Nmh
Always Beginner for me @ Gaming
ပန်းချီကို ပေတံနဲ့ဆွဲတယ်၊
အနာဂါတ်ကို
ရွှေဆိုင်မှာ ပေါင်တာ လက်မခံဘူး၊
ရေချိန်ကိုက်တဲ့အချိန်မှာ
ငါကအိပ်ပျော်သွားခဲ့တာ၊
ငါဆွဲလိုက်တဲ့ ဖဲချပ်က
၈,၅၀၀ တန် ခေါက်ဆွဲဗူးပဲ၊
အံမယ်
စိန်လက်စွပ်နဲ့လိုက်ဖက်တယ်...
သုဘရာဇာက ပြုံးလျက်။
ရေလဲ ပုဆိုးပြဲသွားတာကို
ခြေသုတ်၀တ် လုပ်ပစ်လိုက်တယ်၊
မနက်စာက ပန်းကန်ထဲရောက်မလာခဲ့၊
နဖူးရေ၊ ဒူးရေမှာ
အသည်းကွဲ ကျွန်းတွေနဲ့။
မဟော်သဓာကို လမ်းမှာတွေ့လိုက်တယ်...
ကျွန်တော့်မြင်ပြီး သူရှက်သွားလိုက်တာ၊
ကရေကရာအမှုန့်တွေက
မျက်လုံးထဲကို အတင်းဝင်ဖို့လုပ်၊
မိုးကုပ်စက်ဝိုင်းက
လမ်းဘေးဈေးသည်တွေကို အားကျတတ်သလား၊
အမှန်တရားဆိုတာ
အုန်းသီးထဲကို ဘယ်သူရေလာထည့်သွားတယ်ဆိုတာမျိုး။
အဖြေမှန်မှ အဆင့် (၁)ရတာမလား၊
ကမ္ဘာကြီးကတော့ ပုံမှန်ပါပဲ...
နွားခြေရာခွက်ကို
စာလုံးပေါင်း မှားရေးလိုက်တယ်၊
နှင်းဆီပန်းတွေဟာ သိပ်ကိုလှတယ်၊
ကြောင်ပျင်းကြောဆန့်တာကို
လက်ခံနိုင်စရာ အကြောင်းမရှိ။
ကိုယ်စားနေတဲ့ မုန့်တွေက ရယ်ပြတာကို
မြင်ဖူးသလား၊
ကိုယ်ထူကိုယ်ထ စနစ်နဲ့မလို့
ခံတွင်း၀ကို လက်ဆွဲနှုတ်ဆက်ခဲ့တယ်၊
အာပေါင် အာရင်းကောင်းကောင်းနဲ့
လောကဓံကို ရင်ဆိုင်ဖို့မလို၊
ခေါင်းငုံ့တတ်အောင်
အမေက သင်ပေးခဲ့တာ။
21/03/2022
16/03/2022
Overthinking 🤔🤔🤔
ဆုတောင်းပေးမယ့်သူ_ #ဘန်နီဖြိုး
"How such a beautiful art 🥰"
How she chooses me 🥲
My lucky
😖
17/10/2021
:3
Travel
Dota2 Ability Draft _ Right-click Rampage
GG my team 😆
Click here to claim your Sponsored Listing.