ZAYAR Premium Detailing Services

ZAYAR Premium Detailing Services

Share

Zayar

04/05/2026

MYANMAR GLOSSWORKS DETAIL & WRAP INSTITUTE

Photos from ZAYAR Premium Detailing Services's post 04/04/2026

TOYOTA PROBOX
⏩price …..835သိန်း
⏩ Toyata probox 2012 /Engine Power 1.3 /2WD
⏩ DX Grade
⏩ပါဝါ 1ပေါက်
⏩ YGN (HH/1975)
⏩ Colour က White
⏩ အင်ဂျင်ကောင်း/ အောက်ပိုင်းကောင်း
⏩Gearbox Error မရှိ
✳️ လိူင်စင်သက်တမ်းက 2027, 4လပိုင်း
* ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်တွင် ကားကြည့်ရမည်
*****ယာဉ်မှန်ကန်မှု ယာဉ်ပိုင်ဆိုင်မှု အရှုပ် အရှင်းကင်းကြောင်း အပြည့်ဝ တာဝန်ယူပါသည်*****
****ဝယ်ယူသူ စိတ်တိုင်းကျ ကညန ယာဉ်
စစ်လက်ခံပါသည်
*Price-835(စျေးအနည်းငယ်ညှိုနှိုင်းပေးပါမယ် ခင်ဗျာ)

*Ph…….09768804110 / 09975991551

Photos from ZAYAR Premium Detailing Services's post 06/12/2025

* ⏩ Hyundai Grand Starex

* ⏩ Model-2010 ( Wheel Tex 2011)

* ⏩ Auto/2W

* ⏩ 1P-****

* ⏩ Colour က Silver

* ⏩ Eco mode

* ⏩ ကွိုင်ပတ်လည်

* ⏩ တောက်လျှောက်အနက်

* ⏩ Price~~ 665Lakh

* ⏩ အင်ဂျင်ကောင်း/ အောက်ပိုင်းကောင်း

* ⏩Gearbox Error မရှိ

* ✳️ လိူင်စင်သက်တမ်းက 2027, 11လပိုင်း

* * ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်တွင် ကားကြည့်ရမည်

* *****ယာဉ်မှန်ကန်မှု ယာဉ်ပိုင်ဆိုင်မှု အရှုပ် အရှင်းကင်းကြောင်း အပြည့်ဝ တာဝန်ယူပါသည်*****

* ****ဝယ်ယူသူ စိတ်တိုင်းကျ ကညန ယာဉ်

* စစ်လက်ခံပါသည်

* *Price-665Lakh(စျေးအနည်းငယ်ညှိုနှိုင်းပေးပါမယ် ခင်ဗျာ)

* *Ph…09 768804110/09 450051745

Photos from ZAYAR Premium Detailing Services's post 07/06/2025

-out(9.6.2025)
Toyota Proboxကား‌လေးအရောင်းတင်ခွင့်ပြုပါခင်ဗျာ
⏩price …..561သိန်း
⏩ Toyata probox 2009 /Engine Power 1.3 /2WD
⏩ GL Grade
⏩ပါဝါ 2ပေါက်
⏩နောက်ဒုတ်ပါ
⏩ YGN (3H/7***)
⏩ Colour က Silver
⏩ အင်ဂျင်ကောင်း/ အောက်ပိုင်းကောင်း
⏩Gearbox Error မရှိ
✳️ လိူင်စင်သက်တမ်းက 2025, 7လပိုင်း
* ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်တွင် ကားကြည့်ရမည်
* တရားဝင် (5000)ချလံထွက်ယာဉ် စစ်ဆေးပြီး
ဝယ်ယူသူမှ ယာဥ်ထပ်မံ စစ်ဆေးနိူင်ပါသည်
*****ယာဉ်မှန်ကန်မှု ယာဉ်ပိုင်ဆိုင်မှု အရှုပ် အရှင်းကင်းကြောင်း အပြည့်ဝ တာဝန်ယူပါသည်*****
****ဝယ်ယူသူ စိတ်တိုင်းကျ ကညန ယာဉ်
စစ်လက်ခံပါသည်
*Price-561(စျေးအနည်းငယ်ညှိုနှိုင်းပေးပါမယ် ခင်ဗျာ)

*Ph…….09768804110

Photos from ZAYAR Motor's post 05/02/2025

(6.2.2025)
Honda Insight 2012 Model ကား‌လေးအရောင်းတင်ခွင့်ပြုပါခင်ဗျာ
⏩price …..900သိန်း
⏩ Honda insight hybrid 2012 /Engine Power 1.3 /2WD
⏩ YGN (7N/6***)
⏩ Colour က Pearl White
⏩ လက်တင်
⏩ မှန်ချိုးမှန်ခေါက်
⏩ အင်ဂျင်ကောင်း/ အောက်ပိုင်းကောင်း
🔋IMA error လုံးဝမရှိ Auto stop
✳️ လိူင်စင်သက်တမ်းက 2025 , 9လ
*(စျေးအနည်းငယ်ညှိုနှိုင်းပေးပါမယ် ခင်ဗျာ)
🤙09975991551

09/08/2024

TOYOTA ရဲ့ MPV အမျိုးအစားမှာ အရောင်ရဆုံး ဘုရင်ဆြာတဆူး ဖြစ်တဲ့ Alphard ကို NAME PLATE လေးကြည့်ရုံနဲ့ ကားရဲ့ GRADE သိရမဲ့အပြင် 2W လား ? 4W လား ? 7 ယောက်စီးလား ? 8 ယောက်စီးလား ? စတာတွေကို သိနိုင်မယ်ဗျ 😱

ဦးစွာကြိုပြီး တောင်ပန်းပါရဇီ .. POST တင်ရခြင်းရဲ့ ရည်ရွယ်ချက်က အငြင်းပွားအချင်းများစေရန် မရည်ရွယ်ပါ ရောင်းမှား ဝယ်မှား မဖြစ်ကြစေဖို့ အတွက်သာရည်ရွယ်ပါတယ်ဗျ ..

ဘာလို့ NAME PLATE က MODEL CODE နဲ့ခွဲနည်းသင်ပေးရလဲဆိုရင် ALPHARD စီးနေတဲ့လူတွေကို မေးကြည့်ပါ အကို့ကားက ဘာ GRADE လဲလို ??
တချို့က မသိပါဘူး တချို့ကလဲ သိကြလိမ့်မယ် သိလို့ GRADE ပြောလာတဲ့ လူကို ထပ်မေးကြည့် ဘာလို့အဲ့ GRADE လို့ပြောနိုင်တာလဲ ??? ဘာကိုကြည့်ပြီးပြောတာလဲ ???
တော်တော်များများက ပြောကြလိမ့်မယ် ဝယ်တုန်းက ဝယ်ပေးတဲ့လူကပြောတာ / ရောင်းတဲ့လူကပြောတာ ကားထဲမှာ ဟိုဟာပါလို့ ဒီဟာပါလို့ ... စသည်ဖြင့်ပေါ့ .... !!

