LUNAR Calisthenics & Yoga Studio
YOGA နဲ့ CALISTHENICS ခရီးလမ်းကို စတင်မည့်သူများ အဆင့်မြှင့်လေ့ကျင့်လိုသူများအတွက် Lunar Yoga & Calisthenics Community လေးရှိပါတယ်။
Yoga Asana Practice တွေကဲ့သို့ Body Weight Training ကို အဓိကထားပြီးလေ့ကျင့်သော Calisthenics exercise တွေကို Tryကြည့်ဖို့ ဖိတ်ခေါ်ပါရစေ💙💪🤸🏿♂️
14/06/2026
အားလုံးဘဲမင်္ဂလာပါ…..
Calisthenics competition နေ့ရက်ကိုရောက်ရှိလာပါတော့မယ်🤸♂️….
Calisthenics ကိုစိတ်ဝင်စားတဲ့တဲ့သူတိုင်းပါဝင်
ယှဉ်ပြိုင်မဲ့… calisthenics skillကိုမြင်တွေရတော့မှာပါဖြစ်ပါတယ်🥰
🗓️7လပိုင်း 5ရက်နေ့မှ lunar calisthenics yoga studio မှာ ယှဉ်ပြိုင်ကျမှာဖြစ်ကြပြီ…အားလုံးလာရောက်အားပေးဖို့….စောင့်မျှော်နေပါမယ်😍
Body weight training အတွက်ဆို Lunar calisthenics studio မှာ calisthenics / handstand အခြေခံစပြီ လေ့ကျင့်သင်ကြားပေးနေပါပြီ🥰
08/06/2026
✨ Backbend (ခါးနောက်လှန်) ကျင့်စဉ်တွေကို နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်ချင်ပါသလား?
🌿 Hip Opening ကျင့်စဉ်တွေကို ကိုယ်ခန္ဓာနဲ့ကိုက်ညီစွာ အန္တရာယ်ကင်းကင်း ဖွင့်ထုတ်ချင်ပါသလား?
🤸♀️ Balance & Inversion (ဇောက်ထိုးကျင့်စဉ်) အမျိုးမျိုးကို အကြောက်တရားလျော့နည်းစေပြီး ယုံကြည်မှုရှိရှိ လေ့ကျင့်ချင်ပါသလား?
Lunar Calisthenics & Yoga Studio မှာတော့ Yoga နဲ့ Calisthenics ကို အခြေခံမှစပြီး အဆင့်မြင့်ကျင့်စဉ်များအထိ နည်းစနစ်တကျ၊ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် သင်ကြားပေးနေပါတယ်။
📩 အသေးစိတ်သိရှိလိုပါက Page Chat Box မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Calisthenics workshop လေးကိုလာရောက်ခဲဲ့တစ်ယောက်စီးတိုင်းကိုလဲ ကျေးဇူးတင်ပါတယ်🥰
calisthenicsကိုယ့်ဘယ်သူတွေကဆော့သင့်လဲ?….
ဘာတွေကောင်းကျိုးရှိလဲ?….
ဒါတွေကိုရရှိသိရှိနိုင်ဖို့အတွက် lunar Calisthenics yoga studio မှာသင်ကြာပေးနေပါပြီ… နောက်ထပ်videoတွေမှာ ပြန်လည်ဆုံတွေပါမယ်🥰
Handstand အခြေခံကအပြင် လွတ်လက်စွာလှုပ်ရှာနိုင်တဲ့ calisthenics training တွေကို lunar Calisthenics yoga studio မှာ သင်ကြာပေးနေပါပြီ
Calisthenics Training မှာတော့ 🤸♂️💪
Hand Strength ပိုကောင်းလာစေဖို့ အခြေခံလေ့ကျင့်ခန်းများမှ စတင်ပြီး၊ ကိုယ်အလေးချိန်ကို ထိန်းချုပ်အသုံးပြုနိုင်တဲ့ Bodyweight Skills တွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကို စနစ်တကျ သင်ကြားပေးနေပါတယ်။ 🥰
Strength, Balance, Mobility နဲ့ Body Control တွေကို တစ်ဆင့်ချင်း တိုးတက်အောင် လေ့ကျင့်ရင်း ကိုယ့်ရဲ့ စွမ်းရည်အသစ်တွေကို ဖော်ထုတ်လိုက်ကြရအောင်! ✨
💙🤸♂️
Calisthenics အခြေခံတွေဖြစ်တဲ့ pull up trainingကိုတစ်ဆင့်စီးသွားမယ်ဆိုရင်…
လွယ်ကူရိုးရှင်တဲ့ pull up ရရှိနိုင်ပါပြီ🥰
Lunar Calisthenic yoga studio opening လာရောက်ခဲ့တဲ့သူတိုင်းကိုလဲ ကျေးဇူးတင်ပါတယ်🥰
လမ်းမတော်ဘက်မှာရှိတဲ့မိတ်ဆွေများနှင့် Calisthenics လေ့လာနေတဲ့သူတွေအတွက်ယော Yogaလေ့ကျင့်တဲ့သူတွေအတွက် တစ်နေရာထဲမှာလေ့ကျင့်နိုင်မဲ့Lunar Calisthenics yoga studioလေးကနေ ဖိတ်ခေါ်အပ်ပါတယ်🥰🤸♂️
01/06/2026
🌟 မျက်မှောက်ခေတ်ရဲ့ ငြိမ်နေတဲ့ Lifestyleကို အကောင်းပြင်ဆင်ဖို့အတွက် တစ်ပတ်လုံးလှုပ်ရှားပြီး ကိုယ့်ရဲ့ အကောင်းဆုံး Version ကို ဖန်တီးလိုက်ပါ! 🌟
လေ့ကျင့်ခန်းဆိုတာ တစ်မျိုးတည်းကိုပဲ အမြဲလုပ်နေရတာမဟုတ်ပါဘူး။ ကိုယ်ရဲ့ ရည်မှန်းချက်နဲ့ လိုအပ်ချက်အလိုက် လေ့ကျင့်မှသာ ခန္ဓာကိုယ်ရော စိတ်ပိုင်းဆိုင်ရာပါ ဟန်ချက်ညီညီ တိုးတက်လာနိုင်ပါတယ်။
📅 Yoga နဲ့ Calisthenics Classes မျိုးစုံကို ရွေးချယ်နိုင်ပါပြီ။
💪 Beginner Calisthenics
ကိုယ့်ခန္ဓာကိုယ်အလေးချိန်ကို အသုံးပြုပြီး အခြေခံ Strength, Mobility နဲ့ Body Control ကို တည်ဆောက်ချင်သူများအတွက် အကောင်းဆုံး Class ဖြစ်ပါတယ်။ ခန္ဓာကိုယ်အားနည်းနေလို့ ကြွက်သားတည်ဆောက်ချင်သူများအတွက် Body Weight နဲ့ အခြေခံခိုင်အောင် သင်ကြားပြသပေးမယ့် အတန်းလေးလဲဖြစ်ပါတယ်။
🤸 Handstand Class
ကမ္ဘာတဝန်းမှာ Handstand ဆိုတာ ၁%သော လူဦးရေသာ လေ့ကျင့်နေကြသော Yoga Posture/Calisthenics skill တခုဖြစ်ပါတယ်။ ဒီအတန်းလေးမှာတော့ Balance, Core Strength နဲ့ Body Awareness တိုးတက်လာပြီး ယုံကြည်မှုနဲ့ Handstand ကို စနစ်တကျလေ့လာလေ့ကျင့်နိုင်ဖို့ ပြင်ဆင်ထားသောအတန်းလေးဖြစ်ပါတယ်။
🏋️ Calisthenics Skill Training
Muscle up Pull-up, Push-up, Dips, Squats, Front lever, Back lever, L-Sit, Handstand, Planche, Human flag အစရှိတဲ့ Skill Training တွေကို ပိုမိုတိုးတက်စေချင်သူများအတွက် သင့်တော်ပါတယ်။ အခြေခံကနေ အဆင့်မြှင့်အထိ လေ့ကျင့်ပေးသွားမယ့် Class လေးဖြစ်ပါတယ်။
🩻 Anatomy Based Asana Class
Yoga Pose တွေကို ခန္ဓာဗေဒ (Anatomy) အခြေခံပြီး နားလည်စွာ လေ့ကျင့်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ Pose တစ်ခုချင်းစီရဲ့ လုပ်ဆောင်ပုံကို နက်နက်ရှိုင်းရှိုင်း နက်နက်ရှိုင်းရှိုင်း လေ့ကျင့်သွားကြမှာပါ။ ခန္ဓာကိုယ်မှာ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်း အစရှိတဲ့ Special Care လုပ်ဖို့လိုတဲ့သူတွေအတွက်လဲ အမှန်တကယ်သင့်တော်သော အတန်းလေးဖြစ်ပါတယ်။
🧘 Mindful Yoga Class
Flexibility, Strength, Breath Awareness နဲ့ Mindfulness ကို တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးတိုးတက်စေမယ့် Yoga Practice flows များအပြင် ခန္ဓာကိုယ်နဲ့စိတ်ကိုတည်ငြိမ်စေဖို့ အသက်ရှူလေ့ကျင့်ခန်းများနဲ့ တနေ့တာတင်းကျပ်နေတဲ့ကြွက်သားတွေကို ဖြေလျော့စေဖို့လေ့ကျင့်ခန်းတွေလဲ ပါဝင်ပါတယ်။
📩 Class တခုချင်းနဲ့အသေးစိတ်နှင့် အပ်နှံလိုပါက Page Messenger မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
📱09785149994, 09777392094
🏡 လမ်းမတော်မြို့နယ်၊ လမ်းသစ်ရိပ်သာအိမ်ရာဝင်း
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Lanthit Yeik Thar Shop House 3, Lanmataw Township
Yangon