BEST Life Insurance Myanmar
BEST Life Insurance Plans and Health Insurance Plans in Myanmar
30/05/2026
Insurance = Love ❤️
လူတစ်ယောက်က မိသားစုကို တကယ်ချစ်တယ်ဆိုရင် ချစ်ခြင်းကို စကားနဲ့တင် မပြပါဘူး။ လုပ်ဆောင်ချက်နဲ့ ပြသကြပါတယ်။ မိသားစုအတွက် ပိုကောင်းတဲ့ဘဝတစ်ခုတည်ဆောက်ပေးဖို့ ကြိုးစားကြတာက ချစ်ခြင်းရဲ့အကြီးဆုံးသက်သေပါပဲ။
ယနေ့အတွက် ချစ်ခြင်းကိုတော့ လူတိုင်းနီးပါး ပြသနေကြပါတယ် 👇
• 🏠 အိမ်တစ်လုံး ဝယ်ပေးတယ်
• 🍚 စားဝတ်နေရေးကို တာဝန်ယူပေးတယ်
• 🎓 ကလေးပညာရေးကို ထောက်ပံ့ပေးတယ်
ဒီအရာတွေဟာ ယနေ့အတွက် ချစ်ခြင်း 💛 ဖြစ်ပါတယ်။
ဒါပေမယ့်… ဘဝက မမျှော်လင့်ထားတဲ့အရာတွေ အချိန်မရွေး ဖြစ်လာနိုင်ပါတယ်။
အဲဒီအချိန်မှာ မိသားစုအတွက် မေးခွန်းတစ်ခု ကျန်နေပါတယ် —
“မနက်ဖြန်မှာ မင်းမရှိတော့ရင် ဘယ်သူက ဆက်ပြီး ကာကွယ်ပေးမလဲ?”
ဒီမေးခွန်းရဲ့အဖြေကတော့ Insurance ဖြစ်ပါတယ်။
Insurance ဆိုတာက မင်းမရှိတော့တဲ့နေ့တောင် မိသားစုကို ဆက်လက်ကာကွယ်ပေးမယ့် စနစ်တစ်ခုပါ။ ဒါကြောင့် Insurance ဆိုတာ မဖြစ်သေးတဲ့အရာအတွက် ကြိုတင်ပြင်ဆင်ခြင်းသာမက…
👉 မနက်ဖြန်အတွက် ချစ်ခြင်း ❤️ ဖြစ်ပါတယ်။
Dr. Tin Htet Khine
Financial Services Associate Director
AIA Life Insurance Company
[email protected]
09952227374
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်ကို ကြိုဆိုသောအားဖြင့် သင်္ကြန်အမှတ်တရလက်ဆောင်များကို သင်္ကြန်အခါတွင်သာမက နေ့စဉ်ဘဝတွင်လည်းတင့်တယ်လှပစွာ အသုံးပြုနိုင်ရန် ခေတ်မီ စိတ်ကူးစိတ်သန်းများ၊ လေးနက်သောအဓိပ္ပါယ်များနဲ့အတူ AIA Myanmar က အခုလို ဖန်တီးပုံဖော်ထားပါတယ်။
ချောက်မြို့၊ မြင်းမူမြို့၊ မန္တလေးမြို့နဲ့ ရန်ကုန်မြို့ရှိ လက်မှုအနုပညာရှင်ပေါင်း ၁၃၆ ဦးတို့မှ ဖန်တီး၊ ပုံဖော်ထားတဲ့ လက်မှုပစ္စည်းများဟာ လက်ခံရရှိသူများအတွက် မြင့်မားတဲ့တန်ဖိုးများကို ပေးစွမ်းနိုင်ရုံသာမက လက်မှုပညာရှင်များအတွက် အလုပ်အကိုင်အခွင့်အလမ်း၊ ဝင်ငွေရရှိမှုနဲ့အတူ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနိုင်ခဲ့ပါတယ်။
#ပရီမီယံပိုးခြုံပုဝါ
သင်္ကြန်ရဲ့ လေးနက်တဲ့အဓိပ္ပါယ်ကို အကောင်းဆုံး ဖော်ကြူးပေးနိုင်တဲ့ “မန္တလေးမြို့” ရဲ့အငွေ့အသက်ကို နောက်ခံထားပြီး ပရီမီယံပိုးခြုံပုဝါကို အနုပညာတစ်ခုအဖြစ် လှပတင့်တယ်စွာ ဝတ်ဆင်နိုင်ရုံသာမက မတူညီတဲ့ ဒီဇိုင်း ၅ မျိုးကို Blind Box အသွင် ဖန်တီးထားတဲ့အတွက် စိတ်လှုပ်ရှားမှုကိုပါ ထပ်ဆောင်းပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
#ဂျုံရိုးဦးထုပ်
မြန်မာ့ရိုးရာနဲ့ ခေတ်မီဒီဇိုင်းတို့ ပေါင်းစပ်၊ ချုပ်လုပ်ထားတဲ့ ဂျုံရိုးဦးထုပ်ဟာ ဆန်းသစ်တဲ့ အသုံးအဆောင်တစ်ခုအနေနဲ့ သင်္ကြန်တွင်း အသုံးပြုနိုင်ရုံသာမက အားကစားပြုလုပ်ရာတွင်လည်း အသုံးဝင်အောင် ဖန်တီးထားတဲ့ လက်မှုအနုပညာတစ်ခုပဲ ဖြစ်ပါတယ်။
#နွေဦးယပ်တောင်
နွေရဲ့ အပူဒဏ်ကို အေးမြမှုနဲ့အတူ လှပစွာအံတုနိုင်ဖို့ တောင့်တင်းတဲ့ နွေဦးယပ်တောင်ကိုလည်း ဖန်တီးပြုလုပ်ထားပါတယ်။ ရိုးရာယဉ်ကျေးမှုနဲ့ ခေတ်သစ်လူနေမှုပုံစံကို အကောင်းဆုံးပေါင်းစပ်ထားတာကြောင့် နေ့စဉ်ဘဝမှာ အသုံးဝင်တဲ့ လက်မှုအနုပညာတစ်ခုအဖြစ်သာမက မည်သည့်ခေတ်တွင်မဆို မရိုးနိုင်သည့် ဖက်ရှင်အသုံးအဆောင်တစ်ခုဖြစ်ပါတယ်။
#ထုပ်ပိုးမှုပုံစံ
ပြည်တွင်းလက်မှုပညာရှင်များရဲ့ အနုပညာဖန်တီးမှုဖြစ်တဲ့ စက္ကူသေတ္တာဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်် အလေးပေးပြုလုပ်ထားတာကြောင့် တစ်ကြိမ်တစ်ခါ အသုံးပြုရုံအတွက်သာမဟုတ်ဘဲ နှစ်ကာလကြာမြင့်သည်အထိ ကောင်းမွန်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ထုပ်ပိုးမှုတစ်ခုထက်ကျော်လွန်ပြီး လက်ခံရရှိသူအဖို့ အမှတ်တရ သိမ်းဆည်းချင်စဖွယ် တင့်တယ်လှပနေပါတယ်။
AIA Myanmar ရဲ့ သင်္ကြန်အမှတ်တရလက်ဆောင်များဟာ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝများ ပိုင်ဆိုင်နိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ မြင့်မားတဲ့တန်ဖိုးများကိုလည်း ဖော်ဆောင်ပေးလျက်ရှိပါတယ်။
08/01/2026
AIA Connect Conference 2026
HR Powers Tomorrow
2019 November ...က စပြီး
COVID အချိန်ကာလ နဲ့
နိုင်ငံ့ အရေး ကာလ
ဆိုးဝါးပြင်းထန် တဲ့ ဘဝရဲ့ အနိမ့် အမြင့် တွေ
ဘယ်လိုပဲ ကြုံလာ ကြုံ လာ
AIA Myanmar နဲ့ အတူ လက်တွဲ လုပ်ကိုင်ရင်း
ချစ်ရသူတွေကို အာမခံ အကာအကွယ်ပေးနိုင်ဖို့
ကိုယ်စွမ်းသလောက် ကြိုးစားခဲ့တာ
ခုဆို 6 နှစ်တာ ကာလ ရှိခဲ့ပါပြီ။
ကိုယ် တကယ် သဘောကျခဲ့ရတဲ့ အလုပ်ကို
နောက်ထပ် ဘယ်လို လောကဓံ တွေ ကြုံလာကြုံလာ
အကောင်းဆုံး ရှေ့ဆက် လုပ်ဆောင်သွားဖို့ပဲ
ဆန္ဒ ရှိပါတယ်။
🥰🥰🥰
Dr Tin Htet Khine
Financial Services Manager
[email protected]
AIA Myanmar
09952227374
AIA Myanmar ၏ Member များအတွက် AIA+ အက်ပလီကေးရှင်းတွင် MPU ကတ်ရှိရုံဖြင့် ပေါ်လစီကြေး အလွယ်တကူ ပေးဆောင်နိုင်သည့် လုပ်ဆောင်ချက်တစ်ခုကို အဆင့်မြှင့်တင်ထားပါတယ်။အဆိုပါ လုပ်ဆောင်ချက်အသစ်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်မှစတင်ကာ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။
လုပ်ဆောင်မှုပေါင်းများစွာကို တစ်နေရာထဲလုပ်ဆောင်နိုင်သည့် AIA+ အက်ပလီကေးရှင်းတွင် Member များ အဆင်ပြေစေမည့် -
✅ ပေါ်လစီဆိုင်ရာ အသေးစိတ် အချက်အလက်များကို သိရှိနိုင်ခြင်း
✅ Member အကျိုးခံစားခွင့်များကို ကြည့်ရှုနိုင်ခြင်း
✅ အခြား အာမခံအကာအကွယ် အမျိုးအစားများအကြောင်း လေ့လာနိုင်ခြင်း
✅ အာမခံလျော်ကြေးများကို လွယ်ကူမြန်ဆန်စွာ တောင်းဆိုနိုင်ခြင်း
✅ တောင်းဆိုမှုဆိုင်ရာ အခြေအနေများကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်ခြင်း အစရှိသည့် လုပ်ဆောင်ချက်များ ပါဝင်ပါတယ်။
ငွေပေးချေမှုအသစ် - MPU ကတ်နှင့် ပရီမီယံကြေးပေးဆောင်ခြင်း
AIA+ အက်ပလီကေးရှင်း၏ ပရီမီယံကြေးဆိုင်ရာ အသိပေးချက်မှတစ်ဆင့် ပေးသွင်းရန်လိုအပ်သည့် ပရီမီယံကြေးကို MPU ကတ်များဖြင့် တိုက်ရိုက် ပေးဆောင်နိုင်ပြီး ငွေပေးချေမှုမှတ်တမ်း အသေးစိတ်ကြည့်ရှုနိုင်ပါ လိမ့်မယ်။
(မှတ်ချက် - အသုံးပြုမည့် MPU ကတ်များသည် MPU E-commerce Service အသုံးပြုခွင့် ရရှိပြီးဖြစ်ရမည်။)
AIA+ အက်ပလီကေးရှင်း အသုံးပြုခြင်းမရှိသေးသည့် Member များကိုလည်း စတင်အသုံးပြုပြီး ဝန်ဆောင်မှုများရယူကြရန် လဲ တိုက်တွန်းပါရစေရှင်။
AIA+ အက်ပလီကေးရှင်းကို ဒေါင်းလုဒ်ပြုလုပ်ရန်
Android: https://rb.gy/5jz86c
iOS: https://rb.gy/9toleq
AIA + application တွင် MPU card အသုံးပြုကာ ငွေပေးချေမှုနှင့်ပတ်သက်ပြီး အကူအညီ လိုအပ်ပါက ပံ့ပိုးကူညီပေးနိုင်ရန် အတွက် သရုပ်ပြ video နှင့် user manual ကို လဲ ပေးပို့ပေးမည် ဖြစ်ပါသည်။
11/07/2025
မြန်မာနိုင်ငံမှာ AIA Healthiest Schools အစီအစဉ်ကို ဂုဏ်ယူဝမ်းမြောက်စွာ စတင်မိတ်ဆက်လိုက်ပါပြီ။
ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေ ပိုင်ဆိုင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ AIA တည်ရှိရာ အာရှနိုင်ငံများနဲ့ ဩစတြေးလျနိုင်ငံမှာပါ AIA Healthiest Schools အစီအစဥ်ကို အကောင်အထည်ဖော်လျက်ရှိပြီး အခုဆိုရင် မြန်မာနိုင်ငံမှာပါ စတင်တော့မှာ ဖြစ်ပါတယ်။
ဒီအစီအစဥ်ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်မှုပုံစံ၊ တက်ကြွတဲ့ နေ့စဉ်ဘဝနေထိုင်မှု၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုတွေကို ကျောင်းနေအရွယ်ကလေးများ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ပါဝင်စားစွာ လုပ်ဆောင်နိုင်ဖို့ ဖန်တီးထားပါတယ်။
စာသင်ခန်းအတွင်းမှာသာမက နေ့စဥ်ဘဝမှာ ပြန်လည်အသုံးချနိုင်မဲ့ အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာစေရေးနဲ့ လူမှုအသိုင်းအဝိုင်းများကိုပါ ပြန်လည်မျှဝေပေးနိုင်ရေးအတွက်လည်း ရည်ရွယ်ပါတယ်။
အနာဂတ်မျိုးဆက်သစ်တွေအတွက် ကျန်းမာပြီး ပိုမိုလှပတဲ့အနာဂတ်များ ပိုင်ဆိုင်နိုင်စေဖို့ မြန်မာနိုင်ငံရှိ ကျောင်းများနဲ့ ချိတ်ဆက်၊ အကောင်အထည်ဖော်သွားမဲ့ AIA Healthiest Schools အစီအစဉ်ကို စောင့်ကြည့်ပေးပါဦးနော်။
AIA Healthiest Schools is now in Myanmar!
As part of our commitment to helping people live Healthier, Longer, Better Lives, AIA has launched the AIA Healthiest Schools Programme across Asia, Australia — and now Myanmar.
This inspiring programme offers fun and educational tools to help schools promote Healthy eating, Active lifestyles, Mental wellbeing, Health and sustainability among young generations.
The impact reaches beyond the classroom — students are encouraged to apply these healthy habits in daily life and share them within their communities.
Stay tuned as we begin this exciting journey with schools across Myanmar!
28/06/2025
တွေးမိကြလား ?
"ကိုယ်မရှိတော့ရင် မိသားစု ဘယ်လိုရှေ့ဆက်မလဲ"
ပြင်ဆင်ထားပေးပြီလား ?
"ကိုယ်မရှိတော့ရင် မိသားစု ဘယ်လိုရှေ့ဆက်မလဲ"
မိသားစုကို တာဝန်ယူထားရတဲ့သူတွေအတွက် ဈေးအသက်သာဆုံး၊ အကောင်းဆုံး အစီအမံလေး လုပ်ထားလို့ရတာ ပြောပြပါ့မယ်။
တစ်နှစ်ကို Premium ကြေး ၅ သိန်းလောက်နှစ်စဉ်သွင်းရုံနဲ့ ကိုယ်အကြောင်းကြောင်းကြောင့် မိသားစုကို ခွဲခွာရတဲ့အခါ သူတို့အတွက် သိန်း ၁၀၀၀ သေချာပေါက်ရအောင် စီမံထားနိုင်တာမျိုး ရှိပါတယ်။
ဘယ်လောက်တောင် cover ပေးလဲဆိုရင် စစ်မှုထမ်းဥပဒေအရ အမှုထမ်းကာလအတွင်း သေဆုံးရင်တောင် လျော်ကြေးအကျုံးဝင်ပါတယ်။
ကမ္ဘာပေါ်မှာ အကြီးမားဆုံး အသက်အာမခံ company ဖြစ်တဲ့ AIA Life Insurance Company မှာ ဒီလိုအာမခံ အမျိုးအစား ရနေပါပြီ။
အသေးစိတ်သိလိုလျှင် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Dr. Tin Htet Khine
Financial Services Manager
AIA Myanmar Life Insurance Company
[email protected]
09952227374
19/05/2025
COVID ပြန်ဖြစ်လာကြပါပြီနော်။
တတ်နိုင်သလောက် သတိထားသွားလာပြီး အပြင်ထွက်တိုင်း mask တပ်ပါ။
အပြင်က ပြန်လာတိုင်းသေချာ ဆေးကြောသန့်စင်ပါ။
အိပ်ရေးဝအောင်အိပ်ပါ။
ကျန်းမာရေး အာမခံ ဆောင်ထားကြပါရှင့် ။
😍😍😍
09952227374
Dr Tin Htet Khine
Financial Services Manager
[email protected]
AIA Myanmar
MDRT(2021, 2022, 2023, 2024, 2025)
Premier Manager
28/03/2025
လတ်တလောဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ ပြည်သူများ အိုးအိမ်ပျက်စီးဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းတို့ တွေ့ကြုံနေရပါသောကြောင့် AIA Myanmar အနေနှင့် လိုအပ်သောအကူအညီများ ပံ့ပိုးကူညီပေးရန် အသင့်ရှိနေမည် ဖြစ်ပါသည်။
ယခုကဲ့သို့ အရေးပေါ်ကာလတွင် ငွေကြေးဆိုင်ရာအကူအညီရရှိရေးသည် မဖြစ်မနေလိုအပ်သည့်အတွက် ငလျင်ဒဏ်ခံရသော AIA Myanmar ၏ Member များအနေနှင့် လိုအပ်သောအချက်အလက်များ ပြည့်စုံပါက ပေါ်လစီဆိုင်ရာ အကျိုးခံစားခွင့်များကို ၂၄ နာရီအတွင်း စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
အာမခံပေါ်လစီနှင့်ပတ်သက်၍ အကူအညီများရယူလိုပါက SHER ၏ 24/7 Hotline 09944705440 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ၏လုံခြုံရေးနှင့် လူမှုအသိုင်းအဝိုင်းများမှ လိုအပ်သည့်ပံ့ပိုးမှုများရရှိစေရန် AIA Myanmar အနေနှင့် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။
Our hearts go out to the people across Myanmar affected by the recent earthquakes. AIA Myanmar is here to support those impacted during this challenging time.
We understand how crucial it is to receive financial support when facing such stress. For our valued AIA members affected by the earthquakes, we will process and payout any policy-related claim requests within 24 hours of receiving the required information. Please reach out to our 24/7 AIA Customer Hotline SHER at 09944705440 for any insurance policy-related support.
Given the impact on communities and individuals across Myanmar, we will continue to monitor and identify areas where we can provide much-needed assistance.
Click here to claim your Sponsored Listing.
Category
Website
Address
Yangon