True Choice- Electronics Spare Part Service
မဂၤလာပါ
10/09/2025
သူတို့လေးတွေ လှနေကြတာ❤❤❤
27/08/2025
🙍♀️ရင်သားကင်ဆာ - အထူးဂရုပြုအလေးထားသင့်သော ရောဂါတစ်မျိုး
ရင်သားကင်ဆာသည် ရင်သားတစ်ရှူးများအတွင်း ဆဲလ်များ ပုံမှန်မဟုတ်ဘဲ အလွန်အမင်းပွားများလာခြင်းကြောင့် ဖြစ်ပေါ်လာသော ကင်ဆာရောဂါတစ်မျိုးဖြစ်ပါသည်။ ယနေ့ခေတ်တွင် အမျိုးသမီးများအတွက် အဖြစ်အများဆုံး ကင်ဆာအမျိုးအစားများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး နှစ်စဉ် လူပေါင်းများစွာကို ဒုက္ခပေးနေသော ရောဂါကြီးတစ်ခုလည်းဖြစ်ပါတယ်။ သို့သော် စောစီးစွာသိရှိပါက ကုသပျောက်ကင်းနိုင်သည့် ရောဂါတစ်ခုလည်းဖြစ်ပါတယ်။ ခေတ်မီစစ်ဆေးကုသမှုနည်းလမ်းများ၊ သုတေသနတိုးတက်မှုများနှင့် အသိပညာများ တိုးပွားလာခြင်းကြောင့် ယခုအခါ ရင်သားကင်ဆာကြောင့် သေဆုံးမှုနှုန်းများ သိသိသာသာ ကျဆင်းလျက်ရှိပါတယ်။ ရင်သားကင်ဆာအား စောစီးစွာ သိရှိနိုင်ရန်အတွက် မိမိကိုယ်တိုင် ရင်သားစစ်ဆေးခြင်း၊ မမ်မိုဂရမ်ရိုက်ခြင်းစသည့် စစ်ဆေးမှုများ ပုံမှန်ပြုလုပ်ရန်လိုအပ်ပြီး ဖြစ်နိုင်ခြေမြင့်စေသော အကြောင်းရင်းများကို သိရှိကာကွယ်ထားရန် လိုအပ်ပါတယ်။ ဤရောဂါနှင့်ပတ်သက်၍ သိရှိထားသင့်သော အချက်အလက်များ၊ ကာကွယ်နည်းများနှင့် ကုသမှုဆိုင်ရာ အချက်အလက်များကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ပါတယ်။
🧑⚕️ရင်သားကင်ဆာဖြစ်ရသည့် အကြောင်းရင်းများ
အများစုသော ရင်သားကင်ဆာများ၏ တိကျသောအကြောင်းရင်းကို အတိအကျမသိရသေးပါ။ သုတေသီများက ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေသည့် အချက်များကိုတော့ ရှာဖွေတွေ့ရှိထားပါတယ်။
ဖြစ်နိုင်ခြေမြင့်စေသော အကြောင်းရင်းများ:
• ဟော်မုန်းများ (ဥပမာ - အီစထရိုဂျင်နှင့် ပရိုဂျက်စတုန်း)
• နေထိုင်မှုပုံစံရွေးချယ်မှုများ (ဥပမာ - အရက်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း)
• ပတ်ဝန်းကျင်ဆိုင်ရာ အချက်များ
သို့သော် ဘာအကြောင်းရင်းမှမရှိသူတချို့ ကင်ဆာဖြစ်နိုင်ပြီး၊ အချို့ကတော့ ဖြစ်နိုင်ခြေမြင့်မားသည့်တိုင် ကင်ဆာမဖြစ်တာကို တိတိကျကျ မဖြေရှင်းနိုင်သေးပါ။ ရင်သားကင်ဆာသည် မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်အခြေအနေများ ရှုပ်ထွေးစွာ အပြန်အလှန်သက်ရောက်မှုကြောင့် ဖြစ်နိုင်သည်ဟု ယူဆရပါတယ်။
🙍♀️ဆဲလ်အတွင်း DNA ပြောင်းလဲမှုများကြောင့် စတင်ပါတယ်
ကျန်းမာရေးပညာရှင်များက ရင်သားကင်ဆာသည် ရင်သားတစ်ရှူးအတွင်းရှိ ဆဲလ်များ၏ DNA ပြောင်းလဲသွားသောအခါ စတင်သည်ဟု သိရှိထားပါတယ်။
• ပုံမှန်ဆဲလ်များတွင် DNA က ဆဲလ်များကို သတ်မှတ်နှုန်းအတိုင်း ကြီးထွားပြီး သေဆုံးရန် ညွှန်ကြားပေးပါတယ်။
