Peace Kitchen

Peace Kitchen

Share

🧑‍🍳 happiness is cooking 🧑‍🍳

Photos from Peace Kitchen's post 16/06/2026

အရည်သောက်တို့ အရည်ဆမ်းစားရတာတို့ ငယ်ငယ်ကတည်းက အရမ်းကြိုက်တော့ 🤤🤤😋

အမေက ငါးတန်ကိုလည်း ဆီကျန်ရေကျန်ကိုမှ ငရုတ်သီးအတောင့်လိုက်နဲ့ နံနံပင်လေးအုပ် မွှေးမွှေးလေး ချက် 🤤🤤😋

ကိုယ်က ဂေါ်ဖီလေးပြုတ် လိုက်ဖက်နေရောပဲ 🤤🤤😋

ပုံလေးတွေက lighting နဲ့ plating တော့ အာရုံမစိုက်နိုင်ဘူးဖြစ်သွားတယ် ဗိုက်ဆာလို့

အရသာကတော့ 101%

15/06/2026

ရုံးဆင်းညနေ Din Din 🧑‍🍳

ကြက်ဥကြော် အချပ်လိုက်စားရတာ ပျင်းလို့ မွှေကြော်မွှေးမွှေးလေး ကြော်စား 😋 စူကာညွန့်လေးနဲ့ ဂွတ် 🤗

#ကြက်ဥမွှေကြော်
#စူကာညွန့်ကြော်

Photos from Peace Kitchen's post 14/06/2026

နေ့လည်စာကတော့ ကိုယ့်လက်ရာ

ကြက်ဗူးပင်စိမ်းအုပ် ငပိအုံးလေးနဲ့ မိုးအေးအေးလေးနဲ့ 🧑‍🍳

#ကြက်ဗူး #ငပိအုံး

14/06/2026

မနက်စာ ခိုခို လုပ်ပေးတဲ့ တို့ဟူးနွေး 🍜🍜

13/06/2026

eggy fan စစ်စစ် 😋😋😋

စထွက်ကတည်းက စားလာတဲ့ ဒီဘဲဥငန်အာလူးကြော်ကို ခုထိ ကြိုက်နေဆဲ 🌮🌮

ခုတော့ EggyKathy umbrella လေး လက်ဆောင်ယူခဲ့ပြီ ☔

Photos from Peace Kitchen's post 12/06/2026

အကြော်ဆိုလည်း ကိုယ်တိုင်ကြော်စားလိုက်ရမှ 🧑‍🍳🧑‍🍳

ထမင်းပူပူ နှမ်းဆီလေးဆမ်း homemade အကြော်နဲ့ မန်ကျည်းချဉ်နဲ့ဟာ ကိုယ့်အတွက်တော့ တကယ် ဘာနဲ့မှ မလဲနိုင် 😋😋😋

ခုတလော ဓာတ်ကျနေလို့ ၂ ခါရှိပြီ ကြော်စားထားတာ 🧑‍🍳🤩

#ပြောင်းဖူးကြော် #ကြက်သွန်ကြော်

Photos from Peace Kitchen's post 11/06/2026

ပြည် Project အပြန်လမ်းကနေ ဟင်းသီးဟင်းရွက်တွေ လမ်းကြုံဝင်ဝယ်လာပေးလို့ မှာကြတာတွေနဲ့ ပျော်ရွှင် ☺️☺️

ကိုယ်တိုင်သာပါသွားရင် ကားအပြည့်များ ဝယ်သယ်လာမလားပဲ 🤫 လှမ်းမှာလိုက်တာတွေတောင် အိမ်ပေါ်မနည်း သယ်လိုက်ရတယ် 🤣🤣

အပိုပေးလိုက်တဲ့ ပဲလင်းမြွေသီး (ဗုံလုံသီး) ကလည်း ကိုယ့်အရပ်လောက်ရှိတယ်ရယ် 😆😆

ခုညတော့ ကြက်ဟင်းခါးသီးတစ်လုံး လိတ်နေအောင် ကြော်ပလိုက်ပြီ မနက်ဖြန်စာအတွက် 🧑‍🍳

#ငှက်ပျောသီး #မျှစ် #ကြက်ဟင်းခါးသီး #သခွားသီး #ဗုံလုံသီး #သရက်သီး #ပြောင်းဖူး #လယ်ကန်စွန်းရိုးနီ #ရွှေဥ ထမင်းသုပ်

11/06/2026

မာမီမားသား၏ ပြင်ဆင်ပေးမှုလေး တစ်ဖြတ် 🧑‍🍳

ရုံးမနက်တွေတော့ မချက်နိုင်တော့ မေခိုင့် မေတ္တာ လက်ရာတွေနဲ့ပေါ့ 😍

#ဝက်သားအာလူး နဲ့ #မျှစ်ချဉ်ပေါင်ကြော်

06/06/2026

ဝင်း ကလို လိုက်ကြော်ထားတဲ့ ဂွေးတောက်ကြက်ဥကြော် 🌱🌱🌱

03/06/2026

မချက်တာကြာလို့ လက်စွမ်းပြ 🧑‍🍳

#ဘဲဥအချဉ်ချက်

Telephone

Website