အဲ့လိုမရဘူးဗျ မိမိရဲ့ချွေးနည်းစာနဲ့ဝယ်တာ မိမိကိုယ်တိုင်ဘာဆွာသိဖို့လို့တယ် ဝယ်ပြီးစီးနေတုန်းတော့ အကြောင်းမဟုတ်ဘူး အကြောင်း တစုံတရာနဲ့ ပြန်ရောင်းတော့ GRADE က နိမ့်နေတယ် မှားနေတယ် အတွင်းခန်းချိန်းထားတာကြီး ဟိုနားက ဟိုလိုဖြစ်နေတယ် ဒီနားကဒီလိုဖြစ်နေတယ် ... စသည်ဖြင့် မကြားဖူးတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင် ကြားရလိမ့်မယ် 😓 ပစ်ချက်တွေထောက်ပြပြီး စျေးနင်းကြတယ် .. ကြားထဲက ဘာမှ မသိနားမလည်ပဲဝယ်စီးကြတဲ့ ကားပိုင်ရှင်တွေပဲ နစ်နာတယ် .... 😓

အဲ့GRADE တွေထဲမှာ အဆိုးဆုံးက MZ နဲ့ MZG ပဲ .. !!
ဟိုဟာပါတယ် ဒီဟာပါတယ် .. အာ့ကြောင့် ဒီကားက MZG ဖြစ်တယ် .. အဲ့လိုပြောလို့မရဘူးဗျ .. ကား1 စီးရဲ့ GRADE ကို သူ့ရဲ့ NAME PLATE မှာ ပါတဲ့ MODEL CODE နဲ့ပဲ ခွဲလို့ ရမယ်ဗျ ကားထုတ်တဲ့ COMPANY ကိုယ်တိုင်က အဲ့လိုပဲ ခွဲခြားသတ်မှတ်ထားတယ်ဗျ ... TOYOTA ကို ချစ်တဲ့အချက်တွေထဲမှာအာ့တွေပါတယ် အသေးစိတ်က အစ လုံးဝကိုပြီးပြည့်စုံအောင် ဖန်တီးထားတယ်...

MZ ရဲ့ ပါဝင်ပစ္စည်းတွေက MZG ထက်ပိုစုံနေပါဇီ ... NAME PLATE က MODEL CODE မှာ MZG ရဲ့ MODEL CODE ဖြစ်မှသာ MZG ဖြစ်တယ်ဗျ အဲ့ ဟိုဟာပါတယ် ဒီဟာပါတယ်ဆွာ မီယံမာပြည်ကြီးမှာ အတွင်းခန်း 1 စီးလုံး ခွာချိန်းမှ သိန်း 20 လောက်ပေးရတာပါ MZG GRADE ဖြစ်သွားရင် သိန်း 20 မက ကွာပါတယ် ... အဲ့လောက်ဆို ဆြာတို့သဘောပေါက်ကြပါ ဆက်ပြောရင် မကောင်းတော့ဘူး .. လိုရင်းဆက်မယ် ... 😂

အကြမ်းဖျင်းအားဖြင့် ALPHARD မှာ 3 GEN ရှိပါတယ်

2002 - 2008 1st GEN
2008 - 2015 2 nd GEN
2015 နှင့်အထက်ကို 3 rd GEN ပေါ့

အဲ့ထဲကမှ မြန်မာပြည်စျေးကွက်မှာ လူစီးများပြီး GRADE တွေနဲ့ ရှုပ်ယှက်ခတ်နေတာက 1 st GEN ပါ အဲ့ FIRST GEN မှာ NAME PLATE 2 မျိုးကွဲပါတယ် ...2002 ကနေ 2005 ထိကို ပုံထဲမှာတွေ့ရသလို အင်ဂျင်ခံထဲမှာ သတ္တုပြားလေးနဲ့ပေါ့ 2005 ကနေ 2007 . 6 လအထိကျတော့ NAME PLATE က WISH တွေမှာလိုမျိုး တံခါဘောင်ကို ရောက်သွားပါတယ် ... 😉

အခုက လူစီးများတဲ့ 1st GEN ရဲ့ 2002 ကနေ 2005 ထိကို တင်ပေးလိုက်ပါတယ် 😉

အရင်ဦးဆုံး သိရမှာက ALPHARD ကို V နဲ့ G ပေါ့

G နဲ့ V က 1st GEN မှာပဲလာတယ်ဗျ 2 nd GEN မှာ G နဲ့ V မရှိတော့ဘူး 😉

ကဲဟုတ်ပြီး ဘာကွာလဲ G နဲ့ V ...???

ဘာမှ မကွာဘူးဗျ အရောင်းကိုယ်စာလှယ် ကွဲတဲ့ အတွက် G နဲ့ V ဆိုပြီး ခွဲလိုက်တာပါ ကားစက်ပိုင်းဆိုင်ရာ အတွင်းခန်းစတာတွေ အကုန်အတူတူပါပဲ ရှေ့ရှဲလ် ပဲကွာတယ်ဗျ အဲ့အတွက် ကားဝယ်ရင် G နဲ့ V သိပ်ဂရုစိုက်စရာမရှိတော့သလို စျေးလဲမကွာဘူးဗျ { OPA .. ကတော့ ရှဲလ် ကို V ကြိုက်တယ် ပိုခန့်သလိုပဲ }

ကဲ G နဲ့ V ပြီးရင် 2W နဲ့ 4W GRADE တိုင်းမှာ 2W နဲ့ 4W လာတယ်ဗျ အာ့က ချက်စီမှာကြည့်လိုက်ရုံပါပဲ 4W တွေက အောက်ပိုင်း ပိုမာသလို JAPAN စက်ရုံထုပ်စျေးလဲ ကြီးပါတယ် မီယံမာပြည်ကြီးကိုရောက်တော့ ပြောင်းပြန်ဖြစ်သွားလေရော 😂

အင်ဂျင် 2.4 မှာဆိုရင်

ANH 10 ဆို 2W
ANH 15 ဆို 4W

အင်ဂျင် 3.0 မှာ ဆိုရင်

MNH 10 ဆို 2W
MNH 15 ဆို 4W

A နဲ့စရင် အင်ဂျင် 2.4 ပေါ့ M နဲ့ စရင် အင်ဂျင်က 3.0
2.4 နဲ့ 3.0 မှာ စီးဖို့ တိုက်တွန်းရရင် 3.0 ကို တိုက်တွန်းချင်ပါတယ်ဗျ အင်ဂျင်ကြီးခြင်းရဲ့အကျိုးကို ရေရှည်မှာ သိလိမ့်မယ်ဗျ 2.4 က ဆီစားသက်သာတယ်ဆိုပေ့မယ် 3.0 နဲ့ယှဉ်ရင် အနည်းဆုံကတော့ ပလပ် ခဏခဏ လဲရတာပါပဲ ဒါကတော့ ဖြည့်စွက်အကြံပြုတာပါ ဆြာတို့ကြိုက်သာဝယ်ကြပါ 😉

ကဲဆက်ပြီး GRADEတွေ { GRADE တွေက အများကြီးပါဗျ စျေးကွက်တွင်းမှာ ရှိတဲ့ လူသုံးများတဲ့ GRADE တွေကိုသာ ဖော်ပြပေးလိုက်တာပါ ဒါလေးပဲ ရှိတာမဟုတ်ပါဘူး အများကြီးရှိပါသေးတယ်ဗျ 😉 }

2.4 မှာ AS / AX / AX L EDITION

GRADE ရဲ့ ရှေ့က A က 2.4 ကို ရည်ရွယ်ပါတယ်
3.0 မှာဆိုရင် GRADE ရဲ့ရှေ့က M နဲ့စပါတယ် 😉

AS GRADE ရဲ့ MODEL CODE က

ANH 10W-PFPSK { 2W } 7ယောက်စီး
ANH 15W-PFPSK { 4W } 7 ယောက်စီး
ANH 10W-PRPSK { 2W } 8 ယောက်စီး
ANH 15W-PRPSK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအမဲ . ကျွန်းကွက်အမဲ .ထိုင်ခုံလဲ အမဲ . SPORT & COMFORT MODE . SKART ပါတ်လည် . AIRCON ROUND . FOG LIGHT အဝိုင်း POWER SLIDE ပါတာလဲလာတယ် မပါတာလဲလာတယ် ပါခဲ့ရင်လဲ တဖက်ပဲပါတယ် လိုက်ကာလဲ အဲ့လိုပါ ပါတာလဲလာတယ် မပါတာလဲလာတယ် ပါရင်လဲ ခလုပ်နဲ့ AUTO မရဘူး ဒီအတိုင်း လက်နဲ့ဆွဲပိတ်ပဲ

AX GRADE ရဲ့ MODEL CODE က

ANH 10W-PFPGK { 2W } 7 ယောက်စီး
ANH 15W-PFPGK { 4W } 7 ယောက်စီး
ANH 10W-PRPGK { 2W } 8 ယောက်စီး
ANH 15W-PRPGK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . ကျွန်းကွက်အဝါ . လိုက်ကာပါတ်လည် ဆွဲပိတ်ပဲ ခလုပ်နဲ့ AUTO မရ . FOG LIGHT လေးထောင့်အရှည်ဖြစ်သွားပြီး . AIRCON ROUND . POWER SLIDE 1 ချပ် .

AX L EDITION ရဲ့ MODEL CODE က

ANH 10W-PFPGK-L { 2W } 7 ယောက်စီး
ANH 15W-PFPGK-L { 4W } 7 ယောက်စီး
ANH 10W-PRPGK-X { 2W } 8 ယောက်စီး
ANH 15W-PRPGK-X { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . ကျွန်း အဝါ . ထိုင်ခုံ ရှန်မွိုင်းအသားရောင် .POWER SLIDE 1 ချပ် . စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း . AIR CON ROUND . အလယ်လျှောက်လှမ်းမပါ 8 ယောက်စီး . ရှေ့ CAM နောက် CAM .
တချို့က SUNROOF MOONROOF ပါ .

3.0 မှာ MS / MX / MX L EDITION / MZ / MZ G EDITION

MS GRADE ရဲ့ MODEL CODE က

MNH 10W-PFASK { 2W } 7 ယောက်စီး
MNH 15W-PFASK { 4W } 7 ယောက်စီး
MNH 10W-PRASK { 2W } 8 ယောက်စီး
MNH 15W-PRASK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအမဲ . ကျွန်းကွက်အမဲ .ထိုင်ခုံလဲ အမဲ . SPORT & COMFORT MODE . SKART ပါတ်လည် . AIRCON ROUND . FOG LIGHT အဝိုင်း POWER SLIDE မပါပါဘူး . လိုက်ကာလဲ ပါခဲ့ရင် ခလုပ်နဲ့ AUTO မရဘူး ဒီအတိုင်း လက်နဲ့ဆွဲပိတ်ပဲ

MX GRADE ရဲ့ MODEL CODE က

MNH 10W-PFPGK { 2W } 7 ယောက်စီး
MNH 15W-PFPGK { 4W } 7 ယောက်စီး
MNH 10W-PRPGK { 2W } 8 ယောက်စီး
MNH 15W-PRPGK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . ကျွန်းကွက်အဝါ . လိုက်ကာပါတ်လည် ဆွဲပိတ်ပဲ ခလုပ်နဲ့ AUTO မရ . FOG LIGHT လေးထောင့်အရှည်ဖြစ်သွားပြီး . AIRCON ROUND . POWER SLIDE 1 ချပ် .တချို့တလေမှာ ရှေ့ CAM ပါ

MX L EDITION ရဲ့ MODEL CODE က

MNH 10W-PFAGK-L { 2W }7ယောက်စီး
MNH 15W-PFAGK-L { 4W }7 ယောက်စီး
MNH 10W-PRAGK-X { 2W } 8ယောက်စီး
MNH 15W-PRAGK-X { 4W } 8ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . ကျွန်း အဝါ . ထိုင်ခုံ ရှန်မွိုင်းအသားရောင် .POWER SLIDE 1 ချပ် တချို့က 2 ချပ် . စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း . AIR CON ROUND . အလယ်လျှောက်လှမ်းမပါ 8 ယောက်စီး . ရှေ့ CAM နောက် CAM . တချို့က SUNROOF MOONROOF ပါ .

MZ GRADE ရဲ့ MODEL CODE က

MNH 10W-PFPQK { 2W } 7 ယောက်စီး
MNH 15W-PFPQK { 4W } 7 ယောက်စီး
MNH 10W-PRPQK { 2W } 8 ယောက်စီး
MNH 15W-PRPQK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . FOG LIGHT လေးထောင့်အရှည် .စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း . AIRCON ROUND .
7 ယောက်စီး လျှေက်လှမ်းပါတာလာသလို့ 8 ယောက်စီး လျှောက်လှမ်းမပါတာလဲလာတယ် . SPORT & COMFORT MODE . လိုက်ကာ AUTO .POWER SLIDE DOOR က 1 ချပ်လဲ လာသလို 2 ချပ်လဲ လာတယ် နောက်ဖုံလဲ SLIDE ပါတက်တယ် . 5.1 SOUND SYSTEM ပါတယ် . ယဉ်မောင်းရဲ့ ထိုင်ခုံက မော်တာနဲ့ပါ . SUNROOF / MOONROOF ပါတာများတယ် . ရှေ့ TV ခါး TV . ရှေ့ CAM နောက် CAM . တချို့ဆို ရှားမှရှား CRUSE CONTROL ရယ် RADER ရှဲလ် ရယ်တောင်ပါသေးတယ် . ထိုင်ခုံလယ်သာစိနဲ့ . HEATER တောင်ပါသေးတယ် မလာဘူးမပြောနဲ့ လက်တွေ့ပြမယ် ချက်စီက MZ ပဲ ထွက်တယ် ပစ္စည်းကတော့ စုံသလားမမေးနဲ့ တချို့ MZ G EDITION တောင် သူ့လောက်မစုံဘူး ချက်စီမှာ MZ G မဖြစ်တာတခုပဲ 😃

