk style) ကို သုံးခဲ့တာကြောင့် အခုအချိန်အထိ ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းမှာ ရေရှည်အကျိုးကျေးဇူးကို ခံစားနေရတာလို့ ထင်တယ်…။

ပ_ရို_မို_ကုတ်-MSN20

06/06/2026

နောက်ပွဲနိုင်ရင် Alex Pereira က GOAT ဖြစ်လာတော့မယ် ဆိုတဲ့ သူကြီး ဒေနာဝှိုက်

အိမ်ဖြူတော်ပွဲစဉ်မှာ Alex Pereira ဟာ Ciryl Gane နဲ့ ဟဲဗီးဝိတ် ကြားဖြတ်ချန်ပီယံခါးပတ်အတွက် ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ တကယ်လို့သာ သူနိုင်ခဲ့ရင် UFC သမိုင်းတစ်လျှောက်မှာ ဝိတ်တန်းသုံးခုရဲ့ ချန်ပီယံခါးပတ်ကို သိမ်းပိုက်နိုင်တဲ့ "ပထမဆုံးသော ဖိုက်တာ" အဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်မှာပါ။

ကမ္ဘာ့ MMA လောကမှာ ဝိတ်တန်းသုံးခု ချန်ပီယံဖြစ်ဖူးသူ လက်ချိုးရေလို့ရလောက်အောင်ပဲ ရှိပေမဲ့... UFC ထဲမှာတော့ ဒီလိုမျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ ဒါကြောင့်မို့လို့ ပွဲစီစဉ်သူ Dana White က တကယ်လို့သာ Pereira အောင်မြင်ခဲ့ရင် သူဟာ Jon Jones ကိုပါ ကျော်ဖြတ်ပြီး သမိုင်းမှာ အကြီးကျယ်ဆုံး ကစားသမား (GOAT) ဖြစ်လာလိမ့်မယ်လို့ Forbes နဲ့ အင်တာဗျူးမှာ ပြောသွားတယ်။

"မင်းတို့ဆီမှာ ဝိတ်တန်းသုံးခုမြောက် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူနိုင်ခြေရှိတဲ့ Pereira ရှိနေတယ်။ တကယ်လို့ အဲဒီညမှာ သူသာ တတိယမြောက် ခါးပတ်ကို ရသွားခဲ့ရင်... သူက Jon Jones ကိုပါ ကျော်တက်ပြီး သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးဖိုက်တာ (GOAT) ဖြစ်လာမှာပါ"

တကယ်လို့သာ သူ Gane ကို အနိုင်ယူနိုင်ခဲ့ရင် Pereira ရဲ့ အောင်မြင်မှုဟာ ပိုပြီးတော့တောင် ထူးခြားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူဟာ UFC ထဲကို တခြားသူတွေထက် အများကြီး နောက်ကျမှ ရောက်လာခဲ့လို့ပါ။

Glory Kickboxing လောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ Pereira ဟာ သူ့အသက် (၃၄) နှစ်အရွယ် ၂၀၂၁ ခုနှစ်ကျမှ UFC ကို ရောက်လာခဲ့တာဖြစ်ပြီး အဲဒီတုန်းက သူ့မှာ MMA ကစားသမားသက်တမ်း (၄) ပွဲပဲ ရှိသေးတယ်။ အဲဒီနောက်ပိုင်း သူဟာ သူ့ရဲ့ (၈) ပွဲမြောက် MMA ပွဲစဉ်မှာတင် UFC မစ်ဒယ်ဝိတ်ချန်ပီယံ ဖြစ်လာခဲ့သလို... ဝိတ်တန်းတက်ပြီး (၃) ပွဲအကြာမှာတင် လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို ထပ်ရခဲ့တာ ဖြစ်တယ်။ အသက်ကြီးမှ ဒီလောကထဲ ရောက်လာပေမယ့် ရတဲ့ အခွင့်အရေးကို အမြဲလိုလို အောင်မြင်အောင် လုပ်နိုင်ခဲ့လို့ ဒီအသက်အရွယ်မှာ ဒီလိုအောင်မြင်မှုမျိုး ရလာတယ်လို့ မြင်တယ်။

