Peach Legal Service

Peach Legal Service

Share

Contact us : 0943081694,095228165

17/06/2026

သန်လျင် မြေ အဝယ် စာချုပ် ချုပ်ဆိုပေးခြင်း

15/06/2026

လှည်းကူး မြေ အဝယ် စာချုပ် ချုပ်ဆိုပေးခြင်း
လှည်းကူးမြို့

Photos from Peach Legal Service 's post 10/06/2026

အများသိစေရန်

Photos from Peach Legal Service 's post 09/06/2026

ဒလ ဂရန်မြေ အရောင်းအဝယ်စာချုပ်

Photos from Peach Legal Service 's post 08/06/2026

@စာတမ်းအမှတ်အသားများကို
သက်သေခံတင်သွင်းရာတွင်လိုက်နာရန်

08/06/2026

ဒဂုံမြို့သစ်မြောက်ပိုင်း ၃၄ ဂရန်မြေ
အရောင်းအဝယ် စာချုပ် ချုပ်ဆိုပေး
မြေပုံ မြေရာဇဝင်ရေးကူးပေးခြင်း

08/06/2026

တိုက်ခန်း အရောင်းအဝယ်စာချုပ် ချုပ်ဆိုပေးခြင်း

07/06/2026

ဒီကရီ နှင့် အမိန့် ခြားနားချက်
=================

( ၁ ) ဒီကရီတွင် ပဏာမဒီကရီ ( သို့မဟုတ် ) အပြီးသတ်ဒီကရီဟု ရှိနိုင်သည်။ အပြီးအပြတ်ဆုံးဖြတ်သော အမိန့် ( သို့မဟုတ် ) အပြီးအပြတ်ဆုံးဖြတ်ခြင်းမဟုတ်သော အမိန့်ဟု ရှိနိုင်သည်။

( ၂ ) ဒီကရီမှာ တရားမကြီးမှုမှ ပေါ်ပေါက်လာရသည်။ အမိန့်မှာ တရားမကြီးမှ သော်လည်းကောင်း၊ အခြား အမှုများမှသော်လည်းကောင်း ပေါ်ပေါက်လာနိုင်သည်။

( ၃ ) ပဏာမဒီကရီနှင့် အပြီးသတ်ဒီကရီချမှတ်ရသည့် တရားမကြီးမှုများမှတစ်ပါး အခြားတရားမကြီးမှုများတွင် ဒီကရီတစ်ခုတည်းသာရှိပေမည်။ အမိန့်မှာ တရားမကြီး တစ်မှုတည်းတွင်ပင် အမိန့်အများအပြား ရှိနိုင်သည်။

( ၄ ) အတိအလင်းသတ်မှတ်ချက်မရှိလျှင် ဒီကရီတိုင်း ပထမအယူခံခွင့်ရှိသည်။ အမိန့်မှာ ပုဒ်မ ၁၀၄ ( ၁ ) နှင့် အမိန့် ၄၃၊ နည်း ၁ တွင် သတ်မှတ်ထားသောအမိန့်များမှတစ်ပါး အခြားအမိန့်များကို အယူခံခွင့် မရှိ။

( ၅ ) ဒီကရီကို မကျေနပ်သောအမှုသည်သည် ဒုတိယအယူခံခွင့်ရှိနိုင်သေးသည်။ အမှုမှာ အယူခံခွင့်ရှိသော အမိန့်ဖြစ်သော်လည်း တစ်ကြိမ်သာ အယူခံခွင့်ရှိသည်။ ဒုတိယအယူခံခွင့်လုံးဝမရှိပေ။

အယူခံခွင့်မရှိသောအမိန့်များ
===============

တရားလိုသည် တရားစွဲဆိုပိုင်ခွင့်ရှိသည်ဟု ချမှတ်သည့်ကြားဖြတ်အမိန့်မှာ အယူခံခွင့်မရှိ။ ဒီကရီ မဟုတ် ဟု ဆုံးဖြတ်ထားသည်။ ( ၁၈၉၂-၉၆၊ အတွဲ၂၊ အထက်မြန်မာ၊ စာ-၅၂၅ )

လူမွဲအဖြစ် တရားစွဲဆိုခွင့်လျှောက်လွှာကို ပယ်ချသည့်အမိန့်( သို့မဟုတ် ) လက်ခံရန်ငြင်းဆိုခြင်းမှာ ဒီကရီ မဟုတ်၍ အယူခံခွင့်မရှိဟု မမြနှင့် မကြီးအမှုတွင် ဆုံးဖြတ်ထားသည်။ ( ၁၉၁၀-၁၃၊ အထက်မြန်မာ၊ စာ-၂၈ )

တရားမကျင့်ထုံးဥပဒေပုဒ်မ ၂၄ အရ ချမှသည့်အမိန့်မှာ ဒီကရီမဟုတ်၍ အယူခံခွင့်မရှိဟု ဆုံးဖြတ်ထား သည်။ ( ၁၈၉၇-၀၁၊ အတွဲ-၂ ၊ အထက်မြန်မာ၊ စာ - ၆၁ )

အမိန့် ၄၁၊ နည်း ၁၇ အရ ပျက်ကွက်သဖြင့် အယူခံကို ပယ်သည့်အမိန့်သည် ဒီကရီမဟုတ်ပေ ။

အယူခံမှုကို ပြန်လက်ခံရန် ငြင်းပယ်သည့်အမိန့် ချမှတ်ပြီးမှ အယူခံနိုင်သည်ဟု ဆုံးဖြတ်ထားသည်။
( ၁၈၉၇-၀၁၊ အတွဲ -၂ ၊ အထက်မြန်မာ၊ စာ-၂၀၆ )

အမိန့် ( ၃၈ ) ၊ နည်း ၅ အရ တရားပြိုင်အား လုံလောက်သောခံဝန် တင်သွင်းရမည်ဟုချမှတ်သည့် အမိန့် သည် စီရင်ချက်မဟုတ် ၊ တရားမကျင့်ထုံးဥပဒေအရ အယူခံဝင်ရောက်ခွင့်ရှိသောအမိန့် လည်းမဟုတ်ဟု ဆုံး ဖြတ်ထားသည်။ ( အတွဲ-၃၊ ရန်ကုန်၊ စာ- ၃၀၇ )

လူမွဲအဖြစ် တရားစွဲဆိုခွင့်ပြုရန် လျှောက်လွှာကို ခွင့်ပြုခြင်းမှာ အမှုသည်တို့အား ထိခိုက်မှုမရှိ။ အစိုးရက ရုံးခွန်တော်မရရှိခြင်းကြောင့် ထိခိုက်သည်။ ယင်းအမိန့်မှာ စီရင်ချက်မဟုတ်သည့်အပြင် အယူခံခွင့်မရှိဟု မသန်းမြင့်ပါ -၂ နှင့် မောင်ဘသိန်းအမှုတွင် ဆုံးဖြတ်ထားသည်။ ( အတွဲ -၄ ၊ ရန်ကုန်၊ စာ-၂၀ )

အမိန့် ၂၁၊ နည်း၅၈ ( ၁ ) အရ ဝရမ်းကပ်သည့်အမိန့်ကို ပြန်ရုပ်သိမ်းပေးရန် လျှောက်ထားသူ၏ လျှောက် ထားချက်ကို ခွင့်မပြုသည့်အမိန့်သည် အမှုသည်တို့၏ ရပိုင်ခွင့်နှင့်တာဝန်ကို ဆုံးဖြတ်ခြင်းမဟုတ်၍ စီရင်ချက် တွင် အကျုံးမဝင်ဟု ဆုံးဖြတ်ထားသည်။ ( အတွဲ- ၅ ၊ ရန်ကုန် ၊ စာ ၃၈၁ )

ပဏာမရုံးကောက်ချက်အရ သက်သာခွင့်တစ်စုံတစ်ရာကိုမျှ ဆုံးဖြတ်ထားခြင်းမရှိလျှင် ပဏာမ ဒီကရီတွင် အကျုံးမဝင်၍ အယူခံခွင့်မရှိဟု ဆုံးဖြတ်ထားသည်။ ( ၁၉၁၇-၂၀ ) ၊ အထက်မြန်မာ၊ စာ-၁ )

ဒီကရီရသူအား လေလံဆွဲဝယ်ခွင့်မပြုသည့်အမိန့်မှာ အယူခံခွင့်မရှိဟု ဆုံးဖြတ်ထားသည်။ ( အတွဲ-၆၊ အောက်မြန်မာ၊ စာ-၂၆ ( ပရီဗွီကောင်စီ) )

အမိန့် ၂၁ ၊ နည်း၆၆ ( ၄ ) အရ ချမှတ်သည့်အမိန့်မှာ အယူခံခွင့်မရှိဟု ဆုံးဖြတ်ထားသည်။ ( အတွဲ -၈၊ အောက်မြန်မာ၊ စာ-၃၅၀ )

ဒီကရီကျငွေကို အရစ်ကျပေးဆပ်ခွင့်ပြုရန် ငြင်းပယ်သည့်အမိန့်မှာ အယူခံခွင့်မရှိဟု ဆုံးဖြတ်ထားသည်။ ( အတွဲ-၇၊ အောက်မြန်မာ၊ စာ -၇၁ )

အမှုကိုဆက်လက်ဆောင်ရွက်ခွင့်ပြုသည်ဟု ငြင်းချက်အရ ချမှတ်သည့် အမိန့်သည် အမှု၏ အရည်အသွေးနှင့် အမှုတစ်ခုလုံးကို အဆုံးအဖြတ်ပေးခြင်းမဟုတ်၍ စီရင်ချက်၌ အကျူံးမဝင်သဖြင့် အယူခံခွင့်မရှိဟု ဆုံးဖြတ် ထားသည်။ ( အတွဲ -၆၊ ရန်ကုန်၊ စာ - ၇၀၃၊ စုံညီ )

အမှုကို စီရင်ပိုင်ခွင့်ရှိသည်ဟု ချမှတ်သည့်အမိန့်သည် အမှုသည်တို့၏ ရပိုင်ခွင့်များကို ဆုံးဖြတ်ခြင်း မဟုတ်၍ စီရင်ချက်မဟုတ်ဟု ဆုံးဖြတ်ထားသည်။ ( အတွဲ၁၁ ၊ ရန်ကုန် ၊ စာ -၁၉ )

တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀ အရ အမှုကိုရင်ဆိုင်စေရန်ချမှတ်သည့် အမိန့်သည် အမှုသည်တို့၏ ရပိုင်ခွင့်ကို ဆုံးဖြတ်ခြင်းလည်းမဟုတ် ၊ အမှုကိုဆုံးခန်းတိုင်ရောက်စေသည်လည်းမဟုတ်၊ စီရင်ချက်၌လည်း အကျူံးမဝင် သဖြင့် အယူခံခွင့်မရှိဟု ဆုံးဖြတ်ထားသည်။ ( အတွဲ -၁၂၊ ရန်ကုန်၊ စာ-၆၈၇ )

ဇာရီမှုကို ဆိုင်းငံ့ပေးသည့်အမိန့် ( သို့မဟုတ် ) ဆိုင်းငံ့ပေးရန် ငြင်းပယ်သည့်အမိန့်မှာ ဒီကရီ မဟုတ်သဖြင့် အယူခံခွင့်ရှိသောအမိန့်မဟုတ်ဟု ဦးစံဝပါ အများနှင့်ဦးချစ်စံပါ -၂ အမှုတွင် ဆုံးဖြတ်ထားသည်။
( အတွဲ-၉၊ စာ-၃၅၄ )

အမှုကိုမစွဲဆိုနိုင်ဟု ပဏာမကန့်ကွက်ချက် တင်သွင်းသည်ကို စစ်ဆေးသောတရားရုံးမှ ကန့်ကွက်ချက်ကို လက်မခံဘဲ အမှုကိုဆက်လက်စစ်ဆေးရန် ချမှတ်ခဲ့သည်အမိန့်မှာ တရားမကျင့်ထုံးဥပဒေပုဒ်မ ( ၂ ) အရ ဒီကရီ၏ သဘော မသက်ရောက်သည့်အပြင် ယင်းအမိန့်သည် အမှုသည်များ၏ ရပိုင်ခွင့်များကို အပြီးသတ် ဆုံးဖြတ်ခြင်းလည်း မဟုတ်၍ အယူခံခွင့်မရှိဟု ဆုံးဖြတ်ထားသည်။ ( ၁၉၃၈ ၊ ရန်ကုန်၊ စာ-၅၈၀ )

ဇာရီမှုတွင် အမှုသည်များ တင်နိုင်ခွင့်မရှိသောအကြောင်းအရာ ( သို့မဟုတ် ) အငြင်းထွက် အခြင်းအရာ တို့ကို တင်ပြကန့်ကွက်ခြင်းကြောင့် ဇာရီရုံးက ပလပ်သည့်အမိန့်သည် ပုဒ်မ ၂ ( ၂ ) ဒီကရီ နှင့် ပုဒ်မ ၄၇ တွင်လည်း အကျူံးမဝင်ဟု မောင်သွင်ပါ ၂ နှင့် ဦးတိတ်ဟုတ်ပါ -၂ အမှုတွင် ဆုံးဖြတ်ထားသည်။ ( ၁၉၆၀ ၊ လွှတ်တော် ၊ စာ -၃၃၇ )

တရားမကျင့်ထုံးအမိန့် ၂၁၊ နည်း၉၂ အရ ချမှတ်သောအမိန့်သည် တရားမကျင့်ထုံးအမိန့် ၄၃၊ နည်း ၁ ( ၃ ) အရ အယူခံဝင်နိုင်သောအမိန့်ဖြစ်သည်။ ထိုကဲ့သို့ အယူခံဝင်နိုင်သောအမိန့် ဖြစ်လျှင် တရားမကျင့်ထုံး ပုဒ်မ ၁၀၄ ( ၂ ) အရ ဒုတိယအယူခံပိုင်ခွင့်မရှိတော့ပေဟု ဦးသက်ပြင်းနှင့် ဒေါ်တုတ်တုတ် အမှု တွင်ဆုံးဖြတ်ထားသည်။ ( ၁၉၇၁၊ ရုံးချုပ်၊ စာ-၂၆ )

အောက်ဖော်ပြပါ အမိန့်များသည် အယူခံခွင့်မရှိဟု ပြဆိုထားပါသည်-

( က ) ပုဒ်မ ၁၄၈ အရ အချိန်တိုးပေးသည့်အမိန့်၊

( ခ ) အမိန့် ၉ ၊ နည်း ၁၃ အရ တစ်ဘက်သတ်ဒီကရီကို ပယ်ဖျက်ပေးရန် လျှောက်လွှာကို ခွင့်ပြုသည့်အမိန့်၊

( ဃ ) အမိန့် ၁၄ ၊ နည်း၉ အရ ကောက်နုတ်ချက်ထုတ်ပေးရန် ငြင်းပယ်သည့်အမိန့်၊

( င ) အမိန့် ၂၁၊ နည်း ၄၀ အရ တရားရုံးကို ဖမ်းဆီးပေးရန် ငြင်းဆိုသည့်အမိန့်၊

( စ ) အမိန့် ၂၁၊ နည်း ၆၆ အရ ရောင်းချရန်ကြော်ငြာပါ စည်းကမ်းချက်များ သတ်မှတ်ပေးသည့်အမိန့်

အမိန့် ၉ ၊ နည်း ၈ အရ အမှုပလပ်ခဲ့ရာ အမိန့် ၉ ၊ နည်း၉ အရ ပြန်ဖွင့်ပေးရန် မြို့နယ်တရားရုံး ၌ လျှောက်ထားရာ ပလပ်ပြန်သည်။ တိုင်းတရားသို့ အမိန့် ၄၃ ၊ နည်း၁( ၈ ) အရ အယူခံဝင်ခဲ့သည်။ ထိုအယူခံ တွင် တိုင်း တရားရုံးကချမှတ်ခဲ့သည့်အမိန့်ကို ဗဟိုတရားရုံးတွင် ဆက်လက်အယူခံဝင်ခွင့်မရှိကြောင်း တရားမ ကျင့်ထုံးဥပဒေပုဒ်မ ၁၀၄ ( ၂ ) တွင် တားမြစ်ထားသည်။

အဆိုလွှာကို စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးသို့ တင်ရန်အလို့ငှာ၊ တရားလိုသို့ပြန်ပေးရန် တရားမကျင့် ထုံး ဥပဒေအမိန့် ၇ ၊ နည်း၁၀ အရ မြို့နယ်တရားရုံးက ဆုံးဖြတ်ခဲ့သည့်အမိန့်ကို မကျေနပ်သူသည် တရားမ ကျင့်ထုံးပုဒ်မ ၁၀၄ ( ၁ ( ည) ၊ အမိန့် ၄၃၊ နည်း၁ ( က ) အရ အယူခံခွင့်ရှိသည်မှန်သော်လည်း ထိုအယူခံရုံးမှ ချမှတ်သော အမိန့်အပေါ် ထပ်မံ အယူခံခွင့်မရှိကြောင်း တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၄ ( ၂ ) တွင် ပြဋ္ဌာန်းထားသည်။

[ဦးဗကြိုင် ( ဘီအေ၊ ဘီအယ်လ် ) တရားမအယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် အမှုရပ်စဲခြင်း( ဒုတိယအကြိမ် ) ( ၂၀၁၃ - ခုနှစ်ထိ ပြင်ဆင်ဖြည့်စွက်ခြင်း ) စာ ၉၀] ။

04/06/2026

#ကာလစည်းကမ်းသတ်ဥပဒေနှင့်အမှုသစ်စွဲဆိုခွင့်

ရာဇဝတ်မှု မူလမှုခင်းများ စွဲဆိုရန် ကာလစည်းကမ်းသတ်ဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်မရှိသော်လည်း တရားမ မူလမှုခင်းများ စွဲဆိုကြရာတွင် စည်းကမ်းသတ်ကာလ သတ်မှတ်ချက်များကို အလေးဂရုပြု ကြရပါသည်။

ကာလစည်းကမ်းသတ် ဥပဒေပုဒ်မ ၃ တွင် ပုဒ်မ၄ မှ ပုဒ်မ ၂၅ အထိပါရှိသော ပုဒ်မများပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပထမဇယားတွင် ပြဋ္ဌာန်းထားသော စည်းကမ်းသတ်ကာလ ကုန်ဆုံးပြီးမှ စွဲဆိုသည့်တရားမကြီးမှု၊ တင်သွင်းသည့်အယူခံမှုနှင့် လျှောက်ထားမှုတို့ကို ကာလစည်းကမ်းသတ်ကို အကြောင်းပြု၍ ချေပခြင်းပင် မပြုသော်လည်း ပလပ်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။

ကာလစည်းကမ်းသတ်ဥပဒေကို ၁၉၀၉ ခုနှစ်ဇန်နဝါရီ ၁ ရက်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ပုဒ်မပေါင်း ၂၉ခု၊ ကဏ္ဍ သုံးခုဖြင့် စည်းကမ်းသတ်ကာလများကို သတ်မှတ်ပေးထား၏။ တရားမမှုခင်း စွဲဆိုလိုသူများအနေဖြင့်အိပ်ပျော် နေ၍ မရပါ။

အမှုအပ်နှံခံရသော ရှေ့နေများသည် မိမိစွဲဆိုပေးရမည့်အမှု စည်းကမ်းသတ်ကာလအတွင်း ရှိ၊ မရှိ ဦးစွာ စိစစ်ခြင်းပြုရပါသည်။ နှောင်းမှသိလျှင် နောင်တရရန်သာရှိပါသည်။ပထမကဏ္ဍတွင် အပိုင်း (၁၀) ပိုင်း ထပ်မံခွဲထား၏။

ပထမကဏ္ဍသည် တရားမကြီးမှုများနှင့် သက်ဆိုင်ပါသည်။ ကန့်သတ်သည့်ကာလအလိုက် အပိုင်းများခွဲထား၏။ ရက်ပေါင်း (၃၀) မှ နှစ် ပေါင်း (၆၀) အထိ တရားမကြီးမှုအမျိုးအစားအလိုက် သတ်မှတ်ပေးထားခြင်းဖြစ်ပါ သည်။

ဇယားတိုင် သုံးခုခွဲ၍ တရားမကြီးမှု၊ ကန့်သတ်သည့်ကာလ၊ အစပြုရေတွက်ရမည့်အခါကာလ ဟူ၍ပြဋ္ဌာန်း ထားပါသည်။ ထိုပထမကဏ္ဍ၌ ဇယားအပိုဒ်စဉ်ပေါင်း (၁)မှ (၁၄၉) အထိ ပါဝင်ပါသည်။ဒုတိယကဏ္ဍတွင် အပိုဒ်စဉ် (၁၅၀) မှ (၁၅၇)အထိပါဝင်၏။

အယူခံမှုများနှင့် ပတ်သက်၍ စည်းကမ်းသတ်ကာလများကို ပြဋ္ဌာန်းထားခြင်းဖြစ်ပါသည်။ ပမာအားဖြင့် သေဒဏ်စီရင်ချက်ကို ပြစ်ဒဏ်ချမှတ်သည့်နေ့ရက်မှ ခုနစ်ရက်အတွင်း အယူခံရမည်ဖြစ်ပါသည်။တရားသေလွှတ်သည့် အမိန့်အား အယူခံဝင်မည့်အမိန့်ကို ချမှတ်သည့် နေ့ရက်ကစ၍ ခြောက်လအတွင်း အယူခံဝင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားပါသည်။

အခြားအယူခံဝင်ရမည့် အမှုများကိုလည်း စည်းကမ်းသတ်ကာလများကိုဇယားတိုင်နှင့် ဖော်ပြပေးထားပါသည်။တတိယကဏ္ဍတွင် အပိုဒ်စဉ် (၁၅၈) မှ (၁၈၃)အထိ ပါဝင်ပါသည်။ ထိုကဏ္ဍသည် လျှောက်ထားမှုများအတွက် ပြဋ္ဌာန်းထားခြင်းဆိုနိုင်ပါသည်။

တရားမကြီးမှုအမျိုးအမည် ၊ ကန့်သတ်သည့်ကာလနှင့် အစပြုရေတွက်ရမည့် အချိန်တို့ကို ဇယားတိုင် များနှင့် တကွ ဖော်ပြထား၏။ မိမိတို့၏ လျှောက်ထားရမည့် အမှုအမျိုးအစားအလိုက် အလွယ်သိနိုင်ပါသည်။ ပမာ အားဖြင့် တရားလိုတရားပြိုင် တစ်ဦးတစ်ယောက် သေဆုံးခဲ့လျှင် ရက်ပေါင်းကိုးဆယ်အတွင်း တရားမကျင့်ထုံး ဥပဒေပြဋ္ဌာန်းချက်အတိုင်း လျှောက်ထားကြရပါသည်။

ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ ၄ တွင် ရုံးပိတ်ရက်အတွင်း သတ်မှတ်ထားသော စည်းကမ်းသတ်ကာလ အပိုင်းအခြား ကုန်ဆုံးသည့်ကိစ္စ၌ တရားမကြီးမှုသို့တည်းမဟုတ် အယူခံမှုကို သို့တည်းမဟုတ် လျှောက်ထားမှုကို ရုံးပြန်ဖွင့်သည့်နေ့တွင် စွဲဆိုတင်သွင်းနိုင်သည် ဟု ပြဋ္ဌာန်းပါသည်။

ကာလစည်းကမ်းသတ်ဥပဒေအရ စည်းကမ်းသတ်ကာလ စတင်သည်နှင့်အဆက်မပြတ် ရေတွက်ခြင်း ပြုရ ပါသည်။

ပုဒ်မ ၉ တွင် စည်းကမ်းသတ်ကာလကိုစတင်ရေတွက်ရမည့်အချိန် ကျရောက်ပြီးနောက်မှတရားစွဲဆိုရန် မစွမ်းဆောင်နိုင်ခြင်းသော်လည်းကောင်း၊တရားစွဲဆိုရန် မဖြစ်နိုင်ခြင်းသော်လည်းကောင်း၊ ဖြစ်ပေါ်လာသည်ကို အကြောင်းပြု၍ စည်းကမ်းသတ်ကာလရေတွက်ခြင်းကို မရပ်စဲစေရဟု ပြဋ္ဌာန်းထားပါသည်။

တစ်ကြိမ်ရေတွက်ခွင့်ရလျှင် ရပ်ဆိုင်းထားခွင့်မရှိသည့်သဘော ဖြစ်ပါသည်။မောင်၀တွေ့ရှိခဲ့သော စီရင်ထုံးများ အနက် စိတ်ဝင်စားဖွယ်မှုခင်းတစ်ခုဖြင့် တင်ပြပေးချင်ပါသည်။ အမှုမှာ အခွင့်အမိန့်အရ နေထိုင်သူအား ဖယ်ရှားပေးစေလိုမှုဖြစ်ပါသည်။

တရားလိုမှာ ဒေါ် ခင်ဝေနှင့် ဒေါ်တင်ဆိုင်တို့ဖြစ်ပြီး တရားပြိုင်မှာ ဦးမောင်လွင်နှင့် ဒေါ်မကောက်တို့ ဖြစ်ကြပါသည်။မွန်ပြည်နယ် တရားရုံးတွင် ဒေါ်ခင်ဝေတို့ကဦးမောင်လွင်တို့အပေါ် ဥပစာမှ ဖယ်ရှားရန် စွဲဆို၏။စစ်ဆေးရန်အဆင့်တွင် (၂) တရားလို စိတ်ရောဂါဖြစ်လာ၍ တရားမကျင့်ထုံးဥပဒေ အမိန့် ၂၃၊ နည်းဥပဒေ၁ အရ အမှုသစ်စွဲဆိုခွင့်နှင့် ရုပ်သိမ်းခဲ့၏။

၁၉၉၂ ခုနှစ်ရောက်သောအခါ ဒေါ်ခင်ဝေတို့ကအခွင့်ရကိုယ်စားလှယ် ဦးအောင်ဝင်းမှတစ်ဆင့် ဦးမောင်လွင် တို့အပေါ် ထပ်မံတရားစွဲဆိုပါသည်။ ဦးမောင်လွင်တို့က ချေလွှာတွင် အခြားအချက်များအပြင် ကာလစည်းကမ်းသတ်ကျော်လွန်နေကြောင်း အဓိကထား ချေပ၏။

မွန်ပြည်နယ် တရားရုံးတော်က ဒေါ်ခင်ဝေတို့စွဲဆိုသောအမှုကို အနိုင်ဒီကရီ ချမှတ်ပေးခဲ့ပါသည်။ ဦးမောင်လွင် တို့က မွန်ပြည်နယ်တရားရုံး၏ စီရင်ချက်နှင့်ဒီကရီကိုနိုင်ငံတော်တရားရုံးသို့ တရားမ ပထမအယူခံမှု တင်သွင်းကြပါသည်။

ဦးမောင်လွင်တို့ဘက်မှ ဒေါ်ခင်ဝေတို့သည် ယခင်တရားမကြီးမှုအမှတ် ၆၃/၈၇ ကို အမှုသစ်စွဲဆိုခွင့်နှင့်ရုပ် သိမ်းပြီး ယခုအမှုကို ထပ်မံစွဲဆို၏။ မူလရုံးက ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းမရှိဟု ဆုံးဖြတ်ခဲ့၏။ဥပဒေနှင့် ညီညွတ်ခြင်းမရှိသော ဆုံးဖြတ်ချက် ဖြစ်နေကြောင်း အဓိထား လျှောက်လဲခဲ့ပါသည်။

ဒေါ်ခင်ဝေတို့ဘက်ကလည်း တရားမကြီးမှုအမှတ်၆၃/၈၇ ရုပ်သိမ်းခွင့်ပြုစဉ်ကပင် အယူခံ တရားပြိုင်(၂)စိတ်ဝေဒနာဖြစ်လာခြင်းကြောင့် ၎င်းဝေဒနာပျောက်ကအမှုသစ်စွဲဆိုခွင့်ပြုသည်ဟု အမိန့်ချသည်ဖြစ်၍ မူလရုံး၏ အမိန့်မှန်ပါသည်။

အယူခံတရားပြိုင်များသည် အချင်းဖြစ် ဥပစာကိုပေးကမ်းခြင်းစာချုပ်အရ ပိုင်ဆိုင်ပြီးနောက် အယူခံ တရားလို တို့အား ဆက်လက်နေထိုင်ခွင့်ပြုခဲ့ကြောင်းပေါ်ပေါက်နေသဖြင့် အနိုင်ဒီကရီချမှတ်ပေးခြင်းသည်မှားယွင်းမှုမရှိပါဟု တင်ပြ၏။

နိုင်ငံတော် တရားရုံးချုပ်က မူလရုံးအနေဖြင့်တရားမကြီးမှုအမှတ် ၆၃/၈၇ ရုပ်သိမ်းစဉ်က တရားလို
စိတ်ဝေဒနာပျောက်ကင်း၍ အမှုစွဲဆိုနိုင်သောအခြေအနေ ပြန်လည်ရရှိပါက တရားစွဲဆိုခွင့်ပြုမည်ဆိုသောစည်းကမ်းချက်ဖြင့် ရုပ်သိမ်းခွင့်ပြုသည်ဟု အမိန့်ချမှတ်ထားစေကာမူ ထိုအမိန့်သည် ဥပဒေပြဋ္ဌာန်းချက်ကိုလွှမ်းမိုးခွင့်ရှိမည်မဟုတ်သဖြင့် ထိုအမိန့်သည် ချမှတ်စဉ်ကပင် ပျက်ပြယ် လျက်ရှိသည်ဟု ထောက်ပြခဲ့ပါသည်။

ထို့ပြင် တရားရုံးချုပ်က အမှုရုပ်သိမ်းစဉ်က စိတ်ဝေဒနာစွဲကပ်သူမှာ တရားလို ဒေါ်တင် ဆိုင် တစ်ဦးတည်းဖြစ်၍ တရားလို ဒေါ်ခင်ဝေနှင့် အကျုံးဝင်ရန်လည်း မဖြစ်နိုင်ဟု ရှုမြင်ပါသည်။

၁၉၈၅ ခုနှစ်ကတည်းက တရားစွဲရန်အကြောင်းပေါက်သည့်ကိစ္စကို ၁၉၉၂ ခုနှစ်တွင်မှအမှုသစ်ထပ်မံ စွဲဆို ခြင်းသည် စည်းကမ်းသတ်ကာလများစွာကျော်လွန်နေ၏။ ပုဒ်မ ၉ အရ စည်းကမ်းသတ် ကာလ ကိုစတင်ရေတွက်ရမည့်အချိန်မှစ၍ မရပ်မစဲဆက်၍ သွားသည်ကို တွေ့မြင်ရပါသည်။

တရားရုံးချုပ်က ဦးမောင်လွင်တို့၏ အယူခံမှုကိုခွင့်ပြုပေးခဲ့ပါသည်။မွန်ပြည်နယ်တရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်ပြီး ဒေါ်ခင်ဝေတို့ စွဲဆိုသော အမှုကို တရားရုံးအဆင့်ဆင့်စရိတ်နှင့်တကွ ပလပ်ခဲ့ပါသည်။

တရားမမှုခင်းတိုင်းအတွက် စည်းကမ်းသတ်ကာလ စတင်ရေတွက်ရမည့် အချိန်ရှိပါသည်။ ကာလစည်းကမ်း သတ်ဥပဒေတွင် ဇယားတိုင်နှင့် စွဲဆိုသည့်အမှုအမျိုးအစားလိုက် ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါသည်။ ပြဋ္ဌာန်းဥပဒေအထက်၌ ဘာမျှမရှိနိုင်သည်ကို ဤစီရင်ထုံး၌တွေ့ခဲ့ရ၏။

ကိုးကား-
-ဦးမောင်လွင် ပါ -၂ နှင့် ဒေါ်ခင်ဝေ ပါ -၂
(၁၉၉၈၊ မ တ စ၊၂၂၁)။

ရေး-ရှေ့နေမောင်ဝ

01/06/2026

၃၁.၅.၂၀၂၆
အလုံမြို့နယ် တိုက်ခန်း အပြီးသတ် ငွေချေ
စာချုပ် ချုပ်ဆိုပေးခြင်း

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Website

Address

Aye Yeik Thar 2 Street, New University Avenue Road
Yangon
11201