Mu Mu Foods 2

Mu Mu Foods 2

Share

Foods Foods Seller

Photos from Mu Mu Foods 2's post 28/05/2026

🍐ဖ ဖရုံယို အလွန်ချို။ 🥰

Mu Mu Food မှာ သဘာဝဖရုံယိုလေးရပါတယ်ရှင်။
ထုံထုံပေပေ နဲ့ သကြားခဲကြီးကိုက်စားရသလို အရသာမဟုတ်ဘဲ Mu Mu Food ကဆို🍐ဖရုံသီးချိုချိုလေးကို ကိုက်စားရသလို အပေါ်ကြောတင်းတင်း ၊အထဲက အိအိလေးနဲ့အရသာကတော့ တစ်ကိုက်ဆိုတစ်ကိုက် ပြည့်ပြည့်ဝဝနဲ့ အရမ်းစားကောင်းသော။🤤

🍐စားကြည့်ပါ။ အိမ်လုပ်အရသာလေးမို့ တကယ်
အကြိုက်တွေ့မှာပါနော်။ 🍡🍢🥧🧁🍰အချိုပွဲ
စားစရာ၊🍛တွေထဲလည်း ထည့်သုံးလို့ရပါတယ်။
🍵ရေနွေးကြမ်းလေးနဲ့ကတော့ အလိုက်ဖက်ဆုံးပါရှင်။

ဖရုံယို တစ်ဗူး ၆၀၀၀ ကျပ်

🍐ဖရုံလေးက အသားထူထူလေးလှီးပြီး လုပ်ထားတာက အသက်နော်။ကိုက်လိုက်ရင် အရမ်းသိသာတယ်။🥰

🍐ဒီလိုသန့်ရှင်းပြီး စားလို့ကောင်းတဲ့ Mu Mu Food ဖရုံယိုလေးတွေကို အားပေးလို့ရပါပြီရှင်။

Photos from Mu Mu Foods 2's post 28/05/2026

🫘အညာထန်းလျက်ပဲချောင်းလေးတွေက 👶🏻👧🏻👵🏻🧓🏻ကလေးရော၊ လူကြီးပါ အာဟာရလည်းဖြစ်၊သွားရည်စာအနေနဲ့ ဗိုက်လည်းပြည့်ပါတယ်။🥰

😁မုန့်တောင်းတတ်လို့ ပဲချောင်းတစ်ချောင်းပေးထားရင်ထိုင်ဝါးနေရုံပဲ။ကုလားပဲနဲ့ ထန်းလျက်ပေါင်းစပ်မှုက သကြားလို ချိုရဲမနေဘဲ အရသာဆိမ့်ဆိမ့်ချိုချိုလေးနဲ့စားပြီးရင်းစားချင်။🤤

🫘စက်တွေနဲ့ ညီနေအောင် ထုတ်ထားတာမဟုတ်ဘဲ တစ်နိုင်တစ်ပိုင် မုန့်ဖိုလ်နဲ့ အရင်ရှေးနည်းအတိုင်း လုပ်ထားတဲ့ လက်ဖြစ် ပဲချောင်း လေးတွေမို့ ပိုစားလို့လည်းကောင်းပါတယ်။

🚚အရသာရှိ ထန်းလျက်ပဲချောင်းများကို အမြို့မြို့အနယ်နယ်သို့ပို့ဆောင်ပေးပါတယ်ရှင်။

တစ်ထုပ် ၄၀၀၀ ကျပ်

Photos from Mu Mu Foods 2's post 27/05/2026

အခုလိုလေး လာရောက်ပြောကြားပေးတဲ့ ချစ်မ ကို Mu Mu Food မှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်

ကဲ တခြား​​ ချစ်ကာကာများလည်း ဝယ်ယူ အားပေးနိုင်ပါတယ်ရှင်

နွားနို့ယို ၁၅ကျပ်သားတဘူး ၁၀၀၀၀ ကျပ်

Photos from Mu Mu Foods 2's post 26/05/2026

Mu Mu Food က လက်ပံပွင့်ကြော်လေးက လူကြိုက်များပြီး စားလို့အရမ်းကောင်းစေရပါမယ်ရှင်။

🍚ထမင်းဖြူလေးနဲ့စားမလား၊ Snack အနေနဲ့ အအေး🍹သောက်ရင်းစားမလား လိုက်ဖက်လှတဲ့
Mu Mu Food လက်ပံပွင့်ကြော်လေး မှာယူရရှိနိုင်ပါပြီ။

🥗ပါဝင်ပစ္စည်းတိုင်းက လတ်ဆတ်ကြွပ်ရွနေတာနော်။🥰

တစ်ထုပ် ၅၀၀၀ ကျပ်

25/05/2026

ထန်းဖိုဦးထန်းလျက် ၁၅ကျပ်သား ၃၅၀၀ ကျပ်

24/05/2026

နွားနို့ယို တစ်ဘူး ( ၁၅ကျပ်သား) - ၁၀၀၀၀ ကျပ်

မင်မင်ဆို အခုလို နွားနို့ယိုကို ပလာတာလေးနဲ့ စားနေကြရှင့်

အရသာလည်းရှိ ဗိုက်လည်းဝ အာဟာရလည်းပြည့်တဲ့ သဘာဝနွားနို့ယို စစ်စစ်ပါရှင့်

သကြားနဲ့နွားနို့ကို သေချာကြိုချက်ထားပါတယ်

ရန်ကုန်မြို့တွင်းဆို ၂ဘူးယူရင် ပို့ခ ၂၀၀၀ ကျပ်သာကျသင့်ပါမယ်ရှင့် ၁ဘူးထဲယူရင်တော့ မြို့နယ် အလိုက်ပို့ခ ကျသင့်ပါမယ်