နောက်တစ်ပတ်ထဲမှာ လုပ်မယ့် သမိုင်းဝင်ပွဲကြီးမှာ Chama တစ်ယောက် အောင်ပွဲခံပြီး GOAT နေရာ ယူသွားနိုင်မလား စောင့်ကြည့်ရတော့မှာပါ…။

ပ_ရို_မို_ကုတ်-MSN20

06/06/2026

ကစားသမားဘဝက အနားယူဖို့စဉ်းစားနေပြီဖြစ်တဲ့ Makhachev

Murad LaRiba Podcast မှာ Islam Makhachev က သူ့ရဲ့ ဖိုက်တာဘဝဟာ လူအများထင်ထားသည့် အချိန်ထက် စော၍ အနားယူနိုင်ဖွယ်ရှိတယ်လို့ ဖွင့်ဟလိုက်ပါပြီ။အနားယူဖို့စဉ်းစားရတဲ့ အဓိက အကြောင်းအရင်းကတော့ မိခင်ဖြစ်သူရဲ့ တောင်းဆိုမှုကြောင့်ဖြစ်ပါတယ်။

ပရိတ်သတ်တွေကတော့ Illia Topuria နဲ့ Super fight ပွဲမျိုးမျှော်လင့်နေကြပေမယ့် ဒီပွဲက ဖြစ်လာဖို့ အခွင့်အရေးနည်းပါးသွားပါပြီ။ Islam ရဲ့ ပြောပုံအရတော့ ဒီအားကစားအပေါ်မှာ စိတ်အားထက်သန်မှုတွေလည်း လျော့နည်းနေပုံပါပဲ။ အသက်အရွယ်ကလည်း ၃၄ နှစ်ရှိပြီဖြစ်လို့ ကစားသမားဘဝရဲ့ အကျပိုင်းအရွယ်ကို ဝင်ရောက်စပြုနေပါပြီ။ Islam ရဲ့ မိခင်ဖြစ်သူကတော့ သူ့ရဲ့သားကို အောင်မြင်မှုတွေ ဆုံးရှုံးမှ အနားယူလိုက်တာမျိုးကို မလိုချင်ပါဘူး။ MMA လောက ကို အနိုင်နဲ့ပိုင်းစေချင်နေတာပါ။ Islam Makhachev ကလည်း သူ့အမေရဲ့ သဘောဆန္ဒကို လွန်ဆန်သွားမှာမဟုတ်ပဲ အနားယူဖို့ စဉ်းစားနေပြီလို့ဆိုပါတယ်။

Islam က ကစားသမားဘဝက အနားယူပြီး‌နောက်ပိုင်း သူ့ရဲ့ အသက်အမွေးဝမ်းကြောင်းလုပ်ငန်း‌အနေနဲ့ကတော့ နိုင်ငံရေးလောကကို ဝင်ရောက်ပြီး ဒါဂတ်စတန်ဒေသမှာ နိုင်ငံရေးသမားတစ်ဦး‌အနေနဲ့ နေထိုင်သွားမယ်လို့ ပြောပြခဲ့ပါတယ်။

ပ_ရို_မို_ကုတ်-MSN20

06/06/2026

လွန်ခဲ့တဲ့ ရက်က Muhammad Mokaev က ဒီအပတ်ထဲ ထိုးမယ့် သူ့ပွဲကို လူစိတ်ဝင်စားအောင် မဆီမဆိုင် Joshua Van ကို စကားထဲ ဆွဲထည့်ပြီး ပြောသွားတာ ရှိတယ်။

မနေ့ညကပဲ Van က သူ့ကို ခုလို ပညာသားပါပါ ပြန်တုန့်ပြန်ထားတယ်။

“ကလပ်ထဲတောင် မဝင်ရဘဲ အပြင်ကနေ လှမ်းပုတ်ခတ်နေတာ... မင်းက အထဲတောင် ဝင်လို့ရလို့လား” တဲ့။

