True Stories

True Stories

Share

This page is created to update the true stories.

15/12/2025

မဲ က ဆန္ဒမပါရင် မထည့်ဘဲ နေလို့ရပါတယ်။
"ကျနော်တို့က ရိုက်နှက်ပြီး အတင်းအဓမ္မမဲထည့်ခိုင်းနေတာမဟုတ်ပါဘူး"
(ဗိုလ်ချုပ်ဇော်မင်းထွန်း)။

15/12/2025

၁၂ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်ထဲက သတင်းတိုထွာ။
အလိမ်အညာအေဂျင်စီတွေနဲ့ အလိမ်အညာခံရသူတွေရဲ့သတင်း။
အလိမ်အညာတွေကနေ ကင်းဝေးကြပါစေ

15/12/2025

ဘီဘီစီ မြန်မာပိုင်းအစီအစဉ်ရဲ့ ၁၂ ရက်နေ့ က သတင်းတိုထွာ။
မြောက်ဦးသတင်းနဲ့ ခံစားရသူအချို့ရဲ့ အသံ
သူတို့အသံ သူတို့ခံစားချက်တွေကို ကြားကြပါစေ

Source: BBC Burmese

02/08/2025

သရဲစာကျွေးခြင်း

ဖခင်ရဲ့ မျက်လုံးကျန်းမာရေးအတွက် သူ့ကို ပြန်ခေါ်ဖို့ ထိုင်းကနေ မြန်မာပြည်ကိုလေယာဉ်နဲ့ ပြန်ခဲ့ တယ်။ ရန်ကုန်လေဆိပ်ရောက်တော့ အဝင်တုံးထုတဲ့နေရာအရောက်မှာ တာဝန်ကျအရာရှိက စာအုပ် ကိုကြည့်ပြီး “ခင်များ…အလည်စာအုပ် (PV) နဲ့ အလုပ်သွားလုပ်နေတာမဟုတ်လား၊ မိသားစုနဲ့ သွားနေ တာမဟုတ်လား၊ ခင်များပြန်ထွက်တဲ့အခါအပေါ်မှာ ဒုက္ခရောက်လိမ့်မယ်။ ဒါ့ကြောင့် အလုပ်သွား လုပ် တယ်ဆိုရင် အလည်စာအုပ် (PV) ကနေ အလုပ်စာအုပ် (PJ) ပြန်ပြောင်းရမယ်” လို့ပြောပြီး တုံးထုပေး လိုက်တယ်။

စာအုပ်က အလည်စာအုပ် (PV) ဆိုပေမဲ့ ဗီဇာက သာသနာပြုဗီဇာ (Missionary Visa) တနှစ်ရထား ပါတယ်။ တနှစ်လုံးလုံး တခါမှ မြန်မာပြည်ထဲမပြန်ဘဲနေခဲ့တယ်။ အဲဒါကြောင့် ထိုင်းမှာ မိသားစုနဲ့ နေပြီးအလုပ်လုပ်နေတယ်လို့ စွပ်စွဲပြောဆိုခံရတာဖြစ်မယ်။ဒါ့အပြင် ဗီဇာကလဲ တနှစ်အသစ် ထပ်တိုး ထားပြီး ပြန်ဝင်ခွင့်ဗီဇာကလဲပါနေတော့ အရစ်ခံရတာလို့ထင်ပါတယ်။

လေဆိပ်အဝင်မှာ အဲလိုခြိမ်းခြောက်ခံရတဲ့အခါကျတော့ ထိုင်းကိုပြန်ဖို့အတွက် စိတ်ထဲအတော် စိုးရိမ် ပူပန်ခဲ့ရတယ်။ ရန်ကုန်လေဆိပ်ကနေပြန်သွားလို့ရပါ့အုံးမလားဆိုတဲ့ အတွေးတွေနဲ့ နေခဲ့ရတယ်။

ဒါပေမဲ့ မရရအောင်ပြန်မယ်။ အဲလိုပြန်ရဖို့ ပိုက်ဆံအကုန်ကအကျခံပြီး ဗီဇသက်တမ်းတိုးစဉ်က တင်ခဲ့ တဲ့ ထိုင်းဘာသာနဲ့ ရေးထားတဲ့ စာရွက်စာတမ်းတွေကို ထိုင်းဘာသာစကားနဲ့လဲ စာရွက်တွေထုတ်။ အင်္ဂလိပ်လိုဘာသာပြန်ထားတဲ့စာရွက်တွေကိုလဲ ကြိုတင်ထုတ်ပြီး ပြင်ဆင်ထားခဲ့တယ်။

တုံးထုတဲ့နေရာရောက်လို့ ရစ်လာ၊ခြိမ်းခြောက်လာရင်လဲ “ကျွန်တော်က သာသနာပြုဗီဇာနဲ့နေနေတာပါ၊ အလုပ်လုပ်ခွင့် (Work Permit) မရှိ၊ ကျန်းမာရေးအာမခံမရှိ၊ လစာဆိုတာမရှိဘူး၊ ထိုင်းက ကက်သလစ် ခရစ်ယာန်သာသနာရဲ့ အထောက်အပံ့နဲ့ နေနေရ၊ စားနေရတာပါ” လို့ ပြောမယ်ဆိုပြီးလဲ စဉ်းစား ပြင်ဆင် ထားခဲ့ပါတယ်။

ဒီလိုနဲ့ ထိုင်းကိုပြန်လာဖို့ နေ့ရက်ရောက်တဲ့အခါ ဖခင်နဲ့အတူ ရန်ကုန်လေဆိပ်ကို စိတ်လေးလံစွာနဲ့ ဝင်ခဲ့တယ်။ လေယာဉ်လက်မှတ်ယူတဲ့နေရာမှာတော့အဆင်ပြေခဲ့ပြီ။ အထွက်တုံးထုတဲ့ အပေါ်ထပ် လဝကဌာန ရောက်ရင် အဆင်ပြေပါ့မလား စိတ်တထစ်ထစ်ဖြစ်နေရတယ်။ တကယ်လဲ လဝက ရောက်လို့ နိုင်ငံကူးစာအုပ်ကို ပေးလိုက်တဲ့အခါမှာ အရာရှိက ဘာမှမပြောဘဲ အသာတကြည်နဲ့ တုံးထု ပေးခဲ့တယ်။ စိတ်ထဲအတော်ပေါ့သွားခဲ့ရတယ်။ အပူလုံးတွေလဲ ကျသွားခဲ့တယ်။ ဒီလိုနဲ့ ထိုင်းကို ပြန်ရောက်လာခဲ့တယ်။

ဖခင်ဖြစ်သူရဲ့ မျက်လုံးကျန်းမာရေးကိစ္စ သက်ဆိုင်ရာဆရာဝန်နဲ့ပြပြီးနောက် သူ့ကို မြန်မာပြည် ပြန်ပို့ဖို့လုပ်ရတော့တယ်။ ရန်ကုန်လေဆိပ်ပြန်ဝင်ဖို့အတွက် စိတ်ကလေးလံလာပြန်တယ်။ အတွေးထဲမှာလဲ ဒီတခါ ထပ်အရစ်ခံရအုံးမှာဘဲ။ ဘာဘဲဖြစ်ဖြစ်ပြန်မယ်ဆိုပြီးတွေးထားတယ်။

ဒီလိုနဲ့ မမျှော်လင့်ဘဲ ထိုင်းမှာအလုပ်အကြာကြီးလာလုပ်ပြီး မြန်မာပြည်အဝင်အထွက်လုပ်ခဲ့ဖူးသူ မြန်မာအမျိုးသမီးတယောက်က စာအုပ်ထဲ ဘတ်ငွေ ၂၀ တန်၊ တရာတန် ထည့်ပြီး ရန်ကုန်လေဆိပ် ဖြတ်ကျော်ခဲ့ဖူးတဲ့ သူ့ရဲ့အတွေ့ကြုံကို ပြောပြခဲ့တယ်။ အဲဒီလို လုပ်ပြီး ဖြတ်ဖို့ကိုလဲ သူအကြံ ပေးခဲ့တယ်။

သူပြောတဲ့အတိုင်းမှတ်ထားပြီး ရန်ကုန်ကို ပြန်ခဲ့တယ်။ မှန်ပါတယ်။ ရန်ကုန်လေဆိပ်ရောက်လို့ အဝင်တုံးထုတဲ့နေရာရောက်တဲ့အခါတန်းစီဝင်ကြရတယ်။ နိုင်ငံခြားသားတွေက ဘယ်ဘက်အခြမ်း၊ မြန်မာပြည်သားတွေက ညာဘက်အခြမ်းတန်းစီဝင်ကြရတယ်။

ကိုယ့်ရဲ့ ညာဘက် မျက်စောင်းထိုးက တန်းစီဝင်နေကြတဲ့သူတွေကို ကြည့်လိုက်တဲ့အခါ တုံးထုတဲ့ နေရာရောက်တာနဲ့ ပိုက်ဆံအိတ်ကိုယ်စီထုတ်ပြီး စာအုပ်ထဲ ဘတ် ၁၀၀ တန်တွေ ထိုးထည့် ကြရတာ ကိုမြင်လိုက်ရတယ်။

ကိုယ်ကတော့ လေယာဉ်ပေါ်ကဆင်းလာကတည်းက စာအုပ်ထဲ ဘတ် ၂၀ တန် နှစ်ရွက်ညှပ် ထည့်ထား ပြီးသားပါဘဲ။ သူများတွေက ဘတ် ၁၀၀ တန်တွေထည့်တာတွေ့တော့ ကိုယ့်စိတ်ထဲ မလုံမခြုံ ဖြစ်သွား တယ်။ ငါထည့်ထားတာနည်းနေတယ်ထင်တယ်။ ပိုက်ဆံအိတ်ထုတ်ပြီး ဘတ် ၂၀ တန် သုံးရွက်ထပ် ထုပ်ပြီး ညှပ်ထည့်ထားလိုက်တယ်။

တန်းစီစောင့်နေရတဲ့အချိန်မှာလဲ စိတ်ထဲခံစားရတာက သူများနိုင်ငံသွားတာ ဘာမှစိုးရိမ် ကြောက်ရွံမှု မရှိခဲ့ရဘူး။ ကိုယ့်နိုင်ငံပြန်ဝင်လာမှဘဲ စိုးရိမ်ထိန့်လန့်နေရတယ်။

ကိုယ့်ရှေ့မှာ တန်းစီနေတဲ့အဖေ့ကို တိုးတိုးလေးပြောလိုက်တယ်..”အဖေ့ညာဘက်မျက်စောင့်ထိုးက အတန်းကို ကြည့်လိုက်၊ ပိုက်ဆံတွေထုတ်ပြီးပေးနေရတာတွေ့လား” လို့ပြောလိုက်တော့ လိုက်ကြည့် ရှာတယ်။ နောက်တော့ သူတွေ့သွားတယ်။

စာရေးသူကျွန်တော်က သူ့ကိုပြောလိုက်တယ်။ ကိုယ့်နိုင်ငံသားတွေ သူများနိုင်ငံမှာ ဘယ်လို ဒုက္ခ ခံပြီးလုပ်ကိုင်စားသောက်နေရလဲ သူတို့မသိဘူး။ ပြဿနာဖြစ်ရင်လဲ ဖြေရှင်းပေးဖို့ကျတော့ လျစ်လျူ ရှုထားတယ်။

ကိုယ့်နိုင်ငံထဲ ပြန်ဝင်လာတော့ ပိုက်ဆံတွေမသိမသာတောင်းခံကြတယ်။ ပိုဆိုးတာက ဘယ်ဘက် အခြမ်းမှ တန်းစီဝင်နေကြတဲ့ နိုင်ငံခြားသားတွေက ဝိုင်းကြည့်နေကြတာဘဲ။ ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားတိုင်းနီးပါး ပိုက်ဆံအိတ်ကိုင်ပြီး ပိုက်ဆံညှပ်ထည့်ကြရတာကို မြင်နေကြရတယ်။

ကိုယ့်စိတ်ထဲမှာလဲ အတော်ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တွေဘဲလို့တွေးပြီး ရှက်မိခဲ့တယ်။ ဘယ်တတ် နိုင်ပါ့မလဲ။ အဆင်ပြေပြေနဲ့ ဖြတ်ရဖို့ သူများနည်းတူလုပ်လိုက်ရတာဘဲ။

ဒီလိုနဲ့ အဖေ့အလှည့်ရောက်တော့ အဖေက အသက်ကကြီး ကျန်းမာရေးကိစ္စနဲ့ လာခဲ့တာဆိုတော့ ဘာမှ အမေးမခံရ အရစ်မခံရဘူး။ ကိုယ့်အလှည့်ရောက်တော့ စာအုပ်ထဲ ညှပ်ထည့်ထားလို့လားတော့မသိဘူး ဘာမှကို အမေးမခံရ၊ အပြောမခံရတော့ဘဲ အသာတကြည်ဖြတ်ခွင့်ရခဲ့တယ်။

စိတ်ထဲမှာလဲ “ဪ..သရဲတွေဆိုတာ အစာမကျွေးရင် အခြောက်ခံရတယ်။ အစာကျွေးလိုက်တော့ အခြောက်မခံရတော့ပါလား” ဆိုတဲ့အတွေးပေါ်လာခဲ့တယ်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာကို ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။

မန်းကျော်

22/11/2024

"တွေးပူတတ်တဲ့အကျင့်ကို လျှော့ပါ"

◾️ဘယ်ကိစ္စကိုမဆို တွေးပူနေတဲ့အကျင့်က အလုပ်ကို နှောင့်နှေးစေနိုင်တဲ့အကျင့်တွေထဲက ထိပ်ဆုံးကပါပဲ။ ဘယ်လောက်ပဲ အစွမ်းအစရှိရှိ၊ ကြိုးစားချင်စိတ်ရှိရှိ အဲဒီတွေးပူနေတတ်တဲ့အကျင့်ကြီး ရှိနေရင် ခရီးမတွင်ပါဘူး။

"ငါ လုပ်နိုင်ပါ့မလား"
"အဆင်မပြေရင် ဘယ်လိုလုပ်မလဲ"
"သူများတွေက ဘာပြောကြမလဲ"
"အောင်မြင်နိုင်ရဲ့လား မသိဘူး"
"ရှုံးနိမ့်သွားရင် ဘယ်လိုနေမလဲ"
စတဲ့ အတွေးတွေက တစ်ခုခု စလုပ်ချင်တဲ့စိတ်ကို အားနည်းသွားစေတယ်။

◾တွေးပူနေတတ်တဲ့သူတွေက မလုပ်ရသေးခင်ကတည်းက ဆင်ခြေတွေ အသင့်ရှာထားတတ်ပါတယ်။ ရှုံးနိမ့်မှုအတွက် အကြောင်းပြချက်တွေ ကြိုပြင်ထားတတ်ပါတယ်။ အရာရာကို အဆိုးဘက်ကနေ တွေးတတ်ပါတယ်။

တကယ်တမ်းကတော့ လုပ်ကြည့်မှသာ ဖြစ်နိုင်၊ မဖြစ်နိုင် သိနိုင်မှာပါ။ စမ်းကြည့်မှသာ အဆင်ပြေ၊ မပြေ သိနိုင်မှာပါ။ ကြိုးစားကြည့်မှသာ အောင်မြင်၊ မအောင်မြင် သိနိုင်မှာပါ။

ဒါပေမယ့် ဘာမှမလုပ်ရသေးခင်ကတည်းက အဆိုးတွေကိုပဲ တွေးနေရင်တော့ ဘာမှ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။

◾️ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ တွေးပူတတ်တဲ့သူတွေဟာ စေ့စပ်သေချာသူတွေ အသေးစိတ်ကျတဲ့သူတွေ ဖြစ်နေတတ်ပါတယ်။ အရာရာကို သေသေချာချာလေ့လာပြီးမှ စနစ်တကျ လုပ်ချင်တဲ့သူတွေပါ။

ဒါပေမယ့် အဲဒီစနစ်တကျ ဖြစ်ချင်တဲ့စိတ်က လွန်ကဲလာတဲ့အခါမှာတော့ အလုပ်နှောင့်နှေးဖို့ရာ အကြောင်းတရားတစ်ခုအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။

💟တွေးပူတတ်တဲ့အကျင့်ရဲ့ကောင်းကျိုးတွေ

- အသေးစိတ်ကို သတိထားမိတယ်
- အရာရာကို ဂရုတစိုက် လုပ်တတ်တယ်
- အရေးကြီးတဲ့ အချက်တွေကို မမေ့တတ်ဘူး
- လုပ်ငန်းတွေကို စနစ်တကျ စီစဉ်တတ်တယ်
- မလိုလားအပ်တဲ့ အန္တရာယ်တွေကို ရှောင်ရှားနိုင်တယ်

💟တွေးပူတတ်တဲ့အကျင့်ရဲ့ဆိုးကျိုးတွေ

- စိတ်ဖိစီးမှုတွေ များလာတယ်
- ညဘက် အိပ်မပျော် ဖြစ်လာတတ်တယ်
- ဆုံးဖြတ်ချက် မချနိုင်အောင် ဖြစ်တတ်တယ်
- ကိုယ့်ရဲ့အရည်အချင်းကို တွေဝေလာတယ်
- အခွင့်အလမ်းကောင်းတွေကို လက်လွှတ်ဆုံးရှုံးတတ်တယ်

တွေးပူနေတဲ့အခါ ကိုယ့်ရဲ့စွမ်းအားတွေက ထွက်မလာတော့ဘူး။ ကိုယ့်ရဲ့ အရည်အချင်းတွေကို ကိုယ်တိုင်အထင်သေးလာမယ်။ တွေးပူတတ်ခြင်းက ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာ ကိုယ်တိုင်တောင် မသိတော့အောင် ဖုံးကွယ်ထားတတ်ပါတယ်။

◾️ကိုယ့်မှာ ဒီလိုမျိုးတွေဖြစ်နေမယ်ဆိုရင် တွေးပူနေတတ်တဲ့အကျင့်ကို ပြောင်းလဲဖို့ လေ့ကျင့်ပေးရပါမယ်။

- ကိုယ်တွေးနေတာတွေက ဖြစ်နိုင်ခြေ ရှိရဲ့လား
- တွေးနေရုံနဲ့ ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး
- တွေးပူနေမယ့်အစား စတင်လုပ်ဆောင်လိုက်ရအောင်
- အဆိုးတွေကိုပဲ တွေးမနေပဲ အကောင်းတွေကိုလည်း တွက်ကြည့်ပါ
- တွေးပူနေတဲ့အချိန်တွေကို လက်တွေ့လုပ်ဆောင်ချိန်အဖြစ် အသုံးချလိုက်ပါ

📌တစ်ခါတလေ ကိုယ်တွေးသလို မဟုတ်တာတွေ တွေ့ရတတ်ပါတယ်။ ကိုယ်ထင်ထားတာထက် အများကြီး လွယ်ကူနေတတ်ပါတယ်။ လုပ်ကြည့်မှ ဒါက ဒီလောက်တောင် မခက်ဘူးဆိုတာ သိရတတ်ပါတယ်။

ဒါကြောင့် တွေးပူနေမယ့်အစား လက်တွေ့စမ်းကြည့်ပါ။ အဆိုးတွေကိုပဲ တွေးမနေပဲ ဖြစ်လာနိုင်တဲ့ အကောင်းတွေကိုလည်း တွေးကြည့်ပါ။

တွေးပူနေတတ်တဲ့ အကျင့်က ကိုယ့်ကို ဘယ်နေရာမှ မရောက်စေပါဘူး။ စိတ်ဓာတ်ကျစေပြီး ရှေ့ဆက်လို့ မရအောင် ဟန့်တားထားတာ ဖြစ်လို့ တွေးပူတာတွေကို ဖယ်ရှားပြီး လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေနဲ့ အစားထိုးစေချင်ပါတယ်။

#ဉာဏ

November 22, 2024

13/11/2024

🫂 ကျေးဇူးမတင်တတ်တဲ့
လူတန်းစား🫂
လောကမှာ
ဘယ်တော့မှ
ကျေးဇူးမတင်တတ်တဲ့
လူတန်းစားဆိုတာ ရှိတယ်။
ကိုယ်ကိုယ့်မှာရှိတဲ့
“ငါးထောင်” အကုန်ပေးခဲ့တယ်။
ဒါပေမယ့်
သူဌေးတစ်ယောက်က
“တစ်သောင်း”ပေးတာကို
ကျေးဇူးတင်မဆုံးဘူး
အဲ့လိုလူတန်းစား!
ကိုယ်ပေးခဲ့တဲ့ ငါးထောင်ဟာ
နောက်နေ့အတွက်သုံးစရာ
မရှိတော့တာတောင် ရှိတာ
အကုန်ပေးခဲ့ပေမယ့်၊
သူဌေးပေးခဲ့တဲ့ “တစ်သောင်း”ဟာ
လက်ဖက်ရည်ဖိုးသာသာပဲရှိတာ
သူမသိခဲ့ဘူး။
သိလည်း
သိပ်မခံစားတတ်တဲ့ လူစားမျိုး။
ကိုယ်ပေးခဲ့တဲ့ အချိန်ဟာ
“မအားမလပ်”တဲ့ကြားက
အပြေးအလွှား သွားရတာဖြစ်ပြီး
သူများတွေ ပေးတဲ့အချိန်ဟာ
သူတို့အလုပ်ချိန်တွေ
သင်တန်းတွေ
မိသားစုကိစ္စတွေ အားလုံးပြီးမှ
ပေးကြတာဖြစ်တယ်။
ဒါပေမယ့်
ပိုအချိန်ပေးတဲ့သူကိုသာ
ကျေးဇူးတင်ကြတယ်။

အခက်အခဲတွေကြားက
လာရတဲ့သူကို
အသိအမှတ်မပြုကြဘူး။

ဒီလိုပါပဲလူတချို့မှာ
တစ်စုံတစ်ယောက်ကို
ဘာလုပ်လုပ်
သိပ်ကျေးဇူးတင်
သိပ်ချီးမွမ်းကြပြီး
နောက်လူတစ်ယောက်ကိုတော့
ဘာလုပ်လုပ် ကျေးဇူးတင်လေ့မရှိ။
စာရင်းထဲ သိပ်ထည့်လေ့မရှိတဲ့
စရိုက်မျိုးတွေရှိတတ်ကြပါတယ်။
ပေးဆပ်ထားတဲ့ပမာဏကိုသာ
ဆုံးဖြတ်ကြပြီး
“အားစိုက်ရတဲ့ ပမာဏ”ကိုတော့
သိပ်မမြင်ကြပါဘူး
ထည့်တွက်လေ့မရှိပါဘူး။

ကိုယ့်ရှေ့မှာ
ကိုယ့်ကိုနှိမ်ချင်တာနဲ့
ကိုယ့်ထက် ပိုအဆင်ပြေသူတွေ
ရာထူး ပိုကြီးသူတွေ၊
နာမည် ပိုကြီးသူတွေအကြောင်း
ရေပက်မဝင်ပြောဆိုကြပြီး

သူတို့အဖို့ ကိုယ်မရှိလည်းရတယ်၊
ကိုယ်မပါလည်း ဖြစ်တယ်
ဆိုတဲ့သဘောတွေကို
ပါးနပ်စွာပြကြပါတယ်။

"ဟုတ်ကဲ့...မိတ်ဆွေ"
သင့်တန်ဖိုးဟာ
နည်းသည်ဖြစ်စေ များသည်ဖြစ်စေ၊
အဲဒီတန်ဘိုးကို
အသိအမှတ်မပြုတဲ့
အသိုင်းအဝိုင်းတစ်ခု
သင့်မှာ ရှိနေပြီဆိုရင်တော့....
အရင်လို ပေါပေါပဲပဲ
ကူညီနေတာတွေ၊
အားအားယားယား၊
အချိန်ပေးနေတာတွေ၊
နှစ်နှစ်ကာကာခင်မင်နေတာတွေကို
လျှော့လိုက်ပါ။

ဘာလုပ်မလဲ
ကိုယ်ရှိနေခြင်းကို တန်ဖိုးမထား
ကိုယ့်လုပ်အားတွေကို မလေးစား
ကိုယ့်အချိန်တွေကိုအသိအမှတ်
မပြုတဲ့ သူတွေကိုစိတ်ထဲထည့်ပြီး
ခင်မင်နေရတာမိတ်ဆွေရင်းလို့
သက်မှတ်ပြီး
ပေါင်းသင်းနေရတာ။
ရှိနေတဲ့ ကိုယ့်ရဲ့တန်ဖိုးကို
ထပ်မချပါနဲ့။

ကိုယ်မရှိလည်း
အဆင်ပြေတယ်ဆိုတဲ့
အသိုင်းအဝိုင်းကို ထားခဲ့လိုက်ပါ။

ကိုယ့်ကိုမလိုဘူးဆိုတဲ့
ပတ်ဝန်းကျင်ကို
ကျောခိုင်းခဲ့ပါ။
ကိုယ်မရှိမှ ကိုယ့်တန်ဖိုးသိမယ့်
မိတ်ဆွေတွေကို လက်တွဲဖြုတ်ခဲ့ပါ။
ဘဝမှာနေရမယ့်အချိန်
အရမ်းနည်းတာမို့ သင့်ကိုလိုအပ်တဲ့
သင့်တန်ဖိုးကို အသိအမှတ်ပြုတဲ့
သင်ရှိနေဖို့လိုအပ်တဲ့ ပတ်ဝန်းကျင်မှာသာသင်ရှိနေသင့်တာပေါ့။
'အမေကျော်ဒွေးတော်လွမ်း'တတ်တဲ့
မိတ်ဆွေတွေ၊'ငါးစိမ်းမြင် ငါးကင်ပစ်'တတ်တဲ့သူငယ်ချင်းတွေ၊သူတို့တွေကို မျက်နှာလုပ်ပြီး နေရမယ့်အစား"သင့်ကို တန်ဖိုးထားလေးစားတဲ့အသိုင်းအ
ဝိုင်းမှာပဲ ရှင်သန်သင့်တယ်"။
ဒါ့ကြောင့် အခုပဲ သူတို့ကိုထားခဲ့လိုက်ပါ။

🫂 ကျေးဇူးမတင်တတ်တဲ့ လူတန်းစား🫂

လောကမှာ
ဘယ်တော့မှ
ကျေးဇူးမတင်တတ်တဲ့
လူတန်းစားဆိုတာ ရှိတယ်။
ကိုယ်ကိုယ့်မှာရှိတဲ့
“ငါးထောင်” အကုန်ပေးခဲ့တယ်။
ဒါပေမယ့်
သူဌေးတစ်ယောက်က
“တစ်သောင်း”ပေးတာကို
ကျေးဇူးတင်မဆုံးဘူး
အဲ့လိုလူတန်းစား!
ကိုယ်ပေးခဲ့တဲ့ ငါးထောင်ဟာ
နောက်နေ့အတွက်သုံးစရာ
မရှိတော့တာတောင် ရှိတာ
အကုန်ပေးခဲ့ပေမယ့်၊
သူဌေးပေးခဲ့တဲ့ “တစ်သောင်း”ဟာ
လက်ဖက်ရည်ဖိုးသာသာပဲရှိတာ
သူမသိခဲ့ဘူး။
သိလည်း
သိပ်မခံစားတတ်တဲ့ လူစားမျိုး။
ကိုယ်ပေးခဲ့တဲ့ အချိန်ဟာ
“မအားမလပ်”တဲ့ကြားက
အပြေးအလွှား သွားရတာဖြစ်ပြီး
သူများတွေ ပေးတဲ့အချိန်ဟာ
သူတို့အလုပ်ချိန်တွေ
သင်တန်းတွေ
မိသားစုကိစ္စတွေ အားလုံးပြီးမှ
ပေးကြတာဖြစ်တယ်။
ဒါပေမယ့်
ပိုအချိန်ပေးတဲ့သူကိုသာ
ကျေးဇူးတင်ကြတယ်။

အခက်အခဲတွေကြားက
လာရတဲ့သူကို
အသိအမှတ်မပြုကြဘူး။

ဒီလိုပါပဲလူတချို့မှာ
တစ်စုံတစ်ယောက်ကို
ဘာလုပ်လုပ်
သိပ်ကျေးဇူးတင်
သိပ်ချီးမွမ်းကြပြီး
နောက်လူတစ်ယောက်ကိုတော့
ဘာလုပ်လုပ် ကျေးဇူးတင်လေ့မရှိ။
စာရင်းထဲ သိပ်ထည့်လေ့မရှိတဲ့
စရိုက်မျိုးတွေရှိတတ်ကြပါတယ်။
ပေးဆပ်ထားတဲ့ပမာဏကိုသာ
ဆုံးဖြတ်ကြပြီး
“အားစိုက်ရတဲ့ ပမာဏ”ကိုတော့
သိပ်မမြင်ကြပါဘူး
ထည့်တွက်လေ့မရှိပါဘူး။

ကိုယ့်ရှေ့မှာ
ကိုယ့်ကိုနှိမ်ချင်တာနဲ့
ကိုယ့်ထက် ပိုအဆင်ပြေသူတွေ
ရာထူး ပိုကြီးသူတွေ၊
နာမည် ပိုကြီးသူတွေအကြောင်း
ရေပက်မဝင်ပြောဆိုကြပြီး

သူတို့အဖို့ ကိုယ်မရှိလည်းရတယ်၊
ကိုယ်မပါလည်း ဖြစ်တယ်
ဆိုတဲ့သဘောတွေကို
ပါးနပ်စွာပြကြပါတယ်။

"ဟုတ်ကဲ့...မိတ်ဆွေ"
သင့်တန်ဖိုးဟာ
နည်းသည်ဖြစ်စေ များသည်ဖြစ်စေ၊
အဲဒီတန်ဘိုးကို
အသိအမှတ်မပြုတဲ့
အသိုင်းအဝိုင်းတစ်ခု
သင့်မှာ ရှိနေပြီဆိုရင်တော့....
အရင်လို ပေါပေါပဲပဲ
ကူညီနေတာတွေ၊
အားအားယားယား၊
အချိန်ပေးနေတာတွေ၊
နှစ်နှစ်ကာကာခင်မင်နေတာတွေကို
လျှော့လိုက်ပါ။

ဘာလုပ်မလဲ
ကိုယ်ရှိနေခြင်းကို တန်ဖိုးမထား
ကိုယ့်လုပ်အားတွေကို မလေးစား
ကိုယ့်အချိန်တွေကိုအသိအမှတ်
မပြုတဲ့ သူတွေကိုစိတ်ထဲထည့်ပြီး
ခင်မင်နေရတာမိတ်ဆွေရင်းလို့
သက်မှတ်ပြီး
ပေါင်းသင်းနေရတာ။
ရှိနေတဲ့ ကိုယ့်ရဲ့တန်ဖိုးကို
ထပ်မချပါနဲ့။

ကိုယ်မရှိလည်း
အဆင်ပြေတယ်ဆိုတဲ့
အသိုင်းအဝိုင်းကို ထားခဲ့လိုက်ပါ။

ကိုယ့်ကိုမလိုဘူးဆိုတဲ့
ပတ်ဝန်းကျင်ကို
ကျောခိုင်းခဲ့ပါ။
ကိုယ်မရှိမှ ကိုယ့်တန်ဖိုးသိမယ့်
မိတ်ဆွေတွေကို လက်တွဲဖြုတ်ခဲ့ပါ။
ဘဝမှာနေရမယ့်အချိန်
အရမ်းနည်းတာမို့ သင့်ကိုလိုအပ်တဲ့
သင့်တန်ဖိုးကို အသိအမှတ်ပြုတဲ့
သင်ရှိနေဖို့လိုအပ်တဲ့ ပတ်ဝန်းကျင်မှာသာသင်ရှိနေသင့်တာပေါ့။
'အမေကျော်ဒွေးတော်လွမ်း'တတ်တဲ့
မိတ်ဆွေတွေ၊'ငါးစိမ်းမြင် ငါးကင်ပစ်'တတ်တဲ့သူငယ်ချင်းတွေ၊သူတို့တွေကို မျက်နှာလုပ်ပြီး နေရမယ့်အစား"သင့်ကို တန်ဖိုးထားလေးစားတဲ့အသိုင်းအ
ဝိုင်းမှာပဲ ရှင်သန်သင့်တယ်"။
ဒါ့ကြောင့် အခုပဲ သူတို့ကိုထားခဲ့လိုက်ပါ။

12/11/2024

" ကိုယ်ဟာ လူစစ်စစ်ဖြစ်တယ်ဆိုရင် "
""""""""""""""""""""""""""""""""""""""""""""""""""""


သူတစ်ပါးရဲ့ နာကျင်မှုကို
ဘယ်တော့မှ ပျက်ရယ်မပြုနဲ့။


သူတစ်ပါးရဲ့ အားနည်းချက်ကို
ဘယ်တော့မှ မလှောင်ပြောင်နဲ့။


သူတစ်ပါးရဲ့ မျက်ရည်ကို
ဘယ်တော့မှ မပျော်ရွှင်နဲ့။


သူတစ်ပါးရဲ့ နွမ်းပါးမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့။


သူတစ်ပါးရဲ့ရိုးသားမှုကို
ဘယ်တော့မှ မဖျက်ဆီးနဲ့။


သူတစ်ပါးရဲ့အောင်မြင်မှုကို
ဘယ်တော့မှ မနာလိုမဖြစ်နဲ့။


သူတစ်ပါးရဲ့ အားနာမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့။


သူတစ်ပါးရဲ့ ချို့ယွသးင်းချက်ကို
ဘယ်တော့မှ မကဲ့ရဲ့မိစေနဲ့။

အစဉ်လေးစား ချစ်ခင်နေလျှက် .......

#စာအုပ်စာပေလူ့မိတ်ဆွေ

11/11/2024

▣ နိုင်ငံတစ်ခု မွေးဖွားခြင်း

“Political Will” ဆိုတာကို နိုင်ငံရေးစိတ်ဆန္ဒလို့ အနက်ဖွင့်ရမယ် ထင်ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးရည်မှန်းချက် လို့ မသုံးချင်ပါဘူး။ နိုင်ငံရေးစိတ်ဆန္ဒလို့ပဲ သုံးနှုန်းချင်ပါတယ်။ ငယ်ရွယ်စဉ်တုန်းက ဘဝတိုးတက်အောင်မြင်ရေး စာတွေကို အဖတ်များပြီး၊ ဒီစာပေတွေဟာ ဒဿနိကဗေဒနယ်က တက္ကဗေဒနဲ့ နှီးနွှယ်နေတယ်ဆိုတာလည်း နား လည်ရတယ်။“

စိတ်နေမြင့်မှ ဘဝမြင့်မယ်” ဆိုတဲ့ လော့ဂျစ်ကိုလည်း တွေ့ရတယ်။ တက်ကျမ်းဆရာ ဖေမြင့် တောင် ရေးတယ် မဟုတ်လား။ ချုံကြားမှ ဘုံဖျားသို့ ဆိုလား မသိ။ ဒီတော့ စိတ်နေမြင့်အောင် မြှင့်ပေးမှ၊ ဘဝက လည်း မြင့်မယ်ဆိုတဲ့ သဘောကို တွေ့ရတယ်။ ဒါကို ဆရာကြီး ပီမိုးနင်းကလည်း သူ့ရဲ့ ဘဝတိုးတက်ရေးစာအုပ် တွေမှာ အမြောက်အမြားထည့်သွင်းရေးသားတာတွေ့ရပါတယ်။

ကိုယ့်စိတ်ကိုမှ မြင့်အောင် မထားရင်၊ ဘဝက လည်း နိမ့်ပြီးရင်း နိမ့်နေမှပဲ။ ဒီတော့ ရည်မှန်းချက်ထားရင် မြင့်မြင့်သာထား… လို့ တက်ကျမ်းဆရာတွေက ဟော ပြောလေ့ရှိပါတယ်။ ယုတ္တိဗေဒရဲ့အလိုအရ၊ ဒါကလည်း မှန်သင့်သလောက်မှန်ပါတယ်။ ထားတော့။

▣ နိုင်ငံရေးသတ္တမဇော

ဒီနေရာမှာ နိုင်ငံရေးစိတ်ဇောဟာ ဘာကို ဗဟိုပြုနေသလဲ။ ဘယ်ကို ဦးတည်နေသလဲ၊ ဘယ်ကို မှန်းထားသလဲ ဆိုတာ လေ့လာရမယ် ထင်ပါတယ်။ “ခွဲထွက်ရေး” ဆိုတာကို ဘယ်တော့မှ မပြောတော့ဘဲ၊ ဖက်ဒရယ်ကိုသာ ဖိပြောနေတဲ့အချိန်မှာ၊ “ကွန်ဖက်ဒရေးရှင်း” အထိ ထုတ်ပြောဝံ့တာ ဘယ်သူလဲ။

ဒါဟာ ဘယ်သူဘယ်ဝါဆိုတာ ထက် နိုင်ငံရေးစိတ်ဇောရဲ့ အရည်အသွေးကို ပြနေပါတယ်။ ထိုနည်းလည်းကောင်း နိုင်ငံရေးမျှော်မှန်းချက်ကို ပြသနေသလို၊ သမားရိုးကျ ဇာတ်ညွှန်းဘောင်ထဲကနေ ထွက်ပြီး ရည်မှန်းချက် ထားတယ်ဆိုတာကို ထင်ထင် ရှားရှား ပြနေပါတယ်။

၂၀၁၅ - ၂၀၂၀ ခုနှစ်ကြားကာလဟာ၊ သမားရိုးကျ စတိုရီဘောင်ထဲမှာပဲ ရှိနေတဲ့ကာလပါ။

• (၁) စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေလိုတယ်၊
• (၂) ထို့နောက်… ဒီမိုကရေစီ ခိုင်မာကျစ်လစ်လိုတယ်၊
• (၃) ပြီးမှ၊ ဖက်ဒရယ်စနစ်ကို သွတ်သွင်းတည်ဆောက်မယ်၊
• (၄) ကွန်ဖက်ဒရေးရှင်းဆိုတာကို မစဉ်းစားသေးဘူး၊
• (၅) နိုင်ငံသစ် ခွဲထွက်ထူထောင်ဖို့ဆိုတာ ဝေလာဝေး။

စသည်ဖြင့်…. ၊ ဒီလို သမားရိုးကျ အစဉ်အလာစဉ်းစားချက် ဘောင်ထဲကနေ မထွက်ခဲ့ပါဘူး။ ဒီဇာတ်ညွှန်းကို စချိုး ဖျက်သူဟာ ဘယ်သူဖြစ်ပါသလဲ။ ဘယ်သူမှ မစဉ်းစားသေးဘူး…ဆိုတဲ့ ကွန်ဖက်ဒရေးရှင်းကို စစဉ်းစားလာခဲ့ပါ တယ်။

▣ ကာယကံမြောက် အိပ်မက်တွေ

“အိပ်မက်” မှာ “လုံ့လ” ပါလာပြီဆိုရင်၊ ဒါဟာ မဖြစ်နိုင်ဘူးလို့ မပြောနိုင်တော့ပါ။ ဖြစ်နိုင်ပါတယ်။ ထို့နောက် ကိုယ့်ရဲ့ ဆန္ဒကို အဓိပတိထားပြီး ကြိုးစားလာတဲ့ ဆန္ဒဓိပတိအဆင့်ရောက်လာရင်၊ အိပ်မက်ဟာ တကယ်ဖြစ်လာ တော့မယ်။ ဆန္ဒဓိပတိမှာ ဝီရိယာဓိပတိထပ်ပြီး ယှဉ်တွဲလိုက်ရင်၊ ဒါဟာ ပိုနီးစပ်လာပြီ။ သူ့ကို အိပ်မက်လို့တောင် မပြောနိုင်တော့ဘူး။ နောက်ထပ် ဝီရိယာဓိပတိမှာ၊ ပညာဓိပတိ ထပ်ပြီး လိုက်လာရင်တော့၊ ဒါဟာ တကယ်ဖြစ် လာတော့မယ်။ အဟုတ်ဖြစ်လာတော့မယ်။

ဒီတော့ ချုပ်လိုက်ရင်… အိပ်မက်တွေကို အိပ်မက်အတိုင်းသာ စိတ်ကူး ယဉ် အာသာဖြေအဆင့်လောက်သာ ထားရင် အိပ်မက်ဟာ လေထဲမှာပဲ ရှိနေပါတယ်။

▣ မဖြစ်သေးတာပဲ ရှိတယ်

အိပ်မက်ကို ဆန္ဒဓိပတိအဖြစ် ပြောင်းမယ်။ ဆန္ဒဓိပတိကိုလည်း ဝီရိယဓိပတိနဲ့ ကပ်ပြီး ပိုးထားမယ်။ ဝီရိယလုံ့လ ထုတ်တဲ့နေရာမှာလည်း ပညာပါလာပြီဆိုရင်၊ ဒါဟာ တကယ်ဖြစ်လာမယ်လို့ ယုံကြည်နေရပြီ။ လက်တွေ့ ကာယ ကံမြောက်အားထုတ်နေသူတွေမှာ မဖြစ်နိုင်တာ မရှိဘူး၊ မဖြစ်သေးတာပဲ ရှိတယ်လို့ ယုံကြည်ပါတယ်။

▣ ဖက်ဒရယ်ဆိုတာ တစ်သံတည်းထွက်ဖို့

မြန်မာလူထုဟာ ဒီမိုကရေစီအိပ်မက်ကို လက်တွေ့အဖြစ် ဖြစ်ဖြစ်မြောက်မြောက်ရအောင် အကောင်အထည် ဖော်ရမယ်လို့ လုပ်ခါရှိသေးတယ်၊ နောက်ကြောင်းပြန် အာဏာသိမ်းခံခဲ့ရပါတယ်။
ဒီတော့ ယခင်တုန်းက ဖက်ဒရယ်ဆိုတာကို ကျယ်ကျယ်လောင်လောင် မအော်တတ်သေးတဲ့ မြန်မာလူထုဟာ ဖက်ဒရယ်ဆိုတာကို အခု ကျယ်ကျယ်လောင်လောင် အော်နိုင်စွမ်း ရှိလာပြီ။

၈၈၈၈ လူထုအရေးတော်ပုံမှာ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးနဲ့ ဒီမိုကရေစီရေးမှာတင် တစ်နေတဲ့ နိုင်ငံရေးစိတ်ဆန္ဒဟာ၊ နှစ်ပေါင်း (၃၀) ကျော်ကြာအပြီးမှာတော့ ဖက်ဒရယ် ဒီမိုကရေစီဆိုတဲ့ ရပ်ခံချက်အပေါ်မှာ တစ်ပြည်လုံးရောက်လာခဲ့တယ်။ ဖက်ဒရယ်ဆိုတာကို တစ်နိုင်ငံလုံး တစ်ညီ တစ်ညွှတ်တည်း အော်နိုင်ဖို့အတွက် နှစ်ပေါင်း (၃၀) ကျော်လောက် စောင့်ရသတဲ့လား။

ဒါတောင် စစ်အာဏာသိမ်း လိုက်လို့ ဗမာပြည်မက လူထုအားလုံးက ဖက်ဒရယ်ဆိုတာကို တောကြိုအုံကြားပါမကျန် အော်နိုင်စွမ်း ရှိလာတာလို့ ပြောနိုင်တယ်။ အာဏာများ မသိမ်းရင်၊ ဒီမိုကရေစီလောက်တင် တစ်နေမှာ မြင်ယောင်မိတယ်။

▣ ဘယ်သူ ဘယ်လောက်မှန်းရဲသလဲ

ဖက်ဒရယ်လို့ ပြောပြီဆိုရင် ဒီမိုကရေစီရောပါရဲ့လားလို့ မေးနေစရာ မလိုပါ။ ဘွဲ့ရပြီးတဲ့သူကို ဆယ်တန်းအောင် လက်မှတ်ရှိလားလို့ မေးစရာ မလိုတော့ပါ။ ဘွဲ့ရဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ ကာလမှာတုန်းက မဟာဘွဲ့အထိ ရအောင် လုပ်ချင်တယ်လို့ ပြောတဲ့သူဟာ မရူးပါ။ စိတ်ဆန္ဒပြင်းပြတာဖြစ်ပါတယ်။ ရည်မှန်းချက်ကြီးတာဖြစ်ပါ တယ်။ နံဘေးမှာ ဆယ်တန်းအောင်ဖို့တောင် မနည်းလုပ်နေရတဲ့သူတွေက မဟာဘွဲ့ရချင်တယ် ပြောတဲ့သူကို အရူး လို့ ပြောကောင်း ပြောမှပေါ့။ အခုတော့ မဟာဘွဲ့တောင် မဟုတ်ဘူး၊ ပါရဂူဘွဲ့ (ဒေါက်တာဘွဲ့) အထိပါ ယူဖို့ ဖြစ်နိုင်တော့မယ်လို့ ယူဆလို့ ရနေပြီ။

ဒီတော့ သူတို့ ပြောခဲ့တဲ့သူဟာ မရူးဘူးဆိုတာကို နားလည်နေလောက်ပါပြီ။ တကယ် ညံ့နေတာ ဘယ်သူတွေလဲဆိုတာ ပေါ်လွင်နေပါပြီ။ ထားပါ။ ဘယ်သူက ညံ့တယ် မညံ့ဘူးဆိုတာကို ပြောချင်တာ မဟုတ်ပါ။ နိုင်ငံရေးအမြော်အမြင်မှာ ဘယ်သူ ဘယ်လောက် မှန်းရဲတဲ့သတ္တိရှိသလဲဆိုတာကို ပြချင် တာ ဖြစ်ပါတယ်။

▣ မှန်းရဲတဲ့ သတ္တိရဲ့နောက်ကွယ်

မှန်းရဲတဲ့သတ္တိရဲ့ နောက်ကွယ်မှာ၊ ဖြစ်အောင် လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ စွမ်းရည်နဲ့ ဝီရိယရှိထားတယ်ဆိုတာ မမေ့ သင့်ပါဘူး။ အခုတော့ ကွန်ဖက်ဒရေးရှင်းလောက်ကို အသာထား၊ နိုင်ငံသစ်အထိ မှန်းဖို့ လုပ်နေပြီ။ နိုင်ငံသစ်ဆိုတဲ့ စိတ်ဆန္ဒအားကိုလည်း သိုင်းဝိုင်းစုဖွဲ့နေပြီ၊ ဆန္ဒရဲ့နောက်မှာလည်း ဝီရိယ ထပ် ပေါင်းထည့်နေပြီ။ ဝီရိယကိုလည်း ပညာနဲ့ ယှဉ်စေနေပြီဆိုရင်၊ သေချာတယ်။ မြန်မာ့နွေဦး အကျပ်အတည်းဟာ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင် မယ့် ကွင်းပြင် ဖြစ်ကို ဖြစ်လာလိမ့်မယ်လို့ ယူဆရပါတယ်။

▣ ကျနော့် လက်စွဲ

ကျနော် တက္ကသိုလ်ကျောင်းသားဘဝတုန်းက၊ ကျနော့် စာကြည့်ခန်း နံရံမှာ ကျနော် မြေဖြူနဲ့ ရှင်းရှင်းကြီး ရေးထားတဲ့ စကားတစ်ခု ရှိတယ်။ အဲဒါကတော့….

• တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ရမည်….တဲ့။

မင်းသေ့ ရေးတယ်
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၂

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Thamardi
Yangon
11071