Heartbroken Poem

Heartbroken Poem

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Heartbroken Poem, Public Figure, Yangon.

02/12/2025

“ မင်းလိုမိန်းမက ဘယ်လိုလူမျိုးနဲ့မှ အဆင်ပြေမှာ မဟုတ်ဘူး “

မင်းကိုယ်တိုင် ပြောလာမှတော့လဲ
ကိုယ် လက်ခံရတော့မှာပေါ့ ….

ကျေးဇူးပါပဲ အချစ်ကလေးရယ်

အရာရာလွဲချော်ပြီး အမြဲတမ်းအမှားတွေ နဲ့
မိန်းမကို “ မင်းမှန်ပါတယ် “ ဆိုတဲ့စကားလေးနဲ့ အချိန်တစ်ခုထိ ရပ်တည်ပေးခဲ့လို့ ….

ဒါပေမဲ့ မင်းနောင်တရနေပြီ မဟုတ်လား
ကိုယ်ပြောဖူးတဲ့
“ ငါဟာ သောက်တလွဲမိန်းမပါ “ ဆိုတဲ့
စကားလေးကို ပြန်ကြားယောင်ရင်းလေ …

Crd #

#မယ်ညို

25/11/2025

ဘဝမှာ လက်မလွှတ်သင့်တဲ့ အရာနှစ်ခုရှိတယ်။

အဲဒါဟာ အိမ်မက်နဲ့ချစ်ရတယ်လူပဲ။

အိမ်မက်လို့ တင်စားရလောက်တဲ့ ဘဝရည်မှန်းချက်

တစ်ခုကိုလည်း ဘယ်လောက် ခက်ခဲပါစေ၊လက်မလျော့

သင့်သလို တစ်ဘဝလုံး ချစ်မြတ်နိုးနေမှာ သေချာတဲ့

ချစ်ရတဲ့ လူတစ်ယောက်ကိုလည်း လက်မလျော့သင့်ပါ

ဘူး။အဲဒီအရာနှစ်ခုထဲက တစ်ခုကိုလက်လျော့လိုက်ရင်

တောင် ကျွန်မတို့ဘဝတွေဟာ အဓိပ္ပာယ်မဲ့စွာ ရှင်သန်နေ

ရလိမ်မယ်။

ချစ်တဲ့ #
နေဗလ်

20/10/2025

နာမည်လေး ကြားလိုက်ရုံနဲ့

မျက်ရည်ကျမိတဲ့အထိ

ချစ်မိခဲ့ပါတယ် အကို။

20/10/2025

ညတွေမှာ

သွေးရူးသွေးတန်း အော်ခေါ်မိတဲ့

နာမ်စားတစ်ခုဟာ”အကို”

#မယ်ညို

02/09/2025

သို့/

အကို
တကယ်တမ်းကျတော့ ကျွန်တော်က စျေးမပေါဘူးသိလား ။
ခင်ဗျားမဟုတ်တဲ့
ဘယ်သူနဲ့ မဆို
ကျွန်တော်က ဦးအောင် ချေပါတယ် ။
ကျွန်တော့်ကို
မလိုချင်တဲ့ ဘယ်ရပ်၀န်းကမဆို
လှည့်ထွက်ခဲ့ဖူးတယ်
မာနလည်း ကြီးသလားမမေးနဲ့
တော်ရုံတန်ရုံ
အဖက်လုပ်ခံရတယ်လူဆိုတာ ရှားတယ် ။
ဒါပေမယ့် ...
ဒီစာကို ရေးနေတဲ့လူက
ကျွန်တော်မှန်းသာ သိရင်
ခင်ဗျား အူလှိုက်သည်းလှိုက်ရီနေမှာနော်
ဘာကြောင့်ဆို...
ကျွန်တော်က
ခင်ဗျားအတွက် စျေးတွေ အရမ်းပေါခဲ့တာပေါ့
တစ်ခုတော့
သိထားပေးပါ
မင်းဖြစ်နေလို့
ကိုယ့်ကိုယ်ကိုယ် Discount ချထားမိတာလေးတစ်ခုပါပဲ
တကယ်တမ်းကျတော့
ကျွန်တော်က အဲ့လောက်ထိ စျေးမပေါဘူးသိလား ။
ခင်ဗျားအနားမှာ
နေခွင့်ရရုံဆိုပြီးတောင်းဆိုနေတဲ့
လူတစ်ယောက်ကလေ
တစ်ယောက်တည်း အဆင်ပြေအောင်
နေတတ်ခဲ့ဖူးပါတယ်
ခင်ဗျား မကိုင်တဲ့ဖုန်းတွေ
ဆက်နေမိတဲ့ ကျွန်တော်ကလေ
ခေါ်လာတဲ့ဖုန်းတွေကိုလည်း ချပစ်ခဲ့ဖူးတယ်
ပြီးတော့ ...
ခင်ဗျားကို ချစ်လားဆိုပြီး
တခုပ်တယ မေးနေတဲ့ ကျွန်တော်ကလေ
ချစ်တယ်ဆိုတဲ့ စကားတွေကို
မင်းမဟုတ်လို့ဆိုပြီး ငြင်းပယ်ခဲ့ဖူးတယ် ။
ကျွန်တော်က ...
ခင်ဗျားမို့လို့
စျေးတွေ ပေါနေမိတာပါ ။
Crd #

02/09/2025

မျက်နှာပြင်အကုန်လုံးမှာ
အစ်ကို့နာမည်တွေရေးပြီး
အန်စာခေါက်မိသူဟာ ကျွန်တော်ပါ။

ရူးသွပ်ခြင်းဆိုတာ ဒါလားအစ်ကို
မရနိုင်တာ ၊မဆိုင်နိုင်တာ
မပိုင်နိုင်တာ သိသိကြီးနဲ့
ချစ်မိနေတာမျိုးလေ ..။

#မယ်ညို
#ချစ်သောအကို

29/08/2025

ပိုက်ဆံမရှိလို့ထားသွားမဲ့မိန်းမထဲ မပါဘူး
ပိုက်ဆံမရှိဘူးမလား ‌ရတယ်
အတူတူရှိလာတဲ့အထိကြိုးစားကြမယ်
မရှိသေးတဲ့အချိန်မှာလည်းစိတ်မညစ်ရအောင်
အနားကနေဖေးမနှစ်သိမ့်ပြီးချစ်ပေးမယ်
တစ်ခုပဲကတိပေး
နင်မှနင်ဖြစ်နေတဲ့ငါ့ကိုပဲ လက်ထပ်ယူပါမယ်လို့

[ မေနိုင်း ]

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon