Fancy Look

Fancy Look

Share

Fancy Look contact lens are made with latest technology. Certified ISO (ISO 20150001)(FDA 201632214

30/05/2026

#အလှတပ်သီးသန့် ゚viralシfypシ゚ #မျက်ကပ်မှန်

29/05/2026

Fancy Look Eyewear Boutique သို့လာရောက်ပြီး
မျက်မှန်၊ မျက်ကပ်မှန်လေးတွေ try onလုပ်ပြခဲ့တဲ့
Heatherရဲ့ vlogလေးကို အဆုံးထိကြည့်ပြီး
ဘယ်မျက်မှန်၊ မျက်ကပ်မှန်လေးတွေက
အလိုက်ဖက်ဆုံးလဲဆိုတာ ပြောပြပေးခဲ့ကြအုံးနော်။

29/05/2026

Prada✨ #ပါဝါကိုင်း

Photos from Fancy Look's post 29/05/2026

ရေစိုကာလာကိုမှ နေ့စဉ်ဝတ်ဆင်တဲ့အခါမှာ ပေါ့ပါးလှပတဲ့ ကိုရီးယားကိုင်းအပျော့လေး‌တွေကို Fancy Look Eye Wear Boutique မှာဈေးနှုန်းသင့်တင့်စွာဝယ်ယူနိုင်ပါပြီ။

Price -60000MMK

28/05/2026

မျက်ကပ်မှန်တပ်တဲ့သူတိုင်း သိထားသင့်တဲ့ Protein Buildup ဆိုတာဘာလဲ? 👁️

Protein Buildup ဖြစ်တယ်ဆိုတာ
မျက်ရည်ထဲမှာရှိတဲ့ သဘာဝ ပရိုတင်းတွေက
မျက်ကပ်မှန်ပေါ်မှာ တဖြည်းဖြည်းကပ်ငြိပြီး Layerတစ်ခုအနေနဲ့ ဖြစ်ပေါ်လာတဲ့ အခြေအနေကို ပြောတာပါ။

Lens ကို သေချာမသန့်ရှင်းဘူး
ဒါမှမဟုတ် အချိန်ကြာကြာသုံးရင်
ဒီ Protein Layer တွေ စုပုံလာနိုင်ပါတယ် ⚠️

ဘာကြောင့်ဖြစ်တာလဲ?

👀 မျက်ရည်ထဲမှာ —
သဘာဝအလျှောက် ပါဝင်နေတဲ့ ပရိုတင်းတွေ၊ အဆီတွေ၊ ဖုန်မှုန့် အညစ်အကြေးတွေနဲ့ မိတ်ကပ်အကြွင်းအကျန်တွေ ရှိပါတယ်။
မျက်ကပ်မှန်ကို အမြဲတမ်း တပ်တဲ့အခါ အချိန်ကာလ တစ်ခုအကြာမှာ အဆိုပါအရာတွေက စုပေါင်းပြီး
မျက်ကပ်မှန်ပေါ် ကပ်ငြိပြီး စုပုံလာတာမျိုးပါ။

Protein Buildup ဖြစ်နေတဲ့ မျက်ကပ်မှန်ကို တပ်မိရင် ဘာဖြစ်နိုင်လဲ?

😣 Lens တပ်ရတာ သက်တောင့်သက်သာမရှိဖြစ်ခြင်း
👁️ မျက်စိယားခြင်း
🔴 မျက်စိနီခြင်း
🌫️ အမြင်ဝါးခြင်း
🦠 Infection risk တိုးလာခြင်း အစရှိတာတွေ ဖြစ်ပေါ်စေပါတယ်။

Yearly Lens တွေမှာ ပိုဖြစ်လွယ်တာဘာကြောင့်လဲ?

Yearly Lens တွေက ကာလရှည်ကြာ အသုံးပြုလို့ရတဲ့အတွက် Protein တွေ စုပုံဖို့ အချိန်ပိုရပါတယ်။

ဒါကြောင့် —

✅ Cleansing သေချာလုပ်ဖို့
✅ Solution မှန်မှန်လဲပေးဖို့
✅ Lens Case သန့်ရှင်းဖို့
အရမ်းအရေးကြီးပါတယ် ✨

Protein Buildup ကာကွယ်ဖို့ဆိုရင်
✅ Lens ကို ဆေးရည်နဲ့နေ့တိုင်းဆေးပါ

Solution နဲ့ အသာအယာ ပွတ်ပြီး ဆေးပေးပါ။
မျက်ကပ်မှန်တပ်ဖြစ်တဲ့အခါတိုင်း သေချာလေး ဆေးကြောပေးရပါမယ်။
တခါတလေမှ တပ်ဖြစ်တာဆိုရင်တော့ ၃ရက်တခါလောက်ဆေးရည်အသစ်လဲပြီး
မျက်ကပ်မှန်ကို ‌ဆေးပေးရပါမယ်။

✅ Expired solution မသုံးပါနဲ့

Solution Quality မကောင်းရင် မျက်ကပ်မှန်ကို သန့်ရှင်းစေဖို့ အာနိသင် မရှိနိုင်ပါဘူး။
ဒါကြောင့် Exp Dateဝေးတဲ့ မျက်ကပ်မှန်ဆေးရည်များကိုသာ သုံးစွဲစေချင်ပါတယ်။

✅ Lens case ကိုပုံမှန်လဲပါ

Lens Case တစ်ခုကို ကာလရှည်ကြာစွာသုံးရင် Bacteriaတွေ ပေါက်ဖွားဖို့ လွယ်ကူစေပါတယ်။
ဒါကြောင့် Lens Caseတခုကို အချိန်ကြာကြာ စွဲသုံးတာမျိုး မလုပ်ပဲ မကြာမကြာ လဲပေးသင့်ပါတယ်။
မျက်စိဆရာဝန်တွေရဲ့ ညွှန်ကြားချက်အရ Lens Caseတခုကို ၃လ ထက် ပိုပြီး မသုံးသင့်ပါဘူး။

✅ Lens သက်တမ်းလွန်နေပီဆိုရင် မသုံးပါနဲ့

“မျက်ကပ်မှန်က Expiredတော့ဖြစ်နေပြီ။ ဒါပေမဲ့ သုံးရတာ အဆင်ပြေနေသေးတယ်၊
သုံးလို့ရသေးတယ်ထင်လို့” ဆိုပြီး ဆက်မသုံးသင့်ပါဘူး။ သက်တမ်းလွန်နေတဲ့ မျက်ကပ်မှန်တွေမှာ
Protein Buildup ဖြစ်ဖို့ ပိုမိုလွယ်ကူတတ်လို့ပါ။

ဒါကြောင့်မို့ မျက်ကပ်မှန်တပ်တဲ့အခါမှာ ဒီအချက်လေးတွေကို သေချာစွာ ဂရုစိုက် လိုက်နာမယ်ဆိုရင်
ကိုယ့်ရဲ့ မျက်ကပ်မှန်ကို အချိန်ကြာကြာနဲ့ အန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

27/05/2026

Fancy Look သို့ လာရောက်ပြီး မျက်မှန်၊ မျက်ကပ်မှန်လေးတွေ ပြုလုပ်အားပေးသွားတဲ့ Kay's Area ရဲ့ mini vlogလေးကိုကြည့်ပြီး ဘယ်မျက်မှန်ကိုင်းလေးက Kayနဲ့ အလိုက်ဖက်ဆုံးလဲဆိုတာ ရွေးချယ်ပေးကြအုံးနော်။

26/05/2026

Daily / Monthly / Yearly Lens တွေရဲ့ ကွာခြားချက် 👀

မျက်ကပ်မှန်ဝယ်တော့မယ်ဆို
“Daily သုံးမလား?”
“Monthly က ပိုတန်လား?”
“Yearly Lens က Safe ဖြစ်လား?” ဆိုပြီး စဉ်းစားဖူးကြမှာပါ။

ဒီနေ့တော့ Lens Type တစ်ခုချင်းစီရဲ့ ကွာခြားချက်နဲ့ ကိုယ်နဲ့သင့်တော်မဲ့ lens ကို ရွေးချယ်နိုင်ဖို့ ပြောပြပေးမယ်နော် ✨

① Daily Lens

🗓 တစ်ခါသုံး (သို့) တစ်နေ့ပဲသုံးပြီး လွှင့်ပစ်ရတဲ့ Lens

✔ အားသာချက်
Hygiene အတွက် အကောင်းဆုံး
နေ့စဉ် မျက်ကပ်မှန်သန့်ရှင်းရေး လုပ်ရန်မလို
Infection Risk နည်း
Travel / Busy Lifestyle အတွက် အဆင်ပြေ

❌ အားနည်းချက်
Long-Term ဆို Cost ပိုများနိုင်
နေ့တိုင်းအသစ်ဖွင့်သုံးရ

💡 ဘယ်သူတွေအတွက်သင့်တော်လဲ?
မျက်ကပ်မှန်ကို အခုမှ စ တပ်မဲ့ Beginner Users တွေ
မျက်ကပ်မှန်နဲ့ ပတ်သတ်ရင် Sensitive Eyes ဖြစ်တဲ့သူတွေ
မကြာခဏ မျက်ကပ်မှန် တပ်လေ့ မရှိသူ
ပွဲနေပွဲထိုင်တွေအတွက် ပွဲတက်ရုံ တကြိမ်ပဲ အသုံးပြုမယ်ဆိုတဲ့သူတွေ

② Monthly Lens

🗓 ဖွင့်ပြီး ၁ လအတွင်းအသုံးပြုနိုင်

✔ အားသာချက်
Daily Lensထက် ကုန်ကျစရိတ်သက်သာ
နေ့စဉ်မျက်ကပ်မှန်တပ်ရသူတွေအတွက် ကောင်း

❌ အားနည်းချက်
Cleaning သေချာလုပ်ရ
Solution နဲ့ထိန်းသိမ်းရ
Hygiene မကောင်းရင် Eye Irritation ဖြစ်နိုင်

💡 ဘယ်သူတွေအတွက်သင့်တော်လဲ?

နေ့စဉ်တပ်သူ
Office / School Use
Budget နဲ့ Quality Balance ဖြစ်လိုသူ

③ Yearly Lens

🗓 ၁ နှစ်အထိအသုံးပြုနိုင်တဲ့ lens

✔ အားသာချက်
Cost သက်သာ
Color Options များတတ်
Cosplay / Beauty Look များအတွက်အဆင်ပြေ

❌ အားနည်းချက်
Care အရမ်းလိုအပ်
သေချာမထိန်းသိမ်းရင် Infection Risk ပိုများနိုင်

💡 ဘယ်သူတွေအတွက်သင့်တော်လဲ?
Lens Care သေချာလုပ်နိုင်သူ
မကြာခဏ မတပ်သူ
Beauty / Fashion Purpose

📌 Lens type မှန်မှန်ရွေးသုံးတာက
“လှဖို့” တင်မကဘဲ
“မျက်စိကျန်းမာရေး” အတွက်လည်း အရေးကြီးပါတယ်။
ဒါကြောင့်မို့ ကိုယ်နဲ့ သင့်တော်မဲ့ မျက်ကပ်မှန်
အမျိုးအစားကို ရွေးချယ်ပြီး အသုံးပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

26/05/2026

ပါဝါမျက်ကပ်၊ အလှတပ်မျက်ကပ်လေးတွေကို
ဒီဇိုင်းစုံစုံလင်လင်နဲ့ စိတ်ကြိုက် ရွေးချယ် ဝယ်ယူနိုင်မဲ့ FancyLook Eyewear Boutique

Photos from Fancy Look's post 26/05/2026

Rayban ✨

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

No 128, Bogyoke Road, Infront Of 48St, Pazuntaung Township
Yangon

Opening Hours

Monday 09:00 - 18:30
Tuesday 09:00 - 18:30
Wednesday 09:00 - 18:30
Thursday 09:00 - 18:30
Friday 09:00 - 18:30
Saturday 09:00 - 18:30
Sunday 09:00 - 18:30