Multi Scope - Business Service Group

Multi Scope - Business Service Group

Share

Mastering Operations, Empowering Growth..

Photos from Multi Scope - Business Service Group's post 22/06/2026

ကျွန်တော်တို့ Multi Scope Myanmar မှ Business Setup Service တာဝန်ယူပေးထားသော King Car Tyres & Alloy Sales Center တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများ အမြန်အလိုရှိသည်။

သင်က ကိုယ့်ရဲ့ အရည်အချင်းကို အပြည့်အဝ ဖော်ထုတ်ပြီး တိုးတက်မှုအခွင့်အလမ်းတွေ ရှိတဲ့ လုပ်ငန်းခွင်တစ်ခုမှာ လက်တွဲလုပ်ကိုင်ချင်သူတစ်ယောက်လား?

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ KING Car Tyres & Alloy Showroom တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ ရာထူးနေရာများအတွက် ဝန်ထမ်းများ အမြန်အလိုရှိနေပါသည်။

ခေါ်ယူမည့် ရာထူးများ -

1 - Senior Accountant – Female ( 1 Post )

2 - HR Executive – Female ( 1 Post )

3 - Inventory Accountant – Male/Female ( 3 Posts )

4 - Customer Service – Male/Female ( 3 Posts )

5 - Sales & Marketing Staff – Male/Female ( 4 Posts )

ခံစားခွင့်များ -

Basic Salary (Negotiable) + Attendance + Bonus + Incentives

အလုပ်လုပ်ရမည့်နေရာ -

အမှတ် (၅၄)၊ လေးထောင့်ကန်လမ်းမကြီး၊ လေးထောင့်ကန်ရပ်ကွက်၊ BOC ကားမှတ်တိုင်အနီး၊သင်္ဃန်းကျွန်းမြို့နယ်။

အလုပ်ချိန် -

နံနက် ( ၈:၃၀ ) နာရီ မှ ညနေ ( ၅:၃၀ ) နာရီအထိ (တစ်ပတ်လျှင် တစ်ရက် ပိတ်သည်။)

လျှောက်ထားရန် နည်းလမ်း -

စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV / Resume များအား အောက်ပါ Contact သို့ (Viber / Telegram) မှတစ်ဆင့် ပေးပို့ လျှောက်ထားနိုင်ပါသည်။

Contact No (Viber/Telegram) : 09-977 357 071

မှတ်ချက်။ ။ အသေးစိတ် အရည်အချင်း သတ်မှတ်ချက်များနှင့် Job Description များကို ပုံတစ်ပုံချင်းစီတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

15/06/2026

Business System ဆိုတာ ဘာလဲ မိတ်ဆွေ သိရဲ့လား?

System ဆောက်ပါ၊ System လိုတယ် ဆိုတဲ့ စကားကို ကြားဖူးပေမဲ့ တကယ်တမ်း System ဆိုတာ ဘာလဲဆိုတာ မသိဘူး ဖြစ်နေလား System ဆိုတာ ဘာလဲ ရှင်းရှင်းလင်းလင်း သိချင်ရင် ဒီ post လေးကို ဖတ်ကြည့်ပါ။

Business System ဆိုတာ ဘာလဲ?

Business System ဆိုတာ App တစ်ခု ဒါမှမဟုတ် Software တစ်ခု မဟုတ်ပါဘူး။ လုပ်ငန်းထဲမှာ အလုပ်တစ်ခုချင်းစီကို ဘယ်သူက ဘယ်လိုလုပ်ရမလဲ၊ ဘယ်အစီအစဉ်အတိုင်း လုပ်ရမလဲ ဆိုတာ ကြိုတင် သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေကို ပေါင်းစည်းထားတာကို ဆိုလိုတာပါ။

ဥပမာနဲ့ ကြည့်ရင်
Customer Order တစ်ခု ဝင်လာတယ်ဆိုပါစို့

→ ဘယ်သူက Order လက်ခံမလဲ
→ ဘယ်သူက ထုတ်လုပ်မလဲ
→ ဘယ်သူက Package လုပ်မလဲ
→ ဘယ်သူက ပို့ဆောင်မလဲ

ဒီအဆင့်တွေ အားလုံးကို ကြိုတင် သတ်မှတ်ထားပြီး၊ ဝန်ထမ်းတိုင်း သိနေပြီးသား ဖြစ်နေတယ်ဆိုရင် ဒါဟာ Business System ဖြစ်ပါတယ်။

System ရှိရင်
Boss ကို မမေးဘဲ ဝန်ထမ်းတွေ ဆက်လုပ်နိုင်မယ်
ဝန်ထမ်းတိုင်း တူညီတဲ့ပုံစံနဲ့ လုပ်နိုင်မယ်
Boss မရှိတဲ့နေ့မှာတောင် လုပ်ငန်း ဆက်လည်ပတ်နေနိုင်မယ်

System ဆိုတာ ရှုပ်ထွေးတဲ့ နည်းပညာ မဟုတ်ဘဲ "ဘယ်သူက ဘာလုပ်ရမလဲ" ဆိုတာ ရှင်းရှင်းလင်းလင်း ချမှတ်ထားတာပဲ ဖြစ်ပါတယ်။

သင့်လုပ်ငန်းထဲမှာ Business System ရှိပြီးပြီလား comment မှာ မန့်ခဲ့ပါဦး။

Multi Scope | Business Service Group

14/06/2026

ဒီ ၃ နေရာမှာ System ထားရင် လုပ်ငန်း ချောမွေ့သွားမယ်

System လိုတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ လုပ်ငန်းတစ်ခုလုံးကို တစ်ချိန်တည်း System ချလို့ မရဘူး။ ဘယ်နေရာကနေ အရင်ဆုံး စရမလဲ ဆိုတာ မသိရင် ဒီ ၃ နေရာကို အရင်ချပါ။ အဲ့ဒီ ၃ နေရာက အရေးကြီးပါတယ်။

၁။ Operation System
လုပ်ငန်းရဲ့ နေ့စဉ်လုပ်ငန်းစဉ်တွေဖြစ်တဲ့ Order လက်ခံတာ၊ ထုတ်လုပ်တာ၊ ပို့ဆောင်တာ ဒါတွေကို ဘယ်သူက ဘယ်လိုလုပ်ရမလဲ သတ်မှတ်ထားဖို့ လိုတယ်။ ဒါက လုပ်ငန်းရဲ့ ရေထွက်ရေဝင် (ရေထီးရေနက်) ဖြစ်တာကြောင့် အရင်ဆုံး ရှင်းရှင်းလင်းလင်း ထားသင့်ပါတယ်။

၂။ Sales System
Customer ကို ဘယ်လို ချဉ်းကပ်မလဲ၊ ဘယ်လို ရောင်းချမလဲ၊ ဝယ်ပြီးတဲ့ Customer ကို ဘယ်လို Follow Up လုပ်မလဲ ဒါတွေက ဝင်ငွေကို တိုက်ရိုက် ထိခိုက်တာကြောင့် System ချထားရင် ရောင်းအားက ပိုတည်ငြိမ်လာမယ်။

၃။ HR System
ဝန်ထမ်းတွေ ဘယ်လို စုဆောင်းမလဲ၊ ဘယ်လို Training ပေးမလဲ၊ ဘယ်စည်းကမ်းတွေ လိုက်နာရမလဲ Handbook နဲ့ Training System ရှိရင် ဝန်ထမ်းသစ်တိုင်း မြန်မြန် လိုက်ပါနိုင်မယ်။

ဒီ ၃ ခုက လုပ်ငန်းရဲ့ နေ့စဉ်လည်ပတ်မှု၊ ဝင်ငွေ၊ နဲ့ လူအင်အား အခြေခံအကျဆုံး အချက် ၃ ချက်ပဲ ဖြစ်ပါတယ်။ ဒီနေရာတွေမှာ System ချပြီးရင် နောက်ထပ် System တွေကို တည်ဆောက်ရတာ ပိုလွယ်လာမယ်။

သင့်လုပ်ငန်းမှာ ဒီ ၃ ခုထဲက ဘယ် System ချထားပြီးပြီလဲ Comment မှာ ပြောပြခဲ့ပါ။

Multi Scope | Business Service Group

13/06/2026

ဝန်ထမ်းသစ်ဝင်တိုင်း ဒီ ၃ ခု ဆုံးရှုံးနေမယ်

Employee Handbook မရှိရင် ဝန်ထမ်းအသစ်ဝင်တိုင်း သင် ဒီ ၃ ခု အမြဲဆုံးရှုံးနေပါလိမ့်မယ်။

၁။ အချိန်ဆုံးရှုံးမယ်
Boss က ဘေးချင်းကပ်ပြီး ဝန်ထမ်းအသစ်ကို တစ်ခုချင်း သင်ပေးနေရတယ်။ ဝန်ထမ်းအသစ် ၂ ပတ်လောက် Training ပေးနေတဲ့အချိန်မှာ Boss ရဲ့ ကိုယ်ပိုင်အလုပ်တွေ ရပ်ထားရတယ်။

၂။ ငွေကြေးဆုံးရှုံးမယ်
ဝန်ထမ်းအသစ်တွေမှာ Handbook မရှိလို့ မှားနေတဲ့ပုံစံနဲ့ အလုပ်လုပ်တတ်တယ်။ မှားတဲ့ Order၊ မှားတဲ့ ပို့ဆောင်မှု၊ Customer ကို စကားပြောပုံမှားပြီး ပြောမိတာ ဒါတွေအားလုံးက လုပ်ငန်းကို ငွေကြေးအရ ထိခိုက်စေတယ်။

၃။ ဝန်ထမ်းအသစ် ကိုယ်တိုင် စိတ်ပျက်‌စေမယ်
ရှင်းပြထားတာကို ထပ်မေးရင် "မေးတာများလားလို့" ထင်မလား စိုးရိမ်မိနေ၊ မမေးရင်လည်း မှားမှာစိုးရိမ်နေတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတယ်။ ဒါက ဝန်ထမ်းအသစ်တိုင်းကို ရက်အနည်းငယ်အတွင်း ထွက်သွားနိုင်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။

Employee Handbook တစ်အုပ် ထားလိုက်တာနဲ့ ဒီ ၃ ခုလုံး ပြန်ရနိုင်မယ်။

သင့်လုပ်ငန်းမှာကော ဝန်ထမ်းအသစ်ဝင်တိုင်း ဒီပြဿနာ ရှိနေလား Comment မှာ ပြောခဲ့ပါ။

Multi Scope | Business Service

11/06/2026

Employee Handbook ရှိတဲ့ လုပ်ငန်းမှာ ဒီ ၄ ခု ပြောင်းသွားတယ်

Handbook မရှိတဲ့အချိန်မှာ ဝန်ထမ်းအသစ်ဝင်တိုင်း ရှင်းပြနေရ၊ စည်းကမ်းမေးတိုင်း ဖြေနေရ၊ ပြဿနာဖြစ်တိုင်း Boss ကိုပဲ ဆက်မေးနေကြတယ်။ Employee Handbook တစ်အုပ် ထားလိုက်တာနဲ့ ဒီ ၄ ခု ချက်ချင်း ပြောင်းသွားတယ်။

၁။ Boss အချိန်ပိုရလာမယ်
ဝန်ထမ်းတွေ Handbook ကိုးကားရုံနဲ့ ကိုယ်တိုင် အခက်အခဲတွေ ဖြေရှင်းနိုင်တာကြောင့် Boss ဆီ ထပ်ခါထပ်ခါ မမေးတော့ဘူး။ Boss မှာ လုပ်ငန်းကြီးထွားဖို့ စဉ်းစားမယ့် အချိန်ပိုရလာမယ်။

၂။ ဝန်ထမ်းသစ် မြန်မြန်လိုက်ပါနိုင်မယ်
Handbook ဖတ်ရုံနဲ့ လုပ်ငန်းစည်းကမ်း၊ တာဝန်တွေ ချက်ချင်းသိသွားတာကြောင့် Training အချိန် လျော့နည်းသွားပြီး မြန်မြန် အလုပ်ဝင်လုပ်လာနိုင်မယ်။

၃။ အငြင်းပွားမှု လျော့နည်းမယ်
စည်းကမ်းတွေကို စာနဲ့ ရေးမှတ်ထားတာကြောင့် "မသိဘူး၊ မပြောဘူး" ဆိုတဲ့ အငြင်းပွားမှုတွေ ထပ်မဖြစ်နိုင်တော့ဘူး။

၄။ လုပ်ငန်း တစ်သားတည်း ညီညာလာမယ်
ဝန်ထမ်းတိုင်း တူညီတဲ့ စံချိန်စံနှုန်းနဲ့ လုပ်ဆောင်လာတာကြောင့် Customer တိုင်း တူညီတဲ့ ဝန်ဆောင်မှု ရရှိမယ်။

Handbook တစ်ခါရေးထားလိုက်ရင် နှစ်တွေကြာအောင် ဒီအကျိုးကျေးဇူး ၄ ခုလုံး ဆက်ရနေမှာပဲ ဖြစ်ပါတယ်။

သင့်လုပ်ငန်းမှာ Employee Handbook ရှိပြီးပြီလား Comment မှာ ပြောခဲ့ပါ။

Multi Scope | Business Service Group

10/06/2026

ဝန်ထမ်းသစ်ဝင်တိုင်း ထပ်ရှင်းပြနေရတာ ဒါကြောင့်ပဲ

ဝန်ထမ်းသစ်တစ်ယောက် ဝင်လာတိုင်း Boss ကိုယ်တိုင် ဘေးချင်းကပ်ပြီး တစ်ခုချင်း သင်ပေးနေရတယ်။ တစ်ခါ ပြောပြီးတဲ့ ကိစ္စကို နောက်တစ်ယောက် ဝင်လာရင် ပြန်ပြောနေရပြန်တယ်။ ဒါဟာ ဝန်ထမ်းညံ့လို့ မဟုတ်ဘဲ လိုက်နာစရာ Employee Handbook မရှိသေးလို့ပဲ ဖြစ်ပါတယ်။

Employee Handbook ဆိုတာ ဘာလဲ?

ဝန်ထမ်းတွေ လိုက်နာရမဲ့ စည်းကမ်းတွေ၊ ရရှိမဲ့ အခွင့်အရေးတွေ၊ လုပ်ငန်းခွင် လုပ်ထုံးလုပ်နည်းတွေကို စာနဲ့ မှတ်တမ်းတင်ထားတဲ့ လက်စွဲစာအုပ်တစ်အုပ် ဖြစ်ပါတယ်။ Boss မပါဘဲ ဝန်ထမ်းကိုယ်တိုင် ဖွင့်ဖတ်ပြီး သိနိုင်တဲ့ အားကိုးရာ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။

ဥပမာနဲ့ ယှဉ်ကြည့်ရင်

Handbook မရှိ | ဝန်ထမ်းသစ် "ဒါ ဘယ်လိုလုပ်ရမလဲ" Boss ဆီ မေးမယ်၊ Boss က ရှင်းပြမယ်၊ အချိန်ကုန်မယ်။

Handbook ရှိ | ဝန်ထမ်းအသစ်တွေ ဖွင့်ဖတ်မယ်၊ ကိုယ်တိုင် ဘာလုပ်ရမလဲ သိမယ်၊ Boss အချိန်မကုန်တော့ဘူး။

Handbook တစ်အုပ် ထားလိုက်ရင်
ဝန်ထမ်းသစ်တိုင်း ပေးလိုက်ရုံနဲ့ အဆင်ပြေမယ်
Boss ထပ်ခါထပ်ခါ ရှင်းပြနေစရာ မလိုတော့ဘူး
ဝန်ထမ်းတိုင်း တူညီတဲ့ပုံစံနဲ့ လုပ်နိုင်မယ်

တစ်ခါရေးထားလိုက်ရင် နှစ်တွေကြာအောင် အသုံးဝင်နေမဲ့ လက်စွဲစာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။

သင့်လုပ်ငန်းမှာ Employee Handbook ရှိပြီးပြီလား Comment မှာ ပြောခဲ့ပါဦး။

Multi Scope | Business Service Group

09/06/2026

မျက်စိမှိတ်ပြီး ပစ်သလို Marketing လုပ်နေမိတာ မဟုတ်လား?

ကြော်ငြာထည့်လိုက်တယ်၊ Brochure ဝေလိုက်တယ်၊ Banner ချိတ်လိုက်တယ်။ ငွေကုန်တယ်၊ အချိန်ကုန်တယ်၊ ဒါပေမဲ့ ရလဒ်ကတော့ မျှော်လင့်ထားသလို ထွက်မလာဘူး။ ဒါဟာ Marketing မကောင်းလို့မဟုတ်ဘဲ Marketing Strategy မရှိဘဲ လုပ်နေလို့ပဲ ဖြစ်ပါတယ်။

Marketing Strategy ဆိုတာ ဘာလဲ?
Marketing Strategy ဆိုတာ မိမိလုပ်ငန်းအတွက် ဘယ်သူ့ကို၊ ဘာပြောမလဲ၊ ဘယ်လမ်းကြောင်းနဲ့၊ ဘယ်အချိန်မှာ၊ ဘာရည်ရွယ်ချက်နဲ့ Marketing လုပ်မလဲဆိုတာ အစီအစဉ်ချပေးတဲ့ Plan တစ်ခုဖြစ်ပါတယ်။

ဥပမာနဲ့ ယှဉ်ကြည့်ရင်

Strategy မရှိ "ဒီပတ် Brochure ထုတ်ကြစို့" ဘယ်သူ့ကို ဝေမှန်းမသိ၊ ဘာရည်ရွယ်ချက်နဲ့ ဝေမှန်းမသိ။

Strategy ရှိ "လုပ်ငန်းရှင် အသက် ၃၀ - ၅၀ နှစ်ကို တစ်လတစ်ကြိမ် Brochure ဝေမယ်၊ ဆက်သွယ်မှု ၂၀ ရည်ရွယ်တယ်" တိတိကျကျ သိတယ်။

Marketing Strategy ရှိလာတာနဲ့
ဘာလုပ်ရမှန်း တိတိကျကျ သိမယ်။
ငွေကြေး၊ အချိန် ပိုသက်သာလာမယ်။
ရလဒ် တိုင်းတာနိုင်မယ်။

မိမိလုပ်ငန်းအတွက် Marketing Strategy ရှိမှ Marketing တကယ် အလုပ်ဖြစ်မှာပဲ ဖြစ်ပါတယ်။

သင့်လုပ်ငန်းမှာကော Marketing Strategy ရှိပြီးပြီလား Comment မှာ ပြောပြခဲ့ပါ။

Multi Scope | Business Service Group

08/06/2026

Target Audience မသတ်မှတ်ဘဲ Marketing လုပ်နေလား?

ကြော်ငြာစာစောင် ဝေလိုက်တယ်၊ ဆိုင်ရှေ့မှာ Banner ချိတ်လိုက်တယ်၊ လူတိုင်းကို ပြောလိုက်တယ်။ ဒါပေမဲ့ Customer ကတော့ မရလာဘူး။ ဒါဟာ Marketing မကောင်းလို့ မဟုတ်ဘဲ ဘယ်သူ့ကို ရောင်းမလဲဆိုတာ မသတ်မှတ်ဘဲနဲ့ လူတိုင်းကို ရောင်းဖို့ ကြိုးစားနေလို့ပဲ ဖြစ်ပါတယ်။

Target Audience ဆိုတာ ဘာလဲ?

မိမိ Product / Service ကို တကယ်ဝယ်နိုင်ဖွယ်ရှိတဲ့ သတ်မှတ်ချက်ရှိတဲ့ လူအုပ်စုကို ဆိုလိုပါတယ်။ အသက်၊ လိင်၊ နေရာ၊ ဝင်ငွေ၊ စိတ်ဝင်စားမှုတွေနဲ့ တိတိကျကျ သတ်မှတ်ထားတဲ့ Customer မျိုး ဖြစ်ပါတယ်။

ဥပမာနဲ့ ယှဉ်ကြည့်ရင်
"ကုန်ပစ္စည်း လိုချင်တဲ့သူ အားလုံး" - Target မရှိဘူး၊ ဘယ်သူ့ကိုမှ တိကျစွာ မပြောနိုင်ဘူး။

"မြို့ပြနေ လုပ်ငန်းရှင် အသက် ၃၀-၅၀ နှစ်၊ လုပ်ငန်းစနစ် တိုးတက်ချင်တဲ့သူ" - ဒါဆိုရင် ဘယ်သူ့ကို ပြောနေတာလဲ တိတိကျကျ သိတယ်။

Target Audience သတ်မှတ်ထားလိုက်ရင်
ကြော်ငြာစာစောင် မှန်ကန်တဲ့သူ့လက်ထဲ ရောက်မယ်။
Banner မှန်တဲ့နေရာမှာ ချိတ်နိုင်မယ်။
ရောင်းအားနှုန်း တက်လာမယ်။

သင်ကော Target Audience သတ်မှတ်ပြီးပြီလား Comment မှာ ပြောပြခဲ့ပါ။

Multi Scope | Business Service Group

07/06/2026

Inventory System မရှိတဲ့ လုပ်ငန်းမှာ ဒီ ၃ ခု အမြဲဆုံးနေတယ်

ကုန်ပစ္စည်း ဘယ်နှစ်ခုကျန်လဲ မသိ၊ ကုန်ပစ္စည်းကုန်မှသိ၊ ငွေဘယ်လောက်ဆုံးသွားလဲ မသိဘဲ လုပ်ငန်းလုပ်နေရတာ သင် ရင်းနှီးလား မသိဘူး။ Inventory System မရှိတဲ့ လုပ်ငန်းတိုင်းမှာ ဒီ ၃ ခု အမြဲဆုံးရှုံးနေပါတယ်။

၁။ ငွေကြေးဆုံးရှုံး
ကုန်ပစ္စည်း ဘယ်နှစ်ခုဝင်၊ ဘယ်နှစ်ခုထွက် မှတ်တမ်းမတင်ထားရင် ကုန်ပျောက်နေမှန်း မသိဘဲ ငွေကြေး ဆက်ဆုံးရှုံးနေမယ်။ တစ်လ၊ နှစ်လကြာတာနဲ့ ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်လာနိုင်ပါတယ်။

၂။ အချိန်ဆုံးရှုံး
ကုန်ဘယ်နှစ်ခုကျန်လဲ သိချင်တိုင်း လက်ဖြင့် ရေတွက်နေရတယ်။ Boss ဒါမှမဟုတ် ဝန်ထမ်းတွေရဲ့ အချိန်တွေ အကုန်ခံပြီး တခြားအရေးကြီးတဲ့ အလုပ်တွေ မလုပ်နိုင်ဘဲ ဖြစ်နေတယ်။

၃။ Customer ဆုံးရှုံး
Customer မှာလိုက်တဲ့ ကုန်မရှိလို့ ငြင်းနေရတယ်။ တစ်ကြိမ် ငြင်းလိုက်တာနဲ့ Customer က နောက်တစ်ခါ ပြန်မလာတော့ဘူး။

Inventory Control System တစ်ခု ထားလိုက်တာနဲ့ ဒီ ၃ ခုလုံး တဖြည်းဖြည်း ပြန်ရနိုင်မယ်။

သင့်လုပ်ငန်းမှာ ဒီ ၃ ခုထဲ ဘယ်ဟာ အများဆုံး ဆုံးရှုံးနေလဲ Comment မှာ ပြောခဲ့ပါ။

Multi Scope | Business Service Group

06/06/2026

System မရှိတဲ့ လုပ်ငန်းမှာ ဒီ ၃ ခု အမြဲဆုံးရှုံးနေတယ်

အားထုတ်နေတယ်၊ ပင်ပန်းနေတယ်၊ ဒါပေမဲ့ လုပ်ငန်းက ရှေ့မတိုးဘဲ နေရာတိုင်းမှာ ပိတ်နေတာမျိုး ခံစားနေရလား။ ဒါဟာ မိတ်ဆွေ အားနည်းလို့ မဟုတ်ဘဲ လုပ်ငန်းထဲမှာ System မရှိသေးလို့ပဲ ဖြစ်ပါတယ်။

System မရှိတဲ့ လုပ်ငန်းတိုင်းမှာ ဒီ ၃ ခု အမြဲဆုံးရှုံးနေတယ်

၁။ အချိန်ဆုံးရှုံး
Boss နေ့တိုင်း ပြဿနာတွေ ဖြေရှင်းနေရတယ်၊ ဝန်ထမ်းတွေ မေးတိုင်း ဖြေနေရတယ်။ လုပ်ငန်းကြီးထွားဖို့ စဉ်းစားဖို့ အချိန်မရဘဲ နေ့တိုင်း အတူတူပဲ အချိန်ကုန်သွားတယ်။

၂။ ငွေကြေးဆုံးရှုံး
System မရှိလို့ ဝန်ထမ်းတွေ ကိုယ်သိသလို လုပ်ကြတယ်။ အမှားတွေ ထပ်ခါထပ်ခါ ဖြစ်တယ်၊ ပြင်ရတယ်၊ ဒါတွေ အကုန်လုံးဟာ ငွေကြေးတွေ ဆုံးရှုံးနေတာနဲ့ အတူတူပါပဲ။

၃။ အခွင့်အရေးဆုံးရှုံး
Daily ပြဿနာတွေ ဖြေနေရတဲ့ Boss မှာ လုပ်ငန်းသစ်တွေ ရှာဖို့၊ Expand လုပ်ဖို့ အချိန်နဲ့ စွမ်းအင် မကျန်တော့ဘဲ အခွင့်အရေးကောင်းတွေ လက်လွတ်ဆုံးရှုံးနေလိမ့်မယ်။

System တစ်ခု ချထားလိုက်တာနဲ့ ဒီ ၃ ခုလုံး တဖြည်းဖြည်း ပြန်ရနိုင်မယ်။

သင့်လုပ်ငန်းမှာကော ဘယ်ဟာ အများဆုံး ဆုံးရှုံးနေလဲ Comment မှာ မန့်ခဲ့ပါ။

Multi Scope | Business Service Group

Website



Impact-Site-Verification: 5f7e650c-011a-4d7e-b989-d3fe8f74c47e