Mokaev က ရှုံးပွဲမရှိ မှတ်တမ်းနဲ့ Van ထက် UFC ကို စောရောက်ခဲ့ပြီး (၇) ပွဲထိ ဆက်တိုက်နိုင်ခဲ့တယ်။ ဒါပေမယ့် ပွဲထိုးတဲ့အချိန်နဲ့ ပွဲပြင်တွေမှာ လုပ်တဲ့ သူ့ရဲ့ အပြုအမူတွေကို မကြိုက်တာရော၊ နိုင်ရင်ပြီးရော ဆော့တတ်တဲ့ အကျင့်ကို အမြင်မကြည်တာရောကြောင့် သူကြီးတို့ဘက်က စာချုပ် ဆက်မချုပ်ဘဲ လမ်းခွဲလိုက်တာပါ။

အခု Mokaev အခြေအနေက သောင်ပြင်လွှတ်တဲ့ အာဝုလိုပဲ ပြင်ပအဖွဲ့အစည်းလေးတွေမှာ ဟိုလိုက်ထိုး ဒီလိုက်ထိုးနဲ့ နေရာမရဖြစ်နေတဲ့ အခြေအနေပါ။ Van က ဒါကို နင်းပြီး သူ့ကို ခပ်စပ်စပ်လေး ပြန် တုံ့ပြန်ထားတဲ့ သဘောပါပဲ။

သူ့အနေနဲ့ UFC ကို ပြန်လာဖို့ဆို တချိန်က Brando Moreno ကြီး လုပ်ခဲ့သလိုမျိုး အပြောထက် Performance ကောင်းကောင်း အလဲထိုးပွဲမျိုးတွေ ဖန်တီးနိုင်မှသာ မျှော်လင့်လို့ရမယ့် အခြေအနေပါ…။

ပ_ရို_မို_ကုတ်-MSN20

05/06/2026

မွေမှာရလဒ် သိပ်မကောင်းလို့ kickboxing ပြောင်းထိုးတဲ့ “ ကျောက်ဆူးရိုင်း “

ပ_ရို_မို_ကုတ် - MSN20

05/06/2026

အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ အဘိုးကြီး Sam A ကို One Championship က အခွင့်အရေး ထပ်ပေးလိုက်ပြန်ပြီ။

လာမယ့် ဂျူလိုင် (၂၄) မှာ လုပ်မယ့် One Friday Fight 163 ရဲ့ Inner Circle Card မှာ မလေးရှားက ချာတိတ် Aliff Dechapan နဲ့ စထရောဝိတ်မွေထိုင်း ကြားဖြတ်ခါးပတ်လုပွဲ တည်ပေးထားတယ်။

Aliff Dechapan ကလည်း လျော့တွက်လို့ မရဘူး။ One Championship မှာ (၉) ပွဲထိနိုင်ထားပြီး (၂) ပွဲပဲ အမှတ်နဲ့ ရှုံးထားသေးသလို နောက်ဆုံး (၅) ပွဲ ဆက်တိုက်နိုင်ထားတယ်။ အရပ်ရှည်ရှည်နဲ့ ကန်ချက်တွေ အားပါတယ်။

နောက်ဆုံး (၃) ပွဲမှာ သွေးလင်းထက်၊ ကျောက်ဆူရိုင်းတို့ အပါအဝင် ထိပ်ပိုင်းကို တက်လာတဲ့ လူငယ်ခြေတက်ဖိုက်တာတွေကို တောက်ချထားနိုင်တဲ့ Sam A ကြီး ဒီတစ်ခေါက်လည်း မလေးရှားက ချာတိတ်ကို တောက်ချနိုင်မလား စောင့်ကြည့်ရမယ်…။

ပ_ရို_မို_ကုတ်-MSN20

05/06/2026

Gaethje နဲ့ Topuria တို့ရဲ့စကားလုံးတိုက်ပွဲတွေကို ‌သဘောကျနေတဲ့ Daniel Cormier

အိမ်ဖြူတော်ပွဲရက်ကလည်း နီးလာပြီမလို့ ဖိုက်တာတွေကြားမှာလည်း စကားလုံးတိုက်ပွဲတွေနဲ့ အပြန်အလှန်လေတိုက်ကြမ်းနေကြပါတယ်။

အရင်ကတော့ Topuria နဲ့ Gaethje တို့က အပြန်အလှန်လေးစားမှုပြခဲ့ကြပေမယ့် ဒီရက်ပိုင်းမှာတော့ အခြေအနေကပြောင်းလဲလာပါတယ်။ ဇာတ်လမ်းစတာက Topuria ပါ။သူရဲ့ အရင်ပွဲတွေမှာလုပ်နေကြအတိုင်းပဲ Justin Gaethje ရဲ့ ပန်းချီကားဘေးမှာ နှင်းဆီတစ်ပွင့်ချခဲ့တဲ့ video ကို social media ပေါ်မှာတင်ခဲ့ပါတယ်။ ဒါက ဘာသဘောလည်းဆိုတာကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။

ဒါကြောင့် Justin Gaethje ကလည်း “He is Gimmick” ဆိုပြီး သရော်ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ လူစိတ်ဝင်စားမှုရအောင် Topuria က သူ့ကိုယ်သူ Promotion ဆင်းနေတာလို့ ရည်ညွှန်းပါတယ်။ ဒီကနေ စကားလုံးတိုက်ပွဲ စတင်ခဲ့တာပါ။

သူတို့နှစ်ယောက်ကြားက Trash Talk တွေကို ကြိုက်နှစ်သက်တယ်။ ကြိုဆိုတယ်ဆိုပြီး ပြောပြလာသူက UFC ရဲ့ ဖိုက်တာဟောင်းလည်းဖြစ် လက်ရှိ UFC မှာ commentator အဖြစ်ဆောင်ရွက်နေတဲ့ Daniel Cormier ပါ။ DC က Trash Talk တွေက ပွဲတစ်ပွဲရဲ့ ရသကို မြှင့်တင်ပေးနိုင်တဲ့ အစိတ်အပိုင်းတစ်ခုလို့ ခံယူထားပါတယ်။

“ပွဲတစ်ပွဲ၊ အထူးသဖြင့် ချန်ပီယံရှစ်ပွဲတွေမှာ အပြန်အလှန်လေတိုက်ကြတာကို ငါအမြဲသဘောကျပါတယ်။ ဒါမှလည်း ပရိတ်သတ်အနေနဲ့ ကြည့်ရတာ ပိုပြီး အရသာရှိတာပါ။အချင်းချင်းယဉ်ကျေးပျူငှာပြနေတာထက် အပြန်အလှန်လေတိုက်နေတာကို ငါက ပိုသဘောကျပါတယ်။ အခုဆိုရင် စကားလုံးတိုက်ပွဲတွေကြောင့် Illia နဲ့ Justin တို့ပွဲက ပိုပြီးတော့ ကြီးကျယ်လာပြီလို့ ခံစားရပါတယ်။” ဆိုပြီး သူရဲ့ YouTube channel ကနေ ပြောပြခဲ့ပါတယ်။

ပ_ရို_မို_ကုတ်-MSN20

05/06/2026

ONE ရေးထားတဲ့ ဇာတ်ညွှန်းကိုဖျက်နိုင်မလား?

“ ခွန်ချိုင်း “ VS “ ဗယ်လာလီ “

ပ_ရို_မို_ကုတ် - MSN20

04/06/2026

UFC မစ်ဒယ်ဝိတ်တန်းချန်ပီယံ Sean Strickland က ဇွန်လ (၁၄) ရက်နေ့ အိမ်ဖြူတော်မှာ ကျင်းပမယ့် UFC Freedom 250 ပွဲကို သူ့ကို Ban ထားလို့ မတက်တော့ဘူးဆိုပြီး လိုင်းပေါ်မှာ ပတ်ရမ်းနေတယ်။

ဒီပွဲကို ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ၊ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ သတ်မှတ်ထားတဲ့သူတွေပဲ တက်ရောက်ခွင့်ရှိမှာဖြစ်ပြီး သူ့ကိုတော့ ချန်လှပ်ထားခဲ့တာလို့ Strickland က လူမှုကွန်ရက်မှာ ရေးထားပါတယ်။ ဒါ့အပြင် ဒီလိုအပိတ်ခံရတာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အစ္စရေးအပေါ် သူဝေဖန်ခဲ့တာတွေကြောင့် ဖြစ်နိုင်တယ်လို့လည်း သူက ပြောတယ်။

Strickland က အရင်က ဒေါ်နယ်ထရမ့်ကို ပွင့်ပွင့်လင်းလင်း ထောက်ခံခဲ့သူဖြစ်ပေမဲ့... လတ်တလော နိုင်ငံတကာ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ဆန့်ကျင်ကန့်ကွက်ကြောင်း ကျယ်ကျယ်လောင်လောင် ပြောနေတာ ကြာပြီ။ အခုတော့ သူ့ရဲ့ ပြောစကားတွေကြောင့် တစ်နှစ်တာအကြီးမားဆုံး ဖြစ်လာမယ့် UFC ပွဲကြီးကို တက်ရောက်ခွင့် ဆုံးရှုံးခဲ့ရပြီလို့ သူ့ဖာသာ ယူဆနေတာပါ။

ဒါပေမဲ့ UFC ဘက်ကတော့ ဒါနဲ့ပတ်သက်ပြီး သူ့ကို တရားဝင် Ban ထားတာ ရှိ၊ မရှိကို အတည်မပြုသေးသလို၊ Strickland ရဲ့ ပြောဆိုချက်တွေအပေါ်မှာလည်း ဘာမှတုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

Strickland ကတော့ နောက်ထပ်ပို့စ်တွေတင်ပြီး ဆက်တိုက်ဝေဖန်နေတယ်။ အကယ်၍ ပွဲကျင်းပမယ့်နေရာထဲ ဝင်ခွင့်မရရင်တောင် ကွင်းအပြင်ဘက်မှာ လူလုံးသွားပြဦးမယ်လို့ အရိပ်အမြွက် ပြောထားသေးတယ်။

ပ_ရို_မို_ကုတ်-MSN20

04/06/2026

UFC အိမ်ဖြူတော်ပွဲကလည်း ရက်အနည်းငယ်ပဲလိုတော့တယ်။ဖိုက်တာတွေက လည်း ဒီပွဲအတွက် အစွမ်းကုန်ပြင်ဆင်မှုတွေပြုလုပ်နေကြပါတယ်။ တချို့ဖိုက်တာတွေဆိုရင် Training session တွေကို အပြီးသတ်ပြီး ဝိတ်ချဖို့အတွက်ကို စတင်ချဉ်းကပ်နေကြပါပြီ။

ဒီပွဲမှာ Alex Pereira နဲ့ Co-Main ပွဲကစားရမယ့် Ciryl Gane က Alex Pereira ကိုအနိုင်ယူပြဖို့ Striking ပိုင်းကိုပဲ အဓိက အသုံးပြုသွားမှာမဟုတ်ပဲ သူ့ရဲ့ well rounded ဖြစ်တဲ့ MMA Skill Sets အကုန်ထုတ်သွားသွားမယ်လို့ ပြောပြခဲ့ပါတယ်။

Ciryl Gane က Alex Pereira ကို ရင်ဆိုင်ဖို့ Pereira ရဲ့ ပြိုင်ဘက်ဟောင်း Kickboxing Legend ဖိုက်တာ Artem Vakhitov နဲ့ ပူးတွဲပြင်ဆင်ထားခဲ့တာပါ။

“ဒီပွဲမှာ ကျွန်တော်က Alex ကို 100% Striking ပိုင်းနဲ့ ရင်ဆိုင်ကစားမှာမဟုတ်ပါဘူး။ ကျွန်တော်က MMA ဖိုက်တာပါ။ ကျွန်တော် နပန်း၊BJJ အကုန်ကစားနိုင်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီပွဲက MMA ပွဲလေ ဒါကြောင့် ကြမ်းခင်းပေါ်ကစားဖို့ လိုအပ်လာရင်လည်း ကစားဖို့အသင့်ပါပဲ။” လို့ Ciryl Gane က UFC on Paramount plus နဲ့ အင်တာဗျူးမှာ ဖွင့်ဟသွားခဲ့ပါတယ်။

ပ_ရို_မို_ကုတ်-MSN20

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon