Nage
One of fu**in awesome!
04/09/2024
https://invite.viber.com/?g2=AQBUvWffpIpMuFNpEwOIBRJKr3u3VUFLTdp5v5csf0ncDoedVmtzlaCsyvk%2F8%2BLL
Nage on Viber Youtube Channel- https://youtube.com/?si=cMj4zQ4NBHvuqqF9 × FB - https://www.facebook.com/abeatdamaremc.nage?mibextid=LQQJ4d * FB Page - https://www.facebook.com/nageartist?mibextid=LQQJ4d
ညတွေက အကြိမ်ကြိမ်သတ်လို့ အခါခါသေရတဲ့ သံမဏိလူသားဟာ ငါပေါ့..
a.k.a Nage
ကိုယ်ကိုယ်တိုင်က ဝဋ်ကြွေးတစ်ကောင်ဖြစ်နေတော့ ဘယ်ယတြာတွေ ဘယ်လောက်စွမ်းနေပါစေ မိုးပြိုယောင်ပြတာနဲ့ မနက်ဖြန်တွေ မှောင်မိုက်ရတာပဲမဟုတ်ပါလား...
a.k.a Nage
05/01/2024
Quotes 2.6
ငါတို့ဟာ အိုမင်းခဲ့ကြပြီ...
မင်းကာရံ၊မင်းသံစဉ်၊မင်းစာသားတွေဟာလူတစ်ချို့အတွက် ဆန်းသစ်နေသေးလဲ
ဘယ်စက်ရုံမှာမှမသုံးတော့သလို
ငယ်ငယ်က ရုပ်ရှင်ကြည့်ရင်း စားခဲ့ဖူးတဲ့
၁၀တန်နေကြာစေ့ အထုပ်ထဲပါတဲ့ပဟေဠိ အမေးအဖြေနဲ့ ခပ်ပေါပေါ ကဗျာတွေလို...
တချိန်က မိုက်ရူးရဲဆန်စွာလေလွင့်ဖူးတဲ့ ပလပ်ဖောင်းလို နေ့တွေ၊ညတွေရယ်ကို ပြန်တမ်းတခဲ့..
မသေခင် ငါရူးသွပ်ခဲ့ဖူးတဲ့ အနုပညာကို "ဒါကွ"ဆိုပြီး ချပြချင်သေးတယ်..
ငါ့သံစဉ်တွေနဲ့ ငါ့စာမူတွေ ဘယ်ကမ္ဘာမှ အံမဝင်တော့ဘူး
အကုန် လွဲချော်ခဲ့ပါရဲ့...
ရူးသွပ်မှုရဲ့ရလဒ်က အောင်မြင်ခြင်းမဟုတ်ဘူးဆိုတောင် တစ်ချို့ ပလပ်စတစ်အိတ်လေးတွေလို တစ်ချို့ နေရာလေးတွေအတွက် အသုံးဝင်ချင်သေးပါရဲ့...
စဲကြ်ာဝဠာကြီးလောက် ငါမမှန်းပါဘူး
ငါ့အခန်းလေးထဲမှာပဲ သံစဉ်တွေ လင်းလက်ခွင့်ပေးရင်တော်ပြီ..
စိတ်ဓါတ်ကျနေတာမဟုတ်ပါဘူး
ငါ့ကိုနှိပ်စက်သွားတဲ့ အတိတ်အရပ်များကို မျက်နှာမူပြီး
သက်ပြင်းတွေကြိတ်လျှက်ချနေတာပါ
ဒီစိတ်တွေနဲ့ပဲ တစ်ရက်တစ်ရက် ငါ အိပ်စက်ရ..
ဟုတ်တယ်..
အနုပညာနဲ့အချစ်ဟာ ဘယ်တော့မှ အိုးမင်းမှုမရှိဘူး
သို့သော်
ငါတို့ဟာ အိုမင်းခဲ့ကြပြီ....
a.k.a Nage
04/10/2023
12/09/2023
" တိမ်တွေရဲ့ရင်ခုန်သံ "
Flow Appမှာနားဆင်နိုင်ပါပြီ .
Lyrics Video ကိုည ၇ နာရီတင်ပေးပါမယ် ။
- https://www.flow.com.mm/AlbumDetails/ZDBlOGI1OWQtNDhlNy00NzYwLTk2ZGUtNmQ5ZGI5ZGYxZjMx
- https://flow.com.mm/ ဒီလင့်မှာapp ကို download လုပ်ပြီး နားဆင်နိုင်ပါတယ် ။
တခါတလေမှာ စိတ်ညစ်လွန်းလို့
လောကကြီးနဲ့ ခဏလောက်အဆက်အသွယ်ပြတ်သွားချင်မိတယ်..
အဲ့ဒီစိတ်တွေကြောင့်ပဲ ကလေးလေးရဲ့
ငါ့ကို မူးယစ်စေတဲ့အရာမှန်သမျှကို
မင်းထက်ပိုပြီး ခုံမင်ခဲ့မိတယ်...။ ။
a.k.a
Click here to claim your Sponsored Listing.
06/10/2024