နယ်ဝေးဆိုရင် ငွေကြိုရှင်းရပါမယ်ရှင့်

အားပေးသူမိဘပြည်သူများအား ကျေးဇူးအထူးတင်ပါတယ်ရှင့် 😊😊

23/05/2026

ဒါ မင်မင်တို့အခု အပ်ထားတဲ့ Deli company ရဲ့ services နှုန်းထားတွေပါရှင်

နို့ယို ၂ဘူးယူမှ ပို့ခ ၂၀၀၀ ကျပ်ပါရှင် မဟုတ်ရင် အခုပြထားတဲ့အတိုင်း ကျသင့်ပါမယ်ရှင်

အားပေးသူတယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်

23/05/2026

Customer တွေအားလုံးကို နားလည်ပေးစေချင်တာလေးရှိပါတယ်ရှင် 🤍

Delivery fee ဆိုတာ မင်မင်တို့ဘက်က အပိုယူထားတာမဟုတ်ပဲ rider ခ အတိုင်းပေးရတာဖြစ်ပါတယ်ရှင်။
Order amount နည်းများမရွေး နေရာအကွာအဝေးပေါ်မူတည်ပြီး ပို့ခရှိပါတယ်။

အသေးစား business လေးဖြစ်လို့ အရှုံးခံပြီးအမြဲမပို့နိုင်တာကို နားလည်ပေးစေချင်ပါတယ်ရှင် 🥺
အားပေးတဲ့ customer တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ် 🤍

Photos from Mu Mu Foods 2's post 23/05/2026

မလိုင်ချောင်း အရသာ ကောင်းကောင်း၊ Quality ကောင်းကောင်းလေးကို စားချင်တာဆိုရင်တော့ Mu Mu Food မှာ ရပါတယ်

Mu Mu Food ဆီက 🧀နို့မလိုင်ယိုရော၊ 🥛နို့မလိုင်ချောင်းရော၊ 🧈မလိုင်လုံး ရောက လုံးဝ အကောင်းဆုံး အရသာ မို့ လူကြိုက်လည်းများပါတယ်။

🤤လည်ချောင်းထဲ အီကျန်နေတာမျိုးလည်းလုံးဝမဖြစ်ဘဲ စားပြီးရင်း စားချင်ပဲ။

မလိုင်ချောင်း တစ်ဘူး - ၇၀၀၀ ကျပ်

Photos from Mu Mu Foods 2's post 23/05/2026

💁🏻‍♀️ Mu Mu Food ဆီ မလိုင်လုံး ရလား" လို့ မေးတဲ့ Customer များအတွက် အညာ "မလိုင်လုံး🧀" လေးတွေ ရပါတယ်ရှင်

💁🏻‍♀️တစ်ဗူးမှာ အလုံးများများပါဝင်ပါတယ်ရှင်
Mu Mu Food ကနေ မှာယူတဲ့ မလိုင်လုံးလေးတွေက အထားခံပါတယ်နော်🥳

💁🏻‍♀️အညာ မလိုင်လုံးလေးတွေမို့ Texture က သကြားနဲ့တင်းတင်းခဲခဲလေးနဲ့အထဲက အိအိလေးပါ။🧈

🥛နို့မလိုင်အစစ်ရယ်၊ သကြားရယ်နဲ့ ပြုလုပ်ထားတာမို့ 💁🏻‍♀️မလိုင်လုံးအချို ကြိုက်တတ်ပါက 👶🏻👧🏻👵🏻🧓🏻ကလေး၊လူကြီးသုံးဆောင်လို့ရပါတယ်ရှင်။

မလိုင်လုံး တစ်ဘူး - ၆၀၀၀ ကျပ်

🚛အထားလည်းခံတာမို့ ဆိုင်မှာပဲရောင်းရောင်း order ကောက်ပြီးပြန်ဖြန့်ချီတာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်ရှင်။🎉

Photos from Mu Mu Foods 2's post 23/05/2026

🍯ပျားရည်ငှက်ပျောခြောက် က သူ့ရာသီချိန်မို့
ဒီအချိန်က စားလို့အကောင်းဆုံးပါရှင်။ သူ့ရာသီချိန်ကုန်ရင် မရတော့လို့ ပေါတုန်း 🏠မိသားစုနဲ့စားဖို့ဖြစ်ဖြစ်၊🎁လက်ဆောင် ပေးဖို့ ၊📬ဝယ်ပို့ဖို့ပဲဖြစ်
ဖြစ် ဒါလေးက ရွေးချယ်သင့်တယ်။

🍯ငှက်ပျောအသန့်အလှတွေပါ။🍌ချိုရဲမနေဘဲ စားလို့တော်တော်ကောင်းတာမို့👵🏻🧓🏼👧🏻👶🏻လူကြီးရော၊ကလေးပါ ကြိုက်ကြမှာ။ ငှက်ပျောဂျယ်လီလေး ဝါးရသလိုပဲ မွှေးနေရော။

🍯တစ်ဘူး - ၆၀၀၀ ကျပ်

ရောက်တာနဲ့ကုန်တာမို့ မှာထားရင်ချန်ထားပေးပါမယ်ရှင်။

🍯အရာလည်းကောင်း ဈေးချိုချိုလေးနဲ့မို့ Mu Mu Food မှာ လာဦးလိုက်တော့နော့။

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon