Backpackers Myanmar

Backpackers Myanmar

Share

Backpackers Myanmar is an ecotourism company founded by environmentalists and travel lovers. Explore the Nature!

Photos from Backpackers Myanmar's post 24/06/2026

𝗕𝘂𝗰𝗸𝗲𝘁 𝗟𝗶𝘀𝘁 : တစ်သက်မှာ တစ်ခါတော့… 𝗦𝗮𝗽𝗮 🌾☁️

BPM အမျိုးများအားလုံး မင်္ဂလာပါ ခင်ဗျာ…🙏

☔️BPMer တို့အတွက် ဖန်တီးပေးထားတဲ့ July ခရီးစဥ်ကတော့ ဗီယက်နမ်ရဲ့ တိမ်တွေအထက်က 𝗦𝗮𝗽𝗮 မြို့လေးဆီကိုပါ…..☁️

🍃🌬️ပါးပြင်ကို လာထိတွေ့နေတဲ့ မနက်ခင်းအအေးဓါတ်လေးရယ်…..အငွေ့တထောင်းထောင်းနဲ့ ☕️ဗီယက်နမ်ကော်ဖီပူပူလေးတစ်ခွက်ကို ကိုင်ထားရင်း ☁️တိမ်တွေရဲ့အထက်ကို ရောက်နေသလို ခံစားရရင် အဲ့ဒါ 𝗦𝗮𝗽𝗮 ပဲ..☁️

🍃မျက်စိရှေ့မှာ စိမ်းဖန့်နေတဲ့ လှေကားထစ်လယ်ကွင်းကြီးတွေနဲ့ မြို့ပြရဲ့ ကားဟွန်းသံတွေ၊ အလုပ် Stress တွေ လုံးဝမရှိဘဲ ဝါးတောတိုးသံနဲ့ ငှက်သံလေးတွေပဲ ရှိတဲ့နေရာ…. အဲ့ဒါ 𝗦𝗮𝗽𝗮 ပဲ..☁️

🪨သဘာဝတရားကြီးက ဖန်တီးထားတဲ့ ကျောက်စွဲတောင်တန်းကြီးတွေ၊ မတ်စောက်လွန်းတဲ့ တောင်ကြားလမ်းမှာ ဆိုင်ကယ်တစ်စီးနဲ့ တောင်ပတ်လမ်းတွေအတိုင်း မောင်းဖို့က ဘော်ဒါတို့ရဲ့ အိပ်မက်ဆိုရင် ကျွန်တော်တို့နဲ့ "𝗦𝗮𝗽𝗮 - 𝗛𝗮 𝗚𝗶𝗮𝗻𝗴" ကို လိုက်ခဲ့တော့….

🎪တောင်ပေါ်ဒေသခံတိုင်းရင်းသားတွေရဲ့ Homestay တွေမှာ တည်းခိုရင်း ဒေသစာ နဲ့ ရိုးရာအရက်တွေ သောက်မယ်… 🪵မီးပုံနွေးနွေးမှာ ရင်ဘတ်ချင်းနီးတဲ့ဘော်ဒါတွေနဲ့ စကားစမြည်ပြောမယ်…

⛰️တောင်တန်းနဲ့ ရေတံခွန်တွေဆီ ချီတက်မယ်… ကမ္ဘာကြီးရဲ့ အမိုးအထက်မှာ မတ်တပ်ရပ်ပြီး လတ်ဆတ်တဲ့ လေထုကို အဆုတ်ဝအထိ ရှူသွင်းပြီး ပင်ပန်းနေသမျှကို ကုစားမယ်…😇 ဒီအချက်တွေ လုပ်ဖို့ လိုအပ်နေပြီဆိုရင် ဗီယက်နမ်မြောက်ပိုင်း (၇)ညအိပ် - (၈)ရက်ခရီး "𝗦𝗮𝗽𝗮 - 𝗛𝗮 𝗚𝗶𝗮𝗻𝗴" ကို Join ဖို့ ဖိတ်ခေါ်ပါတယ်….

🛵ဘယ်တွေသွားမလဲ….ခရီးအသေးစိတ်ကို အောက်က Link မှာ ဝင်ကြည့်နိုင်ပါတယ် ခင်ဗျာ…
👉https://www.facebook.com/share/p/18d7ScXnXS/

🗓️23th July ~ 30th July 2026 ထွက်မယ့် "𝗦𝗮𝗽𝗮 - 𝗛𝗮 𝗚𝗶𝗮𝗻𝗴" ခရီးစဥ်ကို Page ရဲ့ chat box မှာ စာရင်းပေးသွင်းပြီး 🔔5% 𝙀𝙖𝙧𝙡𝙮 𝘽𝙞𝙧𝙙 𝘿𝙞𝙨𝙘𝙤𝙪𝙣𝙩 ကို Claim လုပ်လို့ရပါသေးတယ် ခင်ဗျာ☺️

🙏 “သဘာဝချစ်သူများအားလုံး တန်ပြန်နွေးထွေးမှု ရနိုင်ပါစေကြောင်း နှင့် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်….”
နွေးထွေးစွာဖြင့်

𝗧𝗲𝗮𝗺 𝗕𝗣𝗠
“Explore Nature!”

Photos from Backpackers Myanmar's post 21/06/2026

🌲"ရင်ခုန်လှုပ်ရှား BPM မိုးရာသီခရီးသွား" 🏞 (July-October)☔
🌲 မိုးရာသီဆိုတာ တောင်တက်၊ တောတိုးအမျိုးတို့အတွက်တော့ သိပ်ကိုသဘောကျရတဲ့အချိန်ပေါ့။ ဒီမိုးရာသီ (၅)လမှာ မြန်မာနိုင်ငံမှာ မိုးရေချိန်များတတ်ပေမယ့် တခြားနိုင်ငံတွေမှာတော့ အဲ့လောက်မဟုတ်ကြပါဘူး။ ဒီမိုးရာသီမှာ တချို့ကတော့ စိုစွတ်ပြီး ခရီးသွားရတာမကြိုက်ကြပေမယ့် တချို့အတွက်တော့ ဒီအချိန်ဟာ ဈေးလည်းသက်သာ၊ အေးချမ်းပြီး တောတောင်တွေနဲ့ထိတွေ့ဖို့ကောင်းလို့ပေါ့ခင်ဗျာ...
🌲 BPM နဲ့အတူ မိုးရာသီခရီးစဉ်တွေကို Join မယ့် သဘာဝခရီးသွားတွေအတွက် "ဇူလိုင်ကနေ အောက်တိုဘာအထိ" အောက်ပါခရီးတွေရှိနေပါတယ်။ 👇
✅ မီးတောင်တွေသွားလေ့လာချင်သူတွေအတွက် - အရှေ့ဂျာဗား (ဇူလိုင် ၁၇-၂၁ , အောက်တိုဘာ ၂၃-၂၇)
✅ အိန္ဒိယရဲ့ခေါင်မိုးနေရာကို သွားကြမယ့် - လာဒါတ်ရှ် (စက်တင်ဘာ ၁၈-၂၅)
✅ ဗီယက်နမ်မြောက်ပိုင်းတောင်တန်းတွေရှိရာ - Sapa - Ha Giang (ဇူလိုင် ၂၃-၃၀)
✅ ဗီယက်နမ်အလည်ပိုင်း ကမ်းခြေလည်းရှိတောင်လည်းရှိတဲ့ - ဒါနန်း (စက်တင်ဘာ ၂၁-၂၅)
✅ ပေ (13,549) တက်ပြီး မှတ်တမ်းယူမယ့်သူတွေအတွက် - နီပေါ Annapurna Base Camp (အောက်တိုဘာ ၂၁-၃၁)
🌲 ဒီခရီးတွေမှာ အစောဆုံးစာရင်းသွင်းသူတွေကို "5% Early Bird Discount" ပေးထားပါတယ်။ သင်ဟာ သဘာဝကိုချစ်သူ ၊ Solo traveler ၊ သူငယ်ချင်းသစ်တွေရှာဖွေနေသူ တစ်ယောက်ဆိုရင် ကျွန်တော်တို့နဲ့ အတူတူ Nature Explore နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
📢 BPMရဲ့ ဒီခရီးစဉ်တွေဟာ အများဆုံးလူဦးရေ (၁၁) ဦးသာ လက်ခံတာမို့ အမြန်ဆုံးစာရင်းသွင်းဖို့လိုအပ်ပြီး စိတ်ဝင်စားသူများအနေဖြင့် Page CB ကနေ စုံစမ်းစာရင်းပေးနိုင်ပြီ ဖြစ်ပါတယ်။
🙏 “သဘာဝချစ်သူများအားလုံး တန်ပြန်နွေးထွေးမှု ရနိုင်ပါစေကြောင်း နှင့် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်….”🙏
နွေးထွေးစွာဖြင့်
Backpackers Myanmar
"Explore Nature"


#သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပါ
#တောတောင်‌ကိုချစ်ပါ

20/06/2026

🎒 Backpack Beginner Guide (or) Backpack ကို Smart ကျအောင် ဘယ်လို Pack မလဲ?

🙏 BPM အမျိုးများ အားလုံးမင်္ဂလာပါရှင့်

Backpacking ခရီးစထွက်မယ့်သူတွေအတွက် Backpack ထဲကို ပစ္စည်းတွေ ထည့်တာက ထင်သလောက် မလွယ်ပါဘူး။ ပစ္စည်းတွေကို အဆင်ပြေပြေ Pack မထားဘူးဆိုရင် လမ်းလျှောက်ရင်း ပခုံးနာခြင်း၊ ခါးပင်ပန်းခြင်း၊ လိုတဲ့ပစ္စည်း ရှာမတွေ့ခြင်းတွေ ဖြစ်နိုင်ပါတယ်။

👉ဒါကြောင့် BPM Team ကနေ Beginner တွေအတွက် Backpack Packing အခြေခံနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်ရှင့်။

1️⃣ Top Zone – မကြာခဏ သုံးမယ့်ပစ္စည်းတွေကို အပေါ်မှာထားပါ
လမ်းခရီးအတွင်း အလွယ်တကူ ထုတ်သုံးရမယ့် ပစ္စည်းတွေပါ။
✅ Rain Jacket
✅ Fleece Jacket
✅ First Aid Kit
✅ Water Filter
✅ Toiletries
လိုတဲ့အချိန်တိုင်း Backpack တစ်ခုလုံး မဖွင့်ရဘဲ မြန်မြန်ဆန်ဆန် အသုံးပြုနိုင်ပါတယ်။

2️⃣ Core Zone – အလေးဆုံးပစ္စည်းတွေကို ကျောနဲ့နီးနီးထားပါ
Backpack ရဲ့ အလေးချိန် Balance ကောင်းဖို့ အရေးကြီးဆုံး အချက်ပါ။
✅ Food
✅ Cooking Gear
✅ Laptop
✅ Power Bank
ဒီပစ္စည်းတွေကို ကျောနဲ့ အနီးဆုံးနေရာမှာ ထားပါ။ အလေးချိန်ကို ခန္ဓာကိုယ်အလယ်ဗဟိုမှာ ထိန်းထားနိုင်လို့ လမ်းလျှောက်တဲ့အခါ ပိုတည်ငြိမ်စေပါတယ်။

3️⃣ Bottom Zone – အောက်ဆုံးမှာ ဘာတွေထားမလဲ?
ခရီးသွားနေစဉ် မလိုအပ်သေးတဲ့ ပစ္စည်းတွေကို Backpack အောက်ဆုံးမှာ ထားပါ။
✅ Sleeping Bag (သယ်ဖို့လိုအပ်တဲ့ ခရီးစဉ်မျိုးအတွက်သာ)
✅ Sleeping Clothes
✅ Camp Shoes
✅ Extra Clothes
ဒီလိုထားခြင်းက Backpack ရဲ့ အောက်ပိုင်းကို Soft Cushion လိုဖြစ်စေပြီး သယ်ဆောင်ရတာ ပိုအဆင်ပြေစေပါတယ်။

4️⃣ Pocket တွေကို Smart ကျကျ အသုံးပြုပါ
Hip Belt Pocket, Side Pocket နဲ့ Front Pocket တွေကို အလဟဿ မထားပါနဲ့။
ထည့်သင့်တာတွေက -
✅ Snacks
✅ Sunscreen
✅ Lip Balm
✅ Sunglasses
✅ Headlamp
✅ Map
✅ Phone
ခဏခဏ ထုတ်သုံးရမယ့် ပစ္စည်းတွေကို Pocket ထဲမှာထားတာ အကောင်းဆုံးပါ။

5️⃣ Waterproof Protection မမေ့ပါနဲ့
တောင်တက်ခရီးတွေမှာ မိုးရွာတာ၊ ရေစိုတာက မမျှော်လင့်ထားတဲ့ အရာမဟုတ်ပါဘူး။
💡 Dry Bag သို့မဟုတ် Pack Liner အသုံးပြုပြီး
✅ Clothes
✅ Electronics
✅ Documents
တွေကို သီးသန့် ကာကွယ်ထားပါ။ Sleeping Bag စိုသွားတာက ခရီးတစ်ခုလုံး ပျက်စီးသွားစေနိုင်ပါတယ်။

6️⃣ Backpack အပြင်မှာ ပစ္စည်းအများကြီး မချိတ်ပါနဲ့
Backpack အပြင်ဘက်မှာ ပစ္စည်းတွေ အများကြီး ချိတ်ထားရင်
❌ Balance ပျက်တတ်တယ်
❌ သစ်ကိုင်းတွေနဲ့ ငြိတတ်တယ်
❌ ပစ္စည်းပျောက်နိုင်တယ်
Trekking Pole လိုမျိုး လိုအပ်တဲ့အရာတွေကိုသာ အပြင်မှာ ချိတ်ထားသင့်ပါတယ်။

7️⃣ Packing System တစ်ခု သတ်မှတ်ထားပါ
ခရီးတိုင်းမှာ တူညီတဲ့နေရာမှာ တူညီတဲ့ပစ္စည်းကို ထားတဲ့ အကျင့်လုပ်ပါ။
ဥပမာ -
📍 First Aid Kit = Top Pocket
📍 Snacks = Hip Belt Pocket
📍 Rain Jacket = Front Pocket
ဒီလိုလုပ်ထားရင် ညဘက်၊ မိုးရွာတဲ့အချိန်၊ အရေးပေါ်အချိန်တွေမှာ ပစ္စည်းရှာဖို့ အချိန်မကုန်တော့ပါဘူး။

⚡️Backpacking ခရီးစဉ်အတွက် ပစ္စည်းများ ဝယ်ယူချင်တယ်ဆိုရင် လည်း BPM တို့ စီမှာ လာရောက်မေးမြန်း မှာယူလို့ရပါတယ်ရှင်။

🎯 Backpackers Myanmar Tip
Beginner တွေအတွက် အရေးကြီးဆုံး Rule က "Pack Light, Pack Smart."
ခရီးတစ်လျှောက်လုံး သယ်သွားရမယ့် အလေးချိန်ဖြစ်တာကြောင့် "လိုရင်ယူမယ်" ဆိုတဲ့ ပစ္စည်းတွေထက် "တကယ်လိုအပ်တာ" တွေကိုပဲ ရွေးချယ်ထည့်ပါ။

ပစ္စည်းနည်းလေလေ လမ်းလျှောက်ရတာ ပိုပျော်လေလေပါပဲ။ 🎒✨

🙏"သဘာဝချစ်သူအားလုံးတန်ပြန်နွေးထွေးမှုကိုရနိုင်ကြပါစေကြောင်းနှင့်ချစ်ခြင်းမေတ္တာများဖြင့်ပြည့်စုံကြပါစေကြောင်း ဆုမွှန်ကောင်းတောင်းလျက်" 🙏

"နွေးထွေးစွာဖြင့်"
Team BPM
Explore Nature!

Photos from Backpackers Myanmar's post 20/06/2026

🌋 ဂျာဗားသွားတောလားမှတ်တမ်း (May 2026)
🌋 ဂျာဗားခရီးဟာ BPM နဲ့ တစ်သားတည်းလိုဖြစ်နေပါပြီ။ ဂျာဗားသွားရတာဟာ အမြဲတမ်းစိတ်ပျော်ရွှင်ရသလို စိမ်းလန်းတဲ့တောတောင်၊ ရေမြေ၊နဲ့ တမူကွဲပြားတဲ့ မီးတောင်တွေမျိုးစုံကို ကျွန်တော်တို BPMer တွေဟာ အမြဲလေ့လာနိုင်လို့ဖြစ်ပါတယ်။ ဒီမေလထဲသွားတဲ့ခရီးက လူနည်းနည်းနဲ့ ပျော်ဖို့ကောင်းပြီး.. အားလုံးက စိတ်တူကိုယ်တူမောင်နှမတွေမို့ စားမယ်ဆိုလည်းစားကြ၊ သွားမယ်ဆိုလည်းသွားကြ၊ နားမယ်ဆိုနားကြနဲ့ အတော့်ကိုညီတဲ့ BPMer တွေဖြစ်ပါတယ်။
🌋 ကျွန်တော်တို့ ဒီတခါခရီးက ‌လေယာဉ်တွေဆီစျေးတက်လို့ စျေးတက်တာကလွဲလို့ ကျန်တာအားလုံး အရင်လိုအေး‌ဆေးပုံမှန်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ မေလဂျာဗားခရီးသွား BPMer တွေရဲ့ မှတ်တမ်းတွေကို အမှတ်တရသိမ်းဆည်းရင်း မျှ‌ဝေလိုက်ပါတယ်။ အားလုံး‌အတူတကွ ခရီးတွေထွက်ရင်း BPMနဲ့အတူ Adventure ကြပါစို့ခင်ဗျာ...
🌋 BPM နဲ့ Join မယ့်အမျိုးတို့အတွက် ဒီနှစ် ၂၀၂၆ ထဲ အောက်ပါခရီးရက်တွေအတွက် စာရင်းသွင်းနိုင်ပြီဖြစ်ပြီး ပါဝင်ဖို့ အားလုံးကို ဖိတ်ခေါ်အပ်ပါတယ်။
✅ ခရီးစဉ် (၂) July : 17 - 21 (Upcoming Trip)
✅ ခရီးစဉ် (၃) Oct : 23 - 27
✅ ခရီးစဉ် (၄) Dec : 24 - 28 (Christmas & Year End အစီအစဉ်)
📢 BPMရဲ့ ဒီအရှေ့ဂျာဗားခရီးစဉ်ဟာ အများဆုံးလူဦးရေ (၁၁) ဦးသာ လက်ခံတာမို့ အမြန်ဆုံးစာရင်းသွင်းဖို့လိုအပ်ပြီး စိတ်ဝင်စားသူများအနေဖြင့် Page CB ကနေ စုံစမ်းစာရင်းပေးနိုင်ပြီ ဖြစ်ပါတယ်။ အရှေ့ဂျာဗားအကြောင်းသိချင်သူများ ဒီမှာလေ့လာလို့ရပါတယ် 👉 https://web.facebook.com/share/p/1CNUJKs6At/
နွေးထွေးစွာဖြင့်
Team BPM
"Explore Nature"

18/06/2026

🪂 Paragliding လေထီးစီးခြင်း
🪂 လေထီးစီးတဲ့အားကစားဟာ Adventure ကြိုက်သူတွေအတွက် လုပ်ဆောင်သင့်တဲ့ ကစားနည်းဖြစ်ပါတယ်။
🪂 BPMer တွေ ချင်းမိုင်သွားတိုင်း အမြဲတမ်းစီးဖြစ်သလို စီးဖူးသူတိုင်း ပျော်ဖို့ကောင်းတယ် rating ကောင်းတယ်လို့ ပြောစမှတ်ပြုကြရပါတယ်။
🪂 ကျွန်နော်တို့နဲ့ တခါတရံ ချင်းမိုင် ဆိုင်ကယ်ခရီးလေးကို join ရင်း adventure တွေလုပ်ကြည့်ပါ။ အနည်းဆုံး ရည်းစားမရ၊ adventure မရရင်တောင် သူငယ်ချင်းတွေရမှာမို့လို့ နောင်တလည်းမရပါဘူးလို့ 😁
🛵 လာမယ့် ဩဂုတ်လမှာလည်း မဲ့ဟောင်ဆောင်‌ ကွေ့တွေကိုပတ်မယ့် မိုးရာသီဆိုင်ကယ်ခရီးတခုရှိပါမယ် "August -21-26" ဖြစ်ပြီး စာရင်းသွင်းနိုင်ပါပြီ။
နွေးထွေးစွာဖြင့်
Backpackers Myanmar
"Explore Nature"

16/06/2026

🌲 အေးချမ်းစိတ်ငြိမ်ရာ...ဤကမ္ဘာ
🌲တောတောင်တွေကို ခရီးသွားရတာ သိပ်အေးချမ်းတယ်။ ဒီလိုစိတ်ငြိမ်ပြီး အေးချမ်းတဲ့နေရာလေးမှာ ကိုယ်လိုချင်တဲ့ဘဝလေးကိုရနေမယ်ဆိုရင် ကျွန်တော်တော့ နေနိုင်မယ်ထင်ပါတယ်။
🌲ပကာသနတွေနဲ့ မနေချင်တဲ့ ခေတ်မှီလူနေမှုစနစ်နဲ့ တောတောင်တွေမှာ နေချင်တာ အိပ်မက်တခုပေါ့...
ကဲ ကျွန်တော်တို့ BPMers တွေရော ဘယ်လို

16/06/2026

⛰️တောတောင်ရေမြေတွေက ပေးတဲ့ စိတ်ကျန်းမာရေးအတွက် ဆေးတစ်ခွက်
---------------------------------------------------------------------
🏃‍♂️‍➡️ပိုကောင်းတဲ့ Version နဲ့ ပြန်လည်မွေးဖွားလာသလို ခံစားချက်မျိုး ရချင်ရင် တောတောင်ရေမြေတွေဆီ ခရီးသွားကြည့်ပါ… တောတောင် ရေမြေ သဘာဝတရားတွေဆီ ခရီးသွားတာ (Nature Travel/Eco-therapy) ဟာ ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ ဆေးတစ်ခွက်ပါပဲ။ နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ ဖိစီးမှုတွေကြားကနေ ခေတ္တခဏ ရုန်းထွက်ပြီး သဘာဝနဲ့ ထိတွေ့လိုက်တဲ့အခါ ကျွန်တော်တို့ ရလာနိုင်မယ့် အကျိုးကျေးဇူးတွေကတော့……

✅စိတ်ဖိစီးမှုနှင့် သောကများကို လျော့ကျစေခြင်း (Stress Reduction)

◾️မြို့ပြရဲ့ ဆူညံသံတွေ၊ အလုပ်ခွင်၊ ကျောင်းစာတွေနဲ့ လူမှုကွန်ရက်တွေကလာတဲ့ ဖိအားတွေကနေ ခဏတာ ဝေးကွာသွားတဲ့အခါ ဖိအားတွေနဲ့ စိတ်ဖိစီးမှုတွေ သိသိသာသာ လျော့ကျသွားပြီး သဘာဝတောတောင် ရေမြေတွေရဲ့ အေးချမ်းမှုက စိတ်ပူပန်မှုတွေကို ပြေပျောက်စေပြီးစိတ်ကြည်လင်လန်းဆန်းလာပါတယ်… ။

✅စိတ်ခံစားချက်ကို မြှင့်တင်ပေးပြီး ပျော်ရွှင်စေခြင်း (Mood Enhancement)

◾️တောတောင်တွေကြားမှာ လမ်းလျှောက်တာ၊ တောင်တက်တာမျိုး လုပ်တဲ့အခါ ခန္ဓာကိုယ်ကနေ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထွက်လာပြီး စိတ်ဓာတ်ကျခြင်း (Depression) ကို သက်သာစေပါတယ်… အဖွဲ့လိုက် သွားတာမျိုးဆိုရင် ကိုယ်နဲ့ ဝါသနာတူ မိတ်ဆွေသစ်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ တိုးလာပြီး အထီးကျန်နေတဲ့ ခံစားချက်တွေကိုပါ သက်သာရာရလာစေပါတယ်…

✅မိမိကိုယ်ကိုယ် ယုံကြည်မှု နှင့် ဦးဆောင်နိုင်စွမ်း တိုးတက်စေခြင်း (Builds Confidence & Awaken Leadership skills)

◾️ကျွန်တော်တို့တွေ ခရီးသွားရင်း အင်တာနက် ကောင်းကောင်း မရတာ၊ လမ်းပျောက်တာ၊ ဘာသာစကားမတူလို့ ဆက်သွယ်ရခက်တာ၊ ရာသီဥတုအပြောင်းအလဲဖြစ်တာ စတဲ့ မမျှော်လင့်ထားတဲ့ စိန်ခေါ်မှုလေးတွေကို ကိုယ်တိုင်ဖြေရှင်းရတဲ့အခါ အခက်အခဲဒဏ်ခံနိုင်ရည်စွမ်း၊ ပုန်းလျိုးနေတဲ့ ဦးဆောင်နိုင်စွမ်းရည် နဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ ထွက်ပေါ်လာလေ့ရှိပါတယ်…

✅အာရုံစူးစိုက်မှု နဲ့ ဖန်တီးနိုင်စွမ်း တိုးတက်စေခြင်း (Boost Focus & Creativity)

◾️ဖုန်းတွေ၊ ကွန်ပျူတာတွေ ကြည့်ရာကနေ ဖြစ်ပေါ်လာတဲ့ ဦးနှောက်နွမ်းနယ်မှုကို သဘာဝတရားက ကုသပေးပြီး နေရာသစ်၊ အတွေ့အကြုံအသစ်တွေကြောင့် အကြံဉာဏ်သစ်တွေ၊ ဖန်တီးနိုင်စွမ်း (Creativity) တွေကို ပိုမိုထွက်ပေါ်လာစေပါတယ်။ ဒါ့ကြောင့် ခရီးခဏခဏသွားသူတွေဟာ ပြဿနာတွေကို မတူညီတဲ့ရှုထောင့်အမျိုးမျိုးကနေ ဖြေရှင်းနိုင်စွမ်း ပိုမြင့်မားကြပါတယ်။

✅စိတ်ဒဏ်ရာများ ကုစားနိုင်ခြင်း (Trauma Healing)

◾️ကျွန်တော်တို့တွေဟာ တောတောင် ရေမြေတွေကြားထဲ ရောက်တဲ့အခါ သဘာဝတရားရဲ့ စွမ်းအင်ကြောင့် အတိတ်နဲ့ အနာဂတ်ကို တွေးပူမနေတော့ဘဲ "လက်ရှိ ပစ္စုပ္ပန်အချိန်" (Present Moment) ထဲမှာပဲ နစ်မြောသွားတတ်ပါတယ်။ ဝမ်းနည်းတာ၊ စိတ်ထိခိုက်တာ၊ နာကျင်တာ စတဲ့ Emotional Intense စိတ်ခံစားချက် ပြင်းပြင်းတွေက မရှိတော့တဲ့အခါ စိတ်တည်ငြိမ်လာတယ်…. နာကျင်ခံစားမှုတွေ… စိတ်ဒဏ်ရာတွေ သက်သာလာတယ်…. တောတောင် ရေမြေတွေရဲ့ အထိအတွေ့က ကျွန်တော်တို့တွေအတွက် တန်ဖိုးဖြတ်လို့မရတဲ့ Healing Energy ပဲ….

✅ဘဝကို အကောင်းမြင်စိတ် ပိုရှိလာစေခြင်း (Broadens Perspective)

◾️ကမ္ဘာမြေကြီးရဲ့ ကျယ်ပြောလှပပုံတွေ၊ မတူကွဲပြားတဲ့ လူတွေရဲ့ ရှင်သန်နေထိုင်မှုတွေကို မြင်တွေ့ရတဲ့အခါ ကျွန်တော်တို့ ခေါင်းထဲမှာ ကြီးမားနေတဲ့ ပြဿနာလေးတွေဟာ တကယ်တော့ အသေးအဖွဲလေးတွေပါလားဆိုတာ သဘောပေါက်တတ်လာပြီး အကောင်းမြင်စိတ် နဲ့ ကိုယ်ချင်းစာစိတ်တွေ တိုးပွားလာပါတယ်…

✅ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်း နဲ့ (Better Sleep)

◾️သဘာဝအလင်းရောင်နဲ့ ထိတွေ့ရတာ၊ တောတွင်းလမ်းလျှောက်ရင်း ခန္ဓာကိုယ် လှုပ်ရှားမှုရတာတွေကြောင့် ခန္ဓာကိုယ် ပိုမိုကြံခိုင်လာပြီး ကောင်းကောင်း အိပ်စက်နိုင်ဖို့ အများကြီး အထောက်အကူပြုပါတယ်…

⛰️ကျွန်တော်တို့ခံယူချက်ကတော့ သဘာဝတရားဟာ ကျွန်တော်တို့ စိတ်ဝိညာဉ်ကို ပြန်လည်အားဖြည့်ပေးတဲ့ အကောင်းဆုံး "Reset Button" တစ်ခုပဲ…။ အလုပ်တွေ အရမ်းပင်ပန်းပြီး စိတ်မွန်းကျပ်လာတဲ့အခါ ဖုန်းတွေ..ကွန်ပျူတာတွေ ခဏချပြီး တောတောင်ရေမြေတွေဆီ ခရီးထွက်လိုက်တာဟာ ကျွန်တော်တို့ စိတ်ကျန်းမာရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာမှာပါ။ စိတ်ပင်ပန်းနွမ်းနယ်နေပြီလို့ ခံစားရရင်တော့ သဘာဝနဲ့ထိတွေ့ဖို့ လိုနေပြီဆိုရင် ကျွန်တော်တို့ 𝐁𝐚𝐜𝐤𝐩𝐚𝐜𝐤𝐞𝐫𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 က အတူတူ လက်တွဲခေါ်ဖို့ အဆင်သင့်ပါပဲ ခင်ဗျာ….. 🤝

🙏 “သဘာဝချစ်သူများအားလုံး တန်ပြန်နွေးထွေးမှု ရနိုင်ပါစေကြောင်း နှင့် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်….”
နွေးထွေးစွာဖြင့်
𝗧𝗲𝗮𝗺 𝗕𝗣𝗠
“Explore Nature!”

12/06/2026

🇻🇳𝗦𝗮𝗽𝗮 (သို့) 𝗧𝗵𝗲 𝗘𝘂𝗿𝗼𝗽𝗲 𝗼𝗳 𝗩𝗶𝗲𝘁𝗻𝗮𝗺
-------------------------------------
🙏မဂ်လာပါ… 𝐁𝐚𝐜𝐤𝐩𝐚𝐜𝐤𝐞𝐫𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ကြိုဆိုပါတယ်ရှင်

သဘာဝအလှတွေ… အရသာရှိတဲ့ အစားအသောက်တွေ… တိုင်းရင်းသားယဥ်ကျေးမှုတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ အာရုံကို ဖမ်းစားထားတဲ့ Vietnam နိုင်ငံရဲ့ မြောက်ပိုင်းမှာ တည်ရှိတဲ့ Sapa မြို့လေးက Backpacker တို့ မျက်စိကျနေတဲ့ Next Destination ဖြစ်ပါတယ်…. တောင်ပေါ်အပန်းဖြေမြို့လေး ဆာပါး (Sapa)က ဘယ်အချက်တွေကြောင့် ဆွဲဆောင်မှု ရှိနေသလဲ ဆိုတာ ရှာဖွေကြည့်လိုက်ကြရအောင်…….

✅တောင်တန်းတွေကြားက နိဗ္ဗာန်ဘုံငယ်
ဆာပါက တောင်ပေါ်မြို့လေး ဖြစ်တာကြောင့် ရာသီဥတုက အခြားမြို့တွေနဲ့ မတူပဲ တစ်နှစ်ပါတ်လုံး အမြဲ အေးမြနေပါတယ်… မြူတွေဆိုင်းနေတဲ့ မနက်ခင်းတွေမှာ တောင်ကြားတွေထဲက ထွက်ပေါ်လာတဲ့ တိမ်ပင်လယ်ကိုလည်း မြင်တွေ့ရတတ်ပြီး ဆောင်းရာသီမှာဆိုရင် နှင်းတွေကျလေ့ ရှိပါတယ်…. ကိုလိုနီခေတ်က ပြင်သစ်အုပ်ချုပ်သူတွေဟာ ဆာပါးမြို့လေးရဲ့ ရာသီဥတုနဲ့ တောတောင်ရေမြေအနေအထားကို သဘောကျလို့ နွေရာသီ အပန်းဖြေမြို့ (Summer Capital) အဖြစ် တည်ဆောက်ပြီး လာရောက်အနားယူ အပန်းဖြေခဲ့ကြပါတယ်… အေးမြတဲ့ ရာသီဥတုနဲ့ တောင်တန်းတွေကြားက ဆာပါမြို့လေးရဲ့ ပြင်သစ်ဗိသုကာလက်ရာ ဘုရားကျောင်း၊ နာရီစင်၊ ဘူတာရုံ၊ ကဖေးဆိုင်နဲ့ လူနေ Villa တွေက ဥရောပမြို့ငယ်လေးတစ်မြို့နဲ့ အသွင်တူပြီး ပြင်သစ်လူမျိုးတွေ နေထိုင်ခဲ့တဲ့ သမိုင်းကြောင်းကြောင့် ဆာပါးကို "𝗧𝗵𝗲 𝗘𝘂𝗿𝗼𝗽𝗲 𝗼𝗳 𝗩𝗶𝗲𝘁𝗻𝗮𝗺" လို့ တင်စားခေါ်ဝေါ်ကြပါတယ်….အထပ်မြင့်အဆောက်အဦးတွေ မရှိပဲ စိမ်းစိုလှပတဲ့ တောင်တန်းတွေ၊ စိုက်ခင်းတွေကို ကြည့်ရင်း အေးအေးဆေးဆေး အနားယူရင်း စည်းစိမ်ခံစားလို့ရတဲ့ လူ့ပြည်က နိဗ္ဗာန်ဘုံလေး လို့ တင်စားလို့ရတဲ့ မြို့လေးပါပဲ..

✅ ရှုမဆုံးနိုင်တဲ့ လှေကားထစ် စိုက်ခင်းအလှ
နိမ့်မြင့်မို့မောက် မညီညာတဲ့ တောင်တန်းတွေပါတ်လည်က လှေကားထစ် စိုက်ခင်းတွေဟာ ဆာပါရဲ့ သက်ေတ ပါပဲ… တောင်စောင်းအဆင့်ဆင့်တွေက လှေကားထစ် စိုက်ခင်းတွေက စိုက်ပျိုးရာသီ (June ~ August) မှာဆိုရင် စိမ်းဖန့်ဖန့် စိုပြေလှပနေပြီး ဆောင်းဦးကာလ ရိတ်သိမ်းချိန် (September ~ October) မှာတော့ စပါးနှံမှည့်တွေနဲ့ ရွေအဆင်း ဝင်းဝါ ကျက်သရေစွာ လှပပါတယ်…

✅ အင်ဒိုချိုင်းနားရဲ့ ခေါင်မိုး
အင်ဒိုချိုင်းနားကျွန်းဆွယ်တစ်ခုလုံးရဲ့ အမြင့်ဆုံးတောင် 𝗙𝗮𝗻𝘀𝗶𝗽𝗮𝗻 𝗠𝗼𝘂𝗻𝘁𝗮𝗶𝗻 က ဆာပါမှာ ရှိတာပါ… ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား (၃)နိုင်ငံလုံးမှာ အမြင့်ဆုံးတောင် ဖြစ်လို့ 𝗧𝗵𝗲 𝗿𝗼𝗼𝗳 𝗼𝗳 𝗜𝗻𝗱𝗼𝗰𝗵𝗶𝗻𝗮 လို့ တင်စားခေါ်ဝေါ်ကြပါတယ်… တောင်ထိပ်မှာတော့ ဗီယက်နမ်ရိုးရာ ဘုရားကျောင်းတွေ၊ ၁၁ ထပ်မြင့်တဲ့ စေတီတော်ကြီးနဲ့ တောင်တန်းတွေဘက် မျက်နှာမူထားတဲ့ ကြေးသွန်းရုပ်ပွားတော်ကြီး ရှိပါတယ်……Trekking လုပ်ရင်း အတွေ့အကြုံယူရင်း တောင်ထိပ်ထိ တက်လို့ရသလို Cable ကားနဲ့ တက်ရောက်နိုင်ပြီး တောင်ထိပ်ရဲ့ အမြင့်ဆုံးနေရာမှာ အမြင့်ဆုံးအမှတ်အထိမ်းအမှတ်ဖြစ်တဲ့ သံမဏိပိရမစ် 𝗧𝗵𝗲 𝗣𝗲𝗮𝗸 𝗠𝗼𝗻𝘂𝗺𝗲𝗻𝘁 နဲ့ ဓါတ်ပုံရိုက်ပြီး ဂုဏ်ဆာလို့ရတာပေါ့ရှင်…

✅ချစ်စဖွယ် တိုင်းရင်းသားဓလေ့ ရိုးရာယဥ်ကျေးမှု
ဆာပါဒေသခံတွေဟာ တောင်ပေါ်တိုင်းရင်းသားမျိုးနွယ်တွေ ဖြစ်ကြပြီးတော့ မျိုးနွယ်စုတစ်ခုချင်းစီအလိုက် ရိုးရာဝတ်စုံကို နေ့စဥ်အဝတ်အစားအဖြစ် ဝတ်ဆင်ကြပါတယ်…. တိုင်းရင်းသားရွာလေးတွေမှာ ချစ်စဖွယ် ရိုးရာဝတ်စုံတွေကို ဝတ်ဆင်လည်ပါတ်နိုင်သလို ဒေသထွက် လက်မှုပစ္စည်းတွေ… ဒေသစားစရာ တိုင်းရင်းသား အစားအစာတွေကို မြည်းစမ်းကြည့်ရင်း ဗီယက်နမ် တောင်ပေါ်တိုင်းရင်းသား ရိုးရာဓလေ့တွေကို အနီးကပ် လေ့လာနိုင်ပါတယ်…

✅စိတ်လှုပ်ရှား ရင်ခုန်စရာ Activities
ဆာပါက ပုံမှန်အတိုင်း လည်ပါတ်ရုံထပ်ပိုတဲ့ activities တွေ လုပ်လို့ကောင်းတဲ့ နေရာ ဖြစ်လို့ စွန့်စားသွားလာရတာကြိုက်တဲ့သူတွေအတွက်ကတော့ တကယ့်ကို All-in-One Destination ပါပဲ… တောင်ကြားလမ်းတွေ… တောင်ပေါ်ကျေးရွာလေးတွေကနေ ရေတံခွန်တွေဆီသွားဖို့ Trekking လုပ်ရင်း စွန့်စားခန်းတွေ ဖွင့်လို့ရတယ်…. တောင်ကြားလမ်းမှာ ဆိုင်ကယ်လေး မောင်းရင်း Sunset ခံစားလို့ရတယ်… Cable ကားစီးပြီး တောင်တန်းတွေအလှ နဲ့ မြူတွေဆိုင်းနေတဲ့ တောင်ထိပ်အမြင့်ဆုံး နေရာမှာ ဗီယက်နမ်ရဲ့ အကောင်းဆုံး ကော်ဖီတခွက်နဲ့ တိမ်ပင်လယ် ကြည့်လို့ရတယ်…

👉𝐁𝐚𝐜𝐤𝐩𝐚𝐜𝐤𝐞𝐫𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 အဖွဲ့သားတွေနဲ့အတူ ဆာပါရဲ့ အလှတရားတွေကို စွန့်စားခန်းအတူဖွင့်ချင်တယ်ဆိုရင် လာမယ့် 23th June ~ 30th June မှာ ဆာပါးကို အတူလိုက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်…. ခရီးစဥ်အသေးစိတ်ကို Page ရဲ့ chat box မှာ လာမေးပြီး 🔔5% 𝙀𝙖𝙧𝙡𝙮 𝘽𝙞𝙧𝙙 𝘿𝙞𝙨𝙘𝙤𝙪𝙣𝙩 နဲ့ စာရင်းပေးလို့ရပါပြီရှင်… ☺️

🙏 “သဘာဝချစ်သူများအားလုံး တန်ပြန်နွေးထွေးမှု ရနိုင်ပါစေကြောင်း နှင့် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်….”
နွေးထွေးစွာဖြင့်
𝗧𝗲𝗮𝗺 𝗕𝗣𝗠
“Explore Nature!”

Photos from Backpackers Myanmar's post 11/06/2026

🌋Clark မြို့တောတိုးအမှတ်တရ... 🇵🇭
BPM အမျိုးတို့အားလုံးမင်္ဂလာပါ 🙏
🌋ကျွန်တော်တို့ BPM အမျိုးတို့အတွက် ခရီးစဉ်အသစ်သစ်တွေဖော်ထုတ်ရင်း ဒီတခါတော့ ကျွန်တော်တို့တွေ ဖိလစ်ပိုင်နိုင်ငံ ကလက်ခ်မြို့ကို ခြေဆန့်ခဲ့ပါတယ်။
🌋ဖိလစ်ပိုင်ရဲ့ နာမည်ကျော် ကလက်ခ်မြို့ဟာ လေကြောင်းနဲ့နာမည်ကြီးပြီး ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်လေတပ်စခန်း Clark Airbase အခြေချရာနေရာတခုဖြစ်ခဲ့ပါတယ်။
🌋ဒီမြို့မှာ ကျွန်တော်တို့ BPMer တွေအနေနဲ့ နာမည်ကြီး ပီနာတူဗိုမီးတောင်ဧရိယာတဝိုက်ကို သွားရောက်ခဲ့ကြပြီး ဖိလစ်ပိုင်ရဲ့ ဒေသအစားအစာတွေ၊ တိုင်းရင်းသားနဲ့ ယဉ်ကျေးမှုတွေကို လေ့လာခဲ့ရတဲ့ အမှတ်တရတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
🌋ဒီခရီးစဉ်မှာ ကျွန်တော်တိုအနေနဲ့ ကလက်ခ်မြိုနှင့်အတူ ပီနာတူဗိုမီးတောင်ဝန်းကျင်နေရာတွေကို ရောက်ရှိခဲ့ပြီး မတူညီတဲ့ရသမျိုးစုံကို ခံစားတွေ့မြင်ခဲ့ရပါတယ်။ သွားခဲ့တဲ့နေရာတွေက -
🛒 နာမည်ကြီး US's Brand တွေရှိတဲ့ ကလက်ခ်မြို့တော်
🌋 ကလက်ခ်ရဲ့ နာမည်ကျော် "ပီနာတူဗို" မီးတောင်
🌲 အေဗာတာ မီးတောင်ချော်စီးကြောင်းနေရာတွေ
💦 ပူနင်း ရေပူစမ်း, sand spa, ရွှံ့ပေါင်းတင်တဲ့နေရာတွေ ဖြစ်ပါတယ်။
ကဲ BPMer တွေနဲ့အတူ သွားရောက်လေ့လာလိုက်ကြည့်ကြရအောင်ပါ.... (တပုံချင်းမှာ စာလေးတွေနဲ့ ရှင်းပြထားပါတယ်။)
🌋ဒီ ကလက်ခ်ခရီးကို 👉""ဒီဇင်ဘာ ၂၅-၃၁"" မှာ ဒုတိယအကြိမ် ထပ်သွားမှာဖြစ်ပြီး ဖိလစ်ပိုင်ရိုးရာတွေနဲ့ Adventure လုပ်ချင်တဲ့ BPM ပရိတ်သတ်တွေ ပါဝင်နိုင်မှာဖြစ်ပြီး ကြိုတင် စာရင်းသွင်းထားနိုင်ပြီဖြစ်ပါတယ်။
နွေးထွေးစွာဖြင့်
Team Backpackers Myanmar
"Explore Nature with BPM"



#တောတောင်တွေကိုချစ်ပါ
#သဘာဝခရီးသွား

Photos from Backpackers Myanmar's post 02/06/2026

☔️ချင်းမိုင် နှင့် မိုးရာသီ
--------------------------
မဂ်လာပါ… 𝐁𝐚𝐜𝐤𝐩𝐚𝐜𝐤𝐞𝐫𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ကြိုဆိုပါတယ်ရှင် 🙏
🌧️မိုးရာသီလို့ ဆိုလိုက်ရင် အများစုက… ကော်ဖီပူပူလေးတခွက်နဲ့ အိမ်ထဲမှာ စာအုပ်ဖတ်ရင်း…. ရုပ်ရှင်ကြည့်ရင်း… ဖြတ်သန်းလေ့ရှိကြပါတယ်… BPM တို့လို Virgin Beauty တွေ နှစ်သက်သူတွေအတွက်ကတော့ မိုးရာသီက ခရီးသွား ရာသီပါပဲ…👍
မိုးရာသီမှာ ခရီးသွားဖို့ အသင့်တော်ဆုံး မြို့တွေထဲက ရွေးချယ်ရမယ်ဆိုရင် ချင်းမိုင်ကိုပဲ ရွေးချင်မိတယ်ရှင်…. ပုံမှန်ပွင့်လင်းရာသီတွေထက် မိုးတွင်းမှာမှ ခံစားလို့ရတဲ့ အတွေ့အကြုံသစ်တွေက စိတ်ကျေနပ်စရာ ကောင်းပြီး တမူထူးခြားနေတယ်ဆိုတာ… ခံစားမိသလောက် ပြောပြချင်တယ်… 😉
✅ မိုးဖွဲတွေအောက်က အထွတ်အထိပ်ရောက်နေတဲ့ သဘာဝအလှတရားများ
▪️ချင်းမိုင်ရဲ့ တောင်တန်းတွေ၊ သစ်တောတွေနဲ့.. လှေကားထစ်စိုက်ခင်းတွေက မိုးရေစက်တွေကြောင့် ပုံမှန်အချိန်တွေထက် ပိုပြီးစိမ်းစိုလှပလာပါတယ်.. မိုးရွာပြီးခါစ အချိန်တွေမှာဆိုရင် တောင်တန်းတွေကြားမှာ ထွက်ပေါ်လာတတ်တဲ့ မြူနှင်းတွေကလည်း ချင်းမိုင်ရဲ့ မိုးရာသီအလှကို ပိုပြီး ထင်ပေါ်စေတယ်…မိုးတွင်းမှာ ရေတံခွန်တွေကလည်း ရေစီး ပိုသန်လာတဲ့အတွက် ပုံမှန်ထက် ပိုလှပြီး တသွင်သွင်း စီးကျနေတဲ့ Waterfall Vibe အပြည့်အဝရတဲ့အချိန် ဖြစ်ပါတယ်….
✅ခရီးစရိတ် သက်သာခြင်း
▪️မိုးရာသီဟာ ခရီးသွားလာမှုနည်းတဲ့ ရာသီ ဖြစ်တဲ့အတွက် လေယာဥ်လက်မှတ် နဲ့ ဟိုတယ်ခတွေ အများကြီး စျေးသက်သာတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ.. Promotion တွေအများကြီးနဲ့ ခရီးသွားတွေကို ဆွဲဆောင်လေ့ရှိတာကြောင့် ပုံမှန်အချိန်ထက် Budget ချွေတာလို့ရတဲ့ကာလ ဖြစ်ပါတယ်ရှင်…
✅လူစုလူဝေး နည်းပါးခြင်း
▪️ခရီးသွားရာသီ မဟုတ်တဲ့အတွက်ကြောင့် လည်ပါတ်စရာ အထင်ကရနေရာတွေမှာ ခရီးသွားတွေ မရှိသလောက် နည်းပါးပါတယ်… လူစုလူဝေး မကြိုက်သူတွေသူတွေအဖို့ တောင်ပေါ်ရွာလေးတွေမှာ အေးအေးဆေးဆေး ကော်ဖီဆိုင်လေး ☕️ထိုင်ရင်း စိတ်အေးလက်အေး အပန်းဖြေအနားယူနိုင်တဲ့အပြင် Photo spot တွေမှာ လူစောင့်စရာမလိုပဲ စိတ်ကြိုက် ဓါတ်ပုံ ရိုက်လို့ရတယ်…..
✅ချင်းမိုင်ရဲ့ တောင်ပေါ်စိုက်ပျိုးရေး နဲ့ တိုင်းရင်းသားဓလေ့
▪️မိုးရာသီဟာ လယ်ယာစိုက်ပျိုးရေး အလုပ်တွေ စတင်တဲ့အချိန် ဖြစ်လို့ တောင်ပေါ်တိုင်းရင်းသားတို့ရဲ့ စိုက်ပျိုးရေးပြုလုပ်ပုံ နဲ့ လူမှုနေမှုဘဝတွေ၊ ချစ်စရာ တိုင်းရင်းသားရိုးရာဓလေ့တွေကို အနီးကပ်မြင်တွေ့ရမယ့် အချိန်ကောင်းလေး ပါပဲ…
✅စိတ်အနားယူပြီး ပြန်လည်ကုစားနိုင်ခြင်း
▪️မိုးရေစက် ဖွဲဖွဲတွေနဲ့ စိမ်းစိုနေတဲ့ တောတောင်ရှုခင်းတွေ….. နေ့စဥ်ဘဝက ကွဲထွက်နေတဲ့ Slow-living style… မိုးစက်ကျသံတွေကို သံစဥ်တခုလို နားထောင်ရင်း ကော်ဖီပူပူတခွက်နဲ့ အနားယူပြီး စိတ်ပင်ပန်းမှုတွေ… စိတ်ဒဏ်ရာတွေကို အဆုံးသတ်ပြီး Nature Energy နဲ့ ကိုယ့်ရဲ့ အဖိုးတန် Soul လေးကို ကုစားချင်တယ်ဆို ချင်းမိုင်က အသင့်တော်ဆုံးပဲ… 🪬
📴Social Media မသုံးပဲ မိုးရေထဲ 🛵ဆိုင်ကယ်ပါတ်စီးမယ်… 🧗‍♀️တောင်တက်မယ်… 🛶ရေတံခွန် သွားမယ်…🌱🌾 စိုက်ခင်းတွေ သွားကြည့်မယ်… ☕️ အနုပညာဆန်တဲ့ ကော်ဖီဆိုင်တွေမှာ ကော်ဖီကောင်းကောင်းလေး သောက်ရင်း စိတ်တူကိုယ်တူ ဘော်ဒါတွေနဲ့ အတွေ့အကြုံ အမှတ်တရကောင်းလေးတွေ ဖန်တီးချင်တယ်ဆို 𝐁𝐚𝐜𝐤𝐩𝐚𝐜𝐤𝐞𝐫𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့ အတူ ချင်းမိုင်ကို လိုက်ခဲ့ကြည့်ပါ….👌
👉𝗗𝗼𝗶 𝗜𝗻𝘁𝗵𝗮𝗻𝗼𝗻… 𝗠𝗼𝗻 𝗝𝗮𝗺… 𝗠𝗮𝗲 𝗞𝗮𝗺𝗽𝗼𝗻𝗴… စတဲ့ ချင်းမိုင်ရဲ့ အထင်ကရ နေရာတွေနဲ့ တောင်ပေါ်ရွာမှာ Homestay နေရင်း Hidden Gems တွေ နဲ့ Virgin Beauty တွေဆီ သွားမယ့် 🏕️𝗖𝗵𝗶𝗮𝗻𝗴 𝗠𝗮𝗶 𝗛𝗶𝗹𝗹 𝗧𝗿𝗶𝗯𝗲 𝗣𝗿𝗼𝗴𝗿𝗮𝗺 က လာမယ့် 𝟭𝟮𝘁𝗵 𝗝𝘂𝗻𝗲 ~ 𝟭𝟴𝘁𝗵 𝗝𝘂𝗻𝗲 𝟮𝟬𝟮𝟲 မှာ ဘန်ကောက်ကနေ စထွက်ပါမယ်ရှင်…. လိုက်ချင်တယ်ဆိုရင် BPM ရဲ့ Page Messenger မှာ စာရင်းပေးလို့ရပါပြီရှင်… ☺️
🙏 “သဘာဝချစ်သူများအားလုံး တန်ပြန်နွေးထွေးမှု ရနိုင်ပါစေကြောင်း နှင့် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်….”
နွေးထွေးစွာဖြင့်
𝗧𝗲𝗮𝗺 𝗕𝗣𝗠
“Explore Nature!”

Want your business to be the top-listed Travel Agency in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Yangon