Vertex Tech
📣 📣
This page refers to sharing who has a passion for technology
PC မှာ Blue screen ခဏခဏဖြစ်နေလို့ စိတ်ညစ်နေလား? RAM error စစ်ကြည့်လို့ရပါတယ်💥
Windows Update ပြသာနာကြောင့် စိတ်ညစ်နေရရင် ကျွန်တော်ရှင်းပြထားတဲ့နည်း အတိုင်း ပိတ်ကြည့်လိုက်ပါ။ အားလုံးအဆင်ပြေကြပါစေ
Power Supply ဘယ်လိုရွေးဝယ်ရမလဲ❓
================
ကျွန်တော်တို့ PC ဆင်တဲ့အခါမှာ ပြီးပြီးရောဆိုပြီး ထည့်လို့မရတဲ့ အရေးကြီး အစိတ်အပိုင်းတစ်ခုရှိပါတယ်။ Power Supply ပါ။ PC ကြီးတစ်ခုလုံးမှာ တပ်ဆင်ထားတဲ့ components တွေအားလုံး ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက် ထောက်ပံ့ပေးနေရတဲ့ power supply ဟာ PC ရဲ့အသက်သွေးကြောလို့တောင် ဆိုလို့ရပါတယ်။ အကယ်၍ လုံလောက်တဲ့ power supply မပေးထားဘူးဆိုရင် အောက်ပါ ပြဿနာတွေဖြစ်နိုင်ပါတယ်။
1. စက်ရုတ်တရက် ပိတ်သွားခြင်း - အထူးသဖြင့် CPU သို့မဟုတ် GPU ကို အလုပ်များများ ပေးတဲ့အခါ ဖြစ်တတ်ပါတယ်။
2. စက်စတင်ရာမှာ အခက်အခဲဖြစ်ခြင်း - Power Supply က လိုအပ်တဲ့ ပါဝါမပေးနိုင်တဲ့အခါ စက်စမတက်ဘဲ ဖြစ်နေတတ်ပါတယ်။
3. Blue Screen of Death (BSOD) ပေါ်ခြင်း - ပုံမှန်မဟုတ်တဲ့ ပါဝါဖြန့်ဝေမှုကြောင့် crash ဖြစ်ပြီး BSOD ဖြစ်ပေါ်နိုင်ပါတယ်။
4. Hardware ပစ္စည်းများ မှန်မှန်ကန်ကန် အလုပ်မလုပ်ခြင်း - လိုအပ်တဲ့ပါဝါ မရတဲ့အခါ hardware တွေ ပုံမှန်အလုပ်မလုပ်ဘဲ ဖြစ်တတ်ပါတယ်။
5. ကွန်ပျူတာ performance ကျဆင်းခြင်း - လိုအပ်တဲ့ပါဝါမရတဲ့အခါ CPU နဲ့ GPU တွေ ပုံမှန်အမြန်နှုန်းနဲ့ မလည်ပတ်နိုင်ဘဲ စွမ်းဆောင်ရည်ကျဆင်းသွားနိုင်ပါတယ်။
6. Hardware ပစ္စည်းများ ပျက်စီးခြင်း - ဆိုးရွားတဲ့အခြေအနေ အနေနဲ့ မတည်ငြိမ်တဲ့ပါဝါကြောင့် hardware ပစ္စည်းတွေ အပြီးတိုင်ပျက်စီးသွားနိုင်ပါတယ်။
ဒါကြောင့်မို့ ကိုယ့်ရဲ့ PC အတွက်လုံလောက်တဲ့ power supply ပေးနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီ post မှာတော့ Power Supply ရွေးချယ်ဝယ်ယူရာမှာ ထည့်သွင်းစဥ◌်းစားသင့်တဲ့ အချက်တွေကို ဖော်ပြပေးသွားပါမယ်။
# # 1. လိုအပ်တဲ့ Wattage ကို တွက်ချက်ပါ
သင့် PC ရဲ့ hardware အစိတ်အပိုင်းတွေအားလုံးအတွက် လိုအပ်တဲ့ စွမ်းအင်ပမာဏကို တွက်ချက်ပါ။ CPU၊ GPU၊ motherboard၊ storage devices စတာတွေရဲ့ power လိုအပ်ချက်ကို ပေါင်းပါ။ CPU နဲ့ GPU က power သုံးစွဲမှုအများဆုံး အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ Manufacturer website မှာ CPU နဲ့ GPU ရဲ့ TDP (Thermal Design Power) ကိုသွားရောက်စစ်ဆေးနိုင်ပါတယ်။
အလွယ်ကူဆုံး နည်းလမ်းကတော့ Online PSU Calculator website တွေမှာ ကိုယ့်ရဲ့ PC ကအစိတ်အပိုင်းတွေအားလုံးကို ရိုက်ထည့်ပြီး power supply ကိုတွက်ချက်တာပါပဲ။ ဒီ PSU calculator ကို recommend လုပ်ပါတယ်။ 👉https://outervision.com/power-supply-calculator
# # 2. အနာဂတ် Upgrade အတွက် ပြင်ဆင်ပါ
နောင်တစ်ချိန်မှာ PC ကို upgrade လုပ်နိုင်ခြေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
- ပိုပြီးစွမ်းဆောင်ရည်မြင့်တဲ့ GPU သို့မဟုတ် CPU တပ်ဆင်ဖို့ အစီအစဉ်ရှိရင် ပိုမိုမြင့်မားတဲ့ wattage ရှိတဲ့ Power Supply ကို ရွေးချယ်ပါ။
- ထပ်တိုးလာနိုင်တဲ့ storage devices တွေအတွက် လိုအပ်မယ့် power ကိုလည်း ထည့်သွင်းတွက်ချက်ပါ။
- လက်ရှိလိုအပ်ချက်ထက် 20-30% ပိုမိုမြင့်မားတဲ့ wattage ရှိတဲ့ Power Supply ကို ရွေးချယ်ခြင်းဟာ အနာဂတ် upgrade တွေအတွက် အဆင်ပြေစေပါတယ်။
# # 3. အရည်အသွေးကောင်းတဲ့ အမှတ်တံဆိပ်ကို ရွေးချယ်ပါ
Corsair၊ Cooler Master၊ Thermal Take တို့လို နာမည်ကြီး အမှတ်တံဆိပ်တွေကို ဦးစားပေးရွေးချယ်ပါ။ စျေးသက်သာပေမယ့် အရည်အသွေးမသေချာတဲ့ Power Supply တွေကို ရှောင်ကြဉ်သင့်ပါတယ်။
# # 4. 80 PLUS Certification ကို သတိပြုပါ
80 PLUS certification ရှိတဲ့ Power Supply တွေက စွမ်းအင်သုံးစွဲမှု ပိုမိုထိရောက်ပါတယ်။ Bronze၊ Silver၊ Gold၊ Platinum၊ Titanium စတဲ့ အဆင့်တွေရှိပြီး၊ အဆင့်မြင့်လေ ပိုကောင်းလေဖြစ်ပါတယ်။
# # 6. Modularity ကို ထည့်သွင်းစဉ်းစားပါ
Modular Power Supply တွေမှာ လိုအပ်တဲ့ ကြိုးတွေကိုပဲ တပ်ဆင်နိုင်တဲ့အတွက် PC case ထဲမှာ ကြိုးရှုပ်ထွေးမှု လျော့နည်းစေပါတယ်။ Semi-modular နဲ့ fully modular ဆိုပြီး ရွေးချယ်စရာ ရှိပါတယ်။
# # 7. Form Factor ကို စစ်ဆေးပါ
သင့် PC case နဲ့ ကိုက်ညီတဲ့ Power Supply အရွယ်အစားကို ရွေးချယ်ပါ။ ATX က အသုံးများပေမယ့် SFX လို ပိုသေးတဲ့ form factor တွေလည်း ရှိပါတယ်။
အပေါ်မှာ ပြောပြခဲ့တဲ့ အချက်တွေကို ထည့်သွင်းစဥ◌်းစားပြီး ကိုယ့် PC အတွက် လိုအပ်တဲ့ power supply ကိုရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Credit: Eastern IT & Mobile
24/07/2024
Password အလွယ်ပေးမိထားရင် ယခုပုံကိုပြေးမြင်လိုက်ပါ 😄
Credit photo to Cisco
19/07/2024
အခုနိုင်ငံတော်တော်များများမှာ ဖြစ်နေတဲ့ Window Blue Screen Error ကို ယာယီဖြေရှင်းနိုင်အောင် Indian Computer Emergency Response Team (CERT-In) ကနေ အခုလို ပြုလုပ်နိုင်ကြောင်း
ထုတ်ပြန်ထားပါတယ်။
Temporary Workaround Steps 👉
1. Boot Windows into Safe Mode or the Windows Recovery Environment
2. Navigate to the C:\Windows\System32\drivers\CrowdStrike directory
3. Locate the file matching “C-00000291*.sys” and delete it.
4. Boot the host normally.
အပြည့်အစုံသတင်း
https://www.the420.in/cert-in-advisory-quick-fix-crowdstrike-windows-bsod/
EDITED
အခု Error က CrowdStrike ရဲ့ Falcon EDR (Endpoint Detection And Response) ကို ကိုယ့်ရဲ့ Window Computer မှာ အသုံးပြုထားပြီး
Falcon EDR ကို Update ပြုလုပ်မှဖြစ်တဲ့ Error ဖြစ်ပါတယ်။
Falcon EDR သုံးတဲ့ Mac OS , Linux OS မှာလဲ အခု Error မဖြစ်ပါ။
Window Computer တိုင်း မဖြစ်ပါ။
Credit to Aung Zaw Myo
Indian Government's CERT-In Issues Urgent Advisory and 'Quick-Fix' on Global Cyber Outage Linked to CrowdStrike's Update - The420.in CERT-In issues critical advisory following a global cyber outage caused by CrowdStrike Falcon Sensor update, leading to Windows crashes and BSOD. Immediate action needed.
17/07/2024
TCP/UDP အလုပ်လုပ်ပုံကို အလွယ်ဆုံးနားလည်နည်း 😄
Credit. Cisco
16/07/2024
Restart ချလို့မရနိူင်တဲ့အခြေအနေ 😄
Credit: Cisco
11/06/2024
ONU WiFi Router အချက်ပြမီးနီနေတဲ့အကြောင်းအရင်းက ဘာလဲ? 🤔
🔸 အိမ်/ရုံး/ဆိုင် တွေမှာ Internet အသုံးပြုရန် ISP (Internet Service Provider) company တစ်ခုခုကို ဆက်သွယ်ပြီးရင် ISP ဘက်မှ ONU လို့ခေါ်တဲ့ WiFi Router အမျိုးအစားကို အသုံးပြုတပ်ဆင်ပေးပါတယ်။ ONU WiFi Router တွေမှာ ဘာကြောင့်မီးနီအချက်ပြပီးရင် Internet မရတော့တာလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။
🔸 ISP ရဲ့ Serverအခန်းထဲက optical port က အလင်းထုတ်အားနည်းတာ သို့မဟုတ် လုံးဝမထုတ်တာကြောင့် အသုံးပြုသူဘက်က optical ONU က သာမန်အတိုင်း အလုပ်မလုပ်နိုင်တာဖြစ်တတ်ပါတယ်။
🔸 Optical cable fail ဖြစ်တာ (optical splitter ကျိုးတာပါဝင်ပါတယ်) ကြောင့်လည်း ONU က အလင်းမရတာ ဒါမှမဟုတ် အလင်းရနိုင်ခြင်း အလွန်နည်းတာကြောင့် ဖြစ်တတ်ပါတယ်။ ဒီအချိန်မှာလည်း optical signal lamp က မီးနီပြီး အချက်ပေးတတ်ပါတယ်။
🔸 ONU WiFi Router ကိုယ်တိုင် fail ဖြစ်တာနဲ့ receiver ပိုင်းပျက်တာကြောင့်လည်း ဒီလိုဖြစ်တတ်တယ်။
🔸 ISP ဖက်မှ Server fail ဖြစ်တာ၊ server ပြုပြင်ထိန်းသိမ်းခြင်းကြောင့်လည်း မီးနီတတ်ပါတယ်။
References and credit photo from Linkedin
28/05/2024
အဲ့လိုတော့ ရင်နာအောင်မလုပ်ကြပါနဲ့ 😄😄
Credit Photo
25/05/2024
💡 WUB software အသုံးပြုပီး Windows Update ပိတ်နည်း
Windows update ဆိုတာ security အရတော့အဆင်ပြေပေမယ့် တစ်ခါတစ်လေ မိမိစက်နဲ့ မကိုက်ညီတာ၊ အလုပ်များနေချိန် auto update ကိုထိုင်စောင့်နေရတာတွေကြောင့် အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နိူင်ပါတယ်။
အခု ပြောပြပေးမယ့် WUB software ကိုအသုံးပြုပီး windows update ပိတ်ထားလိုက်မယ်ဆိုရင်တော့ အပေါ် ကပြောပြထားတဲ့ပြသာနာတွေ ရှောင်ရှားနိူင်မှာဖစ်ပါတယ်။ WUB software download လုပ်ပီး install ပြုလုပ်ပုံကို တစ်ပုံခြင်းစီရဲ့ အောက်မှာ အသေးစိတ်ပြောပြပေးထားပါတယ်။
💯 Computer ပြသာနာများကို ITtech Remote Services မှ အသက်သာဆုံးစျေးနှုန်း၊ အမြန်ဆုံးဝန်ဆောင်မှုဖြင့် ပြုပြင်ပေးနေပါတယ်။
https://www.facebook.com/share/p/6XropPn5ZXs6na88/?mibextid=oFDknk
24/05/2024
‼ Microsoft က AI ချစ်ပ်များပါဝင်သည့် ကွန်ပျူတာအသစ်များကို ကြေညာ
Microsoft က Windows တွင် AI လုပ်ဆောင်ချက်များကို စွမ်းဆောင်နိုင်ရန် Qualcomm ချစ်ပ်များ ပါဝင်သည့် ကွန်ပျူတာအသစ်များကို ကြေညာခဲ့ပါတယ်။ Surface Laptop နှင့် Surface Pro တက်ဘလက်များမှာ အချို့ သော AI လုပ်ဆောင်ချက်များကို အင်တာနက်မလိုဘဲ လုပ်ဆောင်နိုင်တယ်လို့ ပြောကြားသွားပါတယ်။ အခြား company များဖစ်တဲ့ Lenovo, Dell, HP, Asus, Acer, Samsung တို့လည်း Qualcomm Snapdragon X Elite နှင့် X Plus ချစ်ပ်များပါဝင်သည့် AI-ထောက်ပံ့မှုရှိသော ကွန်ပျူတာများကို မိတ်ဆက်ရန် ပြင်ဆင်နေကြသည်။
Copilot+ စံနှုန်းကို လိုက်နာသော AMD နှင့် Intel ချစ်ပ်ပါဝင်သည့် ကွန်ပျူတာများကို နောက်ပိုင်းတွင် မိတ်ဆက်မည်ဖြစ်ပြီး၊ ကွန်ပျူတာများသည် အသံကို ဘာသာပြန်ပေးခြင်း၊ မက်ဆေ့ခ်ျအဝင်များကို တုံ့ပြန်မှု အကြံပြုနိုင်ခြင်း၊ ဆက်တင်တွင် ပြောင်းလဲမှု အကြံပြုခြင်းနှင့် မျက်နှာပြင်ပေါ်ရှိ အရာများကိုတောင် ပြောပြပေးနိုင်မှာဖြစ်ပါတယ်။
Copilot+ ကွန်ပျူတာများကို $999 မှစ၍ ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ Microsoft သည် ကြိုတင်မှာယူမှုများကို Mondayစ၍ လက်ခံပြီး ဇွန်လတွင် ထုတ်ဝေမှာဖြစ်ပါတယ်။
Pictures and Reference from CNBC
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon