27 Estate

27 Estate

Share

27 Estate သည် EFD Group ၏ မြို့ပြတည်ဆောက်ရေးနှင့် မြေယာဖွံ့ဖြိုးရေး လုပ်ငန်းကဏ္ဍမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် အိမ်ရာမြေ စီမံကိန်းကြီးတစ်ခု ဖြစ်ပါသည်။

Photos from 27 Estate's post 20/03/2026

❝ 27 Estate လုံးချင်းအိမ်ရာ ❞ ကို -

✨မြို့ပြရဲ့ မွန်းကြပ်ပြီး မြင့်မားတဲ့ ရန်ကုန်မြို့ရဲ့ နေထိုင်၊ သွားလာ အိမ်ရာစရိတ်တွေ အောက်မှာ…

✨ဘဝတိုးတက်ရေးအတွက် ကြိုးစားနေကြတဲ့ ဝန်ထမ်းလူငယ် မောင်၊ မယ် လေးများနဲ့ ...

✨အနယ်နယ် အရပ်ရပ်မှ အကြောင်းကြောင်းကြောင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ပြီး လာရောက်အခြေချနေထိုင်မယ့် မိဘပြည်သူ၊ ကျောင်းသူကျောင်းသားနှင့် မိသားစုများ တို့အတွက် ...

🏡 မြေကွက်အမှတ်( ၃၇၀ )၊ အမှတ်( ၂ ) လမ်းမကြီးနှင့် အမှတ်( ၇ ) မြို့ပတ်လမ်းမကြီး လမ်းဆုံအနီး၊ ဒဂုံမြို့သစ်( အရှေ့ပိုင်း )မြို့နယ်ခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ နှစ်(၆၀) ဂရန်မြေမှာ လုံခြုံ၊ စိတ်ချရတဲ့ ၂၄ နာရီ လုံခြုံရေးစနစ် ရှိပြီး သန့်ရှင်းလတ်ဆတ်တဲ့ လေကောင်းလေသန့်တွေနဲ့ သာယာလှပ အေးမြပြီး နွေးထွေးမှုရှိတဲ့ ပတ်ဝန်းကျင်ကောင်းမှာ ကိုယ်စိတ်နှလုံး ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်နိုင်စေဖို့ ရည်ရွယ်ပြီး စီမံကိန်းဖော်ဆောင်သူများမှ မိမိတို့၏ ငွေကြေးအကျိုးအမြတ်ကို အဓိကမထားဘဲ နေထိုင်သူများ အဖက်ဖက်မှာ ပိုမိုအဆင်ပြေအောင် မေတ္တာ၊ စေတနာ အပြည့်ဖြင့် အရည်အသွေးကောင်းမွန်ပြီး သက်သာသော ဈေးနှုန်းဖြင့် ဘယ်မှာမှ ထပ်မရနိုင်သည့် တစ်ခုတည်းသော စံပြအိမ်ရာအဖြစ် ဆောင်ရွက်ပေးထားပါတယ် ခင်ဗျာ ...

✨စီးပွားရေးမြို့တော် ရန်ကုန်မြို့ကြီးမှာ အသက်သာဆုံးဈေး၊ အထိုက်တန်ဆုံး အိမ်ရာစီမံကိန်းတစ်ခု အဖြစ် နယ်မြို့လေးတွေရဲ့ အိမ်ခြံမြေ စျေးနှုန်းမျိုးနဲ့ Down Payment စနစ် နှင့် ဘဏ်ဖြင့် ချိတ်ဆက်ပြီး လစဉ်အရစ်ကျ ငွေပေးသွင်းဝယ်ယူနိုင်တဲ့စနစ် တို့ကြောင့် ဘဝရဲ့ ပထမဆုံးသော ကိုယ်ပိုင်အိမ်လေးတွေကို ပိုင်ဆိုင်နိုင်ခဲ့သူများရဲ့ ဝမ်းသာပီတိ ကျေနပ်မှုများစွာဖြင့် ပို့သပေးသောမေတ္တာများကို မိမိတို့မှ လွန်စွာ တန်ဖိုးထားပါကြောင်းနှင့် 27 Estate by EFD Group ကို ယုံကြည်စိတ်ချစွာ အားပေးဝယ်ယူခဲ့ကြသည့် Customer များ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း လေးနက်စွာဖြင့် မှတ်တမ်းတင်အပ်ပါသည် ခင်ဗျာ။🙏🙏🙏

29/01/2025

🧧Happy Chinese New Year🧧

✨️ မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူးနေ့ ဖြစ်ပါစေ...

🐍 ကူးပြောင်းရောက်ရှိလာတော့မယ့် မြွေနှစ်သစ်ကြီးမှာ မိတ်ဆွေတို့အတွက် ကောင်းကျိုးချမ်းသာများစွာ ပိုင်ဆိုင်နိုင်ကြပါစေ။ စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်း၍ စီးပွားလာဘ်လာဘများ တိုးပွားရရှိကြပါစေ။

ချစ်ခင်လေးစားရပါသော မိတ်ဟောင်း၊ မိတ်သစ်အားလုံးလည်း နှစ်သစ်ကူးအခါသမယကို မိသားစုဝင်၊ ဆွေမျိုးသားချင်းများ၊ သူငယ်ချင်းမိတ်ဆွေများနှင့်အတူ ဂုဏ်ပြုဆင်နွှဲနိုင်ကြဖို့ “27 Estate” မှ ဆုတောင်းပေးလိုက်ပါတယ်…💙

🙏Gong Xi Fa Cai 🙏

17/10/2024

ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယမှစပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း 27 Estate မှ မေတ္တာဆုမွန်ကောင်း ပို့သအပ်ပါသည်။

23/05/2024

27 Estate ကို ယုံကြည်စွာ အားပေးခဲ့ကြတဲ့ လူကြီးမင်းများအားလုံးအတွက် လုပ်ငန်းပြီးစီးမှု အခြေအနေများအနက် အိမ်ရာလုံခြုံရေးအတွက် အပြင်ဝင်းတံတိုင်း ကာရံထားမှု အခြေအနေ၊ အိမ်ရာတွင်း လမ်းမကြီးများ ဆောင်ရွက်ထားရှိမှု အခြေအနေနဲ့ မြေကွက်တစ်ကွက်ချင်းစီအတွက် မြေသားပြုပြင်မှုများနှင့် အုတ်တံတိုင်း ၃ ဖက် ကာရန်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။

လူကြီးမင်းတို့ရဲ့ စိတ်ကူးထဲက နွေးထွေးလုံခြုံတဲ့ အိမ်လှလှလေးတွေကို ကျွန်တော်တို့ 27 Estate မှာ အမြန်ဆုံး လာရောက် တည်ဆောက်နိုင်တော့မှာဖြစ်တဲ့အကြောင်း ကိုလည်း ကြိုတင်သတင်းကောင်း ပါးအပ်ပါတယ် ခင်ဗျာ။

ကျွန်တော်တို့ 27 Estate အနေနဲ့ ဝယ်ယူထားတဲ့ Customer များအတွက် လုပ်ငန်းတိုးတက်မှုအခြေအနေများကိုလည်း အချိန်နဲ့တပြေးညီ ထပ်မံ တင်ပြပေးသွားမှာဖြစ်လို့ ကျွန်တော်တို့ 27 Estate page ကို စောင့်ကြည့်ပေးကြပါဦး ခင်ဗျာ။

20/05/2024

27 Estate by EFD Group ရဲ့ အိမ်ရာမြေအရောင်းပွဲတော်အတွင်း ဝယ်ယူအားပေးခဲ့ကြသော ချစ်ခင်လေးစားရတဲ့ Customer များအတွက် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားနဲ့ ဗလာမပါ Lucky Draw ကံထူးရှင်များ ရွေးချယ်ချီးမြှင့်မည့် အခမ်းအနားကို အောက်ပါအစီအစဉ်များအတိုင်း ခမ်းနားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါသဖြင့် ကြွရောက်ချီးမြှင့်ပေးပါရန် ခင်မင်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

အချိန် - ညနေ ၅ နာရီ
နေ့ရက် - ၂၃.၅.၂၀၂၄( ကြာသပတေးနေ့ )
နေရာ - Crystal Ballroom, Lotte Hotel, Yangon

R.S.V.P.: 099 4646 8733, 099 4646 8755

27 Estate 27 Estate သည် EFD Group ၏ မြို့ပြတည်ဆောက်ရေးနှင့် မြေယာဖွံ့ဖြိုးရေး လုပ်ငန်းကဏ္ဍမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် အိမ်ရာမြေ စီမံကိန်းကြီးတစ်ခု ဖြစ်ပါသည်။

Photos from 27 Estate's post 22/01/2024

ကိုယ်ချစ်မြတ်နိုးရတဲ့ မိသားစုတွေနဲ့ နွေးထွေးစွာ နေထိုင်နိုင်မယ့် သင့်ရဲ့ ရွှေရောင်အိပ်မက်ထဲက အနာဂတ်အိမ်လေးကို ဖော်ဆောင်ဖို့အတွက် လုံခြုံစိတ်ချရပြီး သာယာအေးချမ်းလှပတဲ့ နေရာလေးကိုမှ ရွေးချယ် ဝယ်ယူခဲ့ကြတဲ့ Customer များအတွက် ကျွန်တော်တို့ 27 Estate မှ အကောင်းဆုံး ဖော်ဆောင် ဖန်တီးပေးလျက် ရှိပါတယ်...

