DOUBLEU-ai
Local brand လေးတွေကိုမှ ဝတ်ချင်တဲ့သူတွေအတွက် Designer made လက်ရာလေးတွေပါနော်
မဟာသင်္ကြန်ပိတ်ရက်
11-4-2026 မှ
19-4-2026 ထိ
ချုပ်ရုံလေး ပိတ်ပါတယ်ရှင့်
20 ရက်နေ့မှ
ပြန်ဖွင့်ပါမယ်နော်🤍
31/03/2026
‼️💥 March 31 💥‼️
#ဒီလရဲ့ နောက်ဆုံးရက်ပေါ့ရှင့်
😌ဒီလတစ်လလုံးကို
ဝန်ထမ်းအင်အား အလွန်နည်းပါးတဲ့အခြေအနေမှာ
အတတ်နိုင်ဆုံး ကြိုးစားပြီး လည်ပတ်ခဲ့ပေမယ့်
🫣 ကတိပေးထားတဲ့ Production အချို့ကို
အချိန်မီ မထုတ်ပေးနိုင်သေးတဲ့အတွက်
အထူးအားနာမိပါတယ်ရှင် 🙏
လက်ရှိအခြေအနေအရ
မထုတ်ပေးရသေးသော Brand များမှာ—
✅ Ma Sabal
✅ Pann Thin
🤍 ဒီ အထည်အများ Brand 2 ခုကတော့ လချီပြီး စောင့်ပေးထားကြတဲ့အတွက်
🙏 messenger မှတစ်ဆင့်လည်း အကြိမ်ကြိမ် တောင်းပန်ထားပြီးဖြစ်သလို
ယခုနေရာမှလည်း ထပ်မံ၍ အထူးအားနာစွာ တောင်းပန်အပ်ပါတယ်ရှင်🙏
✅ Myat Hsu (production ဝင်နေဆဲ)
✅ Ma Ei Kay Khaing (production ဝင်နေဆဲ)
🙏 အထက်ပါ Brand 4 ခုမှလွဲ၍
March 31 (ဒီလကုန်) အထိ
Production ထုတ်ပေးမယ်လို့ ကတိပေးထားသော Order မရှိတော့ပါကြောင်း
ပွင့်လင်းမြင်သာစွာ အသိပေးကြေညာအပ်ပါသည်ရှင်
🤍နားလည်ပေးပြီး စောင့်ပေးကြတဲ့အတွက်
တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် 🤍
💪💪💪အားမလျော့ဘဲ အမြဲကြိုးစားရုန်းကန်နေလျက်ပါ
#အမြင့်လိုင်းချုပ်ရုံ #အိမ်ချုပ်ရုံ
19/03/2026
😌 ယနေ့ စက်တန်းအခြေအနေ 🫣
😌ဝန်ထမ်းနည်းလို့ လုပ်အား ၂ ဆ plan ထားထားပေမယ့်
😌အဲ့ဒီ “နည်းပါတယ်” ဆိုတဲ့ ဝန်ထမ်းတွေကပဲ
ခွင့်ရက်တွေ ဆက်တိုက်ယူသွားကြတော့
တကယ်တမ်းကျတော့ ဘာမှမနိုင်တော့တဲ့ အခြေအနေပါပဲရှင် 😬
ဒီလတစ်လလုံးက
wedding အတွက် ခွင့်ရှည်ယူထားတဲ့ဝန်ထမ်းရယ် 👩❤️👨
ဘာသာခြားဝန်ထမ်းလေးတွေ ဖြစ်နေတဲ့အတွက်
ဥပုသ်ရက်၊ ပွဲတော်ရက်တွေကြောင့်
ကျမအတွက်တော့ အထည်ထွက်အား လျော့တဲ့လတစ်လ ဖြစ်နေပါတယ် 💔
ရက်တွေရွှေ့ရတာများလို့
customer ၃ ယောက်တိတိကို
ခနခန သွားတောင်းပန်ရတဲ့အခြေအနေပါ 🙏
အထည်အများကြီး ချုပ်နေကြတဲ့ customer လေးတွေဖြစ်လို့ လူမနိုင်ဖြစ်သွားတာပါရှင်
💜ဒါပေမယ့် “ရပါတယ်” ဆိုပြီး
နားလည်ပေးကြတဲ့ customer ၃ ယောက်လုံးကို
ကျေးဇူးတင်တာထက်ပိုပါတယ် 🤍
🫠ကိုယ်တိုင်တောင် မစွမ်းဆောင်နိုင်တော့တဲ့အနေအထားထိ ရောက်သွားပေမယ့်
💪တယောက်ကျန်လည်း တယောက်အားနဲ့
နိုင်သလောက် ကြိုးစားရုန်းကန်နေပါတယ် 💪
☺️ ဘာပဲဖြစ်ဖြစ်
အားလုံးအတွက် ကြိုးစားပေးနေတဲ့အတွက်
အကောင်းဆုံးတွေကို လက်ခံပေးဖို့သာ
ပြင်ထားပေးပါနော် 😘😘😘
#အိမ်ချုပ်ရုံ #အမြင့်လိုင်းချုပ်ရုံ
02/03/2026
🫢🫢 ကိုယ်တွေ အမြင့်လိုင်းချုပ်ရုံလေးရဲ့ ဝန်ထမ်းတွေ Skills Up ဖြစ်လာစေတဲ့ အချက်များ 🤩✨
🌈📋 Whiteboard အပြည့်ရေးထားတဲ့ ဆုပေး / ဒဏ်ပေး စနစ်များ 🏆📌
✨💵 Basic Salary အပြင်
✨🗓 Attendance Bonus
✨🔥 Daily Bonus
✨🔍 QC Bonus
✨⭐ Star Bonus
✨🎯 Monthly Bonus
ဒီစနစ်တွေကြောင့် ဝန်ထမ်းတိုင်းက ကိုယ်တိုင်တာဝန်ယူပြီး အလုပ်လုပ်ကြပါတယ် 💪😊
Team တစ်ခုလုံး Active ဖြစ်လာပြီး 🚀 တနေ့တာအလုပ်တွေကို မြန်မြန်ဆန်ဆန် ပြီးစီးနိုင်ပါတယ် ⏱✅
စနစ်ကောင်းရှိရင် Team ကောင်းတစ်ခု ဖြစ်လာပါတယ် 💡🤝
Team ကောင်းရင် ရလဒ်ကောင်းတွေ လာပါတယ် 📈🏆🤍
ဒီနေ့လည်း ၂ ဆ ကြိုးစားနေပါတယ်ရှင်တို့ရေ 🤩💖🔥
‼️‼️Bonus တခုချင်းစီကို ဘလိုအဓိပ္ပာယ်နဲ့ပေးတာလဲဆိုတာ နောက်နေ့တွေ ထပ်ရှင်းပြမယ်နော်❓❓
Wai Wai Lwin
📲09-758073882
No 667, Aung Chan Thar (3)st,70 Qt,South Dagon,Yangon.
#အမြင့်လိုင်းချုပ်ရုံ #အိမ်ချုပ်ရုံ
01/03/2026
💪 လတစ်လအစမှာ လုပ်အား ၂ဆ၊ ဝင်ငွေ ၂ဆ ဖြစ်အောင် စိတ်ကူးထားပြီး ကြိုးစားခဲ့တယ်
🤩 ကြိုးစားတဲ့အတိုင်းလည်း ရလာခဲ့တယ်
🤫 ဝန်ထမ်းအသစ်မရတဲ့အတွက် ရှိပြီးသား team နဲ့ပဲ အဆင်ပြေအောင် လည်ပတ်ဖို့ နည်းစနစ်အသစ်တွေ ချမှတ်လိုက်တယ်
✨ Skill up ပိုင်းရော
⏰ Time management ပိုင်းရော တစ်ခါတည်း ပြန်စီမံပေးလိုက်တာနဲ့ အားလုံးက ပိုချောမွေ့သွားတယ်
🤗 ကြိုးစားတဲ့ဝန်ထမ်းတွေအတွက်လည်း ကိုယ်ဘက်က ထိုက်ထိုက်တန်တန် ပြန်ပေးနိုင်အောင် system တခုလုံး စီမံပြောင်းလဲနိုင်ခဲ့တယ်
💪 အောင်ပီ
💪အောင်ပီ
💪 ကိုယ့်စနစ်နဲ့ ကိုယ်အောင်နေတယ်။
😅 ဘာအောင်လဲ မမေးနဲ့နော်
🫢 နောက်မှ သေချာပြောပြမယ်
💤 ခုတော့ အိပ်ပြီ… Good Night 🌙
Wai Wai Lwin
📲09-758073882
No 667, Aung Chan Thar (3)st,70 Qt,South Dagon,Yangon.
‼️ 🫣🫣ဝန်ထမ်းမရှိလို့ ရက်ကြာနေတဲ့ အထည်တွေလည်း ပျော်ပျော်ကြီး စကိုင်ပါပီလို့😆😆
#အိမ်ချုပ်ရုံ #အမြင့်လိုင်းချုပ်ရုံ
27/02/2026
🤍🤍မနေ့က လာလာမေးကြတဲ့ အဖြူလေးက ဒီမှာပါရှင့်
🤍Daisy Room ဆိုတဲ့ Local Brand လေးအတွက် pattern to packaging ထိ တာဝန်ယူ ချုပ်လုပ်ပေးထားတာလေးပါ
🤍Brand owner ရဲ့ feedback ရော Daisy’s Room customer တွေရဲ့ feedback တွေပါ ကောင်းမွန်ခဲ့တဲ့ white set လေးပါရှင့်
🤍အောက်အနားအဝိုက်တွေကို ညီနေအောင်ထပ်ရတာဆိုတော့ လွယ်လွယ်နဲ့ အထည်မထွက်ခဲ့တဲ့ set လေးပါ
🤍အဖြောင့် အတန်းပိတ်စကို ထပ်ရတာမဟုတ်ဘဲ အဝိုက်ပိတ်စကို ထပ်ရတာဆိုတော့ skills တွေ ထုတ်ပြခဲ့ရသော white set
🤍ခုချိန်ထိ collection ၂ ခုပဲ ထုတ်ပီး ၂ ခုလုံး ဝက်ဝက်ကွဲ ရောင်းရတဲ့ သူလေးရဲ့ ဆန်းရယ်
🤍သူလေးဆန်းတက်အောင် ထုတ်ပေးရတဲ့ ကျမချုပ်ရုံလေးရဲ့ ဂုဏ်ဆာစရာလေးပါပေါ့ကွယ်
Wai Wai Lwin
📲09-758073882
No 667, Aung Chan Thar (3)st,70 Qt,South Dagon,Yangon.
#အမြင့်လိုင်းချုပ်ရုံ #အိမ်ချုပ်ရုံ
26/02/2026
🤍🤍ကိုယ့်မှာ ပုံတောင်မတင်ရသေးဘူး
🫢🫢Brand Founder ဆီက Order က ထပ်တက်
🤍🤍White set လေး အရမ်းမိုက်တယ် 😍😍
🫣🫣ဘာပုံလေးလဲကြည့်ချင်လား ❓❓
#အမြင့်လိုင်းချုပ်ရုံ #အိမ်ချုပ်ရုံ
27-2-2026 ချုပ်ရုံလေး
၁ ရက် ပိတ်ပါတယ်ရှင့်
22/02/2026
🚌🚌🚌FEN ရဲ့Group member ဝင်တယောက်အနေနဲ့ရော Team Leader တယောက်အနေနဲ့ ပါပျော်ရွှင်ရတဲ့ ၂ညအိပ်၃ရက်ခရီးစဉ်လေးတခု🚌🚌🚌
✨✨FEN ဆိုတာ 𝐅𝐚𝐬𝐡𝐢𝐨𝐧𝐏𝐫𝐞𝐧𝐞𝐮𝐫 𝐍𝐞𝐭𝐰𝐨𝐫𝐤 တခုဖြစ်တယ်
🤩𝐅𝐚𝐬𝐡𝐢𝐨𝐧𝐏𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐍𝐞𝐭𝐰𝐨𝐫𝐤 ဆိုတာကတော့
📌𝐅𝐚𝐬𝐡𝐢𝐨𝐧 လေ့လာနေသူများနှင့် 𝐅𝐚𝐬𝐡𝐢𝐨𝐧 လုပ်ငန်းရှင်များကြား အချိတ်အဆက်ကောင်းများ ရစေရန် Tr MYAT NOE MAY ရည်ရွယ်တည်ထောင်ထားတဲ့𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 တခုဖြစ်ပါတယ် 📌
🧵🪡မသိတာနားမလည်တာတွေကို ကိုယ်တိုင် ကိုယ်ကြ သွားရောက်လေ့လာနေတာမို့
🥳အရမ်းအကျိုးရှိတဲ့ ခရီးစဉ်လေးပါ
🤗လေ့လာခဲ့သမျှလေးတွေ ထပ်တင်ပေးမှာမို့ စောင့်ကြည့်ပေးဦးနော်🫣
🫣၂၄ ရက်နေ့မှ ကျမ brand owner လေးတွေနဲ့တွေ့မယ်နော်😘
#အမြင့်လိုင်းချုပ်ရုံ #အိမ်ချုပ်ရုံ
🚌🚌ကျမ ခရီးထွက်နေပါတယ်ရှင့်
🧵🪡ပိတ်စလေးတွေ စက်ယက်ကန်းရုံတွေမှာ သွားရောက်လေ့လာနေပါတယ်
🌈🌈🌈လှလိုက်တဲ့အဆင်လေးတွေ🌈🌈🌈
💗💗
15/02/2026
🫣 နက်ဖန် သမီးလေး နေမကောင်းလို့ ခွင့်တရက်ပေးပါ အမ ရေတဲ့
🤍 ဒီလို ကျန်းမာရေး ကိစ္စတွေက ကို့အလုပ်ဘလောက် အရေးကြီးကြီး အမြဲဦးစားပေးရတာပါဘဲ
🫠 ချုပ်ရုံလုပ်ငန်းမှာ ဝန်ထမ်းအခက်အခဲ၊ production အဆင့်ဆင့်က challenge တွေ အမြဲရှိနေတတ်ပါတယ်
🙅♀️ ဒါပေမယ့် အဲ့ဒီအရာတွေကို အကြောင်းပြချက်လုပ်ပြီး Customer ရက်ရွှေ့ရတာမျိုးကို ကျမ မလုပ်ချင်တာပါ
🤩🤩 ဒါပေမယ့် ကျမ Customer ရဲ့ Brand image ကို ထိခိုက်စေမယ့်
❌ အကြောင်းပြချက်မျိုး မပေးပါဘူး
❌ အရည်အသွေး မလျော့ပါဘူး
❌ ပေးထားတဲ့ ကတိ မလျော့ပါဘူး
😍 ချုပ်ရုံသက်တမ်း ၃ နှစ်တောင် ပြည့်တော့မှာပဲ
🤗 ဒီအချိန်အတွင်း challenge များစွာကို ဖြတ်ကျော်ခဲ့ပြီး ပိုပြီး စနစ်ကျ၊ ပိုပြီး ခိုင်မာလာပီပဲ
💪💪💪 လက်ရှိ Production system ကို ပိုခိုင်မာအောင် ကိုယ့်လက်ရာနဲ့ ကိုက်ညီတဲ့ အမြင့်လိုင်း ချုပ်ရုံတွေနဲ့လည်း တိုးချဲ့ပူးပေါင်းဖို့ စီစဉ်ထားပါတယ်
💪 ကျမရဲ့ ခွန်အားက ကျမကိုယုံကြည်တဲ့ Brand Owner တွေပါပဲ 🤍
အခက်အခဲရှိလည်း ဖြေရှင်းပြီး ဆက်လျှောက်နေမယ် 💪
🏭 Myanmar Local Brand Founder တွေအတွက်
ယုံကြည်စိတ်ချရတဲ့ Garment Partner အဖြစ် ဆက်လက်ရပ်တည်နေပါမယ်နော် 💗
#အမြင့်လိုင်းချုပ်ရုံ #အိမ်ချုပ်ရုံ
13/02/2026
🫨😱😳ခလေးဝတ်ချုပ်ခတောင် တသောင်းကျော်တယ်😳😱🫨
🙏🙏🙏ဘုရား ဘုရား ဘုရား
🥸ချုပ်ခစျေးတွေ အဲ့လောက်များတာလား
🤑ကျမတို့ အမြင့်လိုင်း ချုပ်ရုံလောကမှာ ကြားနေကြစကားတွေထဲက မမှားပေမယ့်လည်း မှန်တာလည်းမဟုတ်ပြန်တဲ့ စကားပေါ့နော်
🤗ကိုယ်က High Quality ရောင်းမယ့်အထည်ဆိုရင် ချုပ်ရုံက တောင်းတဲ့ စျေးနဲ့ ပြန်ပေးတဲ့ Quality ထပ်တူကျလား sample မှာတည်းကအရင်စစ်ပါ
😍ထပ်တူကျတယ်ဆိုရင် အထည်အများထုတ်ဖို့အတွက် အချစ်စျေးလေးတွေ အပြန်အလှန်ညှိကြပေါ့
❌ကျမချုပ်ရုံကတော့ ဘယ်တော့မှ ဒီအထည်ကို ဘလောက်နဲ့ ရောင်းမှာလည်းလို့ ကျမ customer ကို မမေးပါဘူး
❌မေးပြီးမှ ချုပ်ခစျေးကို သတ်မှတ်တာမျိုး လုံးဝ မလုပ်ပါဘူး
✅အမြင့်လိုင်းသီးသန့်ချုပ်ရုံမို့ High Quality ကြိုက်တဲ့သူပဲလာပါ
✅ကျမတောင်းတဲ့စျေးနဲ့ ပြန်ပေးတဲ့ Quality တိုက်ရိုက်ထပ်တူကျပါတယ်
‼️အဲ့မှာ ပြောစရာရှိတာကတော့ ကျတော်/ကျမတော့ ချုပ်ခ စျေးမြင့်တော့ ဘလောက်နဲ့ ပြန်ရောင်းရမှန်း မသိပါဘူးဆိုရင် စျေးသက်သာပြီး Quality လည်းထိန်းပေးတဲ့ အလတ်လိုင်း ချုပ်ရုံမျိုးနဲ့ လက်တွဲပြီး ရှေ့ဆက်ပါလို့ အကြံပေးပါရစေ‼️
👧🏻👧🏻ဒီပုံထဲက ခလေးဝတ် brand ဆိုရင် လုံးဝ premium quality ကိုမှ packaging ဆိုရင် Garment bag နဲ့လုပ်ပီး ရှယ်ရောင်းချပလိုက်တာ
💗သူလေး အဲ့လို တန်းမြင့်ရောင်းနိုင်လောက်တဲ့ထိကို ကိုယ်တေချုပ်ရုံရဲ့ လက်ရာကလည်း တနေရာမှလျော့မနေစေရဘူး
💗အတွင်းကြည့်မလား အပြင်ကြည့်မလား
💗Fabric & Accessories item 8 မျိုးလောက်ထိကို ဆက်စပ်ပီး သုံးပီး မီးမီးလေးတွေအတွက် Royal Princess ဆန်စွာထုတ်ချပလိုက်တာ
❌❌ကျမ customer Premium Quality နဲ့ ရောင်းမယ်ပြောလို့ ချုပ်ခ ၁သောင်းကျော် တောင်းခဲ့တာမဟုတ်ဘဲ
✅✅Eira’s Gorgeous Kids Brand အတွက် ကျမ team တခုလုံးရဲ့ ကြိုးစားအားထုတ်မှုနဲ့တူညီတဲ့ တန်ဖိုးကိုပဲ တောင်းခံခဲ့တာပါ
😘😘ကြိုးစားပြီးချုပ်ပေးတဲ့ တဖွဲ့လုံး အမောပြေအောင် အမြဲတမ်းမုန့်တွေ ဝယ်လာပေးတဲ့ Brand Owner လေးပါဘဲ
Wai Wai Lwin
📲09-758073882
No 667, Aung Chan Thar (3)st,70 Qt,South Dagon,Yangon.
#အမြင့်လိုင်းချုပ်ရုံ #အိမ်ချုပ်ရုံ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |