ရွှေဘုံနန်း အိမ်ခြံမြေ ဝန်ဆောင်မှု

ရွှေဘုံနန်း အိမ်ခြံမြေ ဝန်ဆောင်မှု

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှေဘုံနန်း အိမ်ခြံမြေ ဝန်ဆောင်မှု, Digital creator, Dawpone, Yangon.

🏰"နန်းဆန်တဲ့ နေထိုင်မှု၊ ရွှေဘုံနန်းမှာ အစပြု"🚘

💵ရွှေဘုံနန်း အိမ်ခြံမြေ ဝန်ဆောင်မှုသည် လူကြီးမင်းတို့၏ အဖိုးတန်လှသော အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ကိစ္စရပ်များကို စိတ်အေးချမ်းသာစွာဖြင့် ယုံကြည်စိတ်ချစွာ အပ်နှံနိုင်သော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။🤝

17/02/2026

ပုံစံ(၇) လယ်ယာ​မြေလုပ်ပိုင်ခွင့်လက်မှတ်

16/02/2026

゚viralシ

18/01/2026

📣💥ပုဗ္ဗသီရိ၌ မြေကွက် ၇၂ ကွက် လေလံတင် ရောင်းချမည်

နေပြည်တော်၊ ပုဗ္ဗသီရိမြို့မှာရှိတဲ့ ပေ ၂၀၀ ပတ်လည် မြေကွက် ၇၂ ကွက်ကို ဈေးပြိုင်စနစ်နဲ့ လေလံတင် ရောင်းချ သွားမယ်လို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

မြေကွက်ဝယ်ယူချင်သူတွေအနေနဲ့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနမှာ လျှောက်ထားရမှာဖြစ်ပြီး လျှောက်လွှာတစ်စောင်ကို ကျပ်တစ်သိန်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

မြေကွက်တစ်ကွက်ကို လေလံ အာမခံကြေးအဖြစ် ကျပ်သိန်း ၂၀၀၀ ကို လျှောက်လွှာနဲ့အတူ တစ်ပါတည်း ပေးသွင်းရမှာဖြစ်ပြီး မြေကွက်တန်ဖိုးကတော့ လေလံပွဲကျင်းပတဲ့နေ့မှာ ဈေးပြိုင်စနစ်နဲ့ လေလံတင်ရောင်းချမှာ ဖြစ်လို့ မသိနိုင်သေးဘူးလို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

လူတစ်ယောက်ကို မြေကွက်တစ်ကွက်သာ ဝယ်ယူခွင့်ရရှိမှာဖြစ်ပြီး လေလံမအောင်တဲ့သူတွေကတော့ ပေးသွင်း ထားတဲ့ လေလံအာမခံကြေး ကျပ်သိန်း ၂၀၀၀ ကို လေလံပွဲ ကျင်းပအပြီး ၁၄ ရက်အတွင်းမှာ ပြန်ထုတ်ယူခွင့်ပြုမယ်လို့ ဆိုပါတယ်။

မြေကွက်ဝယ်ယူချင်သူတွေအနေနဲ့ လျှောက်လွှာပုံစံတွေကို ဇန်နဝါရီ ၁၅ ရက်မှာ ရောင်းချပေးခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်မှာ လျှောက်လွှာပုံစံတင်သွင်းတာ ပိတ်မှာဖြစ်ပါတယ်။

ဈေးပြိုင်စနစ်နဲ့ လေလံတင်ရောင်းချမဲ့ လေလံပွဲကိုတော့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မင်္ဂလာ ခန်းမမှာ လာမဲ့ ဖေဖော်ဝါရီ ၆ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Credit To Orginal
SBN Real Estate

18/01/2026

📣💥လှည်းကူး၊ တိုက်ကြီးဘက်မှာ မြေဝယ်ပြီး ငှက်ပျောစိုက်ရင် အမြတ်ကြမ်းနိုင်သလား? 🍌💰

​ရန်ကုန်မြို့နဲ့မလှမ်းမကမ်းမှာရှိတဲ့ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး ဒေသတွေဟာ ငှက်ပျောစိုက်ပျိုးဖို့ မြေဆီလွှာ အကောင်းဆုံးနေရာတွေဖြစ်ပါတယ်။

အခုနောက်ပိုင်း ရန်ကုန်ဈေးကွက်မှာ ငှက်ပျောသီးဈေးကလည်း ပုံမှန်ရှိနေတာကြောင့် တစ်ဧကစိုက်ရင် ဘယ်လောက်ကုန်ပြီး ဘယ်လောက်ပြန်ရမလဲဆိုတာ တွက်ချက်ကြည့်ရအောင်ပါ။

​၁။ အပင်ဦးရေနှင့် မျိုးရွေးချယ်မှု

​၁ ဧကမှာ ၈ ပေ x ၈ ပေ စနစ်နဲ့ စိုက်မယ်ဆိုရင် အပင်ဦးရေ ၆၈၀ ဝန်းကျင် ဝင်ပါတယ်။ လူကြိုက်အများဆုံးနဲ့ အရောင်းရဆုံးဖြစ်တဲ့ "ဖီးကြမ်း" ကို အခြေခံပြီး တွက်ပြပါရစေ။

​၂။ ကုန်ကျစရိတ် ခန့်မှန်းခြေ (ပထမတစ်နှစ်)

​မျိုးတက်ဖိုး: ၆၈၀ ပင် x ၇၀၀ ကျပ် ≈ ၄ သိန်း ၇ သောင်းကျော်
​မြေပြင်စရိတ်: ထွန်ယက်ခြင်း၊ ကျင်းတူးခြင်း၊ မြောင်းဖော်ခြင်း ≈ ၅ သိန်းဝန်းကျင်
​မြေဩဇာနှင့် ဆေးဖိုး: နွားချေးနှင့် ဓာတ်မြေဩဇာများ ≈ ၇ သိန်းဝန်းကျင်
​လုပ်အားခနှင့် အထွေထွေ: ပေါင်းရှင်း၊ ရေလောင်း၊ သားတက်နှုတ် ≈ ၅ သိန်းဝန်းကျင်
​စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု: သိန်း ၂၀ ကျပ် ဝန်းကျင် (ဒေသအလိုက်နှင့် သုံးစွဲမှုအလိုက် ကွာခြားနိုင်သည်)

​၃။ ဝင်ငွေပြန်ရနိုင်ခြေ (Harvest)

​ငှက်ပျောဟာ စိုက်ပြီး ၁၀ လကနေ ၁၂ လအတွင်း စတင်ခုတ်ရပါတယ်။
​၁ ဧကမှာ ပျမ်းမျှ အခိုင် ၆၀၀ ထွက်တယ်ဆိုပါစို့။

​လက်ရှိ ပေါက်ဈေး (ဖောက်သည်ဈေး) အနိမ့်ဆုံး တစ်ခိုင်ကို ၅,၀၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ် ကြား ရှိပါတယ်။
​ပျမ်းမျှ ၆,၀၀၀ ကျပ်နဲ့ မြှောက်ရင် = ၃၆ သိန်းကျပ်

​၄။ အသားတင်အမြတ်

​ပထမနှစ်မှာ ရင်းနှီးစရိတ် သိန်း ၂၀ နုတ်ရင် အသားတင်အမြတ် ၁၆ သိန်း ဝန်းကျင် ကျန်ပါမယ်။

​ထူးခြားချက်: ဒုတိယနှစ်ကစပြီး မျိုးဖိုးနဲ့ မြေပြင်စရိတ် မလိုတော့သလို၊ သားတက်တွေကနေပါ ထပ်ထွက်လာတာကြောင့် အမြတ်က နှစ်ဆနီးပါး တက်လာနိုင်ပါတယ်။

​💡 ဘာကြောင့် လှည်းကူး/တိုက်ကြီးဘက်မှာ စိုက်သင့်တာလဲ?

​၁။ သယ်ယူစရိတ် သက်သာခြင်း: ရန်ကုန် သီရိမင်္ဂလာဈေးနဲ့ နီးတဲ့အတွက် ကားခ သက်သာပါတယ်။

၂။ မြေဆီလွှာ အခြေအနေ: ရေစိမ့်ဝင်မှုကောင်းတဲ့ မြေနီဂဝံနဲ့ နုန်းမြေရောလို့ ငှက်ပျောအရသာ ပိုချိုပါတယ်။

၃။ ဘေးထွက်ဝင်ငွေ: ငှက်ပျောရွက်၊ ငှက်ပျောဖူးတွေကလည်း နေ့စဉ်ဝင်ငွေ ဖြစ်စေပါတယ်။

​⚠️ သတိပြုရန်

​ငှက်ပျောဟာ "ရေကြိုက်ပေမယ့် ရေမဝပ်ရဘူး" ဆိုတာကိုတော့ မမေ့ပါနဲ့။ ရန်ကုန်မှာ မိုးများတဲ့အတွက် မြောင်းစနစ် ကောင်းကောင်းလုပ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

​အနှစ်ချုပ်: ငှက်ပျောစိုက်ပျိုးရေးဟာ တစိုက်မတ်မတ် ဂရုစိုက်ရင် အရှုံးမရှိတဲ့ လုပ်ငန်းတစ်ခုပါ။ အခုကတည်းက မြေပြင်၊ မျိုးရှာပြီး မိုးဦးကျမှာ အမိအရ စိုက်ပျိုးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
​ #စိုက်ပျိုးရေး #ငှက်ပျောစိုက်ပျိုးရေး #လှည်းကူး #တိုက်ကြီး #စိုက်ပျိုးရေးဗဟုသုတ

Photos from ရွှေဘုံနန်း အိမ်ခြံမြေ ဝန်ဆောင်မှု's post 16/01/2026

🏘တိုက်ခန်းအငှား🧧တစ်လ (၃) သိန်းခွဲ (၆ လချုပ်)/ 🧧စပေါ်နှင့်ငှားလိုပါက စပေါ် သိန်း (၁၀၀) လစာ (၂သိန်း) လချင်းပေး။

🧧အကျိုးဆောင်များ 1:1 ယူပါ။🤝

🏗၁၂ ပေခွဲ × ပေ ၅၀
စတုတ္ထထပ်(၅လွှာ)
ဒေါပုံမြို့နယ်။ လက်ရှိအိမ်ငှားရှိပြီး February(၅)ရက်နေ့ အိမ်ငှား ဆင်းပါမည်။ စာချုပ် ကြိုချုပ်ထားလို့ရပါသည်။💵

🚦လိပ်စာ*သဒ္ဒါရုံမှတ်တိုင်အနီး🚥သာကေတ/ဒေါပုံ Capital Hyper Market သွားတဲ့ မင်းနန္ဒာလမ်းမကြီးနဲ့ ကျောကပ်လမ်းမှာပါ။

🏦CB Bank(Daw Pone), Fortune Plaza, G&G 24hrs Convenience Store, Pizza King, Teatalk Tea Shop တို့နဲ့လည်း အနီးဆုံးမှာ ရှိပါတယ်။

အိမ်ရှေ့ Koreaပါကေးခင်းထားပြီး၊ မီးဖိုခန်း၊ ရေချိုးခန်းနဲ့ အိမ်သာမှာ ကြွေပြားအပြည့်ကပ်ထားပါတယ်။ အိမ်ရှေ့/နောက် ဝရံတာတွေနဲ့ တိုက်ဘေးပတ်လည်မှာ သံပန်းအပြည့် တပ်ထားပါတယ်။ ဘုရားဆောင်လည်း ပါပြီးသားပါ။

မီးဖိုခန်းကို အဆင့်မြင့် ပြင်ဆင်ထားပါတယ်။ Slide တံခါးနဲ့ အိပ်ခန်းတစ်ခန်းလည်း ပါပါတယ်။ Air-Con တပ်ဖို့ နံရံအသင့် ဖောက်ပေးထားပါတယ်။ အဝတ်လျှော်စက်ထားတဲ့နေရာမှာလည်း ရေဘုံဘိုင်ခေါင်း အသင့် တပ်ပြီးသားပါ။ ရေချိုးခန်းရေစင်ကို ရေအားကောင်း မော်တာ တပ်ပေးထားပါတယ်။ အိမ်သာ ဘိုထိုင်ပါ။ အိမ်ရှေ့ခန်းနဲ့ မီးဖိုခန်းကြားမှာလည်း တံခါးသပ်သပ် တပ်ထားပေးပါတယ်။ တစ်အိမ်လုံးက မီးချောင်းတွေကို အာမခံ LED ၃ချောင်းတွဲတွေ ဆင်ထားတာမို့ အလင်းအားကောင်းပြီး မီတာခ သက်သာပါတယ်။

လိုက်ကာတပ်ဖို့ စတီးလုံးတွေလည်း ပြုတင်းပေါက်တိုင်းမှာ တပ်ထားပြီးသားပါ။ ပြုတင်းပေါက်မှန်တွေကိုလည်း အဝါးတွေတပ်ထားတာမို့ အိမ်တွင်းကို မမြင်ရပါဘူး။ (လုံခြုံမှုရှိပါတယ်။)

တိုက်အောက်မှာ လူကြီး/ကလေး လေ့ကျင့်ခန်းလုပ်လို့ရတဲ့ အားကစားနေရာလေးလည်း ရှိပါတယ်။ အလှပြင်ဆိုင်လည်း မြေညီထပ်မှာ ဖွင့်ထားတာမို့ ခေါင်းလျှော်ချင်ရင် ဆင်းလျှော်ရုံပါပဲ။

*မြေရှင် သဘောကောင်းပါတယ်။*

*ကိုယ်ပိုင်မီတာ၊ ကိုယ်ပိုင်မော်တာနဲ့ပါ။ လူနေထိုင်ခွင့်(BCC) ကျပြီးသား တိုက်ပါ။*

(အိမ်ရှေ့ခန်းကို ကိုရီးယားပါကေးအပြည့် ခင်းထားတာမို့ ရေစိုရွှဲတာ မခံပါဘူး။ ဆေးအသစ်သုတ်ထားတာမို့ နံရံကို သံရိုက်တာ အဆင်မပြေပါဘူး။ သန့်သန့်နေတဲ့သူမျိုးနဲ့ပဲ အဆင်ပြေပါတယ်။ လင်မယား၂ယောက်(သို့) မိန်းကလေး ၃ယောက်တို့ဆို အဆင်ပြေပါတယ်။ လူများရင် အဆင်မပြေပါ။)

📲ဆက်သွယ်ရန်
👑09696495691

19/08/2023

အိမ်ခြံမြေ တစ်ခုအား Special Power ဖြင့် ဝယ်ယူခဲ့ပြီး ကာလ ၃ နှစ်ကျော် ကြာခဲ့၍ (Sp) Expired ဖြစ်သွားသော အခါ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်ရမည်နည်း
*******************************************
ယခု စာဖတ်သူသိချင်နေတဲ့မေးခွန်း က ၃နှစ်ကျော်သွားပြီ သက်တမ်း ကုန်သွားပြီလို့ထင်နေတာ မဟုတ်ပါဘူး လို့ရှေးဦးစွာပြောကြားချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့မိတ်ဆွေ ကိုဘဲစာချုပ်စာတမ်း ရုံး မှာ မှတ်ပုံတင်ထားပြီ တဲ့..အထူးကိုယ်စားလှယ် လွှဲစာ (speical power) က ၃ နှစ်ကျော်သွားရင် သုံးမရတော့ဘူးလို့လူအများ နားလည်နေကြပါတယ် ။
ဒီလိုထင်မြင်တာလည်း မှားတယ်လို့မပြောနိုင်ပါဘူး ။ ဘာကြောင့် အမှတ်မှား ကြသလဲလို့ ထင်နေကြသလဲလို့မေးခွန်း ထုတ်ကြည့်ရင် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နဲ့မြေစီမံခန့်ခွဲ မှု ဌာန ကစတင် သတ်မှတ် ခဲ့ တယ်လို့ဆိုရင် မှားအံမထင်ပါ ။ အဲဒီ ဌာနမှာ စုံစမ်းမေမြန်း ဖို့ Complane Section ဖွင့်ထားပါတယ် ။ ကြှနျုပျလညျး ၃ နှစ်ကန့်သတ်ချက် နဲ့ပတ်သက် လို့ စောဒက တက်ပြီးမေးမြန်း ဖူးပါတယ်။ အဲဒီ ဌာန ကအကြီးအကဲ ကရှင်းပြတာကတော့သက်တမ်း (၅) နှစ် (၁၀ ) နှစ် စသည် ဖြင့် (speical power), (general power ) (SP, GP ) ပေးထားသူတွေမှာ အချို့က သက်ရှိ ထင်ရှားရှိမနေကြတော့ပါဘူး။ သေကုန်ကြပါ ပြီ ။ ဒီလို GP,SP power ပေး သူသေရင် GP ,SP Power ကလည်းသူသေရင် သုံးလို့မရတော့ဘူး ။ ပါဝါ လည်းလိုက်သေသွားတယ်လို့ပြောရမှာပေါ့။ ဒါပေမဲ့ GP ,SP ပါဝါ ရထားတဲ့သူတွေ ကပါဝါပေးသူသေသွားကြတာကို ဖုံးကွယ် ထားကြတယ်တဲ့ ။ ကာယကံရှင် ထံက GP,SP ပါဝါ ယူထားသူ အတော်များများ ဟာ ဝယ်ထား တဲ့ဂရန် မြေကွက် ကို အမည်မပြောင်းချင်ဘဲ အမည်ပေါက်ထံက GP ,SP ပါဝါ ယူထားတက်ကြလို့ဘဲ။
ဂရန် အမည်ပေါက် ထံ က( GP,SP) ပါဝါ ယူထားရင်အခွန်ဆောင်စရာမလို၊ အမည်ပြောင်း စရာမလိုဘူးပေါ့။ မိမိဝယ်ထားတယ်ဆိုတာလည်း အခွန်ဦးစီးဌာန ကမသိဘူးပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် အခွန်ရှောင်တာပါပဲ။ အဲဒါပေမဲ့ လူဘဝ ဆိုတာက ကိုယ် ဖြစ်ချင်တာမဖြစ် ၊သူဖြစ်ချင်သလို ဖြစ်တက်တဲ့ အနတ္တ အစိုးမရတဲ့သဘော တရားရှိတယ် မဟုတ်လား။ မမျှော်လင့်ဘဲ ဂရန် အမည်ပေါက် သူကရုတ်တရက် နှုတ်မဆက် ပဲသေဆုံးသွားတဲ့အခါ (GP,SP ) ပါဝါ ကိုင်ထားတဲ့သူဟာမျောက်မီးခဲ ကိုင်မိသလို ဖြစ်တော့တာပါပဲ။ အမည်ပြောင်းဖို့ အမြန်ပြောင်းမှ ဖြစ်မယ်။ နို့မဟုတ်ရင် အမည်ပေါက် ရဲ့ဇနီး၊ ခင်ပွန်း သားသမီး များ ကဝင်နှောင့်ယှက်ရင် ဘယ်လိုလုပ်မလဲ ဟုအတွေးဝင်လာတဲ့အခါ၊ GP, SP ပါဝါ ပေးသူမှာ ယနေ့တိုင် အသက် ထင်ရှားရှိပါကြောင်း ၊သူပေးထားတဲ့power ဟာလည်း ယနေ့တိုင် ပြန် လည်ရုပ်သိမ်းခြင်း မရှိသေးပါဘူးလို့လိမ်လည် ကျမ်းကျိန်ပြီး ရန်ကုန် မြို့တော် ခန်း မမှာ အရောင်းအဝယ်စာချုပ်ရန် ဆိုပြီး မြေပုံ မြေရာဇဝင် လာကူးတော့တာပဲ ။ ဌာနကလည်း အထောက်အထား ခိုင်မာတယ် ဆိုပြီး မြေအရောင်းအဝယ်စာချုပ်ချုပ်ဖို့မြေပုံ/ မြေရာဇဝင်ထုတ်ပေးလိုက်တဲ့အခါ၊ အဲဒီမှာ ပြသာနာပေါ်တော့တာဘဲ၊ အဲဒီလူကြီးဝယ်ထားတဲ့ မြေနှင့်အိမ် အမည်ပေါက်ပိုင်ရှင် ဟာသေသွားတာ က (၅) နှစ် (၁၀) နှစ်ရှိပါပြီဆိုပြီး၊ အသိမိတ်ဆွေကဖြစ်စေ၊ အိမ်နီးနားချင်းကဖြစ်စေ၊ သေသူအမည်ပေါက်ရဲ့သားသမီးတို့ကဖြစ်စေ လာရောက် ကန့်ကွက်တဲ့အခါ လိမ်စဉ်ကြီးပေါ်တော့တာဘဲ။ ဒီတော့မြို့တော်ခန်းမမှာ နှစ်ဖက်ခေါ်ယူညှိနိုင်းဖြေရှင်းပေး ရတာတွေရှိလို့(၃) နှစ်ကျော် ပါဝါတွေလက်မခံဖို့ရုံးတွင် အမိန့်ထုတ်ထားတာဖြစ်တယ်လို့သိရပါတယ် ။
နောက်ထပ်မံသိရတာကတော့ကန်ထရိုက် နဲ့မြေရှင် General Power (အထွေထွေ ကိုယ်စားလှယ် လွှဲစာ) ပေးတဲ့ကိစ္စပါပဲ။မြေရှင်နဲ့ကန်ထရိုက် တိုက်ဆောက်တဲ့အခါ သက်မှတ်ချိန်ကာလ မပြီးတာတို့၊ ကန်ထရိုက်ဘက် ကအကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းတာတို့ဖြစ်ပေါ်လာရင် ကန်ထရိုက်တာက(GP) ကိုမြေရှင်ထံ ပြန်မပေးကြဘူး။ နှစ်အကြာကြီးကိုင်ထားတက် ကြတယ်။အဲဒီအခါမှာ မြေရှင် နဲ ကန်ထရိုက်တာ နဲ့အငြင်းအခုံဖြစ်ကြတာ မပြီးနိုင်တော့ဘူး။ သတင်းစာတွေမှာ ရှေ့နေတွေနဲ အပြန်အလှန် ပြောကြတာတွေ အဆွေတော် ဖတ်ဖူးမှာပါ ။အဲဒီလိုကိစ္စမျိုတွေကြောင့်ပထမ SP/GP ပါဝါ တစ်နှစ်လို့သတ်မှတ်တယ်။နောက်ပိုင်း သုံးနှစ် ဆိုပြီး သတ်မှတ်လိုက်တယ်။ အခုတော့ အဲဒီ သတ်မှတ် ချက်ကို 2014 နှစ်လယ်ပိုင်း ကစပြီး ရုပ်သိမ်း လိုက်တယ် လို့သိရပါတယ် ။
ဒါကြောင့်အဆွေတော် လက်ထဲမှာရှိတဲ့(SP ဖြစ်စေ ၊GP ဖြစ်စေ )(၃) နှစ်ကျော်သွားပေမယ့်မြို့တော်စည်ပင်သာယာ မြေစီမံခန် ခွဲမှု ဌာန ကလက်ခံပါ တယ်လို့ သတင်းကောင်းပါ လိုက်ပါရစေ ။ သတိပြုရန် ကိုယ်စားလှယ် လွှဲစာ (SP/GP )ကို လွှဲအပ် သူကိုယ်တိုင် ရုပ်သိမ်းပြီး ၊လက်ခံသူကိုယ်တိုင် ကိုယ်စားလှယ် လွှဲစာပြန်အပ်ခြင်း၊ လက်ခံသူပြန်အပ်သူ နှစ်ဦးစလုံးသေခြင်း၊ စိတ်မနှံရူးသွပ်သွားခြင်း၊ လူမွဲ ဖြစ်သွားခဲ့လျှင်တော့ကိုယ်စားလှယ်ရဲ့အခွင့်အရေး ဆုံးရှံးသွားကြောင်း ပဋိညာန် ဥပဒေပုဒ်မ -၂၀၁ နှင့်ကိုယ်စားလှယ် လွှဲအပ်ခြင်း ဥပဒေ (The power of Attorney Act ) ပုဒ်မ-၃ မှာပြဌာန်းထားပါတယ်။

Credit 😍😍😍
ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

19/07/2023

🏨လူနေထိုင်ခွင့် ( BCC) ဆိုသည်မှာ

တချို့နေရာတွေမှာ
အဆောက်အဦးဆောက်ပြီးနေပေမယ့်
ဘာကြောင့်လူနေထိုင်လို့မရတာလဲ???
ဆိုတာ
အရောင်း၊အဝယ်လုပ်ရင်အရေးပါသလို
၃ထပ်အောက်အထပ်နိပ်တွေမှာလည်းလိုအပ်သလိုအသုံးပြုလို့ရပါတယ်ခင်ဗျ။


တိုက်ခန်းဝယ်သူတွေလိုအပ်တဲ့
ဘီစီစီ(BCC) စာရွက်ဆိုတာ
Building Complete Certificate
(လူနေထိုင်ခွင့်ပုံစံ) စာရွက်လို့ခေါ်ဆိုပါတယ်။

အဲဒီစာရွက်လေးဟာတိုက်ခန်းတစ်ခန်း
ဝယ်ယူမယ်ဆိုရင်အခြားလိုအပ်တဲ့စာရွက်စာတန်းတွေနဲ့အတူ BCC စာရွက်လေးကိုလဲအဓိကထားစစ်ဆေးသင့်ပါတယ်။ အဆိုပါစာရွက်ဟာလူနေထိုင်ခွင့်ပုံစံစာရွက်ဖြစ်သလို
နောင်တစ်ချိန်အရောင်းအဝယ်ပြန်လုပ်တဲ့အခါမှာမရှိမဖြစ်လိုအပ်တဲ့စာရွက်ဖြစ်ပြီးအဲ့ဒီစာရွက်မရှိပါက ရောင်းဖို့ဝယ်ဖို့ ကြန့်ကြာနိုင်သလို ခိုင်မာမှု့အတွက်လည်းစိုရိမ်တတ်ရပါတယ်။

တစ်ချို့ကနားမလည်လို့ တိုက်ခန်းလေးဝယ်ထားမိရင် ကန်ထရိုက်နှင့်အိမ်ရှင် မပြေလည်တဲ့အခါ တရားဝင်ဆောက်ထားသော တိုက်(B. C. C)မရှိထားသော တိုက်ဆို ဝယ်သူမှာ အများကြီး အခက်အခဲဖြစ်ရတယ်ခင်ဗျ။

ဘီစီစီစာရွက်ပါလို့ ပေးလိုက်ပေမယ့်
ဘီစီစီစာရွက်လို့ မသိကြတဲ့သူတွေရှိနေပါတယ်။ ဘီစီစီကို လူနေထိုင်ခွင့်လို့လူတွေအလွယ်ပြောပါတယ်။ စာရွက်ပေါ်မှာ လူနေထိုင်ခွင့်လို့တော့မရေးထားပါဘူးခင်ဗျ။
အဆောက်အဦ ပြီးစီးကြောင်းသာ ပါတာကိုပြောတာပါခင်ဗျ။

ဘီစီစီ(BCC) ဆိုတာ Building Completion Certificate ဆိုတဲ့စည်ပင်ဌာနကထုတ်ပေးတဲ့ အဆောက်အဦပြီးစီးကြောင်းအသိအမှတ်ပြုလွှာလို့ ခေါ်တာပါ။

အထပ်မြင့်ကန်ထရိုက်တိုက်မှာဆို ဆောက်ထားတဲ့တိုက်ရဲ့အရေးပါသော ဆောက်လုပ်ခွင့် ပြီးစီးသွားသော စာရွက်ပေါ့ ခင်ဗျ။

တစ်ချို့ကလည်း ဘီစီစီကိုလူနေခွင့်လို့အကြမ်းဖျဉ်းသိထားတဲ့သူတွေက
ဘီစီစီစာရွက်လည်းမြင်ရောလူနေခွင့်ပြုသည်ဆိုတဲ့ စာသားမပါလို့ဆိုပြီး ရောင်းတဲ့သူနဲ့အကျိူးဆောင်တွေကို မယုံမကြည် မေးတတ်ပြန်ပါတယ်။ ဘီစီစီစာရွက်ဆိုတာ ဘယ်လိုပုံစံမျိူးလဲဆိုတာ ဝယ်သူက သေချာမသိတာပါ။
ဒါကြောင့် ဒီလိုပြဿနာတွေဖြစ်နေတဲ့အပေါ်ဘီစီစီဆိုတာကို နားလည်နိုင်စေဖို့ဖြစ်ပါတယ်။

ပိုပြီးဆိုးတာက ဘုတ်စိမ်းလို့အလွယ်ခေါ်တဲ့(ယခုအပြာရောင်) ဆောက်လုပ်ခွင့်ပြုမိန့်စာရွက်မှာ လူနေထိုင်ရန်ဆိုတဲ့ စာလုံးကို စာလုံးဆိုဒ်အကြီးနဲ့ မင်ခုံနဲ့ထုပြီးပါတာကို ဘီစီစီ ထင်တာပါပဲ..။

လူနေထိုင်ရန်ဆိုတဲ့ စာလုံးအကြီးပါတဲ့ စာရွက်က ဘုတ်စိမ်းစာရွက်(ဆောက်လုပ်ခွင့်ပြုတဲ့အမိန့်)စာရွက်ပါ။ လူနေရန် ဆိုတဲ့စာလုံးကြီးကြီးပါနေတာက လုပ်ငန်းလုပ်ရန် (Commercial)နဲ့ ခွဲခြားသတ်မှတ်ထားတာပါ။

ဘုတ်စိမ်းစာရွက်ပါရင် တရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်တဲ့တိုက်လို့ဆိုလိုတာပါ
တရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ဆောက်လုပ်ပြီးစီးသွားရင်ဘီစီစီလျောက်ရပါတယ်။ အထပ်နိမ့်ဆိုရင် အိမ်ရှင်က B.C.C လျှေက်ပေးမှ လက်မှတ်ထိုးတာဝန်ယူထားတဲ့အင်ဂျင်နီယာမှ တာဝန်ယူထားသော တိုက်အတွက် ကောင်းမွန်စွာပြီးခဲ့ပြီး
ရန်ကုန်မြို့တော်စည်ပင်သာယာမှ သတ်မှတ်ထားသော အလုံးအရေအတွက် အတိုင်း
လက်မှတ်ထပ်ထိုးလို့ရပါတယ်။

အထပ်မြင့်တွေမှာဆို B.C.C(လူနေထိုင်ခွင့်)ကျမှ လိုင်စင်ကန်ထရိုက်တာလက်မှတ်နှင့်
သက်ဆိုင်ရာလိုင်စင် အင်ဂျင်နီယာလက်မှတ်တို့ တာဝန်ယူထားသော အဆောက်အဦအလုံးရေ လျော့စေမှာပါ ခင်ဗျ။

သက်ဆိုင်ရာလိုင်စင်အင်ဂျင်နီယာနဲ့ လိုင်စင်ကန်ထရိုက်တို့မှာ တစ်နှစ်မှာသတ်မှတ်အလုံးအရေအတွက်ရှိပါတယ် ဗျ။

အဆောက်အဦးတစ်ခုကို စဆောက်တဲ့အခါမှာ ဆောက်လုပ်ခွင့်ပါမစ်ကို လျှောက်ထားရပါတယ်။ လျှောက်ထားတဲ့အခါမှာ အထပ်နိမ့်အတွက် လျှောက်ထားခြင်းနဲ့ အထပ်မြင့်အတွက် လျှောက်ထားခြင်းဆိုပြီး ယေဘုယျအားဖြင့် ၂ပိုင်းခွဲထားပါတယ်။

အထပ်နိမ့်ပဲဖြစ်စေ၊ အထပ်မြင့်ပဲဖြစ်စေ၊ ကိုယ့်အပိုင်ဂရံမြေမှာအိမ်စဆောက်တော့မယ်ဆိုရင် အတိုင်းအတာ မြေပုံကူးခြင်းဆိုတဲ့ (D Map) ကို စတင်လျှောက်ထားရပါတယ်။

D Map အတွက်လျှောက်ထားရင်ကြာချိန်ကတော့ ၁ လပါ။ လိုအပ်ချက်တွေကတော့

1. ဂရံမူရင်း
2. မြေရှင်မှတ်ပုံတင်မူရင်း
3. နောက်ဆုံးဆောင်ထားတဲ့ မြေခွန်ပြေစာ

Proposal လျှောက်ထားခြင်း

အထပ်နိမ့်အတွက် လျှောက်ထားခြင်း

အထပ်နိမ့်ကတော့ ၃ထပ်အထိကို အထပ်နိမ့်လို့ သတ်မှတ်ပြီး သုံးထပ်နဲ့အထက်ကို အထပ်မြင့်ဆိုပြီး သတ်မှတ်ပါတယ်။

D Map ကို ရရှိပြီဆိုရင် လိုအပ်ချက်တွေကတော့

ကိုယ်ဆောက်လိုတဲ့ အိမ်ပုံစံ၊ အခန်းဖွဲ့ပုံစံဖြစ်တဲ့ (Architecture Proposal Design) ကိုတင်ပြရပါတယ်။

Proposal Design ကို တင်တဲ့အခါမှာ လိုင်စင်ရ RSE Construction လက်မှတ်ကို လိုအပ်ပါတယ်။

Proposal အောင်သွားရင်တော့ ဆောက်လုပ်မိန့်စကျပြီး အဆောက်အဦးကို စတင်ဆောက်လုပ်လို့ရပါပြီ။

D Map အတွက်ကြာချိန် - ၁ လ
Proposal လျှောက်ရန်ကြာချိန် - ၁ လ ဖြစ်တဲ့အတွက်ကြောင့် အထပ်နိမ့်အတွက်ကတော့ခန့်မှန်းခြေအချိန်၂လကနေ၂လခွဲအထိပဲကြာမြင့်တတ်ပါတယ်။ အွန်လိုင်းဖြင့်တင်ခြင်းကြောင့် လုပ်ကိုင်သူကျွမ်းကျင်မှု့အပေါ်မူတည်ပါတယ် ခင်ဗျ။

ရန်ကုန်မြို့တော်စည်ပင်သာယာမှတည်ဆောက်မည့် အဆောက်အဦအတွက် 1sqft နဲ့ မြှောက်ပြီး ငွေသွင်းချလံလေး ရပါတယ်ခင်ဗျ။

အထပ်မြင့်တွေအတွက်ပဲ လိုအပ်ပြီးလိုအပ်ချက်တွေကတော့

မီးသတ်ဌာနကို တင်ပြဖို့ M&E Drawing နဲ့ presentation

ရေသန့်၊ မိလ္လာအတွက် Proposal and permit

မြေသားမာကျောမှုကို စစ်ဆေးဖို့ soil test စာအုပ် (Soil test ပေါ်မူတည်ပြီး Footing plan ပြောင်းလဲနိုင်)

proposal အောင်ထားတဲ့ Archi Drawing ကို လိုင်စင်ရ RSE Structure မှ လက်မှတ်ထိုးထားတဲ့ Drawing + တွက်ချက်မှု

ဘေးအိမ်တွေမှာ အထပ်မြင့်ရှိနေရင် Theodolite အတိုင်းအတာ

လိုင်စင်ရကန်ထရိုက်တာလက်မှတ် (LC)

ပြီးသွားရင် Deposit တစ်လွှာလျှင် ၁၀သိန်း စည်ပင်ကိုသွင်းပြီးရင်တော့ အထပ်မြင့်အတွက် ဆောက်လုပ်မိန့်ကျပါပြီ။

B. C. C(လူနေထိုင်ခွင့်ကျပါက မိမိတို့ငွေသွင်းအာမခံငွေ(Deposit) ပြန်ထုတ်ယူလို့ရပါတယ် ခင်ဗျ။

တိုက်ခန်းဝယ်မယ်ဆိုရင်တော့...

