Cooking with Aom

Cooking with Aom

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cooking with Aom, Yamanay Street, Myanmar, Burma (Myanmar), Yangon.

Photos from Cooking with Aom's post 08/06/2026

15–6-2026 (တနင်္လာနေ့) အိမ်ဆိုင်လေးရဲ့ လူကြိုက်များတဲ့

- ခေါက်ဖွန်း_ဆန်ထိုဖူး
- ခေါက်ဖွန်းထိုလျင်-မြေပဲထိုဖူး
-ၶဝ်ႈၶႅဝ်ႉ_ခေါက်ရှောက်_ပန်းဂျုံသုပ် ကို လက်တွေ့အတန်း ဖွင့်ပါမယ်။

⚠️ဒါအပြင် ချဉ်ငံစပ် (တောင်ကြီး ပုံစံ) ပါ သင်ပေးပါမည်

- ကုန်ကြမ်းကိုလဲ လွယ်လင့်တကူဝယ်ယူနိုင်သည့်နေရာကိုပါ ညွှန်ပေးပါမည်။

ဆက်စပ်သမျှ သင်ပေးပါမည်။ ဆန်ထိုဖူး-မြေပဲထိုဖူးကိုလဲ တကယ့် ဆန်အစစ်နှင့် သင်ပေးပြီး ခေါက်ရှောက်က်ိုလဲ ပန်းဂျုံ အစစ်နှင့်သာ သင်ပြပေးပါမည်။

သင်တန်းကြေး- 6××××× /- messenger မှ အသေးစိပ်မေးမြန်းလို့ရပါတယ်နော်💌

#အိမ်ဆိုင်လေး

Photos from Cooking with Aom's post 26/05/2026

1-6-2026 (တနင်္လာနေ့)

-မြေပဲထိုဖူး (ဆန်မုန့်နှင့်မဟုတ်ဘဲ ကျိုင်းတုံကနည်းအတိုင်း ဆန်နှင့်လုပ်သောနည်း)

-ကုလားပဲအစစ်နှင့် လုပ်သော ထိုဖူးဝါ/ထိုဖူးနွေး/ထိုဖူးကြော်/ထိုဖူးသုပ် /ပဲနှစ်ချဉ် လုပ်နည်း

လက်တွေ့အတန်း ဖွင့်ပါမယ်ရှင့်

သင်တန်းကြေး-၆၀၀၀၀၀/- (တစ်ဦးလျှင်)

(စာရင်းပေးသည့်ချိန် သင်တန်းကြေး တခါထဲ လွဲပေးရပါမည်)
📍Kpay-095242790

မိမိ၏ သဘောဆန္ဒအရပျက်ကွက်ခဲ့ပါက သင်တန်းကြေးငွေ ပြန်မအမ်းပေးတော့ပါ။

လိုအပ်သော ပါဝင်ပစ္စည်း အကုန်လုံးသင်ပေးပါမည်။
📍သင်တန်းက တနေ့တာ သင်တန်းပါ။
မနက် ၁၀:၀၀ နာရီ- ညနေ ခန့်မှန်း ၄-၅:၀၀ နာရီ ထိပါ။

⚠️မှတ်ချက်_မိမိသင်လိုသည့် အမယ်ကိုလဲ ရွေးပြီး မေးမြန်းစုံစမ်း ညှိနှိုင်းနိုင်ပါသည်။

Online class ရှိပါသည်

#အိမ်ဆိုင်လေး

Photos from Cooking with Aom's post 15/05/2026

ထိုဖူးနွေး ကို ပဲအစစ်နှင့် လုပ်ပြီး တိကျသော recipe လေးနှင့်အတူ ... online class စပါပြီရှင့်။
-ပဲရေဆေးနည်း
-ပဲရေစိမ်နည်း
-ပဲကြိတ်နည်း
-ပဲညစ်နည်း
-ပဲအနည်ထိုင်နည်း
-ထိုဖူးနွေးဖြစ်အောင်ကျိုနည်း
-ထိုဖူးဝါဖြစ်အောင်ကျိုနည်း
-ပဲချဉ်အနှစ်လုပ်နည်း
-ရှမ်းပြည်ဖက်မှ ပဲချဉ်အနှစ်နှင့် ထိုဖူးသုပ်သည့် ပုံစံ
⚠️ပါဝင်ပစ္စည်း....
-ရှောက်ကောဆီမွှေး
-homemade ကြာညို့ချိုလုပ်နည်း စသည့် အဓိကကျတာလေးတွေပါ အသေးစိပ် သင်ပေးပါမယ်လို့...

Online class မဟုတ်ဘဲလက်တွေ့ အတန်းက်ိုပဲ စိတ်ဝင်စားသလား? (သူ့အတွက်လဲ ရက် စီစဉ်ပေးပါမယ်)

Messenger ကျနေတဆင့် မေးမြန်းနိုင်ပါသည်။





#အိမ်ဆိုင်လေး

📍မှတ်ချက် -ထိုဖူးအဝါအတန်း အပ်ဖူးသည့် သင်တန်းသူအဟောင်းများ အသစ် ငွေထပ်သွင်းရန်မလိုပါ

Photos from Cooking with Aom's post 14/05/2026

ထိုဖူးနွေး (သီးသန့် ) လက်တွေ့ အတန်းလေး

21-5-2026 (ကြာသပတေးနေ့) စပါမယ်နော်

-ပဲအစစ်
-ပဲစိမ်းမှုန့် (၂ မျိုး လုံး သင်ပေးပါမည်)
-အသားအနှစ်ချက်နည်း
-homemade ကြာညို့ချို
-ရှောက်ကောဆီမွှေး
-ကြက်သွန်ဖြူဆီချက်
-ငရုပ်သီး င်္ဆချက် လုပ်နည်း အစအဆုံး

ပြင်ဆင်နည်း အသေးစိပ် သင်ပေးပါမည်။

တနေ့တာ သင်တန်းပါ
သင်တန်းသူဦးရေ- ၄ ဦးသာ
မနက်-၉:၀၀ နာရီ-ညနေ ၄:၀၀ နာရီထိ

သင်တန်းစာရင်းပေးသွင်းပါက သင်တန်းကြေး တခါထဲ သွင်းပေးရပါမည်။

📍(Online class လဲ ရှိပါသည်)

#အိမ်ဆိုင်လေး

30/04/2026

Online class က အတန်းတွေကို လာစုံစမ်းသူ အတော်များများ မေးလေ့ရှိတဲ့ မေးခွန်းက "တကယ်ကော လုပ်တတ်သွားမှာလား".... ဆိုတဲ့မေးခွန်း

ဒီမေးခွန်းအတွက်ကလေ ကိုယ့်ရဲ့စိတ်ဝင်စားမှုရယ် ကြိုးစားလေ့လာမှုရယ်နဲ့ လက်ရည်လေးနဲ့ ဆိုင်ပါလိမ့်မယ်...

ဥပမာအနေနဲ့ ပြောပြရမယ်ဆိုရင်
"ကျွန်မ ခုထိ ကြက်ဥမွှေကြော် မကြော်တတ်သေးပါ... "
ဘာလို့လဲ ကျွန်မ စိတ်မဝင်စားသလို ကြော်လို့မဖြစ်လဲ ထပ်ပြီးလဲကြော်ဖြစ်အောင် မကြိုးစားလို့ပါ...

နောက်မေးခွန်းတခုက... "ဒီအတန်းလေးတက်ပြီးရင် တကယ်ကော ပြန်လုပ်ရင် ရောင်းရမလား"

ကျွန်မ ဒီမေးခွန်းအတွက်ကတော့ ကျွန်မ ရောင်းနေတဲ့ အစားအသောက်က အကောင်းဆုံး အဖြေဖြစ်ခဲ့မယ်လို့ပဲ ဖြေပေးချင်ပါတယ်။

မိမိမှာ တကယ်ပဲ ဝင်ငွေတဖက်တလမ်းကနေဝင်ချင်တယ်ဆိုတဲ့ စိတ်ဆန္ဒရှိနေရင် တတ်အောင်လေ့လာမယ်ဆိုတဲ့ စိတ်လဲရှိနေပါမယ်။

သေချာလေးလုပ်ပြီး စိတ်စေတနာသန့်သန့်လေးနဲ့သာ လုပ်ရောင်းရင် ရောင်းကို ရောင်းရပြီး သင်တန်းကြေးပြန်ပြီး ကာမိသလို အမြတ်လဲ မကြာမှီတိုးလာမှာပါရှင့်...,

ထိုဖူးနှောင်း လုပ်လို့ မဖြစ်ဘူးဆိုရင် ပဲနို့ရည်လေး လုပ်ရောင်းပြီး အရင်းပြန်ရအောင် စလိုက်ပြီး ... နောက်တဆင့် ထပ်ကြိုးစားလို့ရပါတယ်လို့

💪🏻💪🏻💪🏻

သင်တန်းကြေးက % ပေးနေတာမို့ သင်တန်းအပ်ဖို့ အကောင်းဆုံးချိန်လေးပါနော်

26/04/2026

ရန်ကုန်ရာသီဥတုက တအားပူလာလို့ အာလူးထမင်းအစား ရှမ်းထမင်းဝါလေး ပြောင်းလုပ်ထားပါတယ်ခ...

ရှမ်းဆန်စီးစီးလေးနဲ့ အရသာရှိတဲ့ခရမ်းချဉ်သီးအနှစ်လေးနဲ့ ဂျူးမြစ်လေး နဲ့ အရသာလဲရှိ ဗိုက်လဲပြည့်စေတဲ့ အမယ်လေးပါ... ပဲပုပ်အမှုန့်လေးကတော့ ရှမ်းပြည် အငွေ့အသက်လေးကိုရစေမယ့် အရာလေးပေါ့....

