Ruby Showcase
💯 Authentic Local "Gemstone + Premium Resin Handmade Jewelry" 🇲🇲
12/06/2026
November Birthstone က ဝါဝါလင်းလင်း "စလင်းဝါ" လေး ☀️
12/06/2026
For "Wisdom & Confidence" 💙
12/06/2026
ချစ်ရပါသော June Birthstone နားကပ်လေးတွေ 💛
12/06/2026
Forget-me-not Hand Chain 💐🩵
11/06/2026
June Born အဆောင်ကျောက် ကို Minimalist ဆန်ဆန်လေး ဝတ်မယ် 🌙
June Birthstone "Moonstone" နဲ့ Minimalist Set လေးပါရှင်
လူကြိုက်များတဲ့ Set ဆိုလဲ မမှားပါဘူး 💯 😁
အဓိကက ရိုးရိုးရှင်းရှင်းလေးနဲ့ ကိုယ့် Birthstone ကို ဝတ်ချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်ရှင်
✅ Ring Price - 20000 Ks
✅ Pendant Price - 20000 Ks
✅ S925 Necklace Price - 25000 Ks (*can be only purchased together with Pendant)
မြော (Moonstone) ဟာ ...
💭 "New Beginning" ဆိုပြီး အဓိပ္ပာယ် ရပါတယ်
💭 ဒါ့အပြင် Over-Aggressive ဖြစ်မှုကို ထိန်းချုပ်ပေးတာမလို့ ဒေါသ အရမ်းကြီးတဲ့သူတွေ ဆောင်သင့်ပါတယ် (ယူတို့မလားး 🤭)
💭 သူ့မှာ Feminine energy ရှိတာမလို့ ကိုယ့် ပတ်ဝန်းကျင်က အမျိုးသမီးတွေနဲ့ အဆင်ပြေစေတဲ့ စွမ်းအင်ရှိပါတယ်
✨ Moonstone ဟာ June Born တွေရဲ့ အဆောင်ကျောက်ဖြစ်ပြီး ကြိုက်ရင် June Born မဟုတ်လဲ ဝတ်ဆင်နိုင်ပါတယ် ✅
တခြား Birthstone တွေနဲ့လဲ Page ထဲ တင်ထားပါတယ်ရှင်
Website ကနေဆို Month အလိုက် Collection နဲ့ Category ခွဲထားပေးလို့ ကြည့်ရ ပိုလွယ်ပါတယ် ✨
🛒 Website: https://rubyshowcase.pitiplus.app
11/06/2026
Elegant အဖြစ်ဆုံး "Princess Ring Collection" 💍
11/06/2026
ကိုယ်ရဲ့ အဆောင်ကျောက် 💛
အဆောင်ကျောက် ဝတ်ထားရင် ဘယ်လို ခံစားရလဲ ... ? ✨
ဒီမေးခွန်းလေးအမေးများကြလို့ မင်မင်ကိုယ်တိုင်လဲ June Born (Gemini) မလို့ အဆောင်ကျောက် Moonstone ဆောင်ပြီး ရတဲ့ honest feeling လေး sharing လုပ်ပေးချင်ပါတယ် 🙆🏻♀️
တစ်နေ့ကလဲ Moonstone အကြောင်း တင်ပေးဖူးပါတယ်
မင်မင်တို့ June Born (Gemini) တွေရဲ့ အဆောင်ကျောက်က Moonstone (မြော) ကျောက်ပေါ့နော်။ စူးစမ်းလိုစိတ်ပြင်းထန်တဲ့ ဒီ ရာသီဖွားတွေကို "New Beginning" လို့ အဓိပ္ပာယ်ရတဲ့ ဒီ Moonstone ကျောက်လေးက အခွင့်အရေး လမ်းစသစ်တွေ ဖော်ပေးပါတယ်။ စိတ်မြန်လက်မြန်ရှိတဲ့ ဒီရာသီဖွားတွေကို emotional calming ဖြစ်စေပြီး စိတ်အနှောင့်အယှက်တွေကို ဖြေဖျောက်ပေးပါတယ်တဲ့ 💫
♊️ မင်မင် ကိုယ်တိုင်က June Born မလို့ Moonstone ဆောင်ထားတဲ့တစ်လျှောက်ဆို စိတ်ပိုငြိမ်တယ် ခံစားရပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေပိုချမိတယ်လို့ ခံစားရပါတယ် (ဒါကတော့ ကိုယ့်ရဲ့ Personal Feeling ပါ) 💯
အမြဲဝတ်ထားတာတော့ မဟုတ်ပါဘူး။ အရေးကြီးတဲ့နေ့တွေနဲ့ စိတ်ထဲအဆင်မပြေတဲ့နေ့တွေပို ဝတ်ပါတယ်။ တချို့က အမြဲဝတ်ထားမှရမှာလား မေးတတ်ကြလို့။ မဟုတ်ပါဘူး။ သိမ်းရင်တော့ သေချာလေး ဂရုတစိုက်ဘူးထဲ ပြန်ထည့်သိမ်းပေးပါနော်
Customer တွေထဲကလဲ အဆောင်ကျောက်ဝတ်ထားပြီး ခံစားရတဲ့ အကျိုးအာနိသင်လေးတွေ လာပြောဖူးတာရှိလို့ နောက်ရက်ထဲ အဲ့တာလေးတွေလဲ စုပြီးတင်ပေးပါမယ် 😚
တစ်ခါမှ အဲ့လို မတင်ဖူးလို့ ... 😁
ကိုယ်တိုင်လဲ အဆောင်ကျောက်နဲ့ပက်သတ်ပြီး ထူးထူးခြားခြားခံစားရတာလေးတွေရှိရင် sharing လုပ်ပေးသွားကြပါဦးနော် 🤍
11/06/2026
ဒုတ္ထာကျောက် 💙
𝑀𝑖𝑛𝑖𝑚𝑎𝑙𝑖𝑠𝑡 𝑅𝑖𝑛𝑔 𝑉𝑠 𝑃𝑟𝑖𝑛𝑐𝑒𝑠𝑠 𝑅𝑖𝑛𝑔 💍✨
ဘယ်ဟာပိုလှလဲ ဖြေဖို့ကတော့ တစ်ယောက်နဲ့ တစ်ယောက်အကြိုက်ပေါ်ဘဲ မူတည်မယ််
အကုန်လုံး တစ်မျိုးစီ လှလို့ဘဲ အကုန်လုံး ထုတ်ထားတာပါ 😚❤️
မလှရင် ထုတ်တောင် မထုတ် ဟီး 🫢
အခု ပုံထဲကတော့ Lapis Lazuli (ဒုတ္ထာ) ကျောက်နဲ့ပါ
✅ စျေးနှုန်း - 20000 Ks / pc
*လက်တိုင်းမလိုတဲ့ Adjustable Size တွေဖြစ်ပါတယ်ရှင်*
ဒီဇိုင်းဆန်းပြီး အထင်းသားပေါ်လွင်တာက Princess Ring Collection 👑
အသည်းပုံ၊ မိုးရေစက်စသဖြင့် shape တွေမကြိုက်တတ်တဲ့ ရိုးရိုးရှင်းရှင်းသမားတွေကတော့ Minimalist Collection ကို ပိုသဘောကျမယ်ထင်တယ် 💍
တစ်ခုသတိထားရမှာက Minimalist Collection ဆို အလွယ်ဘဲ "circle / အဝိုင်းလေးပေါ့" ပြောပြီးမှာနေကြတာမျိုးတွေကို ထပ်ပြီးရှင်းပြချင်ပါတယ်
Minimalist Ring Collection က ကျောက်အရိုင်းစလေးတွေကိုဘဲ သူ့သဘာဝ သူ့ shape အတိုင်းဘဲ Resin နဲ့ ကပ်ထားတာပါရှင် ✨
"သဘာဝကျောက်အရိုင်းစလေးတွေ ဖြစ်တဲ့အတိုင်း တစ်ခါနဲ့တစ်ခါ shape တွေ တစ်ထပ်တည်းမတူနိုင်ပါဘူးရှင်" ဒီအကြောင်းလေးက post မှာလဲ အမတို့ အသေးစိတ်ရှင်းပြထားပါတယ်
စာသင်ကျောင်းလဲ မဟုတ်လို့ post က စာတွေ မဖတ်လို့ လိုက်မဆူချင်ပေမယ့် ကိုယ်မှာယူမယ့် Product ရဲ့ Description လေးကို ဖတ်ကြည့်ထားမှ "ရောင်းမှား ဝယ်မှား" မဖြစ်ဘဲ နှစ်ဦးနှစ်ဖက်အဆင်ပြေမှာမလို့ Request တာပါ 🙏
post က စာတွေရှည်တယ်ဆိုတာကလဲ လိုအပ်လို့၊ မမှာယူခင်သိသင့် သိထိုက်တဲ့အရာတွေမလို့ ပြည့်ပြည့်စုံစုံ ရေးထားပေးတာပါရှင်
ကိုယ်လဲပင်ပင်ပန်းပန်း အချိန်တွေအများကြီး ယူပြီး ရေးထားရတာပါနော် 🥹
အဓိကက မှာပြီးမှ နောက်ဆက်တွဲ အငြင်းပွါးစရာတွေမဖြစ်အောင်လို့ပါရှင်
အရင်က တစ်ခါကြုံဖူးတာ ဘယ်လောက်ဆိုးလဲဆို ပစ္စည်းရောက်သွားမှ "အမတို့က Resin ကြီးလားဟင်" ဆိုပြီး 🥲
We're selling "Local Authentic Handmade Jewelry in combination of Natural Raw Gemstones and Resin Art" pr ❤️
မရပ်မနား ကြိုးစားလာတာ အခု သက်တမ်း ၃ နှစ်ကျော်လာပြီမလို့ တော်တော်များများ ကိုယ့်ကို သိနေကြပြီမလို့ ဝမ်းသာပီတိဖြစ်ရပါတယ် ☺️
အမြဲတလေးတစားနဲ့ မမှာခင်ထဲက Product Description လေးတွေလဲဖတ်ပေးတယ်၊ မှာတဲ့အခါလဲ ကိုယ်လိုချင်တဲ့ Product ကို ရှင်းလင်းတိကျစွာ (တစ်ခါတစ်လေ ကိုယ်တောင် ပြန်မေးဖို့မလိုအောင်) မှာယူပေးတဲ့ Customer တွေလဲအများကြီးပါဘဲ
တကယ် ကျေးဇူးပါ 🤍
"𝑺𝒚𝒎𝒃𝒐𝒍 𝒐𝒇 𝑳𝒖𝒄𝒌 & 𝑭𝒐𝒓𝒕𝒖𝒏𝒆" - 𝑭𝒐𝒖𝒓 𝒍𝒆𝒂𝒇 𝑪𝒍𝒐𝒗𝒆𝒓 𝑱𝒆𝒘𝒆𝒍𝒓𝒚 🍀✨
ဒီ "Four-leaf Clover" လေးကတော့ "Faith, Hope, Love & Luck" ကို ရည်ညွှန်းပါတယ်တဲ့
ကံကောင်းခြင်းတွေကို ယူဆောင်လာပေးတဲ့ သစ်ရွက်လေးပေါ့ ✨
မင်တို့ကတော့ ကိုယ့်သဲငယ်တွေကို အမြဲတမ်း ကံကောင်းစေချင်လို့ ထာဝရဆောင်ထားလို့ ရမယ့် Four-Leaf Clover အရွက်အစစ်လေးတွေနဲ့ Resin Handmade Jewelry လေးတွေ ဖန်တီးထားပါတယ်ရှင့် 🫶🏻
အထဲမှာ ကြွယ်ဝချမ်းသာခြင်းကို ကိုယ်စားပြုတဲ့ Peridot (ပြောင်ခေါင်းစိမ်း) ကျောက်ရိုင်းလေးတွေပါ အဆစ်ပါပါတယ် 💚
ကိုယ့်ချစ်ရသူတွေကို လက်ဆောင်ပေးသင့်တဲ့ Lucky Set လေးပါဘဲ 💫 🎁
❣️Pendant Price - 20000 Ks
❣️S925 Necklace Price - 25000 Ks (*can be only purchased together with Pendant)
⬇️ ပုံပါ Product ရဲ့ စျေးနှုန်းနဲ့ အသေးစိတ်အကုန်ရေးထားတဲ့ Collection Link လေး အောက်မှာ ချထားပေးပါတယ်၊ Link ထဲဘဲ ဝင်ကြည့်ပေးကြပါရှင် 🙏⬇️
https://www.facebook.com/100064151285477/posts/620566180091753/?mibextid=cr9u03
Click here to claim your Sponsored Listing.