ကျွန်တော်တို့ 27 Estate မှ စီမံကိန်းဧရိယာအတွင်း လမ်းများ ဖောက်လုပ်ခြင်း၊ အိမ်ရာမြေ တစ်ကွက်ချင်းစီအတွက် မူလမြေပြင်အထက် ၄ ပေ မြေဖို့ ပြုပြင်ပေးခြင်း၊ အုတ်တံတိုင်း ကာရန်ခြင်းနဲ့ အိမ်ယာမြေအတွင်း မျက်စိပသာဒဖြစ်စေမည့် ပတ်ဝန်းကျင် ပိုမို သာယာလှပရေး လုပ်ငန်းများကို စက်ယန္တရားများဖြင့် အချိန်နဲ့တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်လျက် ရှိပါတယ်...

ပိုင်ဆိုင်မှုခိုင်မာလှတဲ့ သင့်ရဲ့ အနာဂတ်မြေနေရာလေးမှာ အိမ်ရာဝန်းလုံခြုံရေးအတွက် တည်ဆောက်ပေးလျက်ရှိတဲ့ အုတ်တံတိုင်းများကို မူလမြေပြင်အောက် အနက် ၅ ပေခွဲကနေ Foundation စတင် တည်ဆောက်ပေးထားပြီး၊ ဖို့မြေ ၄ ပေ၊ Ground Beam ကို ၉လက်မ၊ Ground Beam အပေါ် အုတ်တံတိုင်းအမြင့် ၇ ပေ ၁လက်မ၊ စုစုပေါင်း ၁၇ ပေ ၄ လက်မ ကို စေတနာအပြည့်နဲ့ ဆောက်လုပ်ပေးထားပါတယ်...

ကျွန်တော်တို့ 27 Estate မှ စီမံကိန်းဧရိယာအတွင်း ဆောင်ရွက်မှု အခြေအနေလေးတွေကို ချစ်ရတဲ့ Customer တွေ သိရှိရအောင် မျှဝေပေးလိုက်ပါတယ် ခင်ဗျာ...

22/01/2024

ကိုယ်ချစ်မြတ်နိုးရတဲ့ မိသားစုတွေနဲ့ နွေးထွေးစွာ နေထိုင်နိုင်မယ့် သင့်ရဲ့ ရွှေရောင်အိပ်မက်ထဲက အနာဂတ်အိမ်လေးကို ဖော်ဆောင်ဖို့အတွက် လုံခြုံစိတ်ချရပြီး သာယာအေးချမ်းလှပတဲ့ နေရာလေးကိုမှ ရွေးချယ် ဝယ်ယူခဲ့ကြတဲ့ Customer များအတွက် ကျွန်တော်တို့ 27 Estate မှ အကောင်းဆုံး ဖော်ဆောင် ဖန်တီးပေးလျက် ရှိပါတယ်...

Photos from 27 Estate's post 23/09/2023

" 27 ESTATE မှ လှူဒါန်းခြင်း "
~~~~~~~~~~~~~~~~~~~~

27 ESTATE by EFD Group သည် စိတ်ကျန်းမာရေးဆေးရုံ(ရန်ကုန်)တွင် ကုသလျက်ရှိကြသော ဝေဒနာရှင်များကို ရောဂါပျောက်ကင်းစေခြင်း အလို့ငှာ စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် ဆေးပဒေသာပင်အတွက် အလှူငွေ ၁၁,၀၀၀,၀၀၀ /- (ကျပ်သိန်းတစ်ရာ့တစ်ဆယ် တိတိ) နှင့် အထွေထွေပဒေသာပင်အတွက် အလှူ‌ငွေ ၇,၀၀၀,၀၀၀ /- (ကျပ်သိန်းခုနှစ်ဆယ် တိတိ) တို့ကို (၁၁.၉.၂၀၂၃)ရက်နေ့တွင် အဆိုပါဆေးရုံကြီးသို့ သွားရောက် လှူဒါန်းခဲ့ပါသည်။

ထို့ပြင် (၂၂.၉.၂၀၂၃)ရက်‌နေ့တွင်လည်း ၉,၀၀၀,၀၀၀ /-(ကျပ်သိန်းကိုးဆယ် တိတိ)တန်ဖိုးရှိသော မနက်စာ တစ်နပ်နှင့် နေ့လယ်စာ တစ်နပ်၊ ဆန်ချော အိတ် ၁၀၀၊ သွားတိုက်ဆေး ဘူးကြီး ဘူး ၂၀၀၊ ဆပ်ပြာမှုန့်(450gm) အထုတ် ၂၀၀၊ မျက်နှာသုတ်ပုဝါ အထည် ၂၀၀နှင့် စောင် အထည် ၂၀၀ တို့ကို အဆိုပါဆေးရုံကြီးသို့ ထပ်မံသွားရောက် လှူဒါန်းခဲ့ပါသည်။

27 ESTATE by EFD Group မှ စုစုပေါင်း လှူဒါန်း‌ငွေ ၂၇,၀၀၀,၀၀၀ /- (ကျပ်သိန်းနှစ်ရာ့ခုနှစ်ဆယ် တိတိ)ကို ယခုလို လှူဒါန်းရသော ကုသိုလ်အကျိုးအားကြောင့် ဝေဒနာရှင်များ ရောဂါ အမြန် ပျောက်ကင်းပါစေ၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံး ကုသိုလ်အမျှ ထပ်တူရကြပြီး နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ၊ အစစအရာရာ အဆင်ပြေနိုင်ကြပါစေ၊ စီးပွားဥစ္စာများ ဒီရေအလား တိုးတက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

ဤပို့သသော မေတ္တာကိုလည်း ကမ္ဘာသူ ကမ္ဘာသားများအားလုံး ရရှိခံစားနိုင်ကြပါစေ။

20/09/2023

#ကျေးဇူးအထူးတင်ရှိခြင်း
~~~~~~~~~~~~~~~~~~

27 ESTATE အိမ်ရာမြေ အရောင်းပွဲတော်ကို ၁၆.၉.၂၀၂၃ မှ စတင်၍ Fortune Plaza တွင် ကျင်းပခဲ့ရာ ရောင်းချမည့် မြေကွက်များအားလုံးကို (၂)ရက်အတွင်း ယုံကြည်စွာဖြင့် ဝယ်ယူအားပေးခဲ့ကြပါသော Customer များ၊ Exclusive Home Loan Partner ဖြစ်သည့် MAB - Myanma Apex Bank နှင့် ပါဝင်အားဖြည့်ပေးကြသည့် Prime Property Group Yangon , Property Link နှင့် MEGA MAIN Real Estate တို့အား ကျေးဇူးအထူးတင်ရှိစွာဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

27 Estate 27 Estate သည် EFD Group ၏ မြို့ပြတည်ဆောက်ရေးနှင့် မြေယာဖွံ့ဖြိုးရေး လုပ်ငန်းကဏ္ဍမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် အိမ်ရာမြေ စီမံကိန်းကြီးတစ်ခု ဖြစ်ပါသည်။

18/09/2023

27 ESTATE အိမ်ရာမြေအရောင်းပွဲတော်တွင် -

(က) MAB Bank ၏ Home Loan အစီအစဉ်ဖြင့် ဝယ်ယူအားပေးခဲ့ကြသည့် Customer များအတွက် ဘဏ်ချေးငွေလုပ်ငန်းစဉ်များနှင့် လိုအပ်သည်များကို MAB Bank မှ One Stop Services ဖြင့် စီစဉ် ဆောင်ရွက်ပေးနိုင်ရန်အတွက် အရောင်းပြခန်း ဖွင့်လှစ်ထားသည့် Fortune Plaza တွင် ၁၈.၉.၂၀၂၃ (တနင်္လာနေ့)မှ ၂၉.၉.၂၀၂၃ (သောကြာနေ့) အတွင်း နေ့စဉ်၊ နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ ပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

(ခ) Booking Fees များ ပေးသွင်းခဲ့ပြီး ကုမ္ပဏီ၏ တိုက်ရိုက် အတိုးမဲ့ အရစ်ကျအစီအစဉ်ဖြင့် ဝယ်ယူအားပေးခဲ့ကြသည့် Customer များ အနေဖြင့် First Payment ဖြစ်သည့် ဝယ်ယူထားသော မြေကွက်တန်ဖိုး၏ ၃၀% ပြည့်မီအောင် အချိန်မီ ဆက်လက်ပေးသွင်းနိုင်ရန် ၂၁.၉.၂၀၂၃ (ကြာသာပတေးနေ့)မှ ၂၉.၉.၂၀၂၃(သောကြာနေ့) အတွင်း နေ့စဉ်၊ နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ Fortune Plaza တွင် ပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

အရောင်းပြခန်း - Fortune Plaza, အမှတ် ၂/၂က၊ မင်းနန္ဒာလမ်းနှင့် သုမနလမ်းထောင့်၊ ၂ ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

Hotline: 099 4646 8888
Sales Department: 099 4646 8788, 099 4646 8799

27 Estate 27 Estate သည် EFD Group ၏ မြို့ပြတည်ဆောက်ရေးနှင့် မြေယာဖွံ့ဖြိုးရေး လုပ်ငန်းကဏ္ဍမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် အိမ်ရာမြေ စီမံကိန်းကြီးတစ်ခု ဖြစ်ပါသည်။

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Cornor Of Min Nanda Road & Thumana Road, Thaketa Township
Yangon