Phyu

Phyu

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phyu, Shopping & retail, Yangon.

13/07/2024

လူတစ်ယောက်က ကိုယ့်ကို ဆက်သွယ်ဖို့
မကြိုးစားတော့ဘူးဆိုရင်
ကိုယ်ကရော ဘာလို့ ဆက်ပြီး ဆက်သွယ် နေမှာလည်း?

လူတစ်ယောက်ကို သိပ်ချစ်မိတဲ့အခါ
သူ့ထက် ခြေလှမ်းနှစ်လှမ်း ရှေ့သို့ လှမ်းပြီး
သူ့ဆီ သွားလိုက်ပါ ကိုယ်လာနေတာကို တွေ့နေရင်တောင်
ဝမ်းပန်းတသာမကြိုဆိုဘူးဆိုရင် ရပ်လိုက်သင့်တယ်
နာကျင်စရာကောင်းပေမဲ့ ဒါဟာ အကောင်းဆုံးအဖြေပါ။

ချစ်တဲ့စိတ်ကို လူတွေ ထိန်းချုပ်ဖို့အခက်ဆုံးပဲ
ဒါကြောင့် မဆက်သွယ်ခြင်းအားလုံးက
မချစ်ဘူး အရေးမပါဘူးလို့ ဖော်ပြနေပါတယ်
ချစ်တဲ့အခါ မရမက ဆက်သွယ်ဖို့ ကြိုးစားမှာပဲလေ
တစ်ဖက်က ကိုယ့်ကို အလိုမရှိတော့ဘူးဆိုပြီး
ပါးစပ်နဲ့ တိုက်ရိုက်မပြောဘဲ လုပ်ရပ်ဖြင့် ပြတဲ့အခါ
ဒါကို နားလည်ဖို့ လိုတာပါ။

Crd to original writer with respect 💌

12/07/2024

တစ်စုံတစ်ယောက်ကို ပြောချင်ပေမဲ့
မပြောခဲ့ရတဲ့စကားတွေ

ရင်ဖွင့်ဖော် မိတ်ဆွေရှာချင်တာတွေ

Crushကိုဖွင့်ပြောချင်တဲ့စကားတွေ

အိမ်ထောင်ရေးအဆင်မပြေတာတွေ

အထီးကျန်လို့ တိုင်ပင်ဖော်
စကားပြောဖော်လိုချင်တဲ့သူတွေအတွက်
ဒီpageလေးရှိနေမယ်နော်

Pageမှာတင်စေချင်တဲ့ပိုစ့်လေးတွေ
ပထမဆုံးအယောက်၂၀ကို
Freeလေးတင်ပေးပါမယ်နော်

09/01/2021

ရန်ကုန်မြို့အတွင်း မြို့အပြင် ဓာတ်ပုံထဲကမြို့နယ်အားလုံး
ပို့ခ၁၅၀၀ပါ။😱

မှော်ဘီ ထောက်ကြန့် လှည်းကူး တစ်ပတ်တစ်ခါပို့ပေးပါမယ်နော်။
ပို့ခ၂၀၀၀ပါ✌

08/01/2021

🌳လမ်းခွဲမှာ ဝမ်းမနည်းပါနဲ့⛳
♠♠♠♠♠♠♠♠

တစ်ခါတစ်လေ.
အချစ်ဆုံးသူက
အမုန်းဆုံးသူ ဖြစ်သွားတတ်သလို...

တစ်ခါတလေကျတော့ ...
အမုန်းဆုံးသူကလည်း
အချစ်ဆုံးသူ ဖြစ်သွားတတ်ပါတယ်။

လောကကြီးမှာ
မထင်မှတ်တာတွေက
မမျှော်လင့်ပဲ ဖြစ်လာတတ်သလို

မျှော်လင့်ထားတာတွေက
ဟိုး ... အဝေးဆုံးကို
ရောက်သွားတတ်ပါတယ် ။

ဘယ်အရာမှ မတည်မမြဲ
ပြောင်းလည်းနေတဲ့
အနိစ္စတရားတွေ မဟုတ်လား?။

ညှင်းဆဲတတ်လို့
ဆင်းရဲရတဲ့ ဒုက္ခတရားတွေလို့
ယုံကြည်လက်ခံနိုင်ဖို့ကလည်း
အရေးကြီးပါတယ် ။

ငါလည်းမဟုတ်လို့
ငါမပိုင်တဲ့ ဓမ္မသဘော
သက်သက်ပေမို့
သူ့သဘော သူဆောင်နေတာက
အစိုးမရ အနတ္တ ပါပဲ။

တွယ်တာလွန်းပြီး
တပ်မက်လွန်းရင်တော့
ပိုဆင်းရဲရမှာလည်း
သဘာဝပါပဲ ။

ဖြစ်ပြီးရင်
ပျက်တတ်တဲ့ သဘောက
ဘုရားဟောလို့ မဟုတ်ပါဘူး
သဘာဝ အရှိတရားကိုသာ
ဘုရားဟောခဲ့တာပါ။

ချစ်ခြင်းရဲ့နောက်မှာ..
မုန်းတီးခြင်းတွေ
ရှိတယ်ဆိုတာကိုလည်း
မမေ့သင့်ဘူးနော် ။

တွေ့ဆုံခြင်းရဲ့ နောက်မှာ...
ခွဲခွာခြင်းလည်း ရှိနှင့်ပြီးသား။

တကယ်တော့...
သင်္ခါရတရားတွေမို့
ချစ်ရင်လည်း သတိနဲ့ချစ်
မုန်းရင်လည်း သတိနဲ့မုန်း ။

ဆုံဆည်းခြင်းဟာ
ခွဲခွါဖို့ နိဒါန်းအစလို့
သတိထား၍
အသိတရားနဲ့
နှလုံးသွင်းရမယ်။

အဲလို့ အမှန်အရှိကို
သတိထားပြီး
အသိတရားနဲ့ သိနေရင်
လမ်းခွဲမှာ ဝမ်းမနည်းတော့ပါ။

အပူကင်းကြပါစေ
မေတ္တာဖြင့်.. ဦပညိန္ဒ
🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲
#မူရင်းရေးသားသူကို Crd ပေးပါသည်... 😊

08/01/2021

အော်တို ဂီယာအသုံးပြုသူများ
မြင့်မားသော တောင်အတက်များတွင်
အဲယားကွန်း မဖွင့်ပါနှင့်၊
တောင်တက်ရန်အတွက် Second ဂီယာဖြစ်သော
S, 2 တို့ဖြင့်သာ တောင်တက်ပါ...
D သာပါသော အော်တိုကားများတွင်
Manual ပြောင်း၍ တက်သင့်ပါသည်...

ဒီဇယ် Pickup ကားများနှင့်
Manual ဂီယာသုံး အိမ်သုံးကားငယ်များတွင်
ဂီယာကို ကြိုဒေါင်းပါ...

မနိုင်သောဂီယာနှင့် အတင်းဆွဲတက်ပါက
Manual ဂီယာကားများတွင်
ကလပ်ပလိတ်ပြား မျက်နှာပြင်များ
ချော်တတ်ပါသည်။

မြင့်မားသော
တောင်အဆင်းတွင်လည်း အော်တိုဂီယာဖြစ်စေ
Manual ဂီယာဖြစ်စေ...
ဂီယာကြီးဖြစ်သော S, 2 စသော ဂီယာကြီးဖြင့်
အနည်းဆုံးဆင်းပါ...
အဆင်းရှည်သော တောင်ဆင်းများတွင်
ဂီယာအသေးဖြစ်သော
3, 4, D ဖြင့်ဆင်းပြီး ဘရိတ်အား
ကြာရှည်စွာ မှေးထားပါက
တောင်ဆင်းတွင် ဘရိတ်ပျောက်တတ်ပါသည်...
ဘရိတ်ပျောက်ပါက ဘရိတ်အောက်ကျကာ
မမိတော့ပါ...

ဘရိတ်ပျောက်ခဲ့ပါက မစိုးရိမ်ပဲ
ဂီယာဖြင့် ထိန်းရပ်ကာရပ်ပြီး နာရီဝက်ကျော်ခန့်
နားလိုက်ပါက ဘရိတ်နဂိုကဲ့သို့ အပေါ်ပြန်တက်ကာ
ကောင်းသွားပါလိမ့်မည်...

တောင်တက် တောင်ဆင်း မျက်ကွယ်ကွေ့များတွင်
ဟွန်းတီးရန် မမေ့ပါနှင့်...
ဟွန်းသံသည် ကျဉ်းမြောင်းသော
တောင်ကွေ့များတွင် နှစ်ဖက်လုံးအတွက်
အန္တရယ်ကာကွယ်နိုင်ပယသည်...

တောင်တက် တောင်ဆင်းချောက်ကမ်းပါးနား
ကားချင်းကပ်ရှောင်ရာ၌
ဘေးကာတန်းနှင့် တိုင်မရှိသောနေရာများတွင်
ဖို့မြေသားပေါ် မနင်းပါနှင့်...
မသေချာပါက ရပ်ထားကာ ရှောင်ပါ...
ဘယ်မောင်းကားများ မသေချာပါက
ရပ်ပြီးသာ ရှောင်သင့်ပါသည်...

တောင်တက် တောင်ဆင်းများတွင်
ကားကြီးများကို ဦးစားပေးပါ...
ကားကြီးများသည် ဝန်အလေးချိန်များသဖြင့်
အချို့နေရာများ ဖို့မြေသားများတွင်
ချောက်နုတ်ခမ်းအထိ ကပ်သွား၍ မရပါ...
ထို့ကြောင့် ကားကြီးများအား လမ်းဦးစားပေးပါ...

တောင်တက် တောင်ဆင်းများတွင်
တအိအိ တက်ဆင်းနေသော
ကားကြီးများ အနှောင့်အယှက်ဖြစ်စေရန်
ဟွန်း တတီတီ တီး၍ လမ်းမတောင်းပါနှင့်...
လမ်းလွတ်သောနေရာများတွင်
လမ်းမတောင်းသည့်တိုင်
နောက်ကားအား ကျော်ရန်နေရာပေးပါလိမ့်မည်...
ကျော်မရသော လမ်းကျဉ်းများ
လမ်းပေးမရသောနေရာများတွင်
ဝန်အလေးဖြင့် တက်ဆင်းနေသော
ကားကြီးများအား ဟွန်းသံဖြင့်
အနှောင့် အယှက်မပေးပါနှင့်...

ရှမ်းအရှေ့ ကိုးကွေ့တောင်ကဲ့သို့
အတက်များတွင် ကားကြီးများသည်
ညာကွေ့များတွင် ကွေ့၍ မလွတ်သောကြောင့်
ဘယ်ဘက်ယာဉ်ကြောမှ ပန်းကွေ့တတ်ပါသည်...
ထို့ကြောင့် ကျဉ်းမြောင်းသော အကွေ့များတွင်
ကားကြီး ဘယ်ကြောယူကွေ့ပါက
ကားငယ်များ ဘယ်ကြောမှ
ဖြေးညှင်းစွာဆင်း၍ လမ်းပေးပါ...

ဝန်အလေးတင်ထားသော ကားကြီးများသည်
ရပ်ပြီးမှ အကွေ့တင်ပြန်တက်ပါက
အခန့်မသင့်ပါက နောက်ကရောင်းကြွေခြင်း...
ကလပ်ပလိတ်ကုန်ခြင်း...
ရှပ်များကျိုးခြင်းဖြစ်တတ်ပါသည်...

တောင်တက်များတွင် ဖြေးဖြေးမှန်မှန်သာ
တက်ခြင်းသည် ကားအင်ဂျင်ကို ဝန်ရုန်းရ
သက်သာစေပြီး အန္တရာယ်ကင်းပါသည်...
အတက် အကွေ့များတွင်
ချောက်ကမ်းပါးဘက်မှ ပန်းကွေ့ရပါက
အရှိန်ကြိူလျော့ထားပါ...
အကွေ့မနိုင်ပါက တစ်ဘက်
ချောက်နုတ်ခမ်းအထိပါသွားတတ်ကာ
အန္တရာယ် ရှိပါသည်...

တောင်တက် တောင်ဆင်းများတွင်
မိတ်ဆွေတို့ကားများ ခေတ္တနားလိုပါက
မျက်ကွယ်ကွေ့နေရာများနှင့်
လမ်ကျဉ်းသောနေရာများကို
ရှောင်ပြီး လမ်းကျယ်သောနေရာတွင်သာနားပါ...

မည်မျှမြင့်မားသော တောင်ပင်ဖြစ်ပါစေ...
အိမ်စီးကားများသည် ရပ်ပြီး ပြန်တက်ရာတွင်
ယခုခေတ်ကားများသည် သာသာယာယာပင်
တက်နိုင်ကြပါသည်...
ဒါကြောင့် မသေချာသောနေရာများတွင်
ရပ်ပြီး ရှောင်ပေးပါ...

မိတ်ဆွေကားအန္တရာယ်ကင်းအောင်မောင်းပြီး
အခြားကားများလည်း အန္တရယ်မဖြစ်အောင်
ဂရုပြု မောင်းနှင်ပေးပါရန် လိုအပ်ပါသည်...

ခရီးမထွက်ခင်...
ပန်ကာကြိုး...
အင်ဂျင်ဝိုင်...
ဂီယာဝိုင်...
ဘရိတ်ဆီ...
ရေတိုင်ကီ Coolant...
ပါဝါဆီ...
ရေသုတ်တံနှင့် မှန်ဆေးရည်...
ကားဟွန်း...
တိုင်မင်ကြိုး...
ဘရိတ်ရှုးနှင့် အောက်ပိုင်းစစ်ဆေးရန်
မမေ့ပါနှင့်...

လေစစ်များ မကောင်းပါက
အသစ်လဲလှယ်ပြီးမှ ခရီးထွက်ပါ...

ကား တာယာရက်စွဲများကို ခရီးမထွက်ခင်
အသေအချာ စစ်ဆေးပါ...
တာယာ ပန်း ကောင်း မကောင်း စစ်ဆေးပါ...
တာယာရက်စွဲသည် ၄ နှစ်ခန့်အထိသာ
စိတ်ချရပါသည်။

ချစ်မိတ်ဆွေများအားလုံး
လိုရာခရီးသို့ ချောမောစွာ ရောက်ကြပါစေ...

ချစ်ခြင်းအားဖြင့်

Credit

ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)



#ကားအကြောင်း #ဗဟုသုတ
#ရေဆေးဆီထိုး #ကားပြုပြင်မှုများဝေမျှရာ

08/01/2021

Good Morningပါ😍😘
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံသော
နေ့လေးတစ်နေ့ဖြစ်ပါစေလို့ Phyu's pageကနေ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။🙏🙏🙏

07/01/2021

Shally​ လေးဝယ်ယူမယ်ဆို ရန်ကုန်မြို့အတွင်း
ဖော်ပြပါမြို့နယ်တွေဆို deliခ 1500လေးဘဲ
ရှိပါမယ်နော်
နေ့လည်၁၁နာရီအတွင်းမှာယူမယ်ဆို ဒီနေ့မှာ
ဒီနေ့ရောက်မယ်နော်။
နေ့လည်၁၁နောက်ပိုင်းorderလေးတွေက
မနက်ဖန်ရောက်ပါမယ်နော်။

သန်လျင် ( မြို့ထဲ )
မဂ်လာဒုံ
ရွှေပြည်သာ
လှိုင်သာယာ
အင်းစိန်
ရွှေပေါက်ကံ
မြောက်ဥကလာ
တောင်ဥကလာ
အရှေ့ဒဂုံ
မြောက်ဒဂုံ
တောင်ဒဂုံ
ယုဇန
ဒဂုံဆိပ်ကမ်း
သာကေတ
ဒေါပုံ
လမ်းမတော်
လသာ
ပန်းပဲတန်း
ကျောက်တံတား
ဗိုလ်တထောင်
ပုဇွန်တောင်
မဂ်လာတောင်ညွန့်
ဒဂုံ ( မြို့ထဲ )
တာမွေ
ရန်ကင်း
ဗဟန်း
သက်န်းကျွန်း
သုဝဏ
အလုံ
စမ်းချောင်း
ကြည့်မြင့်တိုင်
လှိုင်
ကမာရွတ်
မရမ်းကုန်း

06/01/2021

ပါရမီဖြည့်ဖက်
----------------

သံယောဇဉ် ရဲ့
မောင်းနှင်အားက အင်မတန် ကြီးမား ပါတယ်၊ အံ့သြဖွယ် ကောင်းလောက်အောင်ကို ကြီးမားတာပါ ..။

တစ်ခါတစ်ရံမှာ
တချို့ ကုသိုလ် အလုပ်တွေကို ကိုယ့်သဘောနဲ့ ကိုယ်ဆို လုံးဝမလုပ်ချင်ပါဘူး ..။

ဒါပေမယ့် ကိုယ် သံယောဇဉ်ရှိတဲ့ သူက လုပ်စေချင်တဲ့အတွက် သူ့ဆန္ဒ လိုက်လျောတဲ့အနေနဲ့ လုပ်ဖြစ်သွားပါတယ်။

တစ်ခါတစ်ရံမှာ
ကိုယ်က နည်းနည်းပဲ လုပ်ချင်တဲ့ ကုသိုလ်အလုပ်ကို ကိုယ်ချစ်တဲ့သူကြောင့် အများကြီး လုပ်ဖြစ်သွားပါတယ် ..။

သံယောဇဉ်က
နိဗ္ဗာန်အထိ ကျေးဇူးပြုနိုင်တဲ့ ပဌာန်း သတ္တိရှိတဲ့အတွက်

သံယောဇဉ်ကို ကုသိုလ်ပါရမီ တိုးပွားရေးအတွက် အသုံးချတတ်မယ် ဆိုရင် အဲဒီ သံယောဇဉ်ကို အပြစ်ပြောဖို့ မလိုတော့ပါဘူး ..။

သံယောဇဉ်ကြောင့်ပဲ
တစ်ယောက်က တစ်ယောက်ရဲ့ ပါရမီဖြည့်ဖက်ဖြစ်သွား
ရတာပေါ့ ....

တကယ်တော့
အတိတ်က ပါရမီဖြည့်ဖက် ဖြစ်ခဲ့ကြလို့လည်း ဒီဘဝမှာ ပြန်ဆုံတွေကြ ပြန်ချစ်ကြနဲ့ ကုသိုလ်တွေ အတူ ပြန်ပြု
ဖြစ်ကြတာပါပဲ ..။

ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်ရင်လည်း ဘာမှဝမ်းနည်းစရာ မလိုပါဘူး ၊ ကိုယ့်ကို မချစ်တဲ့သူကို ကိုယ်ကလည်း ထပ်ချစ်နေစရာ မလိုတော့တဲ့အတွက် သံယောဇဉ်ကင်းရှင်းပြီး စိတ် လွတ်လပ် အေးချမ်းသွားတာပေါ့ ..။

လွတ်လပ် အေးချမ်းတဲ့ စိတ် နဲ့
ကုသိုလ်တွေလုပ် ၊ တရားတွေ အားထုတ်ရတာ ဘယ်လောက်
ပျော်စရာကောင်းထားလဲ ..။

ဘုရား အဆုံးအမကို ကျယ်ကျယ် ပြန့်ပြန့် နှံ့နှံ့စပ်စပ်
သိထားတဲ့ သာသနာတွင်း လူသားတစ်ယောက် အတွက်တော့

ချစ်ခြင်းကလည်း
ကုသိုလ်ပါရမီ .. မောင်းနှင်အား ဖြစ်နေသလို

မချစ်ခြင်းကလည်း
ကုသိုလ်ပါရမီ .. မောင်းနှင်အား ဖြစ်နေတာပါပဲ

အချစ်လား?
လာထား ကုသိုလ်လုပ်ပစ်မယ် ... ပါရမီဖြည့်ပစ်မယ်ပေါ့..။

ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) 🙏🙏🙏

[ အကြင်နာပေါင်း ရှစ်သောင်းလေးထောင် စာအုပ်မှ ]

#ပြန်လည်မျှဝေဓမ္မဒါနပြုပါသည်

05/01/2021

အပူပေးစရာလုံးဝလုံးဝမလိုတဲ့
shally sugar wax&wax paper
Singaporeသို့ ရောက်လာပါပြီနော်🚴🚴🚴

မိန်းကလေးတွေအတိုအပြတ်ဝတ်တဲ့အခါ
ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိစေဖို့
လွယ်ကူလျင်မြန်သက်သာshallyလေးကို သုံးကြစို့👩👩

–100g sugar wax၁ဘူး
–Wax paper၁၀ရွက်
–တုတ်၂ ချောင်း
–အညွှန်းစာရွက်၂ရွက်
ပါဝင်ပစ္စည်း၄မျိုးကိုမှ S$12ပါနော်💵

–wax paperအရွက်၅၀
–တုတ်၆​ ချောင်း
၂မျိုးကိုS$4ပါနော်💵💵

Wax &paperတစ်စုံ ဝယ်ယူမယ်ဆို
S$14ပါနော်💵💵

Singapore 93537500
မြန်မာပြည် 09778678778ကိုဆက်သွယ်နိုင်ပါတယ်နော်။
Page messengerကနေလည်း မှာယူနိုင်ပါတယ်နော်။

Cash on ရှင်းလို့ရသလို
KBZ CB AYA KBZPay CBPayတို့နှင့်လည်း
ငွေရှင်းလို့ရပါတယ်နော်💕💕

အေးချမ်းသာယာသော ညလေးဖြစ်ပါစေ🙏🙏🙏

30/12/2020

Happy new yearအတွက်promotionလေးအနေနဲ့
၃၀.၁၂.၂၀၂၀ကနေ၄.၁.၂၀၂၁အတွင်း
၂သောင်းဖိုးပြည့်တိုင်း ရန်ကုန်မြို့တွင်းdeli freeလေးနဲ့
ပို့ပေးပါမယ်နော်။

အပူပေးစရာလုံးဝ လုံးဝမလိုတဲ့
Shally ရဲ့ လွယ်ကူလျင်မြန်သက်သက်သာသာ သုံးနိုင်တဲ့ အသင့်သုံး sugar waxလေး ရန်ကုန်မြို့​တော်ဆီကိုရောက်ရှိလာပါပြီရှင့်😍

Lemon 🍋 အနံ့သင်းသင်းလေးပါတဲ့အတွက် သုံးပြီးတဲ့အခါ စိတ်ကြည်လင်လန်းဆန်းသွားမှာ​​နော် 👈

မိန်းကလေးတွေအတွက် အကျီလက်တို လက်ပြတ် စကတ်တို ဘောင်းဘီတိုဝတ်ရတဲ့အခါမျိုးမှာ မိမိကိုယ်ကို ယုံကြည်မှု အပြည့် ခံစားရစေဖို့ Shally လေးက ကူညီပေးမှာပါ 💁‍♀️

ဒါ့အပြင် စျေးနှုန်းလေးကလဲ အသင့်အတင့်နဲ့ လူတိုင်းသုံးနိုင်အောင် ၅၀၀၀ကျပ်တည်းနဲ့ ရောင်းချပေးပါ့မယ်နော်😍

ဘူးအတွင်း ပါဝင်ပစ္စည်းလေးတွေကတော့ 👇
- 100g sugar wax 1ဘူး
- တုတ် 2ချောင်း
- Wax paper 10ရွက် ပါ၀င်ပါတယ်

Waxမလုပ်တတ်မှာကိုလဲ စိုးရိမ်စရာမလိုဖူးနော် 💁‍♀️
အသုံးပြုပုံ အညွှန်းလေးကိုပါ ဘူးထဲမှာ ထည့်ပေးထားပါတယ်ရှင့် 🥰

Wax paper မလောက်မင ဖြစ်မာစိုးတဲ့သူ​လေးတွေအတွက်လည်း Paper အခု ၅၀ပါ တစ်ထုပ်ကို 1,500 ကျပ်နဲ့ရောင်းချပေးတဲ့အတွက် မ​လောက်မှာကို လုံးဝလုံးဝစိတ်ပူစရာမလိုတော့ဘူးနော်

ဆက်သွယ်ရန် ဖုန်းနံပါတ်
☎09778678778
Ygn mdyမြို့တွင်းcash on deliလေးရှိပါတယ်ရှင့်
တခြားမြို့တွေကိုလဲ ငွေလွှဲဝင်ရင်ပို့ပေးပါတယ်နော်

01/12/2020

ဒီဇင်ဘာ၁ရက်နေ့ကနေ၅ရက်နေ့အထိ
အကြီးကြီးတန်မယ့် promotionလာပါပြီနော်🎁🎁🎁
၂၀၀၀၀ဖိုးအထက်ဝယ်ယူသူတိုင်းအတွက်
ရန်ကုန်မြို့အနီးတဝိုက်deli freeလေးပါနော်🤗😊😍
မှော်ဘီ ထောက်ကြန့် အစရှိတဲ့ မြို့ပြင်တွေဆိို
Deliခ၁၅၀၀သက်သာမယ်နော်
၁၀၀၀၀နှင့်အထက်ဆိုရင်လည်း
Sampleလေးတစ်ထုပ်လက်ဆောင်လေးထည့်ပေးမယ်နော်🎁
Promotionမှီဖို့cbသို့သာ ကြွချီစို့🚴‍♀️🚴
Shally sugar wax –5000
Wax paper –1500
09778678778ကိုလည်းဆက်သွယ်ဝယ်ယူလို့ရတယ်နော်

အပူပေးစရာလုံးဝ လုံးဝမလိုတဲ့
Shally ရဲ့ လွယ်ကူလျင်မြန်သက်သက်သာသာ သုံးနိုင်တဲ့ အသင့်သုံး sugar waxလေး ရန်ကုန်မြို့​တော်ဆီကိုရောက်ရှိလာပါပြီရှင့်😍

Lemon 🍋 အနံ့သင်းသင်းလေးပါတဲ့အတွက် သုံးပြီးတဲ့အခါ စိတ်ကြည်လင်လန်းဆန်းသွားမှာ​​နော် 👈

မိန်းကလေးတွေအတွက် အကျီလက်တို လက်ပြတ် စကတ်တို ဘောင်းဘီတိုဝတ်ရတဲ့အခါမျိုးမှာ မိမိကိုယ်ကို ယုံကြည်မှု အပြည့် ခံစားရစေဖို့ Shally လေးက ကူညီပေးမှာပါ 💁‍♀️

ဒါ့အပြင် စျေးနှုန်းလေးကလဲ အသင့်အတင့်နဲ့ လူတိုင်းသုံးနိုင်အောင် ၅၀၀၀ကျပ်တည်းနဲ့ ရောင်းချပေးပါ့မယ်နော်😍

ဘူးအတွင်း ပါဝင်ပစ္စည်းလေးတွေကတော့ 👇
- 100g sugar wax 1ဘူး
- တုတ် 2ချောင်း
- Wax paper 10ရွက် ပါ၀င်ပါတယ်

Waxမလုပ်တတ်မှာကိုလဲ စိုးရိမ်စရာမလိုဖူးနော် 💁‍♀️
အသုံးပြုပုံ အညွှန်းလေးကိုပါ ဘူးထဲမှာ ထည့်ပေးထားပါတယ်ရှင့် 🥰

Wax paper မလောက်မင ဖြစ်မာစိုးတဲ့သူ​လေးတွေအတွက်လည်း Paper အခု ၅၀ပါ တစ်ထုပ်ကို 1,500 ကျပ်နဲ့ရောင်းချပေးတဲ့အတွက် မ​လောက်မှာကို လုံးဝလုံးဝစိတ်ပူစရာမလိုတော့ဘူးနော်

ဆက်သွယ်ရန် ဖုန်းနံပါတ်
☎09778678778
Ygn mdyမြို့တွင်းcash on deliလေးရှိပါတယ်ရှင့်
တခြားမြို့တွေကိုလဲ ငွေလွှဲဝင်ရင်ပို့ပေးပါတယ်နော်

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon