Hello ECON
Sharing for the people who love Business and Economics subjects---
13/06/2026
1. Birth Rate (မွေးဖွားနှုန်း)
တစ်နှစ်အတွင်း လူဦးရေ 1,000 ထဲမှာ မွေးဖွားတဲ့ ကလေးအရေအတွက်
Formula
Birth rate = (မွေးဖွားတဲ့ကလေးအရေအတွက် ÷ အလယ်နှစ်လူဦးရေ) × 1,000
explanation
လူဦးရေတိုးလာမှုကို ပြတဲ့ အညွှန်းကိန်းတစ်ခု
မွေးဖွားမှုများလေ population growth မြန်လေဖြစ်တယ်
⸻
2. Fertility Rate (အမျိုးသမီးတစ်ဦး၏ ကလေးမွေးနှုန်း)
အမျိုးသမီး (အသက် 15–49) တစ်ဦးလျှင် ပျမ်းမျှကလေးဘယ်နှစ်ယောက်မွေးမလဲဆိုတာ
Formula
Fertility rate = (တစ်နှစ်အတွင်း မွေးဖွားတဲ့ကလေးအရေအတွက် ÷ အသက် 15–49 အမျိုးသမီးအရေအတွက်)
explanation
အမျိုးသမီးတွေက ကလေးဘယ်လောက်ထုတ်ပေးနိုင်သလဲကို တိုင်းတာတာ
လူဦးရေ ရေရှည်တိုး/လျော့ကို ခန့်မှန်းရာမှာ အရေးကြီးတယ်
⸻
3. Death Rate (သေဆုံးနှုန်း)
တစ်နှစ်အတွင်း လူဦးရေ 1,000 ထဲမှာ သေဆုံးတဲ့ လူအရေအတွက်
Formula
Death rate = (သေဆုံးသူအရေအတွက် ÷ အလယ်နှစ်လူဦးရေ) × 1,000
Explanation
လူဦးရေကျဆင်းမှုကို ပြတဲ့ အညွှန်းကိန်း
ကျန်းမာရေးကောင်းလားမကောင်းလားကိုလည်း ပြနိုင်တယ်
⸻
4. Mortality Rate (သေဆုံးမှုနှုန်း / အန္တရာယ်သေဆုံးနှုန်း)
လူဦးရေတစ်စုထဲမှာ သေဆုံးနိုင်ခြေ အလုံးစုံနှုန်း
Formula
Mortality rate = (သေဆုံးသူအရေအတွက် ÷ အလယ်နှစ်လူဦးရေ) × 1,000
explanation
Death rate နဲ့ဆင်တူပေမယ့် ပိုပြီး ကျန်းမာရေးအန္တရာယ်ကို အကဲဖြတ်တဲ့အတွက် သုံးတတ်တယ်
အသက်အရွယ်၊ ရောဂါအခြေအနေတွေကိုလည်း ထည့်စဉ်းစားနိုင်တယ်
Econ
13/06/2026
😬Opportunity Cost ဆိုတာ_ ရွေးချယ်မှုတိုင်းမှာ တခုလိုချင်ရင် တခြားတစ်ခုကို စွန့်လွှတ်ရပါတယ်ဗျာ_ အဲ့တော့ တခြားတခုအတွက် စွန့်လွှတ်လိုက်ရတဲ့အရာကို Opportunity cost လို့ခေါ်ပါတယ်_
ဒါနဲ့ ဖြေပေးခဲ့ပါဦး _ 😂😅
🥹ကိုယ်က သူရဲ့ Opportunity Cost လား ?
🥹သူက ကိုယ့်ရဲ့ Opportunity Cost လား?
😝 တချို့တချို့တွေကတော့ နှစ်ခုလုံးဖြစ်နေတတ်ပါတယ် _
31/05/2026
📚IGCSE 2027 New syllabus အတွက် စာအုပ်လေးရရှိ_ ကိုယ်ကတော့ ဘယ်သူ့ဆီမှတောင်းလို့မရလို့ ကိုယ့်ဘာသာကိုယ်ပဲ ရှာဝယ်လိုက်ပါတယ်___
🤗မရှိသေးတဲ့သူတွေ Soft Copy လာတောင်းလို့ရပါတယ်_
🎁Note: ကိုယ်တိုင် Dollar ($) နဲ့ပေးပြီးဝယ်ထားရတဲ့အတွက် Pdf file လိုချင်တဲ့သူတွေဆီကနေ စေတနာရှိသလောက် အလှူလေးပြန်ခံပါ့မယ်-- (အခက်ခဲရှိပါက အလကားပေးပါမယ်)
🕯️စာအုပ်ရောင်းရငွေအားလုံးကို မိဘမဲ့ကျောင်း သို့မဟုတ် မျက်မမြင်ကျောင်းတွေမှာ စာရေးကိရိယာသွားရောက်လှူဒါန်းသွားမှာဖြစ်ပါတယ်_
Contact No: 09740010161
Telegram:
28/05/2026
Pocket Money _ 10000 ၁ဆု 3000 ၂ဆု 1000 ၄ဆုလေးများ လာထုတ်ကြပါရန်_ Sorry for my late ပါနော်
Contact no: 09740010161
28/05/2026
📌 What Causes Gold Price Fluctuations?
Gold prices change every day because of many global economic factors. Some major causes are:
✨ Interest Rates – Higher interest rates can lower gold prices, while lower rates may increase gold demand.
✨ Inflation – When inflation rises, many people buy gold to protect their money, causing prices to increase.
✨ U.S. Dollar Value – Gold is priced in U.S. dollars. A stronger dollar may reduce gold prices, while a weaker dollar can push prices higher.
✨ Geopolitics – Wars, conflicts, or global uncertainty often increase gold prices because investors see gold as a safe asset.
✨ Investment Demand – When more investors buy gold, prices rise. If demand falls, prices may decrease.
✨ Jewelry Demand – Countries like India and China have large jewelry markets. High jewelry demand can increase gold prices.
✨ Stock Market Conditions – When stock markets become risky or unstable, investors often move money into gold.
04/03/2026
ြာ_မင်္ဂလာ_ကဗျာများ
🙏၁။ အသဝနောစ
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊
မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့။
မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့် ၊
ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး ၊
မြော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
🙏၂။ ပတိရူပ
ကုသိုလ်ပညာ ဥစ္စာရဖို့၊
သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့် ၊
ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊
မတိမ်းစေနဲ့ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊
မြော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
🙏၃။ ဗာဟုဿစ္စဉ္စ
တတ်ကောင်းတတ်ရာ ဟူသမျှကို ၊
ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့၊
အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ၊
ကောင်းစွာသင်ကြားနားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊
ဆိုရေးတတ်ပါစေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
🙏၄။ မာတာပိတု
မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊
ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယား ၊
မြှောက်စားချီးမြှင့် ဝတ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊
အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး ၊
မြော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
🙏၅။ ဒါနဉ္စ
သုံးတန်စေတနာ ဖြူစင်လန်းလို့၊
ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊
သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊
သင်္ဂဟတရားနှင့် ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး လူထုကျိုး၊
သယ်ပိုးဆောင်ရွက်စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
🙏၆။ အာရတီ ဝိရတီ
မကောင်းမှုတွေ ဟူသမျှကို ၊
မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့၊
အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ့၊
မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား ၊
တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
🙏၇။ ဂါရဝေါစ
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ၊
ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊
ကိုယ့်ကိုနှိမ့်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊
ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး ၊
အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား ၊
နာကြားမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
🙏၈။ ခန်တီစ
ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊
စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား၊
ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှ ၊
မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး၊
ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
🙏၉။ တပေါစ
လောကီအာရုံ ဇိမ်ယစ်မူးလို့၊
အပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊
သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊
အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း ၊
အလင်းပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
🙏၁၀။ ဖုဋ္ဌဿ
ဆင်းရဲချမ်းသာ သဘာဝ၊
တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊
တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့ ၊
မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း ၊ ရမ္မက်သိမ်း၊
အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
27/02/2026
ဒီနေ့မှာတော့ လုပ်ငန်းခွင်တခုရဲ့ Leading ပိုင်းမှာ တာဝန်ယူဆောင်ရွက်တဲ့အခါ မဖြစ်မနေ သိထားသင့်တယ် Types of Leadership style ပုံစံနဲ့ ဘယ်လိုအခြေနေမျိုးမှာ ဘယ်လိုသုံးသင့်လဲဆိုတာ ရှင်းပြသွားပေးပါမယ်__
ပထမဆုံး Leadership ပုံစံ General အားဖြင့် ၃မျိုးရှိပါတယ်_
👨💻Autocratic Leadership
ခေါင်းဆောင်တစ်ယောက်တည်း ဆုံးဖြတ်ချက်ချပြီး ဝန်ထမ်းများပါဝင်မှုနည်းသော စနစ်။
👨💻Democratic Leadership
ခေါင်းဆောင်က ဆုံးဖြတ်ချက်ချရာတွင် အဖွဲ့ဝင်များကို ပါဝင်စေသော စနစ်။
👨💻Laissez-faire (Lizzie fair) Leadership
ခေါင်းဆောင်က ဝန်ထမ်းများကို လွတ်လပ်စွာ ဆုံးဖြတ်လုပ်ဆောင်ခွင့်ပေးသော စနစ်။
📝လုပ်ငန်း Nature ပေါ်မူတည်ပြီး Centralization နဲ့ Decentralization တွေကို လိုသလို ထည်စဉ်းစားပြီး ဆုံးဖြတ်ချက်ချရပါတယ် _
၃ခုလုံးမှာ အားနည်းချက် အားသာချက်တွေကိုယ်စီရှိပါတယ်___
🏗️ဥပမာ- ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သတ်ပြီး Example ပေးသွားပါမယ်-- Construction Site မှာ Run နေတဲ့ Operation Process မှာ မတူညီတဲ့ Leadership ပုံစံနဲ့ သွားဖို့လိုပါတယ်--
👷♂️ဥပမာ Site Manager က General Workers, Painter, Bricklayers တို့ကို Leading လုပ်တဲ့အခါ Autocratic နဲ့ပဲ ပိုသွားရပါမယ်- ဘာလို့လဲဆိုတော့ Unskilled Employees အများစုကို Supervise လုပ်ရတာမို့လို့ သူတို့ဆီက Idea နဲ့ ကိုယ့် idea ကို အတူတကွဆွေးနွေးဖို့ဆိုတာလည်းမဖြစ်နိုင်သလို- သူတို့ရဲ့ Innovation Creation skills တွေမလိုအပ်ပါဘူး-- ဒါကြောင့် Operation site မှာ Stie Manager နဲ့ General Workers ကြားမှာ Autocratic Leadership style သုံးလေ့ရှိပါတယ်
