PCSWA Voluntary Support
✨ မင်းရဲ့ စေတနာတွေနဲ့ ကမ္ဘာကြီးကို ပိုမိုလှပအောင် ဖန်တီးလိုက်ပါ။ ✨
Founder ph no -09 457 394 546
Telegram -https://t.me/PCSWAOfficial
06/09/2026
✨ Join Our Team!
Creative& Media -1postHR
Event & Activity -1 post HR
📍အတွေ့အကြုံ မရှိသေးသော်လည်း တက်ကြွစွာ ပါဝင်လိုသူမည်သူမဆို လျှောက်ထားနိုင်ပါတယ်။
Creative& Media HR
📌 လိုအပ်သော အရည်အချင်းများ (Qualifications):
Communication Skill အသင့်အတင့် ရှိရမည်။
Creative & Media ပိုင်းကို နားလည်ပြီး စိတ်ဝင်စားသူ ဖြစ်ရမည်။
အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး responsibility ရှိရမည်။
ပရောဂျက်များအတွက် အချိန်ပေးနိုင်သူ ဖြစ်ရမည်။
👤 တာဝန်ယူရမည့်အပိုင်းများ:
Creative & Media Team အတွက် Volunteer သစ်များ Recruitment ပြုလုပ်ခြင်း
အဖွဲ့ဝင်များ၏ လုပ်ဆောင်ရန်တာဝန်များကို ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ချိတ်ဆက်ပေးခြင်း။
Event & Activity HR
📌 လိုအပ်သော အရည်အချင်းများ (Qualifications):
Event များနှင့် activities များအတွက် စီမံခန့်ခွဲရသည်ကို စိတ်ဝင်စားသူ ဖြစ်ရမည်။
Problem-Solving Skillရှိပြီး ဆုံးဖြတ်ချက်မြန်မြန် ချနိုင်သူ ဖြစ်ရမည်။
လူအများနှင့် ပေါင်းသင်းဆက်ဆံရသည်ကို နှစ်သက်ပြီး Leadership Skillရှိရမည်။
Management ကောင်းမွန်သူဖြစ်ရမည်။
Event များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်သူ၊အချိန်ပေးနိုင်သူ ဖြစ်ရမည်။
👤 တာဝန်ယူရမည့်အပိုင်းများ:
Event & Activity တိုင်းအတွက် လိုအပ်သော Volunteer များ ခေါ်ယူစုဆောင်းခြင်း
Project ရှိသည့်နေ့များတွင် အဖွဲ့ဝင်များ၏ တာဝန်များ (Role Assignment) ကို စီမံပေးခြင်း
အဖွဲ့ဝင်များတက်ကြွစွာ ပါဝင်လာစေရန် ချိတ်ဆက်ပေးခြင်း
✨ ရရှိနိုင်မည့် အခွင့်အလမ်းများ:
HR , leadership နှင့် Management ပိုင်းဆိုင်ရာအတွေ့အကြုံများ
Networking တစ်ခုတည်ဆောက်နိုင်ခြင်း
Volunteer Certificate နှင့် အဖွဲ့အစည်းဆိုင်ရာ အတွေ့အကြုံများ
✨စိတ်ပါဝင်စားသူများအနေဖြင့် လျှောက်ထားနိုင်ပါပြီ✨
✨လျှောက်ထားရန်
https://docs.google.com/forms/d/e/1FAIpQLScOH5Q-V_W_evFcrL6nvfozELHhUJg5cs2pSH4XTF_c872Hfw/viewform?usp=publish-editor
Writing- Khaing Myat Noe
Graphic Designer -Khaing ZinThant
26/08/2026
🌱 ကျောင်းသားတွေရဲ့ စကားသံများ | PCSWA Free Language Learning Program ❤️
19/08/2026
📢 PCSWA VOLUNTEERS | PROJECT 2 ANNOUNCEMENT 🤍
🌿 ဘိုးဘွားရိပ်သာဂေဟာသို့ အလှူဒါနပြုခြင်း 🌿
မင်္ဂလာပါရှင့်💙
PCSWA Volunteers အဖွဲ့ရဲ့ Project 2 အဖြစ် လာမယ့်လမှာ လှိုင်သာယာ၊ ထန်းတစ်ပင်မြို့အနီးတစ်ဝိုက်ရှိ ဘိုးဘွားရိပ်သာဂေဟာ တစ်ခုသို့ သွားရောက်ကာ ဘိုးဘွားများအတွက် လိုအပ်သည့်အရာများကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးပြီး အလှူဒါနပြုသွားရန် စီစဉ်ထားပါတယ်။ 👵🏻👴🏻🤍
ဒီ Project မှာ PCSWA Volunteers များအပြင် စေတနာရှင်များ၊ အလှူရှင်များအားလုံး ပါဝင်ကုသိုလ်ယူနိုင်ရန်အတွက် ယနေ့မှစတင်၍ လာမည့်လ ပထမအပတ်အထိ အလှူငွေများနှင့် လိုအပ်သောပစ္စည်းများကို စုဆောင်းလက်ခံသွားမှာ ဖြစ်ပါတယ်။ 🙏🏻
💝 အလှူခံကာလ
📅 ယနေ့မှစတင်၍ လာမည့်လ ပထမအပတ်အထိ
အလှူငွေ မည်မျှပင်ဖြစ်စေ၊ လှူဒါန်းသည့် ပစ္စည်းမည်မျှပင်ဖြစ်စေ စေတနာပါဝင်မှုတိုင်းသည် တန်ဖိုးရှိပါတယ်။
အားလုံးရဲ့ သေးငယ်တဲ့ပံ့ပိုးမှုတွေ ပေါင်းစည်းလိုက်တဲ့အခါ ဘိုးဘွားများအတွက် အားကိုးစရာ၊ နွေးထွေးမှုနဲ့ ပျော်ရွှင်မှုတစ်စုံတစ်ရာ ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ 🌷
💳 ကုသိုလ်ပါဝင်လှူဒါန်းလိုသူများအတွက်
အောက်ဖော်ပြပါ Account များမှတစ်ဆင့် ပါဝင်လှူဒါန်းနိုင်ပါတယ်ရှင်/ခင်ဗျာ။
👤 လက်ခံသူအမည်
Aye Chan Win Naing
📞 Founder Phone-09457394546
💳 KBZPay-09457394546
💳 WavePay-09669225268
💳 AYA Pay-09457394546
🙏🏻 အလှူငွေ လွှဲပြောင်းပြီးပါက ငွေလွှဲပြေစာ (Screenshot) ကို သက်ဆိုင်ရာ Volunteer Team ထံသို့ ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
🙋🏻♀️ On-Ground Volunteer အဖြစ် ပါဝင်လိုသူများ
ဒီ Project မှာ အလှူငွေထည့်ဝင်ခြင်းအပြင် ကိုယ်တိုင် On-Ground လိုက်ပါကူညီလိုသူများ အနေဖြင့်လည်း ပါဝင်နိုင်ပါတယ်။ 🤝
On-Ground သွားရောက်မည့်ရက်နှင့် ပါဝင်နိုင်မည့် Volunteer များ စာရင်းပေးသွင်းနိုင်ရန်အတွက် သွားရောက်မည့်ရက်မတိုင်မီ (၁) ပတ် ကြိုတင် Announcement ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။
Announcement ထွက်ရှိလာချိန်မှာ ပါဝင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပါတယ်။ 💙
📌 PROJECT – 2
🏠 Project – ဘိုးဘွားရိပ်သာဂေဟာသို့ အလှူဒါနပြုခြင်း
📍 နေရာ – လှိုင်သာယာ၊ ထန်းတစ်ပင်မြို့အနီးတစ်ဝိုက်
📅 အလှူခံကာလ – ယနေ့မှ လာမည့်လ ပထမအပတ်အထိ
🙋🏻 On-Ground Volunteer – သွားရောက်မည့်ရက်မတိုင်မီ ၁ ပတ် ကြိုတင် Announcement ထုတ်ပြန်ပေးပါမည်။
✨ “တစ်ယောက်တည်းရဲ့ လက်တစ်ဖက်ထက် အားလုံးရဲ့ လက်များစုပေါင်းလိုက်တဲ့အခါ ပိုမိုကြီးမားတဲ့ အကျိုးပြုမှုတစ်ခုကို ဖန်တီးနိုင်ပါတယ်။”
ဒီ Project လေးမှာ စေတနာရှင်များ၊ အလှူရှင်များနှင့် PCSWA Volunteers များအားလုံး မိမိတတ်နိုင်သလောက် ပါဝင်ကူညီပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။ 🤍
Together, We Serve.
Together, We Care.
Together, We Make a Difference. 🌱
PCSWA Volunteers Team 💙
✨ Teaching ပိုင်းကို စိတ်ဝင်စားသူများအတွက် အခွင့်အရေးကောင်းတစ်ခု ရောက်ရှိလာပါပြီရှင့် 🤍
🇰🇷 PCSWA ရဲ့ Free Korean Language Class အတွက် Assistant Teacher များ ခေါ်ယူနေပါပြီ။
ကိုယ်တတ်မြောက်ထားတဲ့ ဘာသာစကားအသိပညာတွေကို မျှဝေချင်သူ၊ Teaching Experience ရယူချင်သူများအတွက် ဒီအခွင့်အရေးလေးက သင့်အတွက်ပါ ✨
Assistant Teacher အဖြစ် ပါဝင်ခြင်းဖြင့်
📌 Main Teacher ကို Support ပေးခြင်း
📌 Students များကို ကူညီပေးခြင်း
📌 Teaching Experience နှင့် Communication Skills တိုးတက်စေခြင်း
📌 PCSWA အသိအမှတ်ပြု Volunteer Certificate ရရှိခြင်း
တို့ကို ရရှိနိုင်မှာ ဖြစ်ပါတယ်ရှင့်။
လိုအပ်ချက်များ
🇰🇷 Korean Language Skill ရှိသူ
🤝 Teamwork ဖြင့် လုပ်ဆောင်နိုင်သူ
📚 သင်ကြားမျှဝေလိုစိတ်ရှိသူ
ကိုယ်တိုင်လည်း တိုးတက်ချင်တယ်၊ တစ်ပါးသူတွေရဲ့ သင်ယူမှုခရီးလမ်းမှာလည်း ပါဝင်ကူညီချင်တယ်ဆိုရင် PCSWA နဲ့အတူ လက်တွဲလိုက်ပါရှင့် 🤍
📩 အသေးစိတ်ကို PCSWA Page Chat Box မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
PCSWA – Sharing Knowledge, Changing Lives 💙
14/08/2026
13.8.2026 PCSWA ရွှေဂုံတိုင်ကလေးပြုစုရေးဋ္ဌာနသို့ အလှူအစီအစဉ် ပြီးဆုံးခြင်း
PCSWA (People’s Compassion Social Welfare Association) မှ ရွှေဂုံတိုင်ကလေးပြုစုရေးဋ္ဌာနသို့ သွားရောက်လှူဒါန်းခဲ့သည့် အလှူအစီအစဉ်လေးကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ 🙏🤍
ဒီအလှူအစီအစဉ်မှာ ပါဝင်လှူဒါန်းပေးခဲ့ကြသူများ၊ အချိန်ပေးကူညီပေးခဲ့ကြသော Volunteer များနှင့် PCSWA Team အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။
အားလုံးရဲ့ စေတနာ၊ မေတ္တာနဲ့ ပါဝင်ကူညီမှုတွေကြောင့် ရွှေဂုံတိုင်ကလေးပြုစုရေးဋ္ဌာန ရှိသူများအတွက် လိုအပ်တာလေးတွေကို တစ်ဖက်တစ်လမ်းကနေ ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။
“အတူတကွကူညီခြင်းဖြင့် ပိုမိုကောင်းမွန်သော လူမှုအသိုင်းအဝိုင်းတစ်ခုကို ဖန်တီးကြစို့” 🤝
PCSWA ရဲ့ လူမှုကူညီရေးလုပ်ငန်းများမှာ ဆက်လက်ပါဝင်အားပေးပေးကြပါဦးနော်။
PCSWA – People’s Compassion Social Welfare Association
အနာဂတ် ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ မိမိကိုယ်ကို အရည်အသွေး မြှင့်တင်ခြင်းက အကောင်းဆုံး ရလဒ်ကို ပေးစွမ်းနိုင်ပါတယ်။
