Grace Property Management - GPM

Grace Property Management - GPM

Share

@commerical Cleaning. @Private House Cleaning before and after moving. @School, Office Cleaning

26/01/2026

မိုးကုန်လို့ဆောင်းကူးရင်ဖြင့် မြန်မာလူမျိုးအများစုဟာ အိမ်ပြောင်းရွေ့တာတွေ မိုးတွင်းကာလမှာ မိုးရေဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အပြင်ဖက် ရေညှိတွေ ရှင်းတာ အိမ်အတွင်း ကိုသန့်ရှင်းလုပ်တာတွေလုပ်ကြပါတယ်။ ဒီလိုလုပ်တာဟာ သန့်ရှင်းသပ်ရပ်မူနဲ့ ကျန်းမာခြင်းအတွက်အရေးကြီးပေမယ့်။ ဒီလိုပူပြင်းတဲ့နေရောင်အောက်မှာ သန့်ရှင်းရေးလုပ်ဖို့ကတော့ ထင်သလောက်မလွယ်ပါဘူး။ ဒီလိုသန့်ရှင်းသပ်ရပ်နေစေဖို့ ချွေးမထွက်အလှမပျက်စေပဲ။ စနစ်တကျ နဲ့ စေတနာပါပါ ပြုလုပ်ပေးမယ် GPM Cleaning Service ရှိနေပါပြီ။

သန့်ရှင်းရေးအတွက် GPM ရှိနေပါပြီ။

Hot Line Number: +959798461371

Moving Cleaning Before and After

12/04/2025

ပျော်ရွှင်ဖွယ်ရာ နှစ်ကူးသင်္ကြန်အချိန်ခါဖြစ်ပါစေလို့ ကျွန်တော်တို့ GPM Cleaning Service ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
မြန်မာနိုင်ငံသားအားလုံး ဘေးရန်ကင်းကွာပြီး သောကများငြိမ်းအေးနိူင်ကြပါစေခင်ဗျာ။

17/10/2024

ယနေ့ကျရောက်တဲ့ သီတင်းကျွတ်အချိန်ခါသမယမှာ လူသားအားလုံး ကျန်းမာပျော်ရွှင်ပြီး ဘေးရန်အပေါင်းမှလည်း ကင်းဝေးနိူင်ကြပါစေလို့ ကျွန်တော်တို့ Grace Property Management (GPM)မှ ဆု‌မွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ🙏🙏🙏

16/09/2024

မိုးရွာရင် ရေကြီးတတ်တာ သဘာဝပါ။ ရေကြီးတာ က လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်စေနိုင်သလို ဘာမှမဖြစ်ဘူးဆိုရင်တောင်မှ ကျန်းမာရေးပြဿနာလေးတွေ အနည်းနဲ့ အများတော့ ကြုံရတတ်ပါတယ်။ ဒီတော့ ရေကြီးရင် ဘာကျန်းမာရေး ပြဿနာတွေနဲ့ ကြုံနိုင်လဲ။ ဘယ်လိုကာကွယ်ကြမလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ပြောပြထားပါတယ်။

ရေကြီးခြင်းနဲ့အတူ မခေါ်ဘဲ ရောက်ရှိလာတတ်တဲ့ ဧည့်သည်တွေအကြောင်း

ရေကြီးခြင်းနဲ့အတူ မခေါ်ဘဲ ရောက်ရှိလာတတ်တဲ့ ဧည့်သည်တွေက တစ်ယောက်နှစ်ယောက်မကပါဘူး။ ရေကြီးပြီဆိုရင် အခုလို ရောဂါတွေ ခံစားရနိုင်ပါတယ်။

၁။ Leptospirosis

ဒီရောဂါဟာ တိရစ္ဆာန်တွေဆီက ကူးစက်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ကြွက်၊ နွား၊ ကျွဲစတဲ့ သတ္တဝါတွေရဲ့ ‘ဆီး’ထဲမှာ ရှင်သန်နေထိုင်တဲ့ Leptospira ဘက်တီးရီးယားကြောင့် ဖြစ်ပွားရပါတယ်။ ရေထဲမှာ အချိန်ကြာမြင့်စွာ နေထိုင်သွားလာရတဲ့အခါ အဆိုပါ ဘက်တီးရီးယားဟာ သင့်အရေပြားကို ဖောက်ပြီး ခန္ဓာကိုယ်ထဲ ဝင်ရောက်လာနိုင်ပါတယ် (သင့်အရေပြားမှာ ပေါက်ပြဲဒဏ်ရာရှိစရာမလိုပါဘူး။ ပကတိကောင်းမွန်တဲ့ အရေပြားကိုတောင် ဒီဘက်တီးရီးယားက ဖြတ်သန်းနိုင်ပါတယ်)။ ဒါကြောင့် ရေကြီးနေတဲ့ ဒေသတွေမှာ Leptospirosis အန္တရာယ်ကို စိုးရိမ်ရပါတယ်။

ရောဂါလက္ခဏာများ : Leptospirosisဟာ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အဖျားတက်ခြင်း၊ ကြွက်သားနာကျင်ခြင်း စတဲ့ လက္ခဏာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ စောစီးစွာသိရင် အလွယ်တကူ ကုသနိုင်ပေမယ့် ကြာရှည်လာပြီဆိုရင်တော့ ပိုမိုဆိုးရွားတဲ့ ပုံစံအဖြစ်ပြောင်းလဲသွားကာ မျက်လုံးနီရဲရောင်ရမ်းခြင်း၊ မျက်ရည်ပူများကျခြင်း၊ အလင်းစူးစူး မခံနိုင်ခြင်းစတဲ့ ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာမှာပါ။ ဦးနှောက်ထိပါ ရောဂါပျံ့သွားပြီဆိုရင်တော့ သတိလစ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း စတာတွေပါ ဖြစ်လာပြီး ကိုယ်တွင်းသွေးယိုစီးခြင်းကြောင့် အသက်ဆုံးရှုံးတဲ့အထိ အန္တရာယ်ရှိနေပါတယ်။

ဘယ်လိုကာကွယ်ရမလဲ : ရေထဲကို တတ်နိုင်သမျှ မဆင်းပါနဲ့။ လှေ စတဲ့ယာဉ်တွေကို အသုံးပြုပါ။ တကယ်လို့ ရေထဲဆင်းရမယ့်အရေးကို မရှောင်ရှားနိုင်ဘူးဆိုရင် တတ်နိုင်သမျှ အချိန်နည်းနည်းပဲ ရေထဲမှာ နေပါ။ ရေထဲဆင်းလျှောက်ရတဲ့အခါ ဒူးလောက်ထိကာကွယ်ပေးတဲ့ လည်ရှည်ဖိနပ်ကို စီးပါ။ ဒါဟာ Leptospirosis ရောဂါကို ကာကွယ်ပေးနိုင်ရုံသာမက မြွေအစရှိတဲ့ သတ္တဝါတွေရဲ့ရန်ကပါ ကင်းဝေးစေပါတယ်။ ခေါင်းကိုက်ခြင်း၊ဖျားခြင်း စတဲ့ လက္ခဏာတွေ ပေါ်လာရင်လည်း အချိန်မဆွဲဘဲ ဆေးရုံဆေးခန်း အမြန်ဆုံးပြသပါ။

၂။ ကာလဝမ်းရောဂါ

ကာလဝမ်းရောဂါဟာ Vibrio cholerae ဆိုတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပွားရပြီး မသန့်ရှင်းတဲ့ အစားအသောက်တွေကတဆင့် အဓိက ကူးစက်ပါတယ်။ ယင်ကောင်တွေကတော့ ရောဂါသယ်ဆောင်သူတွေပေါ့။ မသန့်ရှင်းတဲ့ ရေတွေ၊ အစားအစာတွေကို စားသောက်ရတာ၊ မချက်မပြုတ်ရသေးတဲ့ အစားအစာတွေကို စားရတာ (ရေကြီးနေချိန်မှာ မီးရဖို့ ခက်ခဲပါမယ်)တွေကြောင့် ကာလဝမ်းရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ရှေးခေတ်ကတည်းက ကာလဝမ်းရောဂါဟာ ရေကြီးခြင်းနဲ့အတူ ကပ်ရောဂါအသွင် ရောက်ရှိလာတတ်တာမို့ သတိထားရပါမယ်။

ရောဂါလက္ခဏာများ : ဝမ်းအရည်ကျဲကျဲတွေ အကြိမ်များများ သွားပါမယ်။ ဗိုက်နာပါမယ်။ အန်ပါမယ်။ ဆန်ဆေးရည်လို ဝမ်းဖြူဖြူတွေ သွားပါမယ်။ အနံ့ကလည်း ငါးညှီနံ့ နံပါလိမ့်မယ်။

ဘယ်လိုကာကွယ်ရမလဲ : ရေကြီးချိန်ဖြစ်ပေမယ့် သန့်ရှင်းတဲ့ အစာရေစာတွေကိုသာ တတ်နိုင်သမျှ စားသောက်ရပါမယ်။ ရေကို ကျိုချက်သောက်ပါ။ အစားအသောက်တွေကို မကိုင်တွယ်မီ လက်ကိုစင်အောင်ဆေးပါ။ အစားအသောက်ထည့်တဲ့ အိုးတွေခွက်တွေကို ရေကြီးနေတဲ့ ရေတွေနဲ့ ဆေးကြောခြင်း မပြုရပါဘူး။ ကာလဝမ်းရောဂါဖြစ်နေသူတွေနဲ့ မထိမတွေ့မိပါစေနဲ့။ သင်ကိုယ်တိုင် ရောဂါခံစားနေရပြီဆိုရင် ဆေးဝါးကုသမှုကို အမြန်ဆုံး ခံယူပါ။

၃။ အူရောင်ငန်းဖျားရောဂါ

Salmonella typhi ဘက်တီးရီးယားကြောင့် ဖြစ်ပွားတဲ့ အူရောင်ငန်းဖျားရောဂါဟာလည်း (ကာလဝမ်းရောဂါနည်းတူ) မသန့်ရှင်းတဲ့ အစားအသောက်နဲ့ ရေတွေက တဆင့် ကူးစက်ခြင်း ဖြစ်ပါတယ်။

ရောဂါလက္ခဏာများ : ရောဂါလက္ခဏာတွေဟာ ချက်ချင်းပေါ်ပေါက်လာတာ မဟုတ်ဘဲ ကူးစက်ခံရပြီး တစ်ပတ်လောက်အကြာမှာမှ သိသာထင်ရှားလာတာဖြစ်ပါတယ်။ အဆိုပါ လက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အဖျားကြီးခြင်း၊ ဝမ်းလျှောခြင်း၊ အနီစက်များ ထွက်လာခြင်း၊ အန်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဘယ်လိုကာကွယ်ရမလဲ : မသန့်ရှင်းတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ပါ။ အစားအသောက် ထည့်တဲ့ အိုးခွက်ပန်းကန်တွေကို သန့်ရှင်းစင်ကြယ်ပါစေ။ အစားအစာတွေကို မကိုင်တွယ်ခင် လက်ကို သန့်စင်အောင် ဆေးပါ။

၄။ အသည်းရောင်အသားဝါရောဂါ အေ

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ ဒီရောဂါဟာ အသည်းဆဲလ်တွေကို ရောင်ရမ်းစေတဲ့အတွက် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါဟာလည်း မသန့်ရှင်းတဲ့ အစာရေစာတွေကြောင့် ဖြစ်ပွားရတာမို့ ရေကြီးရေလျှံနေတဲ့ ကာလမှာ အထူးဂရုပြုရမယ့် ရောဂါတစ်မျိုး ဖြစ်ပါတယ်။

ရောဂါလက္ခဏာများ : ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ပထမအပတ်မှာ ငွေ့ငွေ့ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ညာဖက်နံရိုးအိမ်အောက်ခြေနားက နာခြင်း၊ ဆီးအရောင်မည်းခြင်း၊ မျက်စိ/အသားဝါခြင်း စတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ရက်သတ္တပတ် ၂ – ၄ ပတ်အကြာမှာတော့ အဆိုပါ လက္ခဏာတွေ ပြန်လည်ပျောက်ကွယ်သွားပါလိမ့်မယ်။

ဘယ်လိုကာကွယ်ရမလဲ : ကာလဝမ်းရောဂါနဲ့ အူရောင်ငန်းဖျားရောဂါတွေကို ကာကွယ်တဲ့အတိုင်း အတူတူပါပဲ။ ဒါ့အပြင် အခြားသူတွေနဲ့ ဇွန်း၊ ဖန်ခွက် စသည် မျှဝေသုံးစွဲခြင်းကိုလည်း ရှောင်ရှားရပါမယ်။

၅။ သွေးလွန်တုပ်ကွေးရောဂါ

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ မိုးတွင်းမှာ အဖြစ်များသလို ရေကြီးရေလျှံချိန်မှာလည်း သတိထားရမယ့် ရောဂါတခုပါ။

ရောဂါလက္ခဏာများ : ဒီရောဂါ ခံစားရသူတွေဟာ (ကလေးတွေမှာ အများဆုံးဖြစ်တယ်ဆိုပေမယ့် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တာကို သိထားရပါမယ်) ၂ – ၇ ရက်လောက်အထိ အဖျားကြီးခြင်း၊ အစားအသောက်ပျက်ခြင်း၊ ခန္ဓာကိုယ်အနှံ့ အနီစက်များ ထွက်လာခြင်း၊ကြွက်သားများ နာကျင်ခြင်း၊ ကော်ဖီအနှစ်ရောင်များအန်ခြင်း စတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ပိုဆိုးတဲ့ အခြေအနေမှာတော့ (အဖျားကြီးနေရာကနေ) ရုတ်တရက် အဖျားကျပြီး ခြေတွေလက်တွေ အေးစက်သွားခြင်း၊ သွေးခုန်နှုန်းအလွန်မြန်လာခြင်း၊ ဆီးနည်းသွားခြင်း/ဆီးမသွားတော့ခြင်း စတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာမှာပါ။ ဒါတွေကတော့ ရှော့ခ်ဝင်ခြင်းကို ဖော်ပြပြီး အသက်အန္တရာယ်ထိ ရှိနိုင်ပါတယ်။

ဘယ်လိုကာကွယ်ရမလဲ : သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးကို သယ်ဆောင်ပေးသူဟာ Aedes ခြင်အမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် ခြင်အကိုက်မခံရအောင် အတတ်နိုင်ဆုံး ဆင်ခြင်နေထိုင်ခြင်းဟာ အကောင်းဆုံးသော ကာကွယ်ခြင်းနည်းလမ်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အိမ်ပတ်ဝန်းကျင်မှာ ရေတင်နိုင်တဲ့ အိုးခွက်အစုတ်တွေ၊ တာယာအဟောင်းတွေ မထားရှိသင့်ဘူးလို့ ပြောရမှာဖြစ်ပေမယ့် ရေကြီးနေချိန်မှာတော့ ဒီကိစ္စကို ဘယ်လိုမှ တတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင်ကိုယ်တိုင်ရော၊သင့်ကလေးကိုပါ ခြင်ကိုက်မခံရအောင် နေရမှာ ဖြစ်ပါတယ်။

အခြားသော ရောဂါတွေလည်း ရှိနေသေးပေမယ့် အထက်မှာဖော်ပြခဲ့တဲ့ ရောဂါတွေကတော့ ရေကြီးချိန်မှာ အဓိကကြုံတွေ့လာရနိုင်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ ဒီရောဂါတွေ ဖြစ်မလာအောင် ဘယ်လိုကြိုတင်ကာကွယ်နေထိုင်မယ်၊အကယ်၍ ဖြစ်လာခဲ့ရင်လည်း ‘အပ်နဲ့ထွင်းရမယ့်ကိစ္စ၊ပေါက်ဆိန်နဲ့ မပေါက်ရလေအောင်’ ဘယ်လိုစောလျင်စွာ ကုသမလဲဆိုတာ မျှဝေတင်ဆက်ပေးလိုက်ရပါတယ်။

Source by Helloဆရာဝန်

Photos from Grace Property Management - GPM's post 04/09/2024

👍Pest Control နဲ့ ပတ်သက်လာရင် GPMက အမြဲရှိနေပါတယ်👍

လူကြီးမင်းတို့ရဲ့ နေအိမ်၊ တိုက်ခန်း၊ ရုံးခန်း၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ အလှပြင်ဆိုင်၊ ဈေးဆိုင် စတဲ့ နေရာတွေမှာ ကြွက်၊ခြင်၊ယင်၊ပိုးဟပ်၊ခြ၊ပုရွက်ဆိတ်အပါအဝင် အခြားအင်းဆက်ပိုးမွှားတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရင် အကောင်းဆုံးနဲ့ အထိရောက်ဆုံး ရွေးချယ်စရာက Pest Control ပါပဲ။

Pest Control Service မှာ ဘာတွေပါဝင်သလဲ???
၁။ ကြွက်နှိမ်နင်းရေး (Rodent Control)
၂။ ခြနှိမ်နင်းရေး (Termite Control)
၃။ ပုရွက်ဆိတ်နှိမ်နင်းရေး(Ant Control)
၄။ ပိုးဟပ်နှိမ်နင်းရေး (Cockroach Control)
၅။ ခြင်၊ယင်နှိမ်နင်းရေး (Fly Control)
၆။ ပိုးမွှားနှိမ်နင်းရေး (Insect Control)
စတာတွေပါဝင်ပါတယ်။

ဖော်ပြပါ Service တွေကို လအလိုက်၊ နှစ်အလိုက် ရွေးချယ်ရယူနိူင်တဲ့အပြင်၊ လူကြီးမင်းတို့ စိတ်တိုင်းကျလည်း Customize ရယူနိူင်ပါတယ်။

GPMရဲ့ Pest Control Serviceဆင်းနေတဲ့ ပုံရိပ်မှတ်တမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ယုံယုံကြည်ကြည် တာဝန်ပေးအပ်လာတဲ့ လူကြီးမင်းများလည်း ယခုထက်မက စီးပွားရေး၊ လူမှုရေးများ တိုးပွားမြင့်တက်ပါစေလို့ ကျွန်တော်တို့ GPM ကုမ္မဏီကနေ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

ကဲ...အခုပဲ ဖုန်းခေါ်ပြီး ‌ကျန်းမာသာယာတဲ့ ပတ်ဝန်းကျင်ကို အရယူလိုက်ပါ။

09 - 788 773 083
09 - 788 773 632

Photos from Grace Property Management - GPM's post 29/08/2024

"အပြင်မထွက်နဲ့ ခြင်ကိုက်မယ်!!!!!!!!!"
"တံခါးပိတ်ထား ခြင်ဝင်လာမယ်!!!!!!!"

မိုးဖွဲဖွဲနဲ့ အေးစိမ့်တဲ့ညလေးကို ကော်ဖီတစ်ခွက်သောက်ရင်း ဝရန်တာမှာထိုင်ပြီး ခံစားမယ်လုပ်တုန်း မာတာမိခင်က အပြေးရောက်လာ၊ အိမ်ထဲ အတင်းဝင်ခိုင်းပါတော့တယ်။ ဟူးးးး။
"ခြင်"...... "ဒီခြင်တွေ"။
မင်မင်တစ်ယောက် စိတ်ပျက်လက်ပျက် အိမ်ထဲပြန်ဝင်သွားရပါတယ်။ အခန်းထဲ ထိုင်နေရင်း "ခြင်" ပြဿာကို ဒေါပွနေခိုက် GPM ရဲ့ Pest Control အကြောင်းခေါင်းထဲရောက်လာလို့ ချက်ခြင်းဖုန်းဆက်ပြီး မနက်ဖြန်မနက် Service လာဆင်းပေးပါလို့ ပြောလိုက်တယ်။ အဲ့ဒီည ခြံထဲကို စိုက်ကြည့်ရင်း စိတ်ထဲမှာ ကြုံးဝါးလိုက်တယ်။
"နေဦးပေါ့ ခြင်တွေရာ မနက်ဖြန်မှ GPMရဲ့ Pest Control နဲ့ ချေမှုန်းပစ်လိုက်ဦးမယ်"

အိပ်ယာကနိူးပြီး အဆင်သင့်ပြင်ပြီးချိန်မှာတော့ GPMက Pest Control service ‌ရောက်လာပါပြီ။ ရင်ထဲမှာ တက်တစ်ချက်ခေါက်ပြီး "ခြင်း"နှိမ်နင်းရေး စတင်ပါတော့တယ်ဗျာ။ ဟော PPEဝတ်စုံကို အကျအနဝတ်ပြီး Pest Control Backpack Sprayer လွယ်သိုင်းလိုက်တာများ တိုက်ပွဲဝင်တော့မယ် စစ်သားကြီး ကျောပိုးအိတ်ကို လွယ်လိုက်တဲ့အတိုင်းပါပဲဗျာ။ ကဲ..မြောင်းတွေ၊ အကျိုအကြားတွေစတဲ့ ခြင်နဲ့အခြားပိုးမွှားများ ပေါက်ဖွားနိူင်တဲ့ နေရာတွေကို စနစ်တကျ ဆေးဖြန်းပါတော့တယ်။ အာနိသင်ကောင်းလွန်းလို့ တစ်ကြိမ်ဖြန်းရုံနဲ့ တစ်ပတ်တာအထိ တာရှည်ခံပါတယ်။
ဒါတင်ဘယ်ကဦးမလဲ။ Fogging Machine ကြီးနဲ့ တစ်ခြံလုံး ဆေးမှုတ်နေတာများ Machine Gunကြီးကိုင်ပြီး ရန်သူတွေကိုချေမှုန်းနေတဲ့ စစ်သားကြီးနဲ့တောင် တူနေသေး။ GPMရဲ့ Pest Control ကလည်း စေ့စပ်သေချာလိုက်တာများ။ နေရာတစ်ခုမကျန် အကုန်ဆေးမှုတ်ပေးနေတာ တစ်ခြံလုံး ဖွေးဖွေးလှုပ်နေရော။
" ပြေးစမ်း ခြင်တွေ"

အဲ့ဒီည မိုးဖွဲဖွဲကျလာပြန်တယ်။ ကော်ဖီခွက်လေးကိုင်ပြီး ဝရန်တာဖက်ထွက်လာတော့ ဟောဗျာ ခုံမှာ မိန့်မိန့်ကြီးထိုင်ပြီး စာ‌ဖတ်နေတာ မင်မင့် အမေဗျ။ ကိုယ့်ကိုလှည့်ကြည့်ပြီး
"လာထိုင် သား အမေတို့ဒီလိုအပြင်ထွက်မထိုင်ရတာ ကြာပြီ" လို့ ပြောတယ်။ ကျွန်တော်ပြုံးနေသလို အမေလည်း ပြုံးနေတယ်။ မိုးကတော့ တဖွဲဖွဲ။
"သာယာတဲ့ မိုးညလေးကို ပိုင်ဆိုင်စေလို့ ကျေးဇူးတင်တယ် GPM ရယ်"

ကဲ လူကြီးမင်းတို့ကော ဒီ"ခြင်နဲ့ ပိုးမွှား"တွေကြောင့် ကိုယ့်ရဲ့ သာယာမှု၊ လွတ်လပ်မှုတွေကို ဆုံးရှုံးနေရပြီလား။ မင်မင့်လို့ ခြင်ပြဿနာနေကြာင့် မှင်သက် ရင်လှိုက်ကာ မနေပါနဲ့။ အခုချက်ခြင်း ဖုန်းခေါ်လိုက်ရုံနဲ့ လူကြီးမင်းတို့ရဲ့ ဆုံးရှုံးသွားတဲ့ လွတ်လပ်သာယာမှုတွေကို ပြန်လည်ရယူနိူင်ပါပြီနော်။

" ပိုးမွှားပြဿနာ၊ ကင်းဝေးစွာဖြင့်
သာယာလွတ်လပ်၊ နေ့ရက်မြတ်ကို
ဖုန်းဆက်ခေါ်ကာ၊ အရယူပါ"

"ပိုးမွှားရှိရင်၊ GPMရှိတယ်"

09 - 788 773 083
09 - 788 773 632

Photos from Grace Property Management - GPM's post 24/08/2024

💡💡💡သင် အမှိုက်ပစ်တတ်ပြီလား???

အမှိုက်ဆိုတာ ဘာလဲ???

မေးခွန်းကလွယ်မလိုနဲ့ ခက်ပါတယ်။

အမှိုက်ဆိုတာ ကိုယ့်အတွက် မလိုတော့တဲ့၊ အသုံးမဝင်(ဆက်လက်အသုံးပြုလို့မရ)တော့တဲ့ ပစ္စည်းမှန်သမျှပါဝင်ပါတယ်။

(သူ့အတွက် ဘယ်လိုမှအသုံးမလိုတောတဲ့ သူတွေလိုမျိုးပေါ့ကွာ 😅)

ဒီအမှိုက်တွေဟာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့(ဂေဟစနစ်ကို မထိခိုက်စေတဲ့) အမှိုက်တွေ ရှိသလို ထိခိုက်ပျက်စီးစေတဲ့ အမှိုက်တွေလည်းရှိပါတယ်။ ဒါဆိုရင် ဘယ်လို အမှိုက်တွေက ပတ်ဝန်းကျင်ကို မထိခိုက်စေတာလဲ?

၁။ စက္ကူများ

၂။ အပင်များ( အပင်၏ အစိတ်အပိုင်းများ)

၃။ စားကြွန်းစားကျန်များ ဆိုပြီး ယေဘုယျ သတ်မှတ်နိူင်ပါတယ်။

ဒါဆိုရင် ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ အမှိုက်တွေကကော??

အပေါ်က အချက်မှာ မပါဝင်တဲ့ အမှိုက်အများစုဟာ ပတ်ဝန်းကျင်ကို အနည်းနဲ့အများထိခိုက်ပျက်စီးစေနိူင်ပါတယ်။ ဥပမာ- နေ့စဉ်သုံးကုန်များထဲက

-ပလပ်စတစ်ပစ္စည်းများ

-ဓာတုရောစပ်ပစ္စည်းများပဲဖြစ်ပါတယ်။ ဒီအမှိုက်တွေကို မဆင်မခြင် စွန့်ပစ်မိရင် ကိုယ့်ကြောင့် မလိုလားအပ်တဲ့ ပတ်ဝန်းကျက်ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာနိူင်ပါတယ်။

ဒါဆို အမှိုက်ကို ဘယ်လိုပစ်ကြမလဲ??

ဖွံဖြိုးပြီးနိူင်ငံတွေနဲ့ ဖွံဖြိုးဆဲ နိူင်ငံအများစုမှာ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်တဲ့ စနစ်ကို တွင်တွင်ကျယ်ကျယ်(စနစ်တကျ) ကျင့်သုံးနေကြပါတယ်။ စွန့်ပစ်အမှိုက်ကို အမျိုးအစားပြန်ခွဲလိုက်ရင်-

၁။ ပြန်လည်အသုံးပြုနိူင်သော အမှိုက်များ( Recycle)

၂။ ပြန်လည်အသုံးပြု၍မရနိုင်သော အမှိုက်များ( Non Recycle)

၃။ အပြီးဖျက်ဆီးရမည့်အမှိုက်များ(Destroyed) ဆိုပြီး ခွဲခြားလို့ရပါတယ်။ အသေးစိတ်ပြန်ခွဲလိုက်ရင်-

၁။ ပြန်လည်အသုံးပြုနိူင်သော အမှိုက်များ

- ပလပ်စတစ် အိတ်များ

- အချိုရည်၊ဘီယာဗူးများ

- စက္ကူများ

- သံထည်နှင့် အခြားသော သတ္တုမှထွက်သည့်ပစ္စည်းများ စသည်ဖြင့် အခြေခံသတ်မှတ်နိူင်ပါတယ်။ ဒီအမျိုးအစားတွေမှာ Recycle Symbol ( ♻) လေး ပါပါတယ်။

၂။ ပြန်လည်အသုံးပြု၍မရသော အမှိုက်များ

- ပုပ်ဆွေးလွယ်သော အမှိုက်သရှိုက်များ

- ဓာတုဆေးဝါးမှတဆင့်စွန့်ပစ်ပစ္စည်းများ

တကယ်တော့ ပြန်လည်အသုံးပြု၍မသော အမှိုက်အမျိုးအစား သိပ်မရှိပါဘူး။ ပြန်လည်အသုံးချနိူင်တဲ့အပေါ်မူတည်ပြီး အမှိုက်အားလုံးဟာ သူ့နေရာနဲ့သူ တန်ဖိုးရှိပါတယ်။

၃။ အပြီးဖျက်ဆီးရမည့် အမှိုက်များ

- နံပါတ်(၂)နဲ့ တိုက်ရိုက်ပတ်သက်ပါတယ်။ ဒါပေမဲ့ ဒီအမှိုက်တွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှု ပမာဏ ပိုများပါတယ်။

ဒါဆိုရင် အမှိုက်ရဲ့အခြေခံသဘော သဘာဝနဲ့ အမျိုးအစားကို နားလည်လိမ့်မယ်ထင်ပါတယ်။

ကဲ အမှိုက်ကိုဘယ်လို ပစ်ကြမလဲ။

ဖွံ့ဖြိုးပြီးနိူင်ငံတွေမှာ အမှိုက်အိတ်အရောင်အလိုက် အမှိုက်ခွဲခြား စွန့်ပစ်တဲ့စနစ်ကို ကျင့်သုံးကြပါတယ်။🚮

အမှိုက်စို အစိမ်းရောင်အိတ်

အမှိုက်ခြောက် အပြာရောင်အိတ်

ဆေးရုံစွန့်ပစ် အမှိုက် အဝါရောင်နှင့် အနီရောင်

ပြန်လည်အသုံးပြုနိူင်တဲ့ အမှိုက်များကို အမှိုက်ခြောက်အမျိုးအစားထဲ ထည့်သွင်းနိူင်ပါတယ်။

ကဲ ဒါဆိုရင် အမှိုက်ဘယ်လိုပစ်ရမလဲဆိုတာ သိပြီးလောက်ပါပြီ။

🚯"တစ်စမြင် တစ်စကောက်၊ အမှိုက်အားလုံးပျောက်"🚯

နိူင်ငံကြီးသား ပီသစွာ အမှိုက်ကို စနစ်တကျစွန့်ပစ်ပါ။

"ပတ်ဝန်းကျင်သန့်ရှင်းသာယာဖို့ မိမိကစထိန်းသိမ်းစို့"
Photo Credit by net.

14/08/2024

ဒီနေ့မှာတော့ GPM (Grace Property Management) ရဲ့ Janitorial Services အကြောင်းကို ရှင်းပြပေးပါမယ်။

---

**Grace Property Management (GPM) ရဲ့ Janitorial Services မှ ကြိုဆိုပါတယ်**

GPM ကုမ္မဏီအနေဖြင့် ကျွန်တော်တို့ လက်ခံယုံကြည်ထားတာက "သန့်ရှင်းပြီး ကောင်းမွန်တဲ့ပတ်ဝန်းကျင်ဟာ ဘယ်အဖွဲ့အစည်းအတွက်မဆို အောင်မြင်မှုရရှိဖို့ရန် အရေးကြီးတယ်"ဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အလုပ်သန့်ရှင်းရေးဝန်ဆောင်မှုတွေဟာ သင့်ပိုင်ဆိုင်မှုရဲ့ ထူးခြားတဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ထားပြီး သင့်ဝန်ထမ်းတွေ၊ ဖောက်သည်တွေ၊ ဧည့်သည်တွေအတွက် သန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့နေရာဖြစ်လာစေဖို့ အာမခံပေးပါတယ်။

**ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေမှာ ပါဝင်တာတွေက:**

📌 နေ့စဉ် သန့်ရှင်းရေး:** သင့်အချိန်ဇယားအတိုင်း
အပြည့်အဝ သန့်ရှင်းရေးဝန်ဆောင်မှုတွေ၊
ဖုန်သုတ်ခြင်း၊ ဖုန်စုပ်ခြင်း၊ကြမ်းပြင်သန့်ရှင်းရေး၊
အများသုံးနေရာတွေကို ပိုးသတ်ခြင်း ။
📌 အိမ်သာပြုပြင်ထိန်းသိမ်းခြင်း:** အိမ်သာတွေကို
အမြဲသန့်ရှင်းပြီး သန့်ရှင်းရေးကောင်းမွန်အောင်
ပြုပြင်ထိန်းသိမ်းခြင်း။
📌 ပြတင်းပေါက်သန့်ရှင်းရေး:** သင့်ပတ်ဝန်းကျင်နဲ့
အပြင်လောကကို တွေ့မြင်ခံစားမှု တိုးတက်စေဖို့
ပြတင်းပေါက်မှန်တွေအစက်အပြောက်မရှိအောင်
သန့်ရှင်းခြင်း။
📌 ကော်ဇောနဲ့ ကြမ်းပြင်ပြုပြင်ထိန်းသိမ်းခြင်း:**
ကော်ဇောနဲ့ ကြမ်းပြင်တွေကို အထူးပြုပြင်
ထိန်းသိမ်းခြင်း၊ နက်ရှိုင်းစွာ သန့်ရှင်းခြင်း၊
အစက်အပြောက်ဖယ်ရှားတောက်ပြောင်စေခြင်း။
📌 အမှိုက်ဖယ်ရှားခြင်း:** စွန့်ပစ်အမှိုက်နဲ့
ပြန်လည်အသုံးပြုနိုင်တဲ့ အမှိုက်တွေကို
ထိရောက်စွာ စီမံခန့်ခွဲခြင်း။
📌 အထူးသန့်ရှင်းရေး:** သန့်ရှင်းရေးပြုလုပ်ရန်
မလွယ်ကူတဲ့နေရာများ ဥပမာ- အထပ်ခိုးများ၊
ရေညှိတက်နေတဲ့ နံရံများ၊ကြမ်းခင်းများ၊
ရေမြောင်းများ စတဲ့နေရာများ၊ ဆောက်လုပ်ပြီးစ
အဆောက်အအုံများ၊အခန်းများကို
တစ်ခါတည်း အပြီးသန့်ရှင်းရေးပြုလုပ်ခြင်း။
📌 ကူးစက်ရောဂါကာကွယ်ခြင်း;**- ခြင်၊ယင်၊ကြွက်
အပါအဝင် ကူး‌စက်ရောဂါကိုဖြစ်ပွားစေတဲ့
ပိုးမွှားသတ္တဝါများ၊အခြားသောအင်းဆက်များကို
ထိရောက်စွာနှိမ်နင်းတားဆီးပေးခြင်း။

**GPM ကို ဘာကြောင့် ရွေးချယ်ရမလဲ?**

✓• အတွေ့အကြုံရှိတဲ့အဖွဲ့:** ကျွန်တော်တို့ရဲ့
ကျွမ်းကျင်ပြီး အလုပ်ကြိုးစားတဲ့ သန့်ရှင်းရေး
ဝန်ထမ်းတွေဟာ အမြင့်မားဆုံး သန့်ရှင်းရေး
စံချိန်စံညွှန်းတွေကို ပေးဆောင်နိုင်ဖို့
လေ့ကျင့်ထားပါတယ်။
✓• ပတ်ဝန်းကျင်နှင့် သင့်လျော်တဲ့ ထုတ်ကုန်များ:**
ကျွန်တော်တို့ သန့်ရှင်းရေးထုတ်ကုန်တွေဟာ
သင့်နေရာနဲ့ ကမ္ဘာကြီးအတွက် လုံခြုံစေဖို့
ပတ်ဝန်းကျင်နှင့် သင့်လျော်တဲ့ ထုတ်ကုန်တွေကို
အသုံးပြုပါတယ်။
✓• အချိန်ဇယားထားရှိခြင်း:** ကျွန်တော်တို့
သန့်ရှင်းရေးအချိန်ဇယားတွေဟာ သင့်နေ့စဉ်
လုပ်ငန်းတွေကို အနှောင့်အယှက်အနည်း‌ဆုံး
ဖြစ်စေဖို့ ရည်ရွယ်ထားတဲ့ ပုံမှန်အချိန်ဇယားများ
ဖြစ်ပါတယ်။
✓• အရည်အသွေးအာမခံချက်:** ကျွန်တော်တို့ရဲ့
အရည်အသွေးအာမခံချက်က သင့်ကိုအပြည့်အဝ
ကျေနပ်မှုရရှိ‌စေဖို့ ကျွန်တော်တို့ရဲ့ အလုပ်တွေကို
ပုံမှန်စစ်ဆေးခြင်းနှင့် အကောင်းဆုံး
ဝန်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။

သင့်ရဲ့ သန့်ရှင်းရေးလိုအပ်ချက်တွေကို ကျွန်တော်တို့ GPM ကုမ္မဏီမှ လှိုက်လဲစွာ တာဝန်ယူဖြည့်ဆည်းပေးပါရစေ။
အကောင်းဆုံးသန့်ရှင်းရေးဝန်ဆောင်မှုအတွက် GPMရှိပါတယ်။ အခုပဲ ဆက်သွယ်ပြီး ဝန်ဆောင်မှုကို အရယူလိုက်ပါ။

ဆက်သွယ်ရန်-
09- 788 773 083
09- 788 773 632

Photos from Grace Property Management - GPM's post 11/08/2024

အားလုံးပဲမင်္ဂလာပါ။
ဒီနေ့ ကျွန်နော်တို့ GPMကုမ္မဏီကနေ အထူးဧည့်သည်တစ်ယောက်ကို ခေါ်ထားပါတယ်။ သူကတော့ လက်ရှိ မန်ချက်စတာယူနိုက်တက်ဘော်လုံးအသင်းကြီးရဲ့ ထူးခြားကောင်းမွန်တဲ့ ရွှေလက်ပိုင်ရှင် အားလုံးရဲ့အချစ်တော် "Andre Onana" ပဲဖြစ်ပါတယ်XD။
သူကနေပြီး ကျွန်တော်တို့ GPMကုမ္မဏီရဲ့ နေ့စဉ်လုပ်ဆောင်ချက်အချို့ရဲ့ အပိုင်း(၁)ကို လိုက်လံရှင်းပြပေးမှာဖြစ်ပါတယ်။ အားလုံးပဲ သူနဲ့အတူ လိုက်ကြည့်ကြရအောင်။

တကယ်လို့ အိုနားနားလို ကျွန်တော်တို့ GPMကုမ္မဏီရဲ့ အကောင်းဆုံးဝန်ဆောင်မှုကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့သိရှိလိုပါက အမြန်ဆုံးဆက်သွယ်လိုက်ပါခင်ဗျာ။
ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကတော့-
09-788 773 083
09-788 773 632
09-763 188 755

Photos from Grace Property Management - GPM's post 02/08/2024

"ရေညှိ"ဆိုတာ ရေရှိရင် "ပေငြိ"နေတတ်တဲ့ အပင်တွေပါ။ ခုလိုမိုးရာသီ စိုစွတ်တဲ့ကာလမျိုးဆိုတာ ရေညှိတွေ အနှစ်သက်ဆုံးအချိန်အခါပေါ့။ သင့်နေထိုင်ရာပတ်ဝန်းကျင်မှာ ပေငြိနေတဲ့ "ရေညှိ"တွေကြောင့် မှိုင်မိမနေပါနဲ့။ "ရေညှိတွေအတွက်" "အဖြေရှိ"နေပါတယ်။ အဲ့ဒီအဖြေကတော့ GPM ရဲ့ One-time Cleaning Service ပါပဲ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ အသေမိမိုက်တဲ့ ရေညှိတိုက်ဖျက်မှုကြောင့် မှိုင်မိနေသူတွေ နှလုံးပီတိ၊ဂွမ်းဆီထိသွားကြပါပြီ😅

ဒီပုံလေးတွေကတော့ "ပေငြိ"နေတဲ့ "ရေညှိ"တွေကို "အသေဖိ"ပြီး တိုက်ဖျက်နေတဲ့ပုံလေးတွေပါ။

ယုံယုံကြည်ကြည်အလုပ်လာအပ်တဲ့ Client လူကြီးမင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
"လုပ်ငန်းကိုင်ငန်းများ သာ၍တိုးတက်အောင်မြင်ပါစေ"လို့ ကျွန်တော်တို့ GPM ကုမ္ပဏီကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏🙏🙏

ကဲ "ရေညှိ"အတွက် "အဖြေရှိ"နေပြီနော်။
အခုပဲ ဖုန်းခေါ်ပြီး အကောင်းဆုံးဝန်ဆောင်မှုများကို ရယူလိုက်ပါ။

📞 09 788773083
📞 09 788773632

Want your business to be the top-listed Cleaning Service in Yangon?
Click here to claim your Sponsored Listing.

Website

Address

No. 14, Myay Nu Street, Myay Nigone, Sanchaung Tsp
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00