အမြင့်ဆုံးကတော့ MZ G EDITION 😍

အဲ့MODEL CODE နဲ့ထွက်မှ MZ G EDITION အစစ်ပါ ဘယ်လောက်ပဲ ပစ္စည်းတွေ စုံနေပါစေ အဲ့MODEL CODE နဲ့မဟုတ်ရင် MZ G EDITION အမှန်မဟုတ်ပါ 😉

ALPHARD G မှာ

MNH 10-PFKAQ-G { 2W }
MNH 15-PFKAQ-G { 4W }

ALPHARD V မှာဆိုရင်

MNH 10-PFKAQ-R { 2W }
MNH 15-PFKAQ-R { 4W }

အပေါ်က GRADE တွေမှာလို 7 ယောက်စီး 8 ယောက်စီး 2 မျိုးမလာတဲ့ အတွက် PFKAQ ပဲ ရှိမှာပါ 8 ယောက်စီး PRKAQ ဆိုပြီး မလာတော့ပါဘူး 😂

အတွင်းခန်းအဝါ . FOG LIGHT လေးထောင့်အရှည် .စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း . AIRCON ROUND .
7 ယောက်စီး လျှေက်လှမ်းပါတာပဲလာတယ် . SPORT & COMFORT MODE . လိုက်ကာ AUTO .POWER SLIDE DOOR က 2 ချပ်လဲ နောက်ဖုံလဲ SLIDE တယ် . 5.1 SOUND SYSTEM ပါတယ် . ယဉ်မောင်းရဲ့ ထိုင်ခုံက မော်တာနဲ့ တချို့ဆို ဘေးက ပါစင်ဂျာခုံပါ မော်တာပါတယ် . SUNROOF / MOONROOF . ရှေ့ TV ခါး TV . ရှေ့ CAM 3D နောက် CAM . CRUSE CONTROL ရယ် RADER ရှဲလ်. ထိုင်ခုံလယ်သာစိနဲ့ . HEATER ... စသည်ဖြင့် ပါတာရွှတ်ရတာတောင်မောတယ် ... ပစ္စည်းက အစုံပါတာလဲ ရှိသလို့ တချို့အချက်တွေ မပါတာလဲ ရှိတယ်ဗျ အဓီကက MODEL CODE မှာ MZG ထွက်ရင် အဲ့ကားက MZG ပါပဲ 😉

1 st GEN မှာ HYBRID လဲလာတယ်ဗျ သူ့ရဲ့ MODEL CODE က

ATH 10W-PFXGB { 07S }
ATH 10W-PRXGB { 08S }

ကဲဆြာတို့ ဘာဂျင်းမှ ကြောက်စရာမလိုတော့ဘူး 😉 NAME PLATE က MODEL CODE ကြည့်ပြီး ဂျင်းလား မဂျင်းလား ကွကိုယ်ဆုံးဖြတ်နိုင်ပြီး .. 😁

ချွင်းချက်အနေနဲ့ တချို့ GRADE တွေမှာ PREMIUM / EDITION တွေ ထပ်ရှိပါတယ် ယေဘုယ အားဖြင့်တော့ ဒီ MODEL CODE တွေပါပဲ နောက်က 1 လုံး 2 လုံးလောက်လေးပဲ ပိုပါလာတက်ပါတယ်

စေတနာအရင်းခံနဲ့ မအားတဲ့ကြားက တက်နိုင်သလောက်လေး အချိန်ပေးပြီးရေးပေးတာပါဗျ လိုတာလေးတွေ အမှားလေးတွေရှိရင်လဲ ဖြည့်ဖတ်ပေးကြပါ ဆြာတို့ အဆင်ပြေစေရန်အတွက်သာ ရည်ရွယ်ခဲ့တာပါဗျ .. 😃

အောက်မှာ NAME PLATEတွေ ရဲ့ ပုံလေးတွေပါတွဲတင်ပြီး လက်တွေ့ခွဲပြထားပါတယ် ကြည့်ကြည့်ပါဆြာတို့

Credit

#ကားအကြောင်း

#ဂရိတ်ခွဲနည်း

Photos from ZAYAR Motor's post 15/07/2024

(24.7.2024)
Toyota Proboxကား‌လေးအရောင်းတင်ခွင့်ပြုပါခင်ဗျာ
⏩price …..538သိန်း
⏩ Toyata probox 2012 /Engine Power 1.3 /2WD
⏩ DX Grade
⏩ပါဝါ တစ်ပေါက်
⏩မှန်၅ချပ်မဲ နောက်ဒုတ်ပါ
⏩ YGN (HH/2***)
⏩ Colour က White
⏩ အင်ဂျင်ကောင်း/ အောက်ပိုင်းကောင်း
⏩Gearbox Error မရှိ
✳️ လိူင်စင်သက်တမ်းက 2024, 10လပိုင်း
* ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်တွင် ကားကြည့်ရမည်

*Price-538(စျေးအနည်းငယ်ညှိုနှိုင်းပေးပါမယ် ခင်ဗျာ)
*****ယာဉ်မှန်ကန်မှု ယာဉ်ပိုင်ဆိုင်မှု အရှုပ် အရှင်းကင်းကြောင်း အပြည့်ဝ တာဝန်ယူပါသည်*****
****ဝယ်ယူသူ စိတ်တိုင်းကျ ကညန ယာဉ်
စစ်လက်ခံပါသည် **

*Ph…….09975991551

Photos from ZAYAR Motor's post 09/07/2024

(10.7.2024)
*Please post တင်ခွင့်ပြုပါ ခင်ဗျာ။
*TOYOTA COROLLA FIELDER 2007 *Model . ...ရန်ကုန်လိုင်စင်ရောင်းမည်
*Model - 2007
*Engine Power - 1.5 (1500 CC)
*Number - 3J/ YGN License
*Light blue color
*Mileage-14****km
*License: 2026/3
*Smart Key/Push start
*Digital Aircon
*Back Camera
*ရှေ့/နောက် လက်တင်
* နီနက်ပြောင်းလဲခြင်းမရှိ
* ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်တွင် ကားကြည့်ရမည်

*Price-730 (စျေးအနည်းငယ်ညှိုနှိုင်းပေးပါမယ် ခင်ဗျာ)
*****ယာဉ်မှန်ကန်မှု ယာဉ်ပိုင်ဆိုင်မှု အရှုပ် အရှင်းကင်းကြောင်း အပြည့်ဝ တာဝန်ယူပါသည်*****
****ဝယ်ယူသူ စိတ်တိုင်းကျ ကညန ယာဉ်
စစ်လက်ခံပါသည် **
*Ph…….09975991551

27/05/2024

Toyota Corolla Fielder အကြောင်း တစိတ်တဒေသ

Toyota Corolla Fielder ကို Toyota Company ကနေပြီးတော့ ၂၀၀၀ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ Fielder လေးရဲ့ မျိုးဆက်တွေကို အရင်ဆုံးတင်ပြပေးပါ့မယ်ခင်ဗျ။

Toyota Corolla Fielder မှာ မျိုးဆက် သုံးခု ရှိပါတယ်ဗျ။ အဲ့တာတွေကို ဘယ်လိုခွဲထားလဲဆိုရင်

2000 Model ကနေ 2006 ထိကို ပထမမျိုးဆက်အဖြစ်

2006(Late) ကနေ 2012 ထိကို ဒုတိယမျိုးဆက်အဖြစ်

2012(Late) ကနေ ယနေ့အချိန်ထိကိုတော့ တတိယမျိုးဆက်အဖြစ် ရှိနေခဲ့ပါတယ်။

♼♼

⭕ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကားသွင်းပုံနဲ့ဆိုရင် ပထမမျိုးဆက် နဲ့ ဒုတိယမျိုးဆက်ကို အသွင်းများတယ်ဗျ။

ပထမမျိုးဆက်ကိုကျတော့ Taxi သမားတွေ အ၀ယ်များကြပြီး ဒုတိယမျိုးဆက်ကိုတော့ အိမ်ကားအဖြစ် အ၀ယ်များတာ တွေ့ရတယ်ပေါ့နော်။ တတိယမျိုးဆက်ကတော့ CIF တန်ဘိုးသတ်မှတ်ချက် မြင့်မားနေသေးတဲ့အတွက် ဒီမှာ သိပ်မသွင်းဖြစ်ကြဘူးဗျ။

ဒီလို မျိုးဆက်ပြောင်းလဲမှုတွေတိုင်းမှာ ရုပ်ပြောင်းလဲမှုတွေ ရှိနေသလိုပဲ မျိုးဆက်တစ်ဆက်ထဲမှာပဲ ရုပ်ပြောင်းတာလေးတွေ ရှိတယ်ဗျ။ ပထမမျိုးဆက်နဲ့ ဒုတိယမျိုးဆက်မှာ လူသုံးများတဲ့ Grade တွေလောက်ပဲ ရှင်းပြပေးသွားပါမယ်ခင်ဗျ။

ဒီ Toyota Corolla Fielder လေးမှာ Grade ခွဲတွေ အများကြီးရှိတယ်ခင်ဗျ။ သူ့ရဲ့ Grade တွေကတော့ …

X, X Limited, X G Edition, X Aero Tourer, S, S Aero Tourer, Z Aero Tourer, S Limited, X S Limited, X HID, X HID Sport Selection ဆိုပြီး Grade ခွဲတွေ အများကြီးရှိပါတယ်ခင်ဗျာ။

♼♼

⭕ 2000 ပြည့်နှစ်က စပြီးတော့ X, X LTD, X HID, X G Edition, S, Z Aero Tourer ဆိုတဲ့ Grade တွေကို စတင်ထုတ်လုပ်ခဲ့ပြီး အဲ့ Grade တွေထဲမှာ မှ 2WD နဲ့ 4WD ဆိုပြီး ထပ်မံခွဲထားပါတယ်။ Engine အနေနဲ့ 1500 CC, 1800 CC နဲ့ 2200 CC ဆိုပြီးလာပါတယ်။ 2200 CC ဆိုတာနဲ့ ဒီဇယ်ဆိုတာ တန်းသိနိုင်ပြီး ကျွန်တော်တို့ နိုင်ငံကလူတွေ သိပ်မကြိုက်ကြတဲ့အတွက် သိပ်လဲ မသွင်းကြပါဘူး။

ယနေ့ချိန်ထိ “Fielder” ဆိုရင် လူများစုနဲ့ ထိတွေ့နေတဲ့ Grade တွေကတော့ “X”, “X G Edition နဲ့ “S” တွေပဲဖြစ်ကြပါတယ်။

😎 “Fielder” 2000 Model မှာ ရှေ့ Grill (ရှဲလ်) က နှစ်တန်းပါ၊ 2004 ကစပြီးတော့ ရှေ့ Grill (ရှဲလ်) က တစ်တန်းပဲ ဖြစ်သွားပါတယ်။ ရှဲလ်က တစ်တန်းပဲ ဖြစ်သွားပေမဲ့ ပိုကြီးလာပြီးတော့ နှင်းခွဲမီးနေရာပါ ပါလာပါတယ်။ Logo ကလဲ အပေါ်နားနဲနဲ တက်သွားပါမယ်။ ရှေ့မီးကြီးလဲ ပြောင်းသွားသလို၊ ပါးခြမ်းမီးပါလာပါတယ်။

နာက်မီးခွက်တွေလဲ လုံးဝပြောင်းလဲသွားပြီး အချက်ပြမီးကလဲ သီးသန့်ဖြစ်သွားပါမယ်။ Interior (အတွင်းခန်း) ပိုင်းနဲ့ ခွဲကြည့်မယ်ဆိုရင်တော့ Console (ဒိုင်ခွက်) က ပထမ ၃လုံးကနေ ၂ လုံးဖြစ်သွားပြီး Air-con အပေါက်တွေလဲ မသိမသာလေးပြောင်းသွားပါတယ်။

♳ “X” Grade ကတော့ အခြေခံအကျဆုံးဖြစ်ပြီး Power Steering, Power Windows တွေကတော့ ပုံမှန်ပါပေမဲ့ Air-con ကတော့ Manual (ဂျောက်ဂျက်) ဖြစ်ပါတယ်။

မှန်ချိုးမှန်ခေါက် စနစ်ပါ၀င်ပြီး နောက်ကြည့်မှန် အချက်ပြမီးတော့ မပါပါဘူး။ အတွင်းခန်း ထိုင်ခုံ အမဲရောင် ဖြစ်ပါမယ်။

♴ “X G Edition” မှာတော့ Air-Con တော့ Digital ဖြစ်သွားပါမယ်။ အတွင်းခန်း အဝါ နဲ့ လာပါမယ်။

“S” Grade မှာလဲ A/C Digital ဖြစ်လာတာသာမက Gear ပုံစံဟာ “ဇစ်ဇက်” အဖြစ်ပြောင်းသွားပါမယ်။ Push Start လဲ ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ မဖြစ်တဲ့ ကားတွေလဲ ရှိပါတယ်။

အများစုကတော့ ဖြစ်ကြပါတယ်။ Body ပိုင်းအနေနဲ့ ဆိုရင်တော့ ဘေးတွေမှာ Skirt ပတ်လည် ပါလာပါမယ်။ ရှေ့မီးလုံးကတော့ HID ဖြစ်သွားပါမယ်။

♵ “Z Aero Tourer” ဆိုတဲ့ Grade လေးလဲ အနည်းငယ် ပြောပြဦးမယ်ဗျ။ ဒီ Z Aero Tourer ကတော့ လူငယ်ကြိုက်ပေါ့။ ဘာကြောင့်လဲဆိုတော့ Sport Type ဆန်တယ်လေ။

သူကလဲ “S” Grade လိုပဲ Skirt ပတ်လည်ပါမယ်။ ဒါပေမဲ့ ဂီယာကတော့ တည့်ဖြစ်သွားမယ်ခင်ဗျ။ ထူးခြားချက်တစ်ခုက ရှေ့ ဘန်ဘာတွေက ဇကာကွက်ပုံစံဖြစ်လာပြီး အဲ့ပေါ်မှာ "Z" တံဆိပ်လေးပါလာပါမယ်။ “Z Aero Tourer” မှာတော့ 2WD နဲ့သာ လာပါတယ်ခင်ဗျာ။

😎 အောက်မှာတော့ သူ့တို့ရဲ့ Chassis နံပါတ်တွေနဲ့ အတူ Engine Displacement တွေကို ခွဲခြားပြသပေးလိုက်ပါတယ်

Grade----Drive System-----Engine---Chassis

G----------2WD---------------1500CC----------NZE121

X,X G----------4WD---------------1500CC----------NZE124

S---------------2WD---------------1800CC----------ZZE122

S---------------4WD---------------1800CC----------ZZE124

Z Aero Tourer-2WD------------1800CC--------ZZE123

♼♼

😎သူကတော့ မျိုးဆက်ပြောင်းသွားတာကြောင့် ကားရဲ့ Body ပိုင်းဆိုင်ရာတော်တော်များများ ပြောင်းသွားမှာ ဖြစ်ပါတယ်။ မြန်မာအခေါ်အဝေါ်နဲ့ ဆိုတော့ “ရုပ်ပြောင်း” ပေါ့။

ဘာတွေပြောင်းသွားမလဲဆိုရင်တော့ မီးခွက်တွေ၊ ကားရဲ့ Body အချိုးအစားတွေ၊ Grade ဖော်ပြတဲ့ပုံစံတွေ၊ Logo နေရာတွေ…. တော်တော်လေးပြောင်းသွားတယ်ဗျ။

Interior(အတွင်းပိုင်း) ကျတော့ ပထမနဲ့ယှဉ်ရင် တော်တော်လေးကွာလာပြီးတော့ ခေတ်မှီလာပါတယ်။ အရင် ဂီယာက ပထမမှာတုံးက တည့်အနေနဲ့ လာရာနေ ဇစ်ဇက် ဖြစ်သွားပါမယ်။ Chassis နံပါတ်တွေကလဲ ပြောင်းလဲသွားပြီးတော့ 2WD နဲ့ 4WD ကတော့ ရှိတုန်းပါပဲ။

ကားရဲ့ Grade တွေကလဲ 1.5X, 1.5X HID, 1.5HID LTD, 1.5X G Edition နဲ့ 1.5X Aero Tourer ဆိုပြီးဖြစ်သွားပါတယ်။

♳ 1.5X ကတော့ ရိုးရိုးပုံမှန် Grade ပဲဖြစ်ပြီးတော့ အတွင်းခန်း အမဲရောင်နဲ့ လာပြီး A/C က Manual (ဂျောက်ဂျက်) ဖြစ်သွားပါတယ်။ နောက်မှန်ငါးချပ်မဲတဲ့ ကောင်တွေမှာ ဘက်မှန် အချက်ပြမီးပါ၀င်လာပါတယ်။

♴ 1.5X G Edition မှာတော့ “X G” တုန်းကလိုပဲ A/C Digital ဖြစ်သွားပါမယ်၊ Push Start တွေပါလာပေမဲ့ မပါတာလဲ ရှိနိုင်တာကြောင့်အသေမှတ်လို့မရပါ။

♵ 1.5X Aero Tourer ကတော့ အရင် “Z Aero Tourer” လိုပါပဲ၊ Sport type ဖြစ်တဲ့ အတွက် SKIRT တွေဘေးပတ်လည်ပါလာတာပါ။ ထူးထူးခြားခြား ပြောင်းလဲချက်က သိပ်မရှိပေမဲ့ "Z" တံဆိပ်လေးကတော့ Grill (ရှဲလ်) ပေါ်မှာ ရှိမနေတော့ပါဘူး။

1800CC နဲ့ လာတဲ့ Aero Tourer မှာတော့ 1.8S Aero Tourer ဆိုပြီးဖြစ်သွားပါမယ်။ 1.5X Aero Tourer နဲ့ ကွဲပြားမှုသိပ်မရှိပါ။ Engine Power သာ ကွာသွားမယ်လို့မှတ်ရပါမယ်။

♶ X HID Limited ဆိုတဲ့ Grade လေး တစ်ခုက စိတ်၀င်စားစရာကောင်းပါတယ်။

X HID ဆိုတဲ့ အတိုင်း HID မီးလုံးက အခြား Grade တွေလို Xenon Headlight ချည်းပဲ မဟုတ်တော့ပဲနဲ့ မြန်မာအခေါ်အဝေါ် ကြောင်မျက်လုံးပုံစံ ဖြစ်သွားပါမယ်။

😎 သူ့တို့တွေရဲ့ Chassis တွေကတော့

1500CC အတွက် 2WD ဆိုရင် NZE141 နဲ့ 4WD ဆိုရင် NZE144 ဆိုပြီးလာပါတယ်။

1800CC အတွက် 2WD ဆိုရင် ZRE142 နဲ့ 4WD ဆိုရင် ZRE144 ဆိုပြီးဖြစ်သွားပါမယ်ခင်ဗျ။

မြန်မာနိုင်ငံအနေအထားနဲ့ မြေပြန့်ဒေသကဆိုရင်တော့ ကားသေးလို 2WD ကိုတော့ လူကြိုက်များကြပေမဲ့ တောင်ပေါ်ဒေသသွားလာတဲ့သူကတော့ 4wd ကိုဦးစားေးရှာဝယ်ကြပါတယ်။

2wd/4wd ကဆီစားနှုန်းသိပ်အကွာကြီးမဟုတ်ပါဘူးမိတ်ဆွေတို့ရေ

4wdကဆီနည်းနည်းပိုစားတာမှန်ပ့ါတယ် အဲ့4wd ရဲ့အောက်ပိုင်း ငြိမ့်ညောင်းမှုကိုတော့ 2wd ကမမှီနိုင်ပါဘူး။

ဒီလောက်ဆိုရင်တော့ Toyota Corolla Fielder အကြောင်း တစေ့တစောင်းတော့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။

24/12/2023

TOYOTA WISH အကြောင်း

မြန်မာပြည်မှာတော့ လူကြိုက်များတဲ့ ကားလေးပါပဲ။MPV အမျိုးအစား ကိုယ်လုံးကိုယ်ထည် မကြီးပေမဲ့ အတွင်းလူဝင်ဆံ့ပုံက အံ့မခန်းပါပဲ။

၂၀၀၃ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ဂျပန်မှာ အရောင်းရဆုံး နံပါတ် ၁ ကနေ ၅ အတွင်းမှာ အချိန်အကြာဆုံး ရှိခဲ့ပါတယ်။ယခုဆိုရင် second generation တောင်ရောက်ရှိလာပါပြီ။First generation ကတော့ 2003 to 2008 ဖြစ်ပြီး Second generation ကတော့ 2009 to present ဖြစ်ပါတယ်။ Wish အကြောင်းကတော့ လူတော်တော်များများလည်း သိပြီးသားဆိုတော့ ဒီမှာ grade နဲ့ အင်ဂျင်အကြောင်းကို ပိုအသားပေးပြီး ပြောပေးပါ့မယ်။

First Generation

သူက မြန်မာပြည်မှာ တော်တော်များများတွေ့နေရပါပြီ။ အင်ဂျင်မှာတော့ ၁.၈လီတာကို 1ZZ-FE နဲ့ထုတ်လုပ်ပြီး ၂.ဝလီတာကိုတော့ 1AZ. FSE နဲ့ထုတ်လုပ်ကာ ဂီယာလေးချက် အော်တိုဂီယာစနစ် ဂီယာခုနစ်ချက် Super CVT-i စနစ်များနဲ့ ထုတ်လုပ်ပါတယ်။ ဘီးနှစ်ဖက်အကျယ် 2750mm (108.3 inch) အရှည် 4560mm(179.5 inch) အ ကျယ်1695mm(66.7inch) အမြင့် 1590mm (62.6 inch) အသီးသီးရှိပါတယ်။ ဦးဆောင်ထုတ်လုပ်ခဲ့တဲ့အင်ဂျင်နီယာကတော့ Mr.Takesh Yoshidea ဖြစ်ပြီွးှWish ရဲ့ပထမ Generation ကို Tokyo Motor Show မှာ 2002 October မှာစတင်မိတ်ဆက်ခဲ့ပြီး ဂျပန်ဈေးကွက်မှာတော့ ၂ဝဝ၃ ခုနှစ် January မှာစတင်ရောင်းချပေးခဲ့ပါတယ်။ ရှေ့ဘီးယက် 2wheels drive ကိုတော့ Codename ZNE 10G နဲ့ ထုတ်လုပ်ပြီး 4 wheels drive ကို ZNE 14G နဲ့ ထုတ်လုပ်ထားပါတယ်။

Grade တွေကတော့…

၁.၈ လီတာ အင်ဂျင်တပ်ထား ရင် ၄ မျိုးလောက် တွေ့ရပါတယ်။ X / XE package / XS package / X areo sport ဆို ပြီးတော့ပါ။ဘောင်နံပါတ်ကတော့ ZNE10 နဲ့ စပါလိမ့်မယ်။နောက်တစ်ခုက 2WD နဲ့ 4WD ပါ။ ရှေ့ယက်စနစ်မှာ ဘာမှ မပြောပေမဲ့ လေးဘီးလုံးမောင်းရင်တော့ 4WD ဆိုတာလေး ပါပါတယ်။ ဘောင်နံပါတ်က ZNE14 ဖြစ်ပါလိမ့်မယ်။ မြန်မာတွေအကြိုက်ကတော့ 2WD ပါ။ ဆီစားနှုန်းသက်သာလို့ပါ။၂.၀ လီတာ မှာတော့ နှစ်မျိုး အဓိက တွေ့ရပါတယ်။ G grade နဲ့ Z grade ပါ။ Z က ပိုမြင့်ပါတယ်။ ဘောင်နံပါတ်ကတော့ ANE10 / ANE11 စသဖြင့် ရှိပါတယ်။ NEO edition ဆိုတဲ့ တစ်မျိုးလည်း တွေ့ဖူးပါတယ်။ G နဲ့ X မော်ဒယ်တွေမှာပါ။

2003 model အင်ဂျင် 1.8L/ZZFE အင်ဂျင်မှာ မြင်းကောင်ရေ 170mm (125lb/ft) four-wheel speed automatic ဖြစ်ပြီး 2.0L မှာတော့ ခြောက်ယောက်စီးအတွက် Codename ANE 11W နဲ့ ခုနစ်ယောက်စီးအတွက် ANE 10G version မျိုးကွဲနှစ်မျိုးကွဲပါသေးတယ်။ 2.0L မှာတော့ IAZ FSE Direct injection ဖြစ်ပြီး မြင်းကောင်ရေ ၁၅၅ကောင် (114 kw)ရုန်းအား 192Nm(142lb/ft) ရှိပါတယ်။ မျိုးကွဲအနေနဲ့ 2.0 D4 အင်ဂျင်များကို CVT ဂီယာဘောက်များနဲ့ တွဲဖက်ထုတ်လုပ်ပါသေးတယ်။ Wish ဟာဈေးကွက်အတွင်း အချိန်တိုကာလမှာပဲ Top 5 စာရင်းဝင်တဲ့အထိ အောင်မြင်ခဲ့ပြီး ပြိုင်ဘက်များကတော့ Honda Stream, Mazda Premacy နဲ့ Mazada 5 တို့ဖြင့်ပြီး Thailand market မှာတော့ ၂ဝဝ၃နှစ်ကုန်ပိုင်းမှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ထိုင်းဈေးကွက်ထုတ် Wish မှာတော့ အင်ဂျင် 1AZ FE, wheel 17inch size, No privacy glass, Leather upholstery standard, 2 WD wheel drive, စတာတွေနဲ့ကန့်သတ်ထုတ်လုပ်ပြီး ၂ဝဝ၄ ခုနှစ် နိုဝင်ဘာမှာထုတ်လုပ်ခဲ့ တဲ့Taiwan Market မှာတော့ D4 Technology အင်ဂျင်အဆင့်မြှင့်ထားတဲ့LED နောက်မီး၊ Body color, packing censor စနစ် dual moonroof, leather seat တွေနဲ့ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်

၂ဝဝ၅ခုနှစ်မှာတော့ Wish ရဲ့အောင်မြင်မှုအရှိန်ဟာ ဈေးကွက်မှာပိုမိုမြင့်မားလာတာကြောင့် အနည်းငယ်အ ဆင့်မြှင့်တင်ထားတဲ့ Wish ကိုထုတ်လုပ်ခဲ့ပါတယ်။ Headlight Bumpass LED taillight နဲ့ Dashboard တွေကို အဆင့်မြှင့်တင်ခဲ့တာကြောင့် ဆီသုံးစွဲမှုကိုထိထိရောက်ရောက်လျှော့ချနိုင်ခဲ့ပါတယ်။ 2005 model မှာ Wish ရဲ့ ‘W’ သင်္ကေတအစုံကို အနည်းငယ်ပြောင်းလဲခဲ့ပြီး Electronic throttle control စနစ်ကိုလည်း ပြောင်း လဲတပ်ဆင်ပေးခဲ့ပါတယ်။2007 mode မှာ တော့ G-Book ခေါ်တဲ့Telematics service ကိုဂျပန်မှာတပ်ဆင် ရောင်းချတဲ့ကားတွေမှာ ထည့်သွင်းပေးခဲ့ပါတယ်။2008 Wish model မှာတော့ စင်ကာပူဈေးကွက်မှာ အများအပြားတင်သွင်းခဲ့ပြီးကားရဲ့ Bodykit ငါးမျိုး နောက် LED break မီး၊ နောက်ကင်မရာ၊ ဘက်မှန်အချက်ပြမီး Flluminated Scuff plate, window muffler cutter စတဲ့ အဆင့်မြှင့်တင်မှုတွေပြုလုပ်ခဲ့ပါတယ်။

2015 Wish model

Wish ဒုတိယမျိုးဆက်(၂ဝဝ၉)ရဲ့ 2015 model မှာတော့ အတွင်းအပြင်ပိုင်းတွေမှာ ပိုမိုကောင်းမွန်တဲ့အဆင့် မြှင့်တင်မှုတွေပြုလုပ်ခဲ့ပြီး ခရီးသည်ရှစ်ဦးအထိ တင်ဆောင်လာနိုင်တော့မှာဖြစ်ပါတယ်။ ပိုမိုသက်သောင့်သက်သာ ဖြစ်စေမယ့်ထိုင်ခုံတွေ၊ ဝန်စည်စလယ်တွေတင်နိုင်မယ့်ကျယ်ဝန်းတဲ့ Luggage space ၊ အဆင့်မြင့်လေအေးပေးစနစ် နဲ့သတင်းအချက်အလက်ပေးစနစ်များ၊ ဖျော်ဖြေရေးစနစ်နဲ့ DVD sound စနစ်တွေအဆင့်မြှင့်တင်ပေးခဲ့ပါတယ်။

Dynamic stability control, Airbag ရှစ်လုံးဆီစားနှုန်းဓာတ်ဆီတစ်လီတာ ၁၆ကီလိုမီတာဖြစ်ပြီး 1800 CC ကို (Chassis ZGE 20G ၊ 2000 CCကို ZGE 22W 4WD) တွေကိုတော့ ZGE25 W နဲ့ထုတ်လုပ်ထားပါတယ်။ မြန်မာပြည်မှာလူကြိုက်များတဲ့ Grade တွေကတော့ ZGE 20 CX, S ဂရိတ် ZGE 22, Z Grade) များပဲဖြစ်ပါ တယ်။ ZGE 20 မှာတော့ ဂရိတ်ခွဲ X, A, S ဆိုပြီးခွဲပါသေးတယ်။ X ဂရိတ်ကတော့ ရှေ့ Shell မှာနီကယ်မဖြစ် Bumper Spoiler မပါတာ Fog Light မီးမပါတာ Push start မဖြစ်တာတွေရှိပါတယ်။ S Grade မှာတော့ရှေ့ Shell နီကယ်၊ Bumper Spoilers, Fog Light မီးပါပြီး Xenon headlight, Gear Daddle Shift 16” အလွိုင်း Push Start ဖြစ်ပါပြီ။ အမြင့်ဆုံးဂရိတ် Z မှာတော့ အင်ဂျင်ပါဝါ 2.0 L ZGE 22 နဲ့ထုတ်လုပ်ပြီး Overfender, 17” Original allay, Fog Light, Xenon Headlight, Push start, Cruise Control, Steptronic ဂီယာခုနစ် ချက်အပြင် Sport/Eco mode ခရီးသည်ခြောက်ဦးစီလျှောက်လမ်းပါပါတယ်။

သူကတော့ ၁.၈ လီတာ အင်ဂျင်တပ်ရင် grade 2 မျိုးလာပါတယ်။ S and X Grade တွေပါ။ ၂.၀ လီတာဆိုရင် နှစ်မျိုးလာပါတယ။ G and Z Grade ပါ။ ဘောင်နံပါတ်တွေက S and X – ZGE20 / ZGE25 (4WD)၊ G – ZGE21 ၊ Z – ZGE22 တို့ဖြစ်ကြပါတယ်။ များသောအားဖြင့် ၁.၈ လီတာတွေမှာ ဂီယာ ၄ ချက် အော်တို Transmission ဖြစ်ပြီးတော့ ၂.၀ လီတာ အင်ဂျင်တွေမှာ CVT ဆိုတာကို သုံးပါတယ်။First generation မှာတပ်ဆင်တဲ့ အင်ဂျင်တွေကတော့ 1.8 L 1ZZ-FE , I4 , DOHC 16 Valve , 2.0 L 1AZ-FSE , I4 , VVT-i 16 valve တို့ဖြစ်ကြပါတယ်။

Second generation မှာတပ်ဆင်တဲ့ အင်ဂျင်တွေကတော့ 1.8 L 2ZR-FAE , I4 Dual VVT-i , 2.0 L 3ZR-FAE , I4 Valve Matic တို့တပ်ဆင်ထားပါတယ်။ Engine ရဲ့ စွမ်းအားတွေ ကွာသွားပါတယ်။ ဆီစားနှုန်းတွေလဲ ကွာသွားပါတယ်။ နောက်ပြီး ဂျပန်တွေ ကိုယ်တိုင် 4WD ကို မကြိုက်တာတွေ့ရပါတယ်။ ၂၀၀၅ လောက်ကစပြီး 4WD မော်ဒယ် အတွေ့ရနည်းသွားပါတယ်။

🚘 Toyota Wish အကြောင်း တစေ့တစောင်းတော့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ🙏

Credit: original writer

Photos from ZAYAR Motor's post 13/12/2023

OUT
*SUZUKI ERTIGA 2019Model . ...ရန်ကုန်လိုင်စင်ရောင်းမည်

*SUZUKI ERTIGA Model:2019

*Color: Pearl White Colour

*Plate: 6Q-**** (YGN)နံပါတ်

*Engine: 1462 CC

*Licence: 2024/8

*Steering Volume Control

* Original Tv & Back Camera

*Back Parking Sensors

*Round Aircon

* 15”alloy wheel

*Push Start

*Smart Key/Keyless Entry

***Smart key 2pcs , Round AirCon
ဘက်မှန် မီးချောက်/Fog light

* ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်တွင် ကားကြည့်ရမည်

*Price-830 (စျေးအနည်းငယ်ညှိုနှိုင်းပေးပါမယ် ခင်ဗျာ)
*****ယာဉ်မှန်ကန်မှု ယာဉ်ပိုင်ဆိုင်မှု အရှုပ် အရှင်းကင်းကြောင်း အပြည့်ဝ တာဝန်ယူပါသည်*****
****ဝယ်ယူသူ စိတ်တိုင်းကျ ကညန ယာဉ်
စစ်လက်ခံပါသည် **

*Ph…….09975991551

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11082