Machi Milk Tea
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Machi Milk Tea, Restaurant, 2nd floor of Terminal M Leisure Mall,No 196 , Kayae Pin Road,Mingalardon Twonship,Yangon, .
13/02/2026
Valentine's day မှာ ချစ်သူလေးပျော်ဖို့ နှင်းဆီပန်းလာယူလိုက်တော့နော်...🌹
မင်မင်တို့ Machi Milk Tea(Terminal M) လေးကတော့ ကလေး၊လူကြီးမရွေးကြိုက်နှစ်သက်တဲ့ item လေးတွေစုံစုံလင်လင်ရှိပြီး ကာကာတို့ကိုအမြဲစောင့်ကြိုလျှက်ရှိတဲ့ဆိုင်လေးဘဲဖြစ်ပါတယ်..🤗🫶🏻
ဒါကြောင့် မနက်ဖြန် ကျရောက်မယ့် Valentine's day မှာလဲ Machi Milk Tea ကိုအားပေးလျှက်ရှိသော ကာကာများအတွက် နှင်းဆီပန်းလေးတွေ လက်ဆောင်ပေးဖို့ရှိနေပါပြီနော်...🤭
ချစ်သူများနေ့မှာ ကိုယ်ချစ်ရတဲ့သူနဲ့ဘဲဖြစ်ဖြစ် ကိုယ့်ကိုချစ်တဲ့သူနဲ့ဘဲဖြစ်ဖြစ် Machi Milk Tea ကိုလာပြီး ချိုမြိန်လှတဲ့နေ့ရက်လေးမှာ ချိုမြိန်တဲ့အအေးလေးတွေ သောက်ရင်း ချစ်ရသူလေးတွေပျော်ဖို့ နှင်းဆီပန်းလေးတွေလက်ဆောင်ယူလိုက်ကြစို့နော်..😍💕
Milk Tea
M
11/02/2026
ချိုမြိန်မှုတွေရဖို့ Valentine's day ထိစောင့်နေစရာမလိုဘူးနော်...🤔
ချစ်သူများနေ့ရောက်မှ ရည်းစားလေးကဝယ်ကျွေးတဲ့ ချောကလက်စားကြကွာ...အခုကတော့ ချောကလက်ထက်ကို ပိုဆိမ့်ပြီးပိုချိုမြိန်တဲ့ အရမ်းတန်၊အရမ်းမြန် Strawberry messy လေးဘဲလာသောက်လိုက်တော့နော်.. 🤩❤️🔥
မင်မင်တို့ Machi (Terminal M) က Strawberry messy လေးကတော့ ကလေးလူကြီးမရွေး ကြိုက်နှစ်သက်တဲ့ series လေးတခုဖြစ်တဲ့အပြင် Strawberry ရဲ့ ချိုမြိန်တဲ့အနှစ်အရသာနဲ့ လတ််ဆတ်တဲ့နွားနို့ရဲ့အာဟာရတို့ပါဝင်တာကြောင့် (အမ်...ဘာဆက်ပြောရမလဲဆိုတော့....)အခုဘဲ လာဝယ်သောက်လိုက်တော့ကွာ...🤭💕
Milk Tea
M
14/01/2026
3 မိနစ်ထဲနဲ့ Bubbe Milk Tea တခွက်တဲ့❗🤨
မျက်စိတမှိတ် နှစ်မှိတ် သုံးမှိတ်အတွင်း Milk Tea တခွက်ဆိုတာ ဖြစ်နိုင်လို့လားဆိုတော့ Machi Milk Tea မှာဆို ဖြစ်နိုင်ပါတယ်...🤫🧋
Terminal M Second Floor ရောက်ရင် Bubble Milk Tea ဘယ်မှာရလဲမသိဘူးဆိုပြီး တွေးလိုက်ရင်တောင် ကြာနေဦးမှာကွာ..🤔အဲ့တော့ ဘာမှမတွေးဘဲ Machi Milk Tea မှာ 3 မိနစ်အတွင်း လူကြိုက်အများဆုံးနဲ့ရောင်းအားအကောင်းဆုံး Bubble Milk Tea ကို အခုဘဲ လာဝယ်လိုက်တော့နော်..🤩💕
Milk Tea
M
10/01/2026
Machi မှာ ဒီစျေးနဲ့ဒီဆိုဒ်!🙀
ကိုကြီးကလဲ ဒီခေတ်ကြီးထဲမှာ 5,000 မကျော်တဲ့ စျေးလေးနဲ့ ဘာများဖြစ်သွားမှာမို့လို့လဲလို့( ဝတ်မှုံရွှေရည်လေသံဖြင့်) ဆိုရင်တော့...လုံးဝ Fresh ဖြစ်ပြီး လန်းဆန်းသွားမှာကွာ...🤭❣️
Strawberry crystal အပြင် အရသာမျိုးစုံရရှိတဲ့ crystal series လေးကတော့ ပေးရတဲ့စျေးနဲ့မတန်အောင် ကလေးလူကြီးပါမကျန် အကြိုက်တွေ့တဲ့ series လေးဖြစ်ပါတယ်ရှင့်..🤤
အရိုးရှင်းဆုံးက အကောင်းဆုံးဆိုတဲ့အတိုင်း ပြောရက်စရာမလိုတဲ့ လှပတဲ့ အသွင်အပြင်နဲ့ အလန်းဆန်းဆုံးဖြစ်စေမဲ့ အရသာတို့ကို ဒီစျေးနဲ့ဒီဆိုဒ် ရနေပြီဖြစ်လို့ သိချင်ရင် အခုဘဲ လာခဲ့လိုက်တော့နော်...🤩💕
Milk Tea
M
29/12/2025
နှစ်သစ်ကရောက်တော့မယ်...ခုထိအိမ်တွင်းအောင်းနေတုန်းလား?
ကာကာတို့ အိမ်တွင်းအောင်းချင်ရင်လဲ အေးဆေးအောင်းလို့ရအောင် Machi က Grab နဲ့ချိတ်ပေးထားတယ်ကွာ..🤩
Machi Milk Tea (Terminal M) ရဲ့ Milk Tea series ကစပြီး Cheezu series, Messy series, Lemonade series နဲ့ crystal series လေးတွေကို Location လေးထောက်ပြီး Grab နဲ့မှာလိုက်ရုံနဲ့ အိမ်တွင်းအောင်းရင်း Chill လို့ရပြီလေ..🤤
ဒါ့အပြင် New year နေ့မှာ Grab နဲ့မှာရင် New year letter လေးတွေလဲ လက်ဆောင်ထည့်ပေးမှာဖြစ်လို့ New Year vibe နဲ့အတူ အခုဘဲ Order တင်လိုက်ကြစို့နော်..💓🎆
Milk Tea
M
24/12/2025
သူငယ်ချင်းတွေနဲ့လာရင်း promotion ယူကြမယ်..😍
မင်မင်တို့ Machi (Terminal M) မှာ Christmas ကာလ Buy 3 Get 1 promotion လေးရနေပြီနော်..Happy hour promotion လေးကတော့ 10am to 2pm ဖြစ်တာမို့ ချစ်ရသူတွေ၊သူငယ်ချင်းတွေနဲ့အတူလာရင်း လမ်းကြုံဝင်လာခဲ့လိုက်တော့ကွာ.. ဒါနဲ့ လမ်းမကြုံလဲ ဝင်လာလို့ရတာမို့ Machi' promotion က ကာကာတို့ကိုစောင့်မျှော်နေမယ်နော်...😘💗
09/12/2025
အေးမြမြ December ရဲ့လအစမှာ Waffle လေးစားရင်း အနွေးဓာတ်ယူနိုင်ဖို့...😍
ပူပူနွေးနွေး အစားအစာလေးတွေက အခုလိုအေးမြတဲ့ဆောင်းရာသီနဲ့မှပိုလိုက်ဖက်တာမို့ Machi (Terminal M) ကိုလာသင့်ပြီနော်...🥞
Machi မှာ jam အရသာ (6) မျိုးအပြင် mozzarella cheese နဲ့ပါရတဲ့ Waffle ပူပူလေးတွေရှိတဲ့အတွက် December လရဲ့ အေးမြတဲ့ Christmas ကာလလေးအတွင်းမှာ Machi (Terminal M) , second floor က်ို အခုဘဲလာခဲ့လိုက်တော့နော်...🤩💓
Milk Tea
M
24/11/2025
Matcha Milk Tea တခွက်လို့ပြောတာလွယ်ပေမဲ့...
Matcha ဆိုတာကCamellia sinensis လက်ဖက်ပင်ကနေရရှိတဲ့ အရွက်တွေကို လက်ဖက်ရွက်ရဲ့ အစိမ်းရောင်ပျောက်ပျက်မသွားအောင် အခြောက်ခံပြီးလုပ်ထားတဲ့ အမှုန့်ဘဲဖြစ်ပါတယ်။Matcha ဟာ အသားအရေနဲ့ ခန္ဓာကိုယ်အတွက် အထောက်အကူပြုနိုင်တဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတစ်မျိုးပါ။ Matcha ဖြစ်ပေါ်လာစေဖို့အတွက် လက်ဖက်ရွက်တွေကို နှစ်ပတ်လောက်ကြိုပြီး အရိပ်ရအောင်လုပ်ပြီးမှ ခူးဆွတ်ရတာပါ။ ဒီလိုလုပ်မှသာ လက်ဖက်ရွက်ရဲ့chlorophyll ပမာဏကိုတိုးစေနိုင်မှာဖြစ်ပြီး လက်ဖက်ရွက်ကို ခူးဆွတ်ပြီးရင်လည်းရေနွေးငွေ့နဲ့ ပေါင်းခံတာ၊အခြောက်ခံတာနဲ့ အမှုန့်ကြိတ်တာတွေကို အဆင့်ဆင့်လုပ်ဆောင်ရပါသေးတယ်။
Matcha Milk Tea ကတော့ ထိုင်ဝမ်ကနေစတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။1990 ခုနှစ်နောက်ပိုင်းမှာ ထိုင်ဝမ်ရဲ့ Bubble Tea ကိုသောက်သုံးမှုတိုးတက်လာချိန်မှာ နောက်ထပ် unique flavor ထပ်လိုလာပြီး Matcha ကို ထိုင်ဝမ် cafe ဆိုင်တွေမှာ စတင်ရောင်းချလာခဲ့ပါတယ်။
ဒါကြောင့် Matcha Milk Tea ဟာ Global Popular Drink ဖြစ်လာခဲ့ပြီး ယခုအချိန်တွင် ဆိုင်အများစုရဲ့ Signature drink တခုအဖြစ် တည်ရှိနေတာဘဲဖြစ်ပါတယ်။
Matcha Milk Tea တခွက်လို့ပြောရတာလွယ်ပေမဲ့...Matcha ဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကို သိရှိထားမယ်ဆိုရင် Matcha Milk Tea တခွက်သောက်တိုင်း အကျိုးရှိရှိနဲ့ သောက်နိုင်ပြီပေါ့.. 😍💓
Milk Tea
M, Second Floor
10/11/2025
Hello...မင်မင်တို့ Machi (Terminal M) ကို ယခုအချိန်ထိအားပေးလျက်ရှိသော ချစ်ရတဲ့ကာကာများကို Machi (Terminal M) မှအထူးကျေးဇူးတင်ရှိပါတယ်ရှင့်...🥰
အရသာစုံ Cold Drink series များနဲ့ ပူပူနွေးနွေး waffle များကို Machi (Terminal M) တွင် တစုတစည်းတည်းရရှိနေတာကြောင့် မင်မင်တို့ဆိီ အမြန်ဆုံးလာပြီး ဗိုက်ဖြည့်လိုက်ရအောင်နော်...
ဒါနဲ့ Machi (Terminal M) ဆိုင်လေးက Terminal M Leisure Mall (Second floor),Mingaladon Township မှာတည်ရှိတာဖြစ်လို့ ယခုမှလာမယ့်ကာကာတို့လဲ အဆင်ပြေပြေလာနိုင်ပါစေလို့ ဆုတောင်းရင်း ချစ်ရတဲ့ကာကာတို့ကိုကြိုဆိုနေပါမယ်ရှင်..😍💓
Milk Tea
M
16/10/2025
အပြင်ထွက်စရာမလိုဘဲ ပိတ်ရက်အိမ်မှာအေးဆေးနားရင်း Machi က item လေးတွေကို Grab နဲ့မှာစားလို့ရနေပြီနော်...😍
အိမ်မှာနားနေရင်းဖြစ်ဖြစ် အလုပ်အားလပ်ချိန်လေးမှာဖြစ်ဖြစ် လူကိုယ်တိုင်အပင်ပန်းခံသွားဝယ်စရာမလိုဘဲ ဖုန်းလေးတချက်နှိပ်လိုက်ရုံဖြင့် Machi ( Terminal M ) တွင်ရရှိသော Milk Tea series များနှင့် waffle item များကို Grab ဖြင့် မှာစားလို့ရနေတာဖြစ်လို့ အခုဘဲ Grab နဲ့ order မှာလိုက်ရအောင်နော်..🤩💓
Milk Tea
M
06/10/2025
မဂ်လာပါ.. ချစ်ရတဲ့ကာကာများရှင်.. ယနေ့ကျရောက်သော သီတင်းကျွတ်လပြည့်နေ့တွင် ဒီနှစ်ရဲ့ စိတ်ပင်ပန်းမှုများရှိခဲ့လျှင်လည်း ပျော်ရွှင်မှုအဖြစ် ပြောင်းလဲပြီး သီတင်းကျွတ် အခါသမယကို စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာဖြင့် ဖြတ်သန်းနိုင်ပါစေရှင်.. 💓
လပြည့်သလောက် မျှော်လင့်ချက်အသစ်တွေပြန်ပေါ်ပြီး ယနှစ်သီတင်းကျွတ်မှာ အေးမြမှုနဲ့ ငြိမ်းချမ်းမှုဖြင့်ပြည့်စုံပါစေကြောင်း Machi (Terminal M ) မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်... 🙏🏻🌕
သီတင်းကျွတ်အလင်းအောက်မှာ ကာကာတို့ရဲ့ဘဝလဲ တောက်ပနေပါစေရှင်.. 🌕💫
# Machi Milk Tea