-ဘုတ်စိမ်းစာရွက်မိတ္တူ(အဆောက်အဦဆောက်လုပ်ခွင့်ပါမစ်)ယခုအပြာရောင်
-B. C. C(လူနေထိုင်ခွင့်မိတ္တူ)
-မြေရှင်လက်မှတ်
-မြေရှင်နှင့်ကန်ထရိုက်စာချုပ်မိတ္တူ
-မီတာစာရွက်မူရင်း
-အခွန်ဆောင်ထားသောစာရွက်မိတ္တူတို့ပါမှနောက်နောင်ရောင်းခြင်းဝယ်ခြင်းအတွက် ပိုအဆင်ပြေပါတယ်ဗျ။

ဘုတ်စိမ်းစာရွက်(ဆောက်လုပ်ခွင့်ပြုထားသော အဆောက်အဦ)(လူနေထိုင်ရန်လို့ ပါတဲ့စာရွက်)ပဲပြနိုင်ရင် တရားဝင်ဆောက်လုပ်ခွင့်နဲ့တော့ ဆောက်ထားတယ်။ အဆောက်အဦးပြီးစီးကြောင်းစာရွက် ဘီစီစီတော့ တင်မထားသေးဘူးလို့ နားလည်ရပါမယ်။

လှိုင်နဲ့သင်္ဃန်းကျွန်းက မြေအမျိုးအစားအများစုမှာ အရပ်စာချုပ်များတဲ့အတွက်တရားဝင်ဆောက်တာ ၃ထပ်ပဲ ခွင့်ပြုထားတော့ ဘုတ်စိမ်း(ယခုအပြာရောင်)
(ဆောက်လုပ်ခွင့်ပြုမိန့်) စာရွက်ပါပြီး.. ဘီစီစီစာရွက်မပါတဲ့ တိုက်တွေ တစ်ရပ်ကွက်လုံးနီးပါးရှိတဲ့ ရပ်ကွက်တစ်ချို့ရှိပါတယ်။

ဘီစီစီစာရွက်ပါရင်တော့
ဘုတ်စိမ်းစာရွက် တောင်းဖို့မလိုပါဘူး။
ဘီစီစီဆိုတာဘုတ်စိမ်းအဆောက်အဦဆောက်လုပ်ခွင့်စာရွက်ရှိမှ ရတဲ့စာရွက်မို့ပါ..။

တောင်ဥက္ကလာရဲ့ ၉၀%သောတိုက်ခန်းတွေက
ဘီစီစီပါကြပါတယ်..။
တောင်ဥက္ကလာမှာ တရားမဝင်ဆောက်တဲ့တိုက်ဘီစီစီ(B. C. C)ကန်ထရိုက်တိုက်
မတင်ပဲထားတဲ့တိုက်မရှိသလောက်နည်းပါတယ်။ (တစ်လုံးတစ်လေရှိပါတယ် ။ဂရန်မြေလည်းများပြီး အထပ်မြင့်များတာကိုခင်ဗျ။

၂၀၁၅ နှစ်လယ်ရှေပိုင်းလောက်ထိ
တိုက်တွေကမီတာကျပြီးအားလုံးပြီးစီးပြီဆိုမှ
ဘီစီစီစာရွက် သပ်သပ်တင်ရတာပါ..။
၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်ဆောက်တဲ့
ကန်ထရိုက်အသေးစားတွေက
ဆောက်လုပ်ခွင့်(ဘုတ်စိမ်း)တင်ပြီးဆောက်ရင် မီတာလည်း အလွယ်တကူရတာမို့
ဘီစီစီတင်တာကို အလုပ်ပိုလို့မြင်ပါတယ်..။

ဒါမို့လို့ ၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်တွေမှာ
ဘီစီစီစာရွက်မေးလိုက်ရင် လူနေထိုင်ရန်လို့ မင်အပြာနဲ့တုံးထုထားတဲ့ ဘုတ်စိမ်းစာရွက်ကို ဘီစီစီလို့ ပြောပြီးပေးတတ်တာလည်း
ကြုံဖူးကြားဖူးပါတယ်..။

(မသိ နားမလည်တာကို အခွင့်အရေးယူတာပါ..။ ဒါမို့လို့ မိမိကသိအောင်လုပ်ထားရပါမယ်..။)

၂၀၁၅ နှစ်လယ်လောက် နောက်ပိုင်းကစလို့
အဆောက်အဦးတွေမှာ (၃)ထပ်ကျော်ရင်တိုက်ခန်းအခွန်ဆောင်ပြီးမှ ဘီစီစီရရှိပြီးမူရင်းစာရွက်ပြနိူင်မှ မီတာချပေးတော့ပါတယ်..။

အဲဒီတော့မှ ဘယ်ကန်ထရိုက်တိုက်မဆို
ဘီစီစီဆိုတာ မတင်မနေရ ဖြစ်ကုန်တာပါ..။

ဘီစီစီကျပြီးတာနဲ့ ဘီစီစီစာရွက်နဲ့မီတာထပ်လျောက်ရပါတယ်..။

၂၀၁၅ နှစ်လယ်နောက်ပိုင်းကတိုက်တွေတိုင်းမှာ ဘီစီစီစာရွက်ပါပါတယ်..။

(ဘီစီစီကျပြီးမှ မီတာချပေးတော့တာမို့
ဘီစီစီမတင်ပဲ ချိုချိုချောင်ချောင်ဆောက်တဲ့
၃ထပ်ခွဲနဲ့ ၅ထပ်တိုက်တွေ ဈေးမကိုက်တော့လို့ မဆောက်ကြတော့ပါဘူး။

အခုနောက်ပိုင်း တိုက်ဆောက်တဲ့အခါ ရန်ကုန်မြို့တော်စည်ပင်သာယာမှ တစ်ထပ်တိုက်မှအထပ်မြင်တွေအထိ ဆိုင်ရာလိုင်စင်အင်ဂျင်နီယာတွေ လက်မှတ်စစ်ဆေးတာမှတ်တမ်းတွေ တကယ်လုပ်တဲ့အတွက်ရေရှည်အတွက် ခိုင်ခန့်မှုကောင်းပါတယ်ခင်ဗျ။

တစ်ထပ်မှသုံးထပ်အထိ ဆောက်ရင် အခွန်မဆောင်ရပေမယ့် လူနေခွင့်တင်ထားပြီးဆောက်တော့ နောက်တစ်ချိန် မိမိအတွက်စာရွက်စာတန်းပိုမိုအားကောင်းပြီး ဘဏ်တို့နိူင်ငံခြားသားတို့နှင့် ပတ်သက်တဲ့အခါ ပိုကောင်းပါတယ်ခင်ဗျ။

အထပ်နိမ့်ဆောက်တယ်(၃ထပ်အောက်)ဘယ်သူနှင့်မှ ပတ်သက်စရာမလိုဘူးဆိုရင်တော့
သက်ဆိုင်ရာတာဝန်ခံနှင့် နားလည်စွာဖြင့်ဆောက်ပါက မိမိလိုချင်သော အဆောက်အဦပေ အနီးစပ်ဆုံးရရှိပြီး ကိုယ်နေချင်သောအိမ်မြန်မြန်ဆောက်နိူင်တာပေါ့ခင်ဗျာ။

အထပ်အမြင့်(၃ထပ်အထက်ဆိုရင်တော့တရားဝင်ခွင့်ပြုဆောက်လုပ်ခွင့်ရမှ နှစ်ဦးနှစ်ဘက်ပိုကောင်းပါတယ်ခင်ဗျ။

အိမ်ဆောက်ချင်သော မိတ်ဆွေညီအကို/မောင်နှမများအေးချမ်းစွာ အိမ်ဆောက်နေထိုင်နိူင်ကျပါစေ ခင်ဗျ။

ဘီစီစီရဲ့ အင်္ဂလိပ်အရှည်က
Building Completion Certificate မို့
ဘီစီစီဆိုတာ လူနေထိုင်ခွင့်လို့
ရေးထားတဲ့ စာရွက်မဟုတ်ဘဲ
အဆောက်အဦးပြီးစီးကြောင်း
အသိအမှတ်ပြုစာရွက်သာဖြစ်ကြောင်းမိတ်ဆွေများလည်း နားလည်နိူင်ကြပါစေ။

ကိုးကားတင်ပြထားပါသည်။

လေးစားစွာဖြင့်
Credit-OriginialWriters

15/05/2023

🏞🏝ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များ

ကမာရွတ်မြို့နယ်
ကိုကိုးကျွန်းမြို့နယ်
ကော့မှူးမြို့နယ်
ကျောက်တန်းမြို့နယ်
ကျောက်တံတားမြို့နယ်
ကြည့်မြင်တိုင်မြို့နယ်
ကွမ်းခြံကုန်းမြို့နယ်

ခရမ်းမြို့နယ်

စမ်းချောင်းမြို့နယ်

ဆိပ်ကမ်းမြို့နယ်
ဆိပ်ကြီးခနောင်တိုမြို့နယ်

တာမွေမြို့နယ်
တိုက်ကြီးမြို့နယ်
တောင်ဥက္ကလာပမြို့နယ်
တွံတေးမြို့နယ်

ထန်းတပင်မြို့နယ်

ဒဂုံမြို့နယ်
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်
ဒလမြို့နယ်
ဒေါပုံမြို့နယ်

ပန်းဘဲတန်းမြို့နယ်
ပုဇွန်တောင်မြို့နယ်

ဗဟန်းမြို့နယ်
ဗိုလ်တထောင်မြို့နယ်

မင်္ဂလာတောင်ညွန့်မြို့နယ်
မင်္ဂလာဒုံမြို့နယ်
မရမ်းကုန်းမြို့နယ်
မြောက်ဥက္ကလာပမြို့နယ်
မှော်ဘီမြို့နယ်

ရန်ကင်းမြို့နယ်
ရွှေပြည်သာမြို့နယ်

လမ်းမတော်မြို့နယ်
လသာမြို့နယ်
လှည်းကူးမြို့နယ်
လှိုင်မြို့နယ်
လှိုင်သာယာမြို့နယ်

သင်္ဃန်းကျွန်းမြို့နယ်
သန်လျင်မြို့နယ်
သာကေတမြို့နယ်
သုံးခွမြို့နယ်

အင်းစိန်မြို့နယ်
အလုံမြို့နယ်

27.DEC.2015
Photo - MIMU

10/05/2023

👉 ဥယျာဉ်ခြံမြေ၊ စိုက်ပျိုးမြေနဲ့ ရွာမြေတွေမှအပ တခြားမြေအမျိုးအစားတွေကို မြေတိုင်းတာပြီး မြေပုံ ထုတ်ပေးပါတယ်။

မြေတိုင်း လျှောက်ထားဖို့ လိုအပ်တဲ့ အချက်အလက်တွေကတော့
(က) နိုင်ငံသားကတ်ပြားမိတ္တူ
(ခ) အမည်ပေါက် (သို့) ဥပဒေ နဲ့အညီ ဆက်ခံခွင့်ရှိသူက ကျမ်းကျိန်လွှာ တင်ပြပြီး ၎င်းတင်ထားတဲ့ အထူး ကိုယ်စားလှယ်လွှဲစာ၊ အထွေထွေ ကိုယ်စားလှယ်လွှဲစာတွေ တင်ပြရပါမယ်။

(ဂ) မှတ်ပုံတင် စာချုပ်စာတမ်းများ။
(ဃ) ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တရားရုံးအမိန့် ဒီဂရီတို့ လိုအပ်ပါတယ်။

မြေတိုင်းခွင့်ပြုဖို့အတွက်
(က) သတ်မှတ်ထားတဲ့ပုံစံနဲ့ ပိုင်ဆိုင်မှု အထောက်အထားများ ပြည့်စုံမှုရှိမရှိ စစ်ဆေးခြင်း။

(ခ) မြေစာရင်းနှင့် ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ၊ တရားရုံးအမိန့် ဒီဂရီများကို စိစစ်ခြင်း။

(ဂ) ၁၉၈၇ ခုနှစ်၊ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းလွှဲပြောင်း ကန့်သတ်တဲ့ ဥပဒေနှင့် ငြိစွန်းမှု ရှိမရှိ စစ်ဆေးခြင်းတို့ လုပ်ဆောင် ဖြစ်ပါတယ်။

စိစစ်ပြီး ပြည့်စုံမှန်ကန်ပါက အနားလေးဖက် အတိုင်းအထွာ ပါရှိတဲ့ မြေတိုင်းမြေပုံ ထုတ်ပေးပါတယ်။

မြေတိုင်းတာခြင်း၊ မြေပုံရေးဆွဲခြင်း၊ မြေပုံလျှောက်ထားခြင်း

၁။ အသေးစိတ်တိုင်းတာပြီး မြေပုံထုတ်ပေးခြင်း နှင့် မှန်ကန်ကြောင်း သက်သေခံတဲ့မြေပုံ/မြေရာဇဝင်တို့ကို မြေစာရင်းနှင့် မြို့ကွက်မြေပုံအရ ထုတ်ပေးတာပါ။

၂။ မူလက ဂရန်ရရှိထားမြေဟာ မြေကြီးမြေပုံနဲ့မကိုက်ညီလျှင် ပြန်လည် စိစစ်ပြီး ဆောင်ရွက်ပေးပါတယ်။

(ဥပမာ – လမ်း၊ အကွက်အမှတ် နေရာ မှားနေခြင်းများ။)

၃။ ပါမစ်မြေမှ ဂရန်မြေ ရရှိသူဟာ မြေပုံရှိပါက လျှောက်ထားနိုင်ပါတယ်။၎င်းကိစ္စကို လုပ်ထုံးလုပ်နည်းနဲ့ အညီ စိစစ်ဆောင်ရွက်ပေးပါတယ်။

၄။ မြေတိုင်းတာရာမှာ မြို့ကွက်မြေပုံအရ ၎င်း၊ မြေစာရင်းဟု၎င်း၊ မြေဂရန်ရှိ အတိုင်းအတာအရလည်း ခိုင်မာတဲ့ အာမခံ အမှတ်အသားကို အခြေခံပြီး

မြေပေါ်မှာ ရှာဖွေတွေ့ရှိပြီးမှသာ မြေတိုင်းရပါတယ်။

ဧရိယာကို အခြေခံပြီး မြေတိုင်းခြင်း မပြုပါ။

Credit: The Kumudra

Photos from Mee Lay - Real Estate's post 09/05/2023

🏡အိမ်ခြံမြေကို ရှိစုမဲ့စုငွေလေး နဲ့ စုဆောင်းဝယ်ယူမယ့် မိတ်ဆွေများ အဝယ်မမှားရအောင် အထူးသတိထားစေလိုတဲ့အချက်များကို ဖော်ပြပေးလိုက်ပါတယ်။ (***ဖတ်ဖြစ်အောင် ဖတ်ပါ***🫵👇👇👇🔥)

- ပုံစံ ၇ ပေအကျဥ်းအကွက်များမှာ အမည်ပေါက် လုံးဝ ထုတ်မရပါ။
- ရွာမြေ၊ ခြံမြေ၊ ဥယျာဥ်ခြံမြေ အထူးသတိထားဝယ်ပါ။

🔥မြေဝယ်မယ်ဆိုတာနဲ့ ပထမဦးဆုံး လေ့လာသင့်တာက...
- ရွာမြေအဂ်ါရပ် ညီရဲ့လား?
- ရွာရဲ့သက်တမ်းက ဘယ်လိုရှိလဲ?
- မြေစာရင်းပုံစံ ၈ မြေခွန်ပြေစာ ရှိရဲ့လား?
- မြေခွန်ပြေစာ ရှိခဲ့ရင်လည်း အမည်ပေါက်မှန်ကန်ရဲ့လား?
- ပေ ၂၀ ပေ ၆၀ အမည်ပေါက် ထုတ်လို့ရမလား?
- ပုံစံ ၇ ထွက်ရှိထားတာလား? ဒီအချက်လေးတွေ အရင်စုံစမ်းကြည့်ပါ။

🔥ပုံစံ ၇ ကို ဝယ်နိုင်တဲ့သူအတွက် ဧက အလိုက် ဝယ်တာဟာ ပြဿနာ မရှိပေမယ့် ရှိစုမဲ့စုနဲ့ ပုံစံ ၇ အကွက်သေးလေးတွေ ဝယ်တဲ့သူတွေ အဖို့တော့ ပြဿနာ မဖြစ်ဖို့ ဆုတောင်းနေရပါမယ်။ (***သတိပြုပါ***)

🔥ပုံစံ ၇ ဆိုတာ လယ်မြေမှာသာ ရှိတာမဟုတ်ပါဘူး။ G တစ်လုံးတည်း အပေါ်မှာလည်း ပုံစံ ၇ ထုတ်ထားတဲ့သူတွေ ရှိပါတယ်။ G တစ်လုံးတည်းကိုပဲ ပုံစံ ၇ ထွက်ရှိထားတာဟာ ပေ ၂၀ ပေ ၆၀ ဝယ်တဲ့အခါလည်း ဝယ်ယူသူရဲ့ အမည်ပေါက်နဲ့ ပေအကျဥ်း မရရှိနိုင်ပါဘူးဗျာ။

🔥ပေအကျဥ်းအကွက် မြေစာရင်းမှာ ဝယ်ယူသူရဲ့ မြေစာရင်းပုံစံ ၈ အမည်ပေါက် ထုတ်လို့ရတဲ့ မြေများကိုသာ ဝယ်စေချင်ပါတယ်ဗျာ။

🏡"ရွာမြေ အဂ်ါရပ်များ"

🔥လမ်း၊ အစိုးရမီး၊ ပတ်ဝန်းကျင်အနေအထား၊ စာသင်ကျောင်း ရှိပါတယ်။ မျက်လုံးထဲ ကြည့်တာနဲ့ ကွဲပြားနိုင်ပါတယ်။

🔥မြေစာရင်းပုံစံ ၈ ဆိုတာက ကျူးမြေအတွက် မရပါ၊ ပလပ်မြေမရပါ၊
ကြိုးဝိုင်းမြေအတွက် မရပါ၊ ရွာကြီး စားကျက်ရနိုင်ပါတယ်၊
ခြံမြေ/ရွာမြေ/ဥယျာဥ်မြေများအတွက်ဆိုရင်လည်း ရပါတယ်။

🔥ရွာမြေမှာ စလစ် မရှိပါ။ ပြေစာနဲ့ပဲ နေထိုင်ကြတာပါ။ အရင်က ပြေစာ မထုတ်ခဲ့လို့ အရပ်စာချုပ်နဲ့နေတာ ပြဿနာမရှိပါ။ ဒါပေမဲ့ ထုတ်မရတဲ့မြေ ဆိုရင် တစ်ခုခုလွဲနေလို့ပါ။

🏡"အနည်းဆုံး ပေ ဘယ်လောက်မှ စိတ်ချရလဲ???"

🔥ပုံစံ ၇ ထွက်ရှိထားတဲ့အရာဆို တတ်နိုင်ရင် ဧက ပြည့်အောင် ဝယ်ပါ။ ဒသမ ၅၀ လောက်လည်း ဝယ်ယူနိုင်ပါတယ်။ ဥပမာ - ပေ ၁၁၀ ပေ ၂၂၀ မျိုးဆိုရင် စိတ်ချရပါပြီ။

(✍️စာရေးသူသည် ဆရာကြီး မဟုတ်တဲ့အတွက် အဝယ်မမှားအောင် သိသလောက် ပြောပြရခြင်းသာဖြစ်ပါတယ်။ ဆ,ဆ,ရ,က များ ကျော်သွားနိုင်ပါတယ် ခင်ဗျာ။ ဘယ်သူအပေါ်မှ ထိခိုက်စေလိုတဲ့ စိတ်မျိုးနဲ့ ရေးသားခြင်း မဟုတ်ပါ။ အနာပေါ် ဒုတ်ကျသွားရင်လည်း မတတ်နိုင်ပါဘူး ဗျာ။ တန်ဖိုးထားတတ်ကြပါစေ ခင်ဗျာ။)🙏🙏🙏

📜Content Credit - Hmawbithargyi
📸Photo Credit - YgnHome Website, White Sone Website

08/05/2023

😁😊

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Dawpone
Yangon
951