NCA

NCA

Share

ဖျော်ဖြေ‌ရေး

19/01/2021
20/11/2020

လူ သို့မဟုတ် လူဘ၀
မိခင်၀မ်းတွင်း လွပ်လပ်နေထိုင်
ကိုးလလွယ်လို့ ဆယ်လတွင်း၀ယ်
မွေးဖွားရှင်သန် ၊ လူသားအသွင်
လူပြည်ရွာသို့ ရောက်ခဲ့‌ လေပြီ၊
မည်သူမသိ ၊ စာမသိနဲ့
နေညမရှိ ၊အမြဲအိပ်၏
ကျပ်ထုတ်အသွင်၊အနှီးပိတ်တွင်
နေရောင်မထိ၊ ယုယသွင်ပြင်ဆောင်ပါ၏။

ထိုများရက်တွေ လွန်လေသော
လေးဘက်အသွင်၊လမ်းလျှောက်ပြင်
အမိ၊အဖ၊မပီစကားဆိုလျင်ခါ
ထမင်းစား၊ ရေ သောက် ငါဆို၏။

နွေခါ ရောက်လို ဆောင်းလေ နှင်းချိန်
ရက်တွေ နှစ်တွေ လွန်ခါသော
အသိခေါက်ခက် အ၀င်မနက်အောင်
မှန်လား၊ မှားလား စဉ်းစားချင့်ချိန်၊နေဖိုချိန်ကာ
လွယ်အိပ်ကျောပိုး ၊ကျောင်းကိုဒိုး
က၊ခ၊ဂ ၊ဃ ရေးတတ် သိမြင်
ဖို့ရာစာသင်တန်းသို့ရောက်လေပြီ။
ကျောင်းကသင်ပေး ၊ ဘ၀ရေးမို့
ကြိုးစားပန်းစားသင်ပြီးချိန်ကာ၊
ဘွဲ့လွန် သင်တန်း ငါယူလေပြီ၊
စာပေလွန်သော၊ ကြင်ယာစုံချိန်
နောက်ထပ်ဘ၀ ထပ်ထမ်းခါရယ်
ချွေးစိုမသိ၊ နားချိန်မရှိ ဘ၀ထံသို့
ကျွန်ခံလေပြီ။
လူ သို့မဟုတ် လူဘ၀ က
ဤသို့ဤပုံ ဆောင်သွင်သည်ကို
ရှေးက လူကြီး သက်ကြီးရွယ်အို
မှတ်သားစကား၊ ရိုသေစွာဖြင့်
နောင်၀ယ်မျိုးသစ်၊ မှတ်သားဖို့အသွင်
ဆောင်ပါသည်။

20/11/2020

ညီအစ်ကို မဟုတ်သော သူငယ်ချင်း

၀မ်းချင်းမတူ ရေ၊မြေ တူ ဒေသမတူလည်း
တစ်နေ တစ်ရက် တစ်လ တစ်ခဏ ဆုံခွင့်မိသော
ဤဘ၀၀ယ် ပေးဆပ်ခဲ့ကြ ထိုခဏ အမြဲသတိရ
စားအတူ ၊သောက်အတူ ၊ အိပ်အတူ ကစားလည်းတူတူ
ရင်ခွင်ထပ်တူကြ ကြတယ်။

ရင်နှင့်ပေါင်း၍၊ စိတ်တူမြဲ ၊ ဒိုးတူဘောင်ဖက်ပဲ
ရက်နှင့်လ‌ တွေကြာမြင့်ခါ ၊ကျရာတာ၀န်ထမ်းဆောင်ရာ
သွားရောက်ကြရကာ ၊ အမှတ်သတိ ရဖို့မြဲ လက်ဆောင်
လေးတွေလဲ ၊ တန်ဖိုးရှိဖို့မလိုပါ အမြဲမှတ်တရပါ။
မျက်လုံးတွေမှာ မျက်ရည်ဝဲ ၊ သံယောဇဉ် တွေစွဲ၊
နောက်များချိန်ခါ ဆုံကြရင် ရှေ့ဟောင်းနှောင်းဖြစ်
ဆိုစကား တို့တွေ ပြောဆိုလား။

စာဆို
လရောင်

19/11/2020

Messi

15/11/2020

ဗိုလ်ချုပ်

ငါတို့ အေးဆေး နေနိုင်ဖို့ ရာ သူ ဗုန်းဆံတွေကြားပြေးလွားတယ်။

ငါတို့ အေးဆေး စားနိုင်ဖို့ ရာ သူ ထမင်းကြမ်းတုန်း ရေတစ်မုတ်နဲ့ သူ၀မ်း၀ရုံသာစားခဲ့တယ်။
ငါတို့ နိုင်ငံ နိုမ့်ပါးမှုကို သူအသက်နဲ့ရင်းမိတယ်။
ငါတို့ လူမျိုး အမျိုးချစ်ဖို့ သူကိုသူတောင်ချစ်ဖို့မေ့ခဲ့တယ်။

15/11/2020

တန်ဖိုးအားဖြင့် နည်းလှတယ်။
ထောင်တန်‌‌ 💵💵တွေနဲ့ မယှဉ်နိုင်တယ်။
ပါ၀င် အနေအထား သူ မများ၊
ရာတန် တစ်ရွက် သူအင်အား၊
ပါ၀င်ပုံများ ပြောင်းကာထား
လူတိုင်းတန်ဖိုး သူကိုထား။ 🙏🙏🙏

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Website

Address

စက်ရုံလမ်း
Yangon