Reo
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Reo, Baby Goods/Kids Goods, Yangon.
4 Topping Pizza 11'' Size 🍕🍕
Durian + Double Cheese + Seafood + Chicken BBQ Pizza ရယ် တစ်ချပ်ထဲမှာ 4 မျိုး ပေါင်းစပ်မှု 😋
ရှယ်တို့ 2022 ခုနှစ်ကတည်းက စားခဲ့တဲ့ ပီဇာလေး .. သားသားကိုယ်ဝန် စရှိတုန်းကလဲ ချဉ်ခြင်းတက်လို့ သူ့ပါပါးက တောင်ဥက္ကလာအထိ လိုက်ဝယ်ကျွေးရတဲ့ ပီဇာလေးကို အခု ဗိုက်ထဲက ခလေး အပြင်ရောက်တော့လဲ သူလေးပါ ကြိုက်လို့ ဝယ်ကျွေးနေရ 🍕🍕
သား Reo လေးကို ရှယ်တို့က ပြောတယ် .. သားသား စားချင်တာ မှန်သမျှ အကုန်ပြော .. မာမားတို့ အားလုံး ဝယ်ကျွေးမယ်ဆိုတော့ မိဘစကားကို သိပ်နားထောင်တာ .. တကယ် ပြောတယ်တော့ .. တစ်နေ့ တစ်မျိုး မရိုးရဘူး .. အလှည့်ကျဝယ်ကျွေးနေရတာ 😁😁
မနေ့ကလဲ KFC ကြက်ကြော် နဲ့ အာလူးချောင်းကြော်ရယ် ၊ သားသား အရမ်းကြိုက်တဲ့ နိုင်ငံတော်မုန့် Wave Snack စားပြီးပြီ .. အရှေ့ရက်တွေကလဲ ဒံပေါက် ၊ အုန်းထမင်း ၊ ဟမ်ဘာဂါ ၊ ကြက်ဆီထမင်း ၊ ရေခဲမုန့် ပူဆာထားမျှ အားလုံး ကျွေးပေးပြီးပြီ ၊ အခုလဲ ပီဇာ ၊ နောက်ရက်အတွက်က Beef Steak နဲ့ စံ လက်ဖက်ရည်ဆိုင်က ငါးအသားလိပ်ကြော်တဲ့ရှင် .. နေ့ရက်တိုင်းအတွက် ဝယ်ကျွေးရမဲ့ မုန့်တွေက အဆင်သင့် ကြိုပြောထားပြီးသား .. အရမ်းကို လည်နေတာ .. ပြီးရင် မေးသေးတာ ဒါနဲ့ ဒါက စားလို့ တည့်လားဆိုပြီး .. စားကလဲစားချင် စားပြီးရင် သူတစ်ခုခုဖြစ်မှာလဲ ကြောက်သေး 😁😁
ဒီဖေဖေနဲ့မေမေကလဲ သူလေး အခုလို စားပေးနေတာကိုပဲ ကျေနပ်နေရ .. ကိုယ်တိုင်ကလဲ အစားတစ်လိုင်းဆိုတော့ သူ့နှုတ်က ထွက်သမျှ ဝယ်ကျွေးပြီးသားပဲ .. သူနဲ့အတူ ကိုယ်ပါ ရောကြိတ်တာပေါ့ရှင် 😋😋
အပြင်စာ စားလို့ ထမင်း မကြိုက်ဘူးလား မေး .. ထမင်းလဲ တစ်နေ့ကို 3 နပ်လောက် စားချင်နေတာပါဆို 🥰🥰
ဆေးကျောင်း ထားပေးပါဆိုတဲ့ ခလေးလေးက အခုလဲ သူလေးရတဲ့ ဘုရားစာတွေ ဆိုပြနေပြန်ပြီရှင် .. အမေ့သား အတတ်လေး 👶🥰💖
သားသား ကေရှိုင်း 💇🏻♂️💇🏻♂️ သားသားက ဆံပင်ညှပ်ဆရာကို နေတစ်ခြမ်း နဲ့ လတစ်ခြမ်း ပုံဖော်ပေးပါတဲ့ ပြောတယ် 😵😵
မာမားတို့ကတော့ သားသား ကျောင်းတက်နေရလို့ ဘာပုံမှမဖော်ပဲ ရိုးရိုးဒီဇိုင်းပဲ ညှပ်ခိုင်းလိုက်တယ် .. ကျောင်းသားလေးက သိပ်လှချင် / ပဲများချင် ဖြစ်နေတယ်ဗျို့ 🤭🤭
သားသားလေးအရမ်းကြိုက်လို့ မာမားတို့ အမြဲလိုက်ကျွေးရသော Shake က ကြက်သားလုံးအကြွပ်ကြော် 🍗🥠
မာမားက ကြက်ပင်စိမ်းထမင်းနဲ့ ပါပါးကတော့ ကင်မ်ချီထမင်းသုပ် 🍛🍛
ကျွန်မတို့ မိသားစုလေးရဲ့ အမြဲတမ်းလိုလို စားဖြစ်နေသော မနက်စာလေး 😋😋
ဆူလိုက်မိလို့ ရွှေစိတ်တော် ကောက်သွားတဲ့ သားသားလေးကို မာမားက ပြန်ချော့နေရ 🥰🥰
အမလေး ပြောသေးတာ သားသားကိုရိုက်ရင် မာမား ငရဲကြီးပြီး မီးပူမှာဆိုပဲ .. ဖြစ်ရလေဟယ် 🤩🤩
05/08/2026
🙏 5.8.2026 ဗုဒ္ဓဟူးနေ့ ဒီနှစ်ရဲ့ ရှယ်တို့ မိဘညီအစ်ကိုမောင်နှမတွေရဲ့ ဝါဆိုသင်္ဃန်းကပ်အလှူလေးပါရှင့် 🙏
ဘုန်းဘုန်းကြီးတွေကိုတော့ သင်္ဃန်း ၊ ဆန် ၊ ဆီ ၊ ဆေး ၊ ဆား ၊ ဝတ္ထုငွေတွေရယ် ထောပတ်ထမင်း နဲ့ အချိုပွဲတွေကို လှူပြီးတဲ့အပြင် လှပျိုမယ်လေးကို အရင်တစ်ခေါက်က လှူထားတာ ဘုန်းဘုန်းကြီးက တော်တော်အဆင်ပြေကြောင်းပြောလို့ အခုလဲ ထပ်မံ လှူဒါန်းလိုက်ပါတယ်ရှင့် 🙏🙏
သား Reo လေးရဲ့ ကျောင်းက ဆရာမ 25 ယောက် နဲ့ အိမ်နီးနားချင်း ပတ်ဝန်းကျင်တွေကိုတော့ ထောပတ်ထမင်းနဲ့ကြက်သားဟင်းတွေ လိုက်ဝေလှူဒါန်းပါတယ်ရှင့် 🍛🍛🍛
ရှယ်တို့ရဲ့မိဘညီအစ်ကိုမောင်နှမတွေရဲ့ ဒီမိသားစုအလှူလေးကို 8နေ့နံ ၊ 7 ရက်သားသမီးများ အားလုံး ရကြပါစေ 🙏🙏🙏
ကျောင်းပျော်ကြီးဖြစ်နေတဲ့ သားသားလေးကို ကျောင်းကြို 👦🎒👩🏫
ဖိုးဇော်သာ ရှိသေးရင် မြေးလေးရဲ့ Vedio ကို ကြည့်ပြီး ချစ်ဖို့ကောင်းကြောင်း ရှယ့်ကို ဖုန်းဆက်ပြောဦးမှာ 😔😔
19/06/2026
နေမကောင်းလို့ ပြဒါးတိုင်းပေးနေတာကို ချိုင်းထဲကနေ ထွက်ကျသွားမှာစိုးလို့တဲ့ရှင် .. အနေအထားလေးကို ကြည့်ဦး 🥰
Category
Website
Address
Alerts
Be the first to know and let us send you an email when Reo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.