ဗုဒ္ဓဟူး-စနေ-တနင်္ဂနွေ ဆိုင်ဖွင့်ရက်လေးမှာ ရပါမယ်ခ...

Foodpanda နဲ့ Grab မှာလဲ ရပါတယ်...

#အိမ်ဆိုင်လေး

Photos from Cooking with Aom's post 20/04/2026

အိမ်ဆိုင်လေးရဲ့ ထပ်တိုးထားတဲ့ အမယ်လေးပါ

- ပဲနို့ရည်(Soy milk)

-ကျောက်ကျောမဲပဲနို့ရည်

-ရသာစုံရွှေရင်အေးထိုဖူးနှောင်း

Grab မှာရော Foodpanda မှာပါ အမယ်ထပ်တိုးထည့်ထားလို့ ဆိုင်ဖွင့်ရက်လေးမှာ စပြီး မှာယူလို့ရပါပြီရှင့်

#အိမ်ဆိုင်လေး

Photos from Cooking with Aom's post 30/03/2026

သင်္ကြန် မတိုင်မှီ 6-4-2026 (တနင်္လာနေ့) အိမ်ဆိုင်လေးရဲ့ လူကြိုက်များတဲ့

- ခေါက်ဖွန်း_ဆန်ထိုဖူး
- ခေါက်ဖွန်းထိုလျင်-မြေပဲထိုဖူး
-ၶဝ်ႈၶႅဝ်ႉ_ခေါက်ရှောက်_ပန်းဂျုံသုပ် ကို လက်တွေ့အတန်း ဖွင့်ပါမယ်။

⚠️ဒါအပြင် ချဉ်ငံစပ် (တောင်ကြီး ပုံစံ) ပါ သင်ပေးပါမည်

- ကုန်ကြမ်းကိုလဲ လွယ်လင့်တကူဝယ်ယူနိုင်သည့်နေရာကိုပါ ညွှန်ပေးပါမည်။

ဆက်စပ်သမျှ သင်ပေးပါမည်။ ဆန်ထိုဖူး-မြေပဲထိုဖူးကိုလဲ တကယ့် ဆန်အစစ်နှင့် သင်ပေးပြီး ခေါက်ရှောက်က်ိုလဲ ပန်းဂျုံ အစစ်နှင့်သာ သင်ပြပေးပါမည်။

သင်တန်းကြေး- 6××××× /- messenger မှ အသေးစိပ်မေးမြန်းလို့ရပါတယ်နော်💌

#အိမ်ဆိုင်လေး

Photos from Cooking with Aom's post 23/03/2026

Hello…. Hello…..

ဒါလေးက Homemade လေးပါနော်

တကယ့်ကို ကိုယ်တိုင် အိမ်မှာပဲ လွယ်လွယ်ကူကူ လုပ်လို့ရပြီး ပါဝင်ပစ္စည်းကလဲ မများဘဲ ဘေးဥပါဉ်ကင်းကင်း အဟာရရှိရှိနဲ့ ပဲပြား စားလို့ရပါပြီလို့... 💪🏻💪🏻💪🏻

Online class သင်တန်းကြေးကလဲ မာလာရှမ်းကော တခါစားစာပဲရှိနေတာနော်

ဒီ သင်တန်းလေး Join ပြီး ကိုယ့်အိမ်မှာ ပဲနို့ရည်ပဲ လုပ်သောက်မလား?
ထိုဖူးနှောင်းပဲ လုပ်မလား?
ပဲပြားပဲ လုပ်စားမလား? ဘေဘီ ကြိုက်ရာရွေးပေတော့

3in 1 အတန်းလေးမို့ ရှယ်တန်နော်

ဒီမတ်လထဲပဲ သင်တန်းကြေးက ဈေးဟောင်းနဲ့ရမှာနော်

လကုန်ရင် သင်တန်းကြေးတွေ တက်မှာမို့... ခုပဲ မလုပ်ဖြစ်နေသေးရင်တောင် kpay လေး လွဲပြီး အရင် join ထားမှ တန်တန်လေးရမယ်နော်😘😘😘

Photos from Cooking with Aom's post 16/03/2026

အကြိမ်ကြိမ်စားကြည့်တယ်ဆိုတာထက် ၅-၆ ရက်ဆက်တိုက်ကိုစားကြည့်ပြီး တကယ်ကို စားလို့ အဆင်ပြေတယ်ဆိုမှ ရောင်းတတ်တဲ့အကျင့်လေး....🤭

အခုလဲ မရောင်းသေးပါဘူး

ထိုဖူးနှောင်း+ပဲပြားလုပ်နည်း online class လုပ်ထားတဲ့အကြောင်းလေး လာပြောပြတာပါလို့ 😘

သင်တန်းကြေးက 50000/- (ကျပ်)

ပစ္စည်းဝယ်တဲ့နေရာကိုပါ အမြဲ ညွှန်ပေးတတ်ပါတယ်ခ❤️

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yamanay Street, Myanmar, Burma (Myanmar)
Yangon