SkillHub coding

SkillHub coding

Share

Coder များအတွက် နည်းပညာနဲ့ Coding အသိပညာတွေ နေ့စဉ်မျှဝေပေးနေပါတယ် 😊💻

16/08/2026

Python လား? JavaScript လား? C++ လား? Java လား?

အစပိုင်းမှာ Language တွေအများကြီးကြားထဲ ရွေးရခက်တာ ပုံမှန်ပါပဲ။ တကယ်တော့ အကောင်းဆုံး Language ဆိုတာ မရှိပါဘူး။ ကိုယ်ဘာလုပ်ချင်လဲဆိုတာနဲ့ ကိုက်တဲ့ Language ကိုရွေးချယ်ဖို့ပဲလိုတာပါ 📚 💻

14/08/2026

ခံစားချက်ဆိုတာ ခဏတာ စိတ်လှုပ်ရှားမှုပဲ။ ပန်းတိုင်နဲ့ စည်းကမ်းကမှ ကိုယ့်အနာဂတ်ကို တည်ဆောက်ပေးမှာ။

ခင်ဗျား​စိတ်ပါမှ လုပ်မယ်ဆိုရင်တော့ သူများနောက်မှာပဲ ပြတ်ကျန်ခဲ့လိမ့်မယ်။ ဒါကြောင့်ခံစားချက်ကို ဘေးဖယ်ထားပြီး ပန်းတိုင်နဲ့ စည်းကမ်းကိုပဲ ရှေ့တန်းတင်ပါ 📈

12/08/2026

Programming ကို Java နဲ့စတဲ့သူတွေအတွက်တော့ စိတ်မကောင်းဘူး 💀💻

09/08/2026

User တွေရဲ့ Account Information တွေ၊ Login Data တွေ၊ Posts တွေ၊ Orders တွေကို သိမ်းထားဖို့အတွက် Database ကအရမ်းအရေးပါပါတယ်။

Developer တစ်ယောက်အနေနဲ့ Database ကို နားလည်ထားဖို့ အရမ်းအရေးကြီးပါတယ် 💻

06/08/2026

တချို့က Hacker ဖြစ်နေပြီလို့တောင်ထင်ကြတာ 😆

06/08/2026

ကျွန်တော့်ရဲ့ SkillHub page လေးက follower 1,000 ​ပြည့်သွားခဲ့ပါပြီ 📈

ကျွန်တော်တင်တဲ့ video တွေကို ကြည့်ပေးတဲ့သူတွေ၊ like လုပ်ပေးတဲ့သူတွေ၊ share လုပ်ပေးတဲ့သူတွေ၊ comment နဲ့ အားပေးခဲ့တဲ့သူတွေကြောင့် ဒီ အထိရောက်လာနိုင်ခဲ့တာပါ။

အားလုံးရဲ့ အားပေးမှုတိုင်းအတွက် အထူးကျေးဇူးတင်ပါတယ် ❤️

ရှေ့ဆက်ပြီးလဲ ပိုကောင်းတဲ့ Learning Contents တွေ၊ Courses တွေ၊ Program တွေကို ဆက်လက်ဖန်တီးသွားမှာပါ။

From Learning to Creating the Future 💻📈

SkillHub coding

03/08/2026

Git နဲ့ GitHub ကိုမသိထားရင် Code တွေကို စနစ်တကျ Manage လုပ်နိုင်မှု၊ Team နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှု၊ ကိုယ့်ရဲ့ Development History ကို သိမ်းဆည်းနိုင်မှုတွေကို ဆုံးရှုံးသွားပါတယ်။

ဒါကြောင့် ယနေ့ခေတ် Software Development လောကမှာ Git နဲ့ GitHub က Programmer တစ်ယောက်အတွက် မရှိမဖြစ် Skill တစ်ခုဖြစ်လာပါပြီ။

31/07/2026

တကယ်တော့ Programming လောကမှာ အလုပ်ရစေတာက ဘွဲ့ထက် Skill နဲ့ Project တွေပါ။

ဘွဲ့မရလို့ အိပ်မက်ကို လက်မလျှော့ပါနဲ့။ နေ့တိုင်း သင်ယူပါ။ နေ့တိုင်း Code ရေးပါ။ Project တွေ တည်ဆောက်ပါ။ အဲ့ဒီအရာတွေက ခင်ဗျားကို Programmer ဖြစ်စေမယ့် အဓိကအရာတွေပါ

30/07/2026

လူအများစုက ခက်ခဲတဲ့လမ်းကို ရှောင်ပြီး လွယ်ကူတဲ့ လမ်းကိုပဲ ရွေးလျှောက်ကြတယ်။

​ခင်ဗျား ခက်ခဲတဲ့အရာတွေကို ရှောင်လေလေ၊ ခင်ဗျားရဲ့ အနာဂတ်က ပို ခက်ခဲလာလေလေပဲ။ ​ဒီနေ့ သက်သောင့်သက်သာ နေလိုက်တဲ့ စက္ကန့်တိုင်းဟာ မနက်ဖြန်ရဲ့ နောင်တတွေကို တည်ဆောက်နေတာ။

အောင်မြင်မှုဆိုတာ ခက်ခဲမှုတွေကို မရှောင်ဘဲ ရင်ဆိုင်ရဲတဲ့သူတွေသာ ရတဲ့ ဆုလဒ်ပါ

28/07/2026

That's true 💯💯💯

Category

Address

Tamwe
Yangon
11211