👷နောက်တခုအနေနဲ့ Democratic Leadership မှာဆိုရင် Senior Project Engineer ကနေ Quality Controller - QC ကို Leading လုပ်တဲ့နေရာမှာ Democratic Leadership ပုံစံကို သုံးရပါလိမ့်မယ်- ဘာလို့လဲဆိုတော့ ဒီအဆောက်ဦးတခုက သတ်မှတ်ထားတဲ့ Minimum Standard နဲ့ကိုက်ညီမှုရှိရဲ့လား ဆိုတာ Inspection ဝင်ပြီး သူ့အမြင်ကိုယ့်အမြင် အားနည်းချက်တွေကိုထောက်ပြပြီး- ဘာတွေပြုပြင်သင့်လဲဆိုတာ တပြိုင်နက်ထဲအတူတကွ ဆွေးနွေးသွားရမှာ ဖြစ်ပါတယ်---- Innovation Creation အပိုင်းမဟုတ်တဲ့အတွက် Laissez Fair ပုံစံနဲ့သွားဖို့ မလိုအပ်ပါဘူး
👷♀️နောက်ဆုံး တခူကတော့ Laissez Fair Leadership ပုံစံပါ- သူကတော့ Drawing ပိုင်းနဲ့ Architecture ပိုင်းကို တာဝန်ယူပြီး ဆောင်ရွက်နေတဲ့ သူတွေကို Leading လုပ်တဲ့နေရာမှာ အသုံးပြုလို့ရပါတယ် _ သူတို့ကို Project Consultant/ Advisor က ကိုယ့်ရဲ့ Idea ကို အရင်ချပြတာမျိုးမလုပ်ပဲ-- သူတို့ကို ကိုယ်ပိုင်တီထွင်ဖန်တီးခွင့် ဆုံးဖြတ်ခွင့်ပေးထားပြီး - ရလာတဲ့ Result ကိုမှ ကိုယ့်နဲ့ Discussion လုပ်ပြီး အသိမှတ်ပြုမှု Recognition နဲ့ အကြံဉာဏ် Suggestion ကို Balance ညီအောင်သွားပေးဖို့လိုပါတယ် --
💯ဒါမှပဲ လုပ်ငန်းခွင်တခုလုံးက efficiently ဖြစ်ပြီး Productively တက်လာမှာဖြစ်ပါတယ်-- အဲ့လိုဖြစ်မှပါ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ Satisfied ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ရတဲ့အပိုင်းတွေမှာ Motivated ဖြစ်ပြီး ပိုကြိုးစားလာကြပြီး လုပ်ငန်းရဲ့ Final Target / Objective တွေကို အကောင်ထည်ဖော် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်--
💥ဘာလို့လဲဆိုတော့ လုပ်ငန်းတခုအောင်မြင်ဖို့က လူသားအရင်းမြစ် Human Resource က အဓိကပဲဖြစ်နေလို့ပါ---
💫ဒီလိုမျိုး တန်ဖိုးရှိတဲ့ လူသားအရင်းမြစ်တွေကို တာဝန်ယူပြီး Leading လုပ်နေရတဲ့ ခေါင်းဆောင်တွေကလည်း Effective ဖြစ်တဲ့ Leadership ပုံစံနဲ့ Balance ညီညီ သွားပေးနိုင်ဖို့ လိုအပ်ပါတယ် --- ဒါမှ ကိုယ့် လုပ်ငန်းရဲ့ Operation Process လေးကို Error , Mistake နည်းနည်းနဲ့ ဆောင်ရွက်နိုင်ပြီး Result ကောင်းကောင်းထွက်လာနိုင်မှာဖြစ်ပါတယ်
📝ဒါကြောင့်မို့ လုပ်ငန်းတိုင်းမှာ Leading လုပ်တဲ့အခါ မဖြစ်မနေ သိထားသင့်တဲ့ Leadership stype လေးကို Hello Econ က sharing လုပ်ပေးလိုက်ပါတယ်-
27/02/2026
🧱🏗️🪵 Just in Time (JIT) ဆိုတာ စီးပွားရေးလုပ်ငန်းတွေမှာ ကုန်ပစ္စည်း သို့မဟုတ် ကုန်ကြမ်းတွေကို လိုအပ်တဲ့အချိန်မှာပဲ ရယူအသုံးပြုတဲ့ စနစ်တခုဖြစ်ပါတယ်။ ဒီစနစ်က သိုလှောင်စရိတ်လျှော့ပြီး Waste ဖြစ်မှုကို လျှော့ချပေးပါတယ်---
ဥပမာပြောရမယ်ဆိုရင် - ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ --- Required Resources တွေကို Suppliers တွေဆီကနေ Good Communication ဖြစ်ပြီး လိုအပ်မှပဲ ချက်ချင်းလိုသလိုဆွဲယူသုံးနိုင်မယ်ဆိုရင်-
✅ အရေးကြီးဆုံးဖြစ်တဲ့ သိုလှောင်စရိတ်လျှော့ချနိုင်ခြင်းပေါ့နော်___ ဘာလို့လဲဆိုတော့- Materials တွေကို သိုလှောင်ဖို့ Warehouse ဂိုဒေါင်ကြီးမလိုတော့တဲ့အတွက် Unnecessary Waste တွေကို ပထမဆုံးလျှော့ချနိုင်လို့ပါပဲ--
ဒါ့အပြင် Inventory တွေကို Holding လုပ်ထားတာလည်း မရှိတော့တဲ့အတွက် Unexpectedly Natural Disaster မှာ ကုန်ကြမ်းပျက်စီးမှုနည်းလာနိုင်ပါတယ်- ဒါတွေအတွက် Risk Management ကို ဦးစားပေးထည့်စဉ်းစားတဲ့ လုပ်ငန်းတွေမှာဆို_ မလိုအပ်တဲ့ Insurance cost တွေပါ လျှော့ချပေးနိုင်ပါတယ်_
ဥပမာ စတို အများကြီးရှိတဲ့အတွကိ မီးဘေးအာမခံယူတဲ့ စရိတ်တွေ လျှော့လို့ရပါတယ်--
တစ်ဖက်မှာလည်း ဒါတွေကိုထိန်းသိမ်းဖို့ Store ဝန်ထမ်းလည်းအများကြီး ငှားