29K
ဘဝအတွက် အားပေးစကား ဆေးတစ်ခွက် ဖြစ်နိုင်ပါစေ
ခုတလော ဒါလေးတွေးမိလို့ ရေးလိုက်အုန်းမယ်
အသိအစ်မတစ်ယောက်ကပြောတယ် လူတွေမှာ ဒီလိုတစ်မျိုးတစ်စားရှိတယ်တဲ့ ပညာရေးနယ်ပယ်, စီးပွားရေးနယ်ပယ်, လူမှုရေးနယ်ပယ် စသဖြင့်မှာ သူတို့အသုံးချချင်လို့ပဲဖြစ်ဖြစ် တစ်ခုခုကို အချောင်လိုချင်လို့ပဲဖြစ်ဖြစ် ပညာရေးနယ်ပယ်ဆိုရင်လည်း ပညာကို နှိုက်ချင်လို့ပဲဖြစ်ဖြစ် ခင်မင်မှု/အချစ်ကို ဗန်းပြပြီး အယောင်ဆောင်တတ်တဲ့သူတွေရှိတယ်တဲ့. သူတို့လိုချင်တာရပြီးပြီဆိုရင် ပစ်ထားခဲ့တော့မှာတဲ့.
အဲဒီမှာမှ တချို့ကတော့ ငါလည်း ဒီလိုခံစားခဲ့ရလို့ ဒီလိုပြန်လုပ်မယ်ဆိုတဲ့သူမျိုး ရှိသလို ကိုယ့်ကိုယ်ကိုယ်မသိလိုက်ဘဲနဲ့ သူ နာကျင်ခံစားခဲ့ရတဲ့အတိုင်း တစ်ထေရာတည်း သူတစ်ပါးကို ပြန်လုပ်မိတဲ့သူလည်း ရှိတတ်ကြတယ်. တချို့ကတော့ ငါနာကျင်သလို သူများကို မနာကျင်စေချင်တဲ့သူတွေလည်း ရှိတတ်ကြတယ်.
ကိုယ်နာကျင်ခဲ့ဖူးတာပဲ ဘာဖြစ်လို့ သူတစ်ပါးကို ကိုယ့်လို နာကျင်စေချင်ကြတာလဲ. ဒီတစ်ခုက အဆိုးဆုံးလို့မြင်တယ်.
စကားမဆက် ကိုယ်ကတော့ အမှတ်မရှိတဲ့သူထဲကပါ
ကိုယ့်ကိုယ်အသုံးချနေတာများလားလို့ တွေးမိရင်တောင် အရင်ယုံပေးတတ်တာမို့လို့ အကြောင်းသိသွားပြီး သေချာသွားပြီဆိုရင်တော့ မှတ်ချက်မှတ်ထားလိုက်ပြီ
မုန်းသွားလားဆိုတော့လည်း မမုန်းပါဘူး လိုရင်လိုသလို ပြုံးပြ နှုတ်ဆက် စကားပြောလို့ရတယ်. အကူအညီထက်လိုရင်တောင် ပေးချင်ပေးမိအုန်းမှာပါပဲ. နောင်တရလားဆိုတော့ မရအောင်ကြိုးစားနေတယ်. ဘာဖြစ်လို့ဆိုရင် အနည်းဆုံးတော့ သူ့ရဲ့စိတ်ရင်းမှန် သိခွင့်ရလိုက်တယ်လေနော်. ဒါပေမဲ့ တစ်ဖက်က ဘာကိုဆုံးရှုံးသွားလဲဆိုတော့ စစ်မှန်တဲ့ခင်မင်မှု/ ချစ်ခြင်းမေတ္တာပေါ့နော်.
အကူအညီဆိုတာ လူတိုင်းဆီက မရနိုင်ဘူး.ကိုယ့်အပေါ် တကယ်စိတ်ရင်းစေတနာကောင်းမှ ကူညီပေးကြတာပါ. ရှုပ်ထွေးနေတဲ့လောကကြီးမှာ ဘယ်သူမှ အချိန်ပေါမနေပါဘူး.ပိုက်ဆံလည်း ပေါမနေပါဘူး.ဒါကြောင့် ကိုယ့်ကို အလကား ကူညီပေးတယ်ဆိုတာ သင့်ကို တကယ်တန်ဖိုးထားလို့ပါ. အဲဒီအတွက် အဲဒီတန်ဖိုးကို မမေ့ဘဲ အမြဲ နားလည် တန်ဖိုးထားတတ်ပါစေ.
Click here to claim your Sponsored Listing.