ဒါကြောင့် မရှိမဖြစ် လိုအပ်တဲ့ ဘာသာစကား စွမ်းရည်ကို ဒီနေ့ပဲ စတင် လေ့လာလိုက်ပါ။
ဘာသာစကားဆိုတာ စကားပြောနိုင်ရုံသာမက…
✨ အခွင့်အလမ်းအသစ်တွေ ဖန်တီးပေးနိုင်တဲ့ Skill တစ်ခု
✨ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေတဲ့ အရည်အချင်းတစ်ခု
✨ ကမ္ဘာနဲ့ ချိတ်ဆက်ပေးနိုင်တဲ့ တံခါးတစ်ချပ် ဖြစ်ပါတယ်။
ဒါကြောင့် PCSWA နှင့်အတူ ဘာသာစကား စွမ်းရည်ကို အဆင့်တစ်ခုသို့ မြှင့်တင်ပြီး အခွင့်အလမ်းသစ်များကို ရယူလိုက်ပါ။
🇰🇷Free Korean Language Class သင်တန်းသစ်လည်း စတင်ဖွင့်လှစ်ထားပြီးဖြစ်၍ သင်တန်းသားအရေအတွက်ကန့်သတ်ထားလို့ အမြန်ဆုံး အပ်နှံနိုင်ပါပြီ။
📩 အသေးစိတ်အချက်အလက်များအတွက် PCSWA Page Chat Box မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
PCSWA – Sharing Knowledge, Changing Lives 💙
ကိုရီးယားဘာသာစကားကို အခြေခံကနေ စတင်လေ့လာချင်သူများအတွက် အခမဲ့သင်တန်း ဖွင့်လှစ်ထားပါတယ်။
✨ အခြေခံ Speaking Skills ✨ နေ့စဉ်အသုံးပြုနိုင်တဲ့ စကားပြောများ ✨ သင်ယူရလွယ်ကူတဲ့ သင်ကြားမှုစနစ်
📚 အခွင့်အရေးကို လက်မလွတ်ပါနဲ့။ အတူတကွ သင်ယူပြီး အနာဂတ်အတွက် အရည်အချင်းတွေ တိုးတက်အောင် ကြိုးစားကြရအောင်။
📩 အသေးစိတ်သိရှိလိုပါက Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
07/08/2026
🏅 ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်း
People's CompassionSocialWelfareAssociation (PCSWA) မှ Ma Hnin Lae Wai Wai Lwinအား ဧရာဝတီတိုင်း ရေဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အလှူငွေ ကျပ် (၅၀၀၀၀) ကို စေတနာအပြည့်ဖြင့် လှူဒါန်းပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်။
သင်၏ မွန်မြတ်သော စေတနာနှင့် ကူညီပံ့ပိုးမှုသည် ရေဘေးဒဏ်ခံစားနေရသော မိသားစုများအတွက် မျှော်လင့်ချက်နှင့် အားအင်တစ်ရပ် ဖြစ်စေခဲ့ပါသည်။
PCSWA မှ ဤဂုဏ်ပြုမှတ်တမ်းလွှာကို လေးစားဂုဏ်ပြုစွာ ချီးမြှင့်အပ်ပါသည်။
"စေတနာသည် လူ့အသိုင်းအဝိုင်းကို ပိုမိုလှပစေသော အင်အားဖြစ်ပါသည်။"
07/08/2026
🏅 ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်း
People's Compassion Social Welfare Association (PCSWA) မှ ကို Than Zay Aung အား ဧရာဝတီတိုင်း ရေဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အလှူငွေ ကျပ် (၁၀၀,၀၀၀) ကို စေတနာအပြည့်ဖြင့် လှူဒါန်းပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်။
သင်၏ မွန်မြတ်သော စေတနာနှင့် ကူညီပံ့ပိုးမှုသည် ရေဘေးဒဏ်ခံစားနေရသော မိသားစုများအတွက် မျှော်လင့်ချက်နှင့် အားအင်တစ်ရပ် ဖြစ်စေခဲ့ပါသည်။
PCSWA မှ ဤဂုဏ်ပြုမှတ်တမ်းလွှာကို လေးစားဂုဏ်ပြုစွာ ချီးမြှင့်အပ်ပါသည်။
"စေတနာသည် လူ့အသိုင်းအဝိုင်းကို ပိုမိုလှပစေသော အင်အားဖြစ်ပါသည်။"
06/08/2026
တရားဝင်ထုတ်ပြန်ချက်✅
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ရေဘေးပြန်လည်ထူထောင်ရေး ဆောင်ရွက်မည့်အကြောင်း
People's Compassion Social Welfare Association (PCSWA) သည် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ဖြစ်ပွားခဲ့သော ရေဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ပြည်သူများ၏ အခြေခံလူနေမှုဘဝများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ကွင်းဆင်းကူညီမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
ရေဘေးအပြီးတွင် ပြည်သူအများအပြားသည် နေအိမ်ပျက်စီးဆုံးရှုံးခြင်း၊ စားနပ်ရိက္ခာနှင့် သောက်သုံးရေ လိုအပ်ခြင်း၊ ကျန်းမာရေးနှင့် သန့်ရှင်းရေးဆိုင်ရာ အခက်အခဲများအပြင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်ပျက်စီးခြင်းတို့ကို ဆက်လက်ရင်ဆိုင်နေကြရပါသည်။ ထို့ကြောင့် အရေးပေါ်ကူညီမှုများသာမက ရေရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းများလည်း အလွန်လိုအပ်လျက်ရှိပါသည်။
PCSWA အနေဖြင့် လူသားချင်းစာနာထောက်ထားမှုကို အခြေခံ၍ လိုအပ်ချက်များကို လက်တွေ့ကွင်းဆင်း အကဲဖြတ်ကာ တတ်နိုင်သမျှ ထိရောက်သော အကူအညီများကို ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဤလုပ်ငန်းစဉ်တွင် ပြည်သူများ၊ စေတနာ့ဝန်ထမ်းများ၊ အလှူရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံးမှ မိမိတို့တတ်နိုင်သမျှ အင်အား၊ အလှူငွေ၊ အလှူပစ္စည်းများဖြင့် ပါဝင်ပူးပေါင်းကူညီပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
Kpay -09 457 394 546 (Aye Chan Win Naing)
WavePay -09 66 922 5268(AyeChanWinNaing)
အခက်အခဲကြားတွင် မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာစေရန်၊ ရေဘေးသင့်ပြည်သူများ၏ ဘဝများ ပြန်လည်တည်ဆောက်နိုင်စေရန် PCSWA သည် ပြည်သူများနှင့်အတူ တာဝန်သိစွာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
People's Compassion Social Welfare Association (PCSWA)
"Together, We Rebuild Hope."
Click here to claim your Sponsored Listing.