Goal Channel
ဘောလုံးသတင်းတွေ အမြဲတမ်းဖတ်ဖို့
like & follow လေးလုပ်ပေးထားနော်❤
08/11/2024
မနေ့ညက ကစားခဲ့တဲ့ပွဲကတော့ အာမက် ဒီရယ်လို ထရာအိုရေး ရဲ့ ပွဲ ဖြစ်ခဲ့ပါတယ် ။ အခုနောက်ပိုင်းပွဲတွေမှာ ပွဲထွက်ခွင့် နည်းပါးနေတဲ့ အာမက် အတွက်တော့ ဒီပွဲဟာ တကယ်ကို အရေးပါခဲ့မှာပါ ။ အဖွင့်ဂိုးကို လှလှပပ သွင်းပေးခဲ့သလို ဒုတိယဂိုးဆိုရင်လည်း သူ့တစ်ယောက်တည်းရဲ့ အားထုတ်မှုကနေ ရရှိသွားခဲ့တာပါ ။ လာမယ့် ပွဲတွေမှာလည်း အခုလို ဆက်ပြီး ပွဲထွက် ကစားခွင့် ရရှိရင်း ပုံစံကောင်းတွေ ပြသနိုင်ဖို့ မျှော်လင့်မိပါတယ် ။
23/01/2024
ဟာရီ ကိန်းဟာ သူ့ကစားသမားဘဝမှာ ဆုဖလား တလုံးမှ မရရှိထားသေးပါဘူး
ကင်စလေ ကိုးမန်းကတော့ ဖလားလက်မဲ့ရာသီ မကြုံဖူးသေးပါဘူး
ဒီရာသီမှာတော့ သူတို့တွေ တင်ရှိထားတဲ့ စံချိန်တခုကတော့ ကျိုးပျက်သွားတော့မှာပါ
ကိန်းပဲ ဖလား ရဖူးလာမလား
ကိုးမန်းပဲ ဖလားလက်မဲ့ စဖြစ်သွားမှာလား
စိတ်ဝင်စားစရာပါပဲ
23/01/2024
လော်တာရို မာတီနက်ဇ်ရဲ့ တလုံးတည်းသော အချိန်ပို မိနစ် သွင်းဂိုးနဲ့ နာပိုလီကို အနိုင်ယူပြီး အီတလီ စူပါဖလား ချန်ပီယံ ဖြစ်လာတဲ့ အင်တာမီလန်အသင်း
🏆🏅
ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းမျိုး ပိုင်ဆိုင်ထားတဲ့ အင်တာတို့ နောက်ထပ် ဆုဖလားတွေ ရယူသွားနိုင်ဖို့လည်း အလားအလာကောင်း ရှိနေပါသေးတယ်။
✔✔✔
22/01/2024
လီဗာပူးအသင်းကတော့ ဘုန်းမောက်အသင်းကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ယူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ပြတ်ပြတ်သားသား ဦးဆောင်သွားခဲ့ပါပြီ။
ဒီရာသီ ပရီးမီးယားလိဂ် ဆုဖလားဟာ အန်ဖီးလ်ကို ပြန်ရောက်လာတော့မှာလား ?
22/01/2024
ဖာရန်း တောရက်စ်ရဲ့ ဟက်ထရစ်၊ ယာအို ဖိလစ်ရဲ့ လှပတဲ့ သွင်းဂိုးတို့နဲ့အတူ ဘာစီလိုနာအသင်းဟာ အဝေးကွင်းမှာ ရီးရဲလ် ဘက်တစ်အသင်းကို အနိုင်ယူနိုင်ခဲ့ပါတယ်။
တောရက်စ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ရီးရဲလ် မက်ဒရစ် ကစားသမားဟောင်း အစ္စကိုရဲ့ ချေပဂိုး ၂ဂိုးကြောင့် ဘာစီလိုနာတို့ ရုန်းကန်ခဲ့ရပြီး ၊ ယာအို ဖိလစ်ရဲ့ အနိုင်ဂိုးကြောင့်သာ ဂိုးပြတ်နိုင်တဲ့ အနေအထားအထိ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် ဘာစီလိုနာအသင်းဟာ အမှတ်ပေးဇယား အဆင့် ၃ နေရာကို ရောက်ရှိလာခဲ့ပါပြီ။
22/01/2024
ရီးရဲလ် မက်ဒရစ်အသင်းဟာ အမှတ်ပေးဇယား အောက်ဆုံးနေရာက Almeria အသင်းကို ပထမပိုင်း ၂ ဂိုးပြတ် အရေးနိမ့် နေရာကနေ၊ နောက်က လိုက်ကစားပြီး အဆုံးမှာ (၃-၂) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် မက်ဒရစ်တို့ဟာ အမှတ်ပေးဇယားက အဆင့် ၁ နေရာကနေ ဂျီရိုနာကို ၂ မှတ်၊ မဟာပြိုင်ဘက်ကြီး ဘာစီလိုနာကို ၁၀ မှတ်အထိ ဖြတ်ကာ ဦးဆောင်လိုက်ပြီ ဖြစ်ပါတယ်။
--
22/01/2024
ရီးရဲလ် မက်ဒရစ်၊ ဘာစီလိုနာတို့ နိုင်ပွဲကို ခက်ခက်ခဲခဲ ရှာဖွေ နေခဲ့ရချိန်မှာ ဂျီရိုနာကတော့ ဆီဗီလာကို ပေါ့ပေါ့ပါးပါးပဲ ဂိုးပြတ် အနိုင်ယူသွားခဲ့ပါတယ်။
အချိန်တန်ရင် ရပ်သွားမှာပါဆိုတဲ့ သံသယအသံတွေလည်း အခုဆို မိုးလို တိတ်လိုက်လို့ ရသွားပါပြီ။
ဒီနိုင်ပွဲနဲ့အတူ ဂျီရိုနာတို့ဟာ အမှတ်ပေးဇယားထိပ်ကို ပြန်လည် တက်လှမ်းသွားခဲ့ကြပြီ ဖြစ်ပါတယ်။
21/01/2024
မက်ဆီ-ရော်နယ်ဒို ခေတ်အလွန်မှာ ဘောလုံးလောကကို ဦးဆောင်မယ့် ကစားသမားနှစ်ဦး 🐐🌍
20/01/2024
🤯🇦🇷 ၂၀၂၄ အိုလံပစ်မှာ ပါဝင်ကစားဖို့ ဆန္ဒရှိနေတဲ့ လီယိုနယ်မက်ဆီနဲ့ အန်ဂယ်ဒီမာရီယာ
18/01/2024
🗣️ *ပက် ဂွါဒီယိုလာက မန်နေဂျာ ဂုတ်ကြီးပါ။ အခုဆို လူတိုင်းက ပက်ရဲ့ နည်းလမ်းအတိုင်း ခံစစ်ကနေစပြီး ကစားနေကြပါပြီ။ အရင်က ဒီလို ကစားလို့ မဖြစ်နိုင်ဘူးလို့ ကျနော်တို့ တွေးခဲ့ကြတာပါ။
ပက်က ၁၄ နှစ်အတွင်းမှာ ပြည်တွင်းဆုဖလား ၁၁ လုံးအထိ ဆွတ်ခူးထားခဲ့သလို၊ အဓိက ဆုဖလား ၄၈ လုံးအထိ ယူထားခဲ့ပြီးပါပြီ။
မင်းအနေနဲ့ နည်းပြဆိုတာနဲ့ ဆာ အဲလက်စ် ဖာဂူဆန် ဒါမှမဟုတ် Bill Shankly တို့အကြောင်း ပြောနိုင်ပါတယ်။ ဒါပေမယ့် ပက်ကမှ ဘောလုံးအားကစားကို ထာဝရ ပြောင်းလဲခဲ့သူ ဖြစ်ပါတယ်*
- Jamie Redknapp -
ဒီနေ့ဟာ လက်ရှိ ဘောလုံးလောကရဲ့ ဩဇာလွှမ်းမိုးမှု အကြီးဆုံး နည်းပြတဦး ဖြစ်တဲ့ ပက် ဂွါဒီယိုလာရဲ့ ၅၃ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။
အောက်ပါ ဆုဖလားတွေကတော့ ပက် ရယူထားတာတွေပါ -
🏆 3x UCL
🏆 3x La Liga
🏆 3x Supercopa
🏆 2x Copa del Rey
🏆 4x UEFA Super Cup
🏆 3x Bundesliga
🏆 2x DFB-Pokal
🏆 4x Club World Cup
🏆 5x Premier League
🏆 4x League Cup
🏆 2x FA Cup
🏆 2x Community Shield
18/01/2024
၄ သင်းအထိ စိတ်ဝင်စားခံနေရတဲ့ Phillips
🎯 စပိန်အသင်းတွေဖြစ်ကြတဲ့ ဘာစီလိုနာ နဲ့ အေတီကို တို့ကလည်း ဖီးလစ်ဖ် ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့အထဲပါလာတယ်။
🎯 အဓိကဖြစ်နိုင်ခြေရှိတဲ့ နှစ်သင်းကတော့ ဝက်ဟမ်း နဲ့ ပဲလေ့အသင်းတို့က ရာသီဝက်အငှားနဲ့ ခေါ်ယူချင်နေကြတာပါ။
🎯 ပဲလေ့မန်နေဂျာ Roy Hodgson က Phillips ကို ခေါ်လို့ရရင်တော့ ခေါ်ချင်ပြီး သူလိုချင်တဲ့ ကစားခွင့် နဲ့ ပွဲကစားချိန်ကို ပေးနိုင်ကြောင်း တနေ့က အင်တာဗျုးမှာ ဖြေထားပါတယ်။
🎯 ကစားသမားကတော့ အင်္ဂလန်အသင်းရဲ့ ယူရို ၂၀၂၄ မှာ အရွေးခံရဖို့ ပွဲထွက်ခွင့် သေချာတဲ့အသင်းကို ပြောင်းချင်နေတယ်လို့ သိရပါတယ်။
🎯 Kalvin Phillips ရဲ့အပြောင်းအရွှေ့ဟာ နောက်တစ်ပတ်အတွင်း ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
18/01/2024
လီဗာပူး ကပ္ပတိန်ဟောင်း ဂျော်ဒန် ဟန်ဒါဆင်ကတော့ နယ်သာလန် ကလပ် အိုင်းယက်စ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။
ဒါကြောင့် သူဟာ ဆော်ဒီလိဂ်ကို စွန့်ခွာပြီး ဥရောပမြေကို ပြန်နင်းလိုက်တဲ့ ဦးဆောင်လမ်းပြသူ ဖြစ်လာခဲ့ပါပြီ။
Click here to claim your Sponsored Listing.