• ကင်ဆာဆဲလ်များတွင် DNA ပြောင်းလဲမှုများက ဆဲလ်များကို အလွန်အမင်းမြန်မြန်ပွားစေပြီး သေမသွားဘဲ အချိန်ကြာရှည်စွာ အသက်ရှင်နေစေပါတယ်။
အကျိတ်ဖြစ်ပေါ်ခြင်းနှင့် ပျံ့နှံ့ခြင်း
• ကင်ဆာဆဲလ်များစုပေါင်း၍ အကျိတ် (tumor) အဖြစ်ဖွဲ့စည်းနိုင်ပါတယ်။
• အကျိတ်များသည် ကျန်းမာသောတစ်ရှူးများကို ထိုးဖောက်ဖျက်ဆီးနိုင်ပြီး၊
• အချိန်ကြာလာသည်နှင့်အမျှ ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အနှံ့ပျံ့နှံ့ (metastasize) နိုင်ပါတယ်။
🙍♀️ရင်သားကင်ဆာ အမျိုးအစားများ
• နို့ပြွန်များတွင် စတင်သောကင်ဆာ (Invasive Ductal Carcinoma) - အဖြစ်အများဆုံးဖြစ်ပြီး နို့ပြွန်ဆဲလ်များတွင် စတင်ပါတယ်။
• နို့ဂလင်းများတွင် စတင်သောကင်ဆာ (Invasive Lobular Carcinoma) - နို့ထုတ်လုပ်သော lobules ဆဲလ်များတွင် စတင်ပါတယ်။
• အခြားရှားပါးသော ရင်သားဆဲလ်များတွင်လည်း ကင်ဆာဖြစ်နိုင်သော်လည်း ဖြစ်ခဲပါတယ်။
ရင်သားကင်ဆာဖြစ်နိုင်ခြေမြင့်စေသော အကြောင်းရင်းများ
ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည့် အချက်များမှာ -
၁။ မိသားစုရာဇဝင်
• မိဘ၊ မောင်နှမ သို့ သားသမီးတွင် ရင်သားကင်ဆာဖြစ်ဖူးပါက သင့်တွင်လည်း ဖြစ်နိုင်ခြေမြင့်မားပါတယ်။
• အထူးသဖြင့် ငယ်ရွယ်စဉ်တွင် ရင်သားကင်ဆာဖြစ်ဖူးသော မိသားစုရာဇဝင်ရှိပါက ပိုမိုအန္တရာယ်များပါတယ်။
• သို့သော် ရင်သားကင်ဆာဖြစ်သူ အများစုတွင် မိသားစုရာဇဝင်မရှိကြပါ။
၂။ ကိုယ်ပိုင်ရင်သားကင်ဆာရာဇဝင်
• တစ်ဖက်ရင်သားတွင် ကင်ဆာဖြစ်ဖူးပါက အခြားတစ်ဖက်တွင်လည်း ဖြစ်နိုင်ခြေမြင့်မားပါတယ်။
၃။ ရင်သားနှင့်ဆိုင်သော အခြေအနေများ
• Lobular carcinoma in situ (LCIS) သို့ atypical hyperplasia of the breast ကဲ့သို့သော အခြေအနေများတွေ့ရှိပါက ရင်သားကင်ဆာဖြစ်နိုင်ခြေမြင့်မားပါတယ်။
၄။ ရာသီစောစတင်ခြင်း
• အသက် ၁၂ နှစ်မတိုင်မီ ရာသီစတင်ပါက ရင်သားကင်ဆာဖြစ်နိုင်ခြေမြင့်မားပါတယ်။
၅။ သွေးဆုံးချိန်နောက်ကျခြင်း
• အသက် ၅၅ နှစ်နောက်ပိုင်းမှ သွေးဆုံးပါက ရင်သားကင်ဆာဖြစ်နိုင်ခြေမြင့်မားပါတယ်။
၆။ အမျိုးသမီးဖြစ်ခြင်း
• အမျိုးသမီးများတွင် အမျိုးသားများထက် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများပါတယ်။
၇။ ရင်သားတစ်ရှူးထူခြင်း
• ရင်သားတွင် အဆီထက် နို့ဂလင်းနှင့် ပြွန်များပိုများပါက ရင်သားကင်ဆာဖြစ်နိုင်ခြေမြင့်မားပါတယ်။
၈။ အရက်သောက်သုံးခြင်း
• အရက်သောက်သုံးခြင်းသည် ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။
၉။ ကလေးအသက် ၃၀ နောက်ပိုင်းမှ မွေးဖွားခြင်း
• ပထမဆုံးကလေးကို အသက် ၃၀ နောက်ပိုင်းတွင် မွေးဖွားပါက ရင်သားကင်ဆာဖြစ်နိုင်ခြေမြင့်မားပါတယ်။
၁၀။ ကိုယ်ဝန်မဆောင်ဖူးခြင်း
• ကိုယ်ဝန်ဆောင်ဖူးသူများတွင် ရင်သားကင်ဆာဖြစ်နိုင်ခြေနည်းပါတယ်။
၁၁။ အသက်ကြီးခြင်း
• အသက်ကြီးလာသည်နှင့်အမျှ ရင်သားကင်ဆာဖြစ်နိုင်ခြေမြင့်မားလာပါတယ်။
၁၂။ မျိုးရိုးဗီဇပြောင်းလဲမှုများ
• BRCA1 နှင့် BRCA2 ကဲ့သို့သော ဗီဇပြောင်းလဲမှုများသည် ရင်သားကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာမြင့်တက်စေပါတယ်။
၁၃။ ဟော်မုန်းကုထုံးများ
• အီစထရိုဂျင်နှင့် ပရိုဂျက်စတုန်းပါသော ဟော်မုန်းကုထုံးများသည် ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။
၁၄။ အဝလွန်ခြင်း
• အဝလွန်သူများတွင် ရင်သားကင်ဆာဖြစ်နိုင်ခြေမြင့်မားပါတယ်။
၁၅။ ဓာတ်ရောင်ခြည်ထိတွေ့မှု
• ငယ်စဉ်က ရင်ဘတ်ကို ဓာတ်ရောင်ခြည်ကုထုံးခံယူဖူးပါက ရင်သားကင်ဆာဖြစ်နိုင်ခြေမြင့်မားပါတယ်။
🧑⚕️ရင်သားကင်ဆာကာကွယ်ရန် နေထိုင်မှုပုံစံပြောင်းလဲခြင်းများ
ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်မည့် နည်းလမ်းများမှာ
၁။ ရင်သားကင်ဆာ စစ်ဆေးမှုများနှင့်ပတ်သက်၍ ဆရာဝန်နှင့်တိုင်ပင်ပါ
၂။ ရင်သားကို ပုံမှန်စမ်းသပ်စစ်ဆေးပါ (Breast Self-Examination)
၃။ အရက်သောက်သုံးမှုကို ရှောင်ပါ
၄။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ
• တစ်ပတ်လျှင် အနည်းဆုံး ၅ ရက်၊ တစ်ကြိမ်လျှင် မိနစ် ၃၀ လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းများ ပြုလုပ်ပါ။
• ယခင်က လှုပ်ရှားမှုနည်းသူများသည် ဆရာဝန်နှင့်တိုင်ပင်ပြီး ဖြည်းဖြည်းချင်းစတင်ပါ။
၅။ သွေးဆုံးကာလ ဟော်မုန်းကုထုံးကို လျှော့သုံးပါ
• အီစထရိုဂျင်နှင့် ပရိုဂျက်စတုန်း ပေါင်းစပ်ဟော်မုန်းများသည် ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေသည်။
• လိုအပ်ပါက အနည်းဆုံးပမာဏနှင့် အတိုဆုံးကာလအတွက်သာ သုံးစွဲပါ။
၆။ ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ထိန်းပါ
• ကိုယ်အလေးချိန်လျှော့ချလိုပါက ဆရာဝန်နှင့်တိုင်ပင်ကာ အာဟာရပြည့်ဝစွာစားပြီး ဖြည်းဖြည်းချင်း ကိုယ်လက်လှုပ်ရှားမှုတိုးပါ။
-----------------------------------------
BioHealth Clinical Laboratory
(အထွေထွေရောဂါရှာဖွေရေးဓာတ်ခွဲခန်း)
ရန်ကုန် 👉 အမှတ် (၄၄၈)၊ မေဓါဝီလမ်း၊ မြောက်ဥက္ကလာပမြိုနယ်။
ဖုန်း ၀၉ ၂၆၀၀၀၅၀၅၄၊ ၀၉ ၂၆၀၀၀၅၂၅၃
မန္တလေး 👉 အမှတ် (၆၁-ခ)၊ ၂၇ လမ်း၊ ၇၃ နှင့် ၇၄ လမ်းကြား၊ ချမ်းအေးသာစံမြိုနယ်။
ဖုန်း ၀၉ ၄၄၀၀၁၁၄၄၁, ၀၉ ၉၅၀၄၄၄၄၃၀
----------------------------------------
📑 ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို BioHealth Clinical Laboratory ရဲ့ Channel များကို Like and Follow လုပ်ထားဖိုမမေ့ပါနဲ့နော်
Facebook: https://www.facebook.com/biohealthmyanmar
Viber: https://invite.viber.com/...
TikTok: https://www.tiktok.com/.myanmar
Website: www.biohealthmyanmar.com
#လူနာပညာပေး #အမျိုးသမီးကျန်းမာရေး
05/08/2025
ဘာကြောင့် စာဖတ်ဖို့လိုသလဲ...
ဆရာကြီးဦးအောင်သင်းရဲ့
ကျွန်တော်အကြိုက်ဆုံးထဲက
အကြိုက်ဆုံးစကား
လူနဲ့တိရစ္ဆာန်
ဘယ်သူသာလဲမေးရင်
လူကသာတယ်လိုပဲဖြေကြတယ်
စဉ်းစားကြည့်ရအောင်...
မြင်းလောက်အပြေးသန်သလား?
ဆင်လောက်ခွန်အားကြီးသလား?
ငါးလောက်ရေကူးကျွမ်းသလား?
ကျီးကန်တို့လဒတို့လောက်
မျက်စိလျှင် လား?
အယ်ဇေးရှင်းခွေးလောက်
အနံ့ခံကောင်းလား?
ကျွန်တော်တို့က
အဖွဲ့အစည်းနဲ့ဘာနဲ့ညာနဲ့
စည်းလုံးတယ် ဘာညာနဲ့မပြောနဲ့
ပျားတွေလောက်မစည်းလုံးဘူးနော်
ပျားတွေဟာသိပ်ဝီရိယကောင်းတယ်
ပန်းပွင့်မညိုးခင်
မနက်စောစော
ကတည်းက လုံ့လစိုက်ပြီး
အလုပ်လုပ်တယ်
ပျားတစ်ကောင်ဟာ
ပန်းဝတ်ရည်ကိုတွေ့လာရင်
သတင်းလာပို့တယ်
သူကဦးဆောင်ခေါ်သွားတယ်
နောက်ကပျားတွေကလည်း
ထပ်ကြပ်မကွာလိုက်တယ်
သူတို့ယူလာတဲ့ဝတ်ရည်ကို
သိုလှောင်တဲ့နေရာမှ အတိတကျထားတယ်
ဘယ်ပျားကမှမခိုးဘူး ။
မှောင်ခိုမချဘူး
ကောင်းလိုက်တဲ့ဗီဇ
ရှဉ့်လျှောက်လို့ရအောင်
လမ်းချန်ပေးထားတယ်
သူများသွားလမ်းပိတ်မထားဘူး
လူတွေလို ဘယ်သူသေသေ
ပြီးပြီးရောဆိုတဲ့
စိတ်ယုတ်မရှိဘူး
ပျားအုံကိုထိရင်
အသေခံကာကွယ်တယ်
ကြည့်စမ်း
ပျားတွေနိုင်ငံတော်သည်
ဘယ်လောက်အားကျဖို့ကောင်းလဲ
ဘယ်လောက်အတုယူဖို့ကောင်းလဲ
ကောင်းပြီး ဆက်စဉ်းစားကြရအောင်
လူတွေဟာတိရစ္ဆာန်တွေထက်
ဘယ်နေရာသာသလဲ
အဖြေထုတ်ကြည့်ရင်
်သုံးမျိူးပဲရှိတယ်
၁.အလှအပကိုခံစားတတ်ခြင်း
ဖန်တီးတတ်ခြင်း
၂.ကိုယ့်ကျင့်တရားရှိခြင်း
၃.ကျိူးကြောင်းဆင်ခြင်နိုင်ခြင်း
ဥာဏ်ပညာရှိခြင်း
လူတွေဟာအလှအပကိုခံစားတတ်တယ် ဖန်တီးတတ်တယ်
တိရစ္ဆာန်တွေမှာကိုယ်ကျင့်တရားမရှိဘူး
ကြီးနိုင်ငယ်ညှင်းတယ်
မကောင်းတာကောင်းတာသူတို့မသိဘူး
ကိုယ့်ကျင့်တရားဆိုတာလည်းမရှိဘူး
လူတစ်ယောက်မှာ ကိုယ်ကျင့်တရားမရှိရင်
တိရစ္ဆာန်နဲ့မခြားနားဘူး
ကျိုးကြောင်းဆင်ခြင်ဥာဏ်
ပညာကြီးတယ်
ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာသိတယ်
ကိုယ့်ထက်အားကြီးတဲ့ဆင်ကို
ချွန်ပေါက်ပြီးသစ်ဆွဲခိုင်းတယ်
မြင်းကိုပါးချုပ်တက်ပြီးခွစီးတယ်
လှည်းတပ်ဆွဲခိုင်းတယ်
ရေကူးကျွမ်းတဲ့ငါးကို
ငါးမျှားချိတ်နဲ့များတယ်
ပိုက်နဲ့ဖမ်းတယ်
ကိုယ့်ထက်စည်းလုံးပါတယ်ဆိုတဲ့ပျားကို ဖွတ်စားတယ်
ဒါဘာလို့လဲ
လူတွေကတိရစ္ဆာန်တွေထက်
အကျိူးအကြောင်းဆင်ခြင်နိုင်လို့
ဥာဏ်ပညာကြီးလို့ပေါ့
လူတွေကတိရစ္ဆာန်တွေအပေါ်
လွှမ်းမိုးနိုင်တာဟာ
ဥာဏ်ပိုကြီးလို့
ဒါဆိုရင်လူအချင်းချင်းရော
သေချာစဉ်းစားကြည့်
လူတွေမှာလည်း
ပညာကြီးတဲ့လူက
ပညာနည်းတဲ့သူကို
လွှမ်းမိုးနိုင်မှာပေါ့
သူများနိုင်ငံမှာသွားပြီး
ပညာသင်ရတယ်
သူများနိုင်ငံမှာသွားပြီး
အောက်ကျို့ခံအလုပ်လုပ်ရတယ်
သူတို့လောက် ငါတို့ပညာမတတ်လို့ပဲ
ဒါကိုတို့နိုင်ငံက လူတွေက
အခုချိန်ထိပညာကို
တန်ဖိုးထားရကောင်းမှန်းမသိဘူး..
အမြင်ကျယ်တဲ့သူက အမြင်ကျဉ်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့
အဲ့ဒီတော့ သူများလွှမ်းမိုးတာမခံရအောင်
သူများခေါင်းပုံဖြတ်တာမခံရအောင်
သူများလူလည်ကျတာမခံရအောင်
သူများအနိုင်ကျင့်တာမခံရအောင်
ပညာတတ်ဖို့ အမြင်ကျယ်ဖို့
အသိပညာရှိဖို့ ဗဟုသုတရှိဖို့လိုတယ်
ဘာလုပ်ရမလဲ ။
စာဖတ်ရမှာပေါ့
စာဖတ်တယ်ဆိုတာ
သူများအမှား
ကိုယ်ဆက်မမှားအောင်လုပ်တာ
သူများအတွေအကြုံ
ကိုယ့်အတွေအကြုံအဖြစ်
ရယူတာ..
စာဖတ်တဲ့နေရာမှာ
ဦးနှောက်ကို ခွန်အားဖြစ်စေမယ့်
စာမျိူး များများဖတ်ပါ ။
ဘဝကိုဦးနှောက်ကဦးဆောင်တာ
အသိပညာရစေမယ်စာတွေ
များများဖတ်စေချင်တယ်
ဆရာကြီးအားလေးစားလျက်....
Credit....
09/11/2024
Pageနဲ့တော့မသက်ဆိုင်ပေမယ့် ဝါသနာအရလုပ်စားဖြစ်တာလေးကိုမျှဝေခြင်းဖြစ်ပါတယ်နော်☺☺☺
22/05/2024
🙏🙏🙏ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ထဲက တစ်နေ့ဖြစ်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့🙏🙏🙏
02/03/2024
မြန်မာနိုင်ငံရဲ့နေ့ထူးနေ့မြတ်တွေထဲမှတစ်နေ့ဖြစ်တဲ့ တောင်သူလယ်သမားနေ့တို့မမေ့💙💙💙
တပို့တွဲလပြည့်နေ့ Pageထဲမှသူငယ်ချင်းများအားလုံး
♣ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
♣ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
♣ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
♣နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon