LayLwint

LayLwint

Share

ရေးချင်ရာရေး

25/04/2023

ညတွေဆို လောင်ကျွမ်းနေရပီ
မီးပျက်လို့ မှောင်မိုက်နေပေမဲ့
သူ့ရဲ့ သွေးကြောစိမ်းလေးတွေက အရောင်ထွက်
ငါ့ရင်ခွင်ထဲက ထွက်သွားတာတောင် မမှတ်မိတော့
အခုထိ ငါနဲ့ဆိုင်တုန်းလို့ ထင်နေတာပဲ
နှိပ်စက်လိုက်စမ်းပါ ..ငါမသေနိုင်သေးပါဘူး
အကိုင်းခက်တွေ ခြောက်ကပ်နေလည်း
အမြစ်တွေနဲ့ ရစ်ပတ်နေမိပီ...
မင်းမရှိရင် ငါအဆင်ပြေမှာပါလို့ သူလိမ်တယ်
တကယ်ပျော်နေတာက သူဖြစ်နေတာပေါ့
နာကြင်မှုဆိုတာ ကြိုပြင်ထားလို့လည်း
မသက်သာပါဘူး
ဂစ်တာကြိုးလေးတောင် အသစ်မလဲရက်သေးဘူး
ငါရဲ့နှောင်ကြိုးတွေလား ငါ့လည်ပင်းမှာလေ
အသက်ရှုရပ်သွားရင်တော့ ငါအိပ်ပျော်မှာပါ

#ကိုယ်တိုင်ရေး

23/04/2023

အသက်ကြီးလာတော့ အလိုမကျမှုတွေများလာတယ်
ပစ္စုပ္ပန် မှာ မပျော် တက်တော့ဘူး
အနာဂတ်တွေ ဘယ်ဆီမှန်းမသိဘဲ
ဝေးဝါးနေ့တွေ သေသွားရင်
ငရဲမှာ ၂၈၀၀ မက ပူမှာပါ
အခုလည်း ပိတ်လှောင်နေတာပါပဲလေ
ဘာဖြစ်ဖြစ် ​ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်ပါ

23/04/2023

ငါတော့သွားပီ
ချစ်မိသွားပီ
အစကထဲက ဒီလိုဖြစ်မှာကြောက်လို့
အဝေးဆုံးမှာ ချိုးနှိမ်ထားပါတယ်ဆိုမှ
သူ့အနားမှားပဲ ရစ်နွှယ်ချင်နေရတာလဲကွာ
မှောင်မဲ နေတဲ့ ကောင်းကင်မှာ ကြယ်တွေတစ်ခုမှ မလင်းလက်တော့ဘူး
လမ်းမီးတိိုင်တွေက အလင်းမပြတာ ဘယ်လောက်ကြာနေပီလဲ
တစ်ခါတစ်ခါ အဝေးကလာတဲ့
ကားမီးရောင်လေးရေ...ငါ့ကိုလမ်းပြပေးပါအူး
ငါအခု ဘယ်ရောက်နေလဲမသိတော့လို့ပါ...
ငြိမ်သက်နေတဲ့ လေပြေညှင်း
မကိုင်တော့တဲ့ ဖုန်းနံပတ်တစ်ခု
ဟားတိုက်လှောင်ရယ်နေတဲ့ ညဥ့်ငှက်တစ်ကောင်
အထီးကျန်နေတဲ့ နှလုံးသား တစ်စုံ
ငါတစ်ကယ် သွားပီ...

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon