JVI - Insein

JVI - Insein

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JVI - Insein, Language school, No. 789, Thiri Road, Painnaegone Quarter, Insein Township, Yangon.

25/04/2023

ညိုကီ ၊ ညိုမီ တို့ အတွက် 😍

နှစ်သစ်မှာ အတန်းသစ်တွေ Ready

ပထမဆုံး အတန်းက ဂျပန်စာအခြေခံ

အတန်းဖြစ်တယ့် N5 တန်းခွဲ 🎉🎉

အချိန် - 1:00 PM ~ 4:00PM

သင်တန်းကြေး -180000 ကျပ်
(စာအုပ်+မေးခွန်းဟောင်း)အပါ

***2.5.2023(အင်္ဂါနေ့)***တွင် အတန်းစတင်ဖွင့် လှစ်ပါမည်။

ဆက်သွယ်ရန်ဖုန်းနံပါတ်
0943016136
09799590275

Page Cb သို့လည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
သင်ကြားရာတွင် ပိုမိုထိရောက်စေရန် လူဦးရေကန့်သတ်ထားပါသည်။😉🙆🙆

**Pale Nadi Training Centre ကိုအမြဲကြည့်ရှုပေးကြသော သင်တန်းသူ၊ သင်တန်းသားများနှင့် မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ရှိပါသည်။ 🙇🙇
crd

15/04/2023

🌾🌾🌾🌾🌾🌾
မြန်မာ့ရိုးရာသင်္ကြန်💦💦💦⏳
🍀မြန်မာနှစ်သစ်ကူးဆုတောင်း🌿🌿✨🙏🙏🙏
နှစ်သစ်ကို စိတ်‌ချမ်းသာ ကိုယ်ကျန်းမာစွာဖြတ်သန်းနိုင်ကြပြီးမျှော်လင့်ချက်ရည်မှန်းချက်များပြည့်၀ကြပါစေ🌿🌿🌿

Photos from JVI - Insein's post 20/03/2023

"အခွင့်အရေးတွေဖန်တီးဖို့ N-4 အောင်ဖို့ပဲလိုတယ်"
Tokutei အောင်ဖို့အတွက်ကတော့ JVI က ကူညီပေးမှာပေါ့......🤗
စာမေးပွဲအောင်ဖို့တင်မဟုတ်ဘူးနော် တကယ်တတ်မြောက်ဖို့နဲ့ အောင်မြင်ပြီးရင်လည်း ကြိုးစားမှုရလာဒ်ကို အကောင်အထည်ဖော်ဖို့JVI က ဆက်လက်ကူညီပေးမှာဆိုတော့ မတ်လ မှာဖွင့်လှစ်မယ့် အတန်းလေးတွေကိုတက်ရောက်ဖို့join လိုက်တော့နော်....💁

🔺Tokutei ( kaigo )
သင်တန်းစတင်မည့်ရက် - 28/March/2023
သင်တန်းရက် - Mon , Wed, Thurs
သင်တန်းအချိန် - (9:00 to 12:00)am
သင်တန်းကာလ - 1.5 months
သင်တန်းကြေး - 180000/-

🔺 Tokutei (Restaurant)
သင်တန်းစတင်မည့်ရက် - 28/March/2023
သင်တန်းရက် - Mon , Wed, Thurs
သင်တန်းအချိန် - (1:00 to 4:00)pm
သင်တန်းကာလ - 1 month
သင်တန်းကြေး - 150000/-



🔍 Address : N0-789, Thiri Road, Painnaegone Quarter, Insein Township, Yangon.
📱 Phone No. 09 - 797 599 808

04/02/2023

🛫 ဂျပန်သွားတော့မယ်ဆိုရင် . . . .
အရင်ဆုံးဖြစ်လေ့ဖြစ်ထရှိတာက နေထိုင်မှု့အဆင်ပြေပါ့မလား။ ဘာသာစကားအဆင်ပြေပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်လေးတွေရှိနေတက်ကြပါတယ်။

📚 ကိုယ်က ဂျပန်ဘာသာကို Basic ကနေ​သေချာသင်ကြားပြီး လိုအပ်တဲ့ Exam တွေ ဖြေဆိုအောင်မြင်ပြီးမှသာ သွားရတာဖြစ်လို့ အရမ်းကြီးစိုးရိမ်ကြောက်နေဖို့မလိုပါဘူး။

📌 ဘယ်နေရာပဲသွားသွား ဘယ်နေရာပဲရောက်ရောက် ကိုယ့်ကိုယုံကြည်မှုအပြည့်ထားပါ။ ယုံကြည်မှုက ကိုယ့်အတွက် အောင်မြင်မှုလမ်းစတစ်ခုပါ။

⛩ ဒုတိယအချက်အနေနဲ့ ဟိုရောက်ရင် နေထိုင်မှုပုံစံအပြောင်းအလဲကြောင့် အဆင်ပြေပါ့မလား ဆိုပြီးတော့လည်း ပူပန်နေတက်ကြတယ်။

🇯🇵 ဒီစိုးရိမ်ပူပန်မှုတွေကိုပြေပျောက်စေဖို့အတွက် ကိုယ်သွားမယ့်နိုင်ငံရဲ့ ရာသီဥတုအခြေအနေနဲ့ အဲဒီက လူနေထိုင်မှုပုံစံတွေကို အရင်ဆုံးသေချာလေ့လာထားဖို့လိုပါမယ်။

⏳ ကိုယ်အလုပ်လုပ်မယ့်နေရာနဲ့ ကိုယ်နေမယ့်နေရာ အနီးအဝေးတွေ အလုပ်အသွားအပြန်လုပ်ဖို့က လမ်းလျှောက်ပြီးတော့လား စက်ဘီးနဲ့လား၊ ပတ်ဝန်းကျင်ရဲ့နယ်မြေအေးချမ်းရဲ့လား စသည်ဖြင့် . . . .

📋 ကိုယ့်ရဲ့ အခက်အခဲတွေ စိုးရိမပူပန်မှုတွေကို ပျောက်ကင်းဖို့အတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်ထားသင့်ပါတယ်။

#ဂျပန်စာ

02/02/2023

🇯🇵 ဂျပန်စာနဲ့ပက်သက်ရင် 𝕁𝕍𝕀 ကို သတိရလိုက်ပါ။

⛩ ဂျပန်မှာ အလုပ်လုပ်ချင်သူများ
⛩ ဂျပန်မှာ ကျောင်းတက်ချင်သူများ
⛩ Local ဂျပန်ကုမ္ပဏီမှာ အလုပ်လုပ်လိုသူများ
⛩ ဂျပန်စာကို စိတ်ဝင်စားသူများ တက်ရောက်သင့်တဲ့ သင်တန်းကျောင်းပဲဖြစ်ပါတယ်။

သင်တန်းတက်ရောက်အောင်မြင်ပြီး ဂျပန်နိုင်ငံမှာ အလုပ်အကိုင်လျှောက်လိုသူများအတွက်
🌸 စိုက်ပျိုးရေး
🌸 ဆောက်လုပ်ရေး
🌸 အထည်ချုပ်
🌸 ကားပစ္စည်းတပ်ဆင်ပြုပြင်ရေး
🌸 စားသောက်ဆိုင်လုပ်ငန်း
🌸 စားသောက်ကုန်လုပ်ငန်း
🌸 ဘိုးဘွားစောင့်ရှောက် စသည့် အလုပ်အကိုင်အခွင့်အလမ်းများကို JVI က တရားဝင်Agency နှင့် ချိတ်ဆက်ဆောင်ရွက်ပေးနေပြီး

ဂျပန်ကို အလုပ်သွားလုပ်တော့မယ်ဆိုရင်တော့
📌 အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရပါမယ်
📌 ပညာအရည်အချင်း အလယ်တန်းအောင် ၊အထက်တန်းအဆင့်ရှိရပါမယ်။
📌 တက်တူးမပါတဲ့သူတွေကို ဦးစားပေးခေါ်ယူပါတယ်။

JVI သင်တန်းကျောင်းနဲ့ ပက်သက်ပြီး အသေးစိတ် သိချင်တာရှိရင် 💬 Page Messenger (or) Phone📱 No. 09 - 797 599 808 တို့ကနေလည်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🚶‍♀️ လူတိုယ်တိုင် လာရောက်စုံစမ်းချင်ရင်တော့ N0-789, Thiri Road, Painnaegone Quarter, Insein Township, Yangon. သို့ ကိုယ်တိုင်လာရောက်စုံစမ်းနိုင်ပါတယ်။

#သင်တန်းကျောင်း #အလုပ်အကိုင် #အခွင့်အလမ်း #ဂျပန်စာ

31/01/2023

📌 ဂျပန်နိုင်ငံသွားလျှင်သိသင့်သိထိုက်တဲ့အချက်များ

⛩ ဂျပန်နိုင်ငံနေထိုင်မယ့်သူတွေအဖို့ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ သဟဇာတဖြစ်ဖို့အလွန်အရေးကြီးပါတယ်။

🇯🇵 ဒါကြောင့် လူအများကြားထဲ လူမှုဆက်ဆံရေးကို ဖန်းတီးရန် ဓလေ့ထုံးတမ်းမျာနဲ့ ကျင့်ဝတ်စည်းကမ်းအချို့မှာ

🌸 တစ်စုံတစ်ယောက်အိမ်ကို သွားလည်တဲ့အခါ ဖိနပ်ချွတ်ပါ။

🌸 နေမကောင်းဖြစ်နေတဲ့အခါ Mask ကို မဖြစ်မနေတပ်ထားပါ။

🌸 ချစ်ခင်ရင်သူတွေနဲ့ တွေ့တဲ့အခါ လက်ဆွဲနှုတ်ဆက်တာမျိုးမလုပ်ရပါ။

🌸 ရင်နှီးတဲ့မိတ်ဆွေတွေ ချစ်ခင်ရတဲ့သူတွေကို တွေ့တဲ့အခါ လေးစားမှုကို ပြသရန်အတွက် 45 ဒီဂရီ ဦးညွှတ်ပါ။

🌸 ခေါက်ဆွဲစားတဲ့အခါ မြိန်ရေလျက်ရေစားသောက်ပြီး အသံထွက်တာကလည်း ဂျပန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုတစ်ခုပါ။

🌸 ဘုရားကျောင်းထဲကို ဝင်ရောက်တဲ့အခါမှာလဲ လက်ကို သေချာစွာ သန့်စင်ပေးလို့လိုအပ်ပါတယ်။

🌸 သန့်စင်ခန်းသုံဖိနပ်ကိုလည်း သီးသန့်ထားရပါတယ်။

🌸 ဂျပန်လူမျိုးတွေရဲ့ ရိုးရာပွဲတစ်ခုဖြစ်တဲ့ “Setsubun” ပွဲတော်တွင် နတ်ဆိုးပုံစံ ဝတ်ဆင်ထားသော လူများကို ပဲတောင့်များဖြင့် ပစ်ပေါက်လေ့ရှိသည်။

🌸 နှစ်သစ်ကူးတွင် “Osechi” ဟုခေါ်သော အထူးအစားအစာကို စားရပါတယ်။

🌸 နွေရာသီ မီးရှူးမီးပန်းပွဲတော် (သို့) ဘွန်အိုရီပွဲတော်များတါင် yukata ဝတ်စုံဝတ်ဆင်ကာ ပါဝင်ဆင်နွဲကြရသည်။

#ဂျပန်စာ #အလုပ်အကိုင်အခွင့်အလမ်း #သိသင့်သိထိုက်သည့် အချက်များ

28/01/2023

🇯🇵 ဂျပန်စာ စာမေးပွဲကျင်းပရတဲ့ ရည်ရွယ်ချက်က ဂျပန်ကို သွားရောက်လုပ်ကိုင်မယ့် သူများအနေဖြင့် နေထိုင်မှုဘဝတွင် လိုအပ်သော ဂျပန်ဘာသာစွမ်းရည်ကို တိုင်းတာခြင်းဖြစ်သည်။

⛩ ဂျပန်နိုင်ငံရောက်လာကြသည့် ကျောင်းသားကျောင်းသူများအဖို့ လူနေမှုမှာအခက်အခဲမရှိစေရန် ရည်ရွယ်ပြီး ဂျပန်ဘာသာအရည်အချင်းစာမေးပွဲ JPLT ကို တစ်နှစ်လျှင် နှစ်ကြိမ် (ဒီဇင်ဘာ နဲ့ ဇူလိုင်)လတွင်ကျင်းပလေ့ရှိသည်။

📖 စာမေးပွဲအောင်အဆင့်ကို A, B, C ဆိုပြီး အဆင့်သတ်မှတ်ထားပြီး A အဆင့်သည် 67% ရှိသူများ၊ B အဆင့်သည် 66% အောက်ရောက်ရှိနေသူများ၊ 34% အောက် ရရှိသူများကို အဆင့် C လို့ သတ်မှတ်ထားကြတယ်။

🇯🇵 JPLT စာမေးပွဲတွင် အောင်မှတ်သည် N5 – 80, N4 – 90, N3 – 95, N2 – 90, N1 – 100 ရရှိဖို့ လိုအပ်ပါတယ်။

⛩ JVI က စာကြေအောင် သေချာစွာသင်ကြားပေးတာကြောင့် လေ့လာသင်ယူလိုသူများတက်ရောက်ဖို့အတွက် ဖိတ်ခေါ်ပါတယ်။

☎ အသေးစိတ် စုံစမ်းမေးမြန်လိုပါက ဖုန်းနံပတ် 09 - 797 599 808 ဆက်သွယ်နိုင်ပြီး

🔍 N0-789, Thiri Road, Painnaegone Quarter, Insein Township, Yangon. သို့ ကိုယ်တိုင်လာရောက်စုံစမ်းနိုင်ပါတယ်။

#ဂျပန်စာ #ဂျပန်သင်တန်း #အလုပ်အကိုင်အခွင့်အလမ်း #ဂျပန်ဘာသာ

26/01/2023

📖 စာအသင်အပြကောင်းပြီး Happy Environment မှာ စာသင်ချင်တယ်ဆိုရင် JVI – Insein ရှိတယ်နော်။

👩‍🏫 အနာဂတ်ရည်မှန်းချက်တွေအတွက် အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ နေရာမှာ ကိုယ်သင်ကြားရမယ့် သင်တန်းကျောင်းတွေကလည်း ထိရောက်တဲ့ သင်ကြားမှု့တွေရှိနေဖို့လိုအပ်ပါတယ်။

📖 ဒီနေ့လည်း စာသင်၊ မနက်ဖြန်လည်းစာသင်၊ နောက်နေ့တွေမှာလည်း စာသင်ဆိုရင် ကျောင်းသားတွေ ပျင်းလာပြီး သင်သာသင်ပြီး ထိရောက်မှုမရှိမှာ စိုးရိမ်ရပါတယ်။

📖 JVI မှာ ဂျပန်စကား၊ ဂျပန်ဘာသာကို ယုံကြည်မှုရှိလာစေရန် အဖွဲ့ခွဲပြီး လေ့ကျင့်ပေးခြင်း၊ ပျော်စရာကောင်းတဲ့အစီအစဉ်တွေနဲ့ မှတ်မိလွယ်အောင်သင်ကြားပေးပြီး Activity တွေနဲ့ သင်ကြားပေးမှာပါ။

🇯🇵 ဂျပန်စာ ထင်သလောက်မခက်ပါဘူးလို့ ထင်သွားရလောက်အောင် JVI က လေ့ကျင့်သင်ကြားပေးမှာြဖစ်ပါတယ်။

☎ အသေးစိတ် စုံစမ်းမေးမြန်လိုပါက ဖုန်းနံပတ် 09 - 797 599 808 ဆက်သွယ်နိုင်ပြီး

🔍 N0-789, Thiri Road, Painnaegone Quarter, Insein Township, Yangon. သို့ ကိုယ်တိုင်လာရောက်စုံစမ်းနိုင်ပါတယ်။

#ဂျပန်စာ #ဂျပန်သင်တန်း #အလုပ်အကိုင်အခွင့်အလမ်း #ဂျပန်ဘာသာ

24/01/2023

🇯🇵 ဂျပန်နိုင်ငံကိုသွားတော့မယ်ဆိုရင် နေထိုင်ခွင့် VISA အကြောင်းတွေကိုလည်း သိဖို့လိုအပ်ပါတယ်။

🔖 အလုပ်သင်ဗီဇာ(Training Visa)
ဂျပန်စာ Level အတိအကျသတ်မှတ်ထားတာမရှိပေမယ့် အများစုကတော့ JLPT (or) Nat Test- N4 အောင်လို့ သတ်မှတ်ထားကြတယ်။

Training Visa သက်တမ်း (၃) နှစ်မပြည့်မချင်း အလုပ်ပြောင်းလို့မရပါဘူး။ တချို့အလုပ်မှာတော့ သက်တမ်း(၂) နှစ်ထပ်တိုးပြီး (၅) နှစ် နေလို့ရတယ်။

🔖 အထူးကျွမ်းကျင်လုပ်သားဗီဇာ (Tokuteiginou Visa)
ဂျပန်စာ Level သတ်မှတ်ချက်က N3 အောင်မြင်ပြီးသူဖြစ်ရပါမယ်။ Tokutei Gingou Visa သက်တမ်းက (၅)နှစ်ပါ။

Training Visa နဲ့ ကွာခြားချက် တစ်နေရာထဲမှာ (၃) နှစ်ပြည့်အောင် နေစရာမလိုဘဲ၊ လုပ်ငန်းအမျိုးအစားတူတာကို ပြောင်းရွှေ့လို့ရတာပါပဲ။

🔖 အလုပ်ဗီဇာ (Work Visa)
ဂျပန်မှာ နှစ်ရှည်နေနိုင်ပြီး မိသားစုကိုပါ ခေါ်ဆောင်နိုင်ပြီး အများစုမှာ Engineer ရာထူးဖြင့် သွားရောက်လုပ်ကိုင်ကြတဲ့ Visa မျိုးပဲဖြစ်ပါတယ်။

🔖 ကျောင်းသားဗီဇာ (Student Visa)
ဂျပန်စာ N 5 ပြီးဆုံးထားရမည်ဖြစ်ပြီး Students VISA က Language School, College, University တို့တွင်သွားရောက်ပညာသင်ကြားနိုင်ပြီး ကျောင်းတက်ရင် အချိန်ပိုင်းအလုပ်လည်း လုပ်လို့ရတယ်။

အနည်းဆုံးပညာအရည်အချင်းက တက္ကသိုလ်ဝင် (သို့) တက္ကသိုလ်ပထမနှစ် အောင်မြင်ပြီးသူဖြစ်ရပါမယ်။

📌 ဘဝတက်လမ်းရှာဖွေဖို့ ရေမြေရပ်ခြားမှာ သွားရောက်လုပ်ကိုင်ကြတဲ့သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရရှိဖို့ JVI က စီစဉ်ဆောင်ရွက်ပေးနေပါပြီ။

#ဂျပန်စာ #အလုပ်အကိုင်အခွင့်အလမ်း

21/01/2023

🧧 Happy Chinese New Year

နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပညာရေးတွေ တိုးတက်အောင်မြင်ကြပြီး ဘဝရဲ့ ရည်မှန်းချက်တွေ ပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

21/01/2023

🇯🇵 ဂျပန်နိုင်ငံမှာ ကျောင်းတက်သူတွေအပြင် အလုပ်လုပ်ချင်သူတွေအတွက်ပါ ဆောင်ရွက်ပေးနေပါပြီ

⛩ ဂျပန်နိုင်ငံကို သွားဖို့အတွက် ဘာသာစကား ကျွမ်းကျင်ဖို့က အရေးကြီးတယ်။

📖 အခြေခံကျကျ လေ့လာချင်တဲ့သူတွေအတွက် ကျောင်းသားတစ်ဦးစီတိုင်းကို JVI က သေချာစွာလေ့ကျင်သင်ကြားပေးတယ်။

သင်တန်းအောင်မြင်ပြီးသူများအတွက် ဂျပန်နိုင်ငံတွင် . . . .
📌 ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း
📌 စားသောက်ဆိုင်လုပ်ငန်း
📌 အအေးခန်းစားသောက်ကုန်လုပ်ငန်း
📌 ဆောက်လုပ်ရေးလုပ်ငန်းများ တွင် အလုပ်အကိုင်ရရှိစေရန်အတွက် စိတ်ချရသော လိုင်စင်ရ အေးဂျင်စီများနှင့် ပူးပေါင်းကာ ချိတ်ဆက်လျှောက်ထားပေးနေသော သင်တန်းကျောင်းလည်းဖြစ်တယ်။

🌟 အနာဂတ်အတွက် စိတ်ချရသော အလုပ်အကိုင်တွေကို ရရှိဖို့အတွက် JVI သင်တန်းကျောင်းကို လှမ်းလာခဲ့ပါ။

☎ အသေးစိတ် စုံစမ်းမေးမြန်လိုပါက ဖုန်းနံပတ် 09 - 797 599 808 ဆက်သွယ်နိုင်ပြီး

🔍 N0-789, Thiri Road, Painnaegone Quarter, Insein Township, Yangon. သို့ ကိုယ်တိုင်လာရောက်စုံစမ်းနိုင်ပါတယ်။

#ဂျပန်စာ #ဂျပန်သင်တန်း #အလုပ်အကိုင်အခွင့်အလမ်း #ဂျပန်ဘာသာ

Category

Website

Address

No. 789, Thiri Road, Painnaegone Quarter, Insein Township
Yangon

Alerts

Be the first to know and let us send you an email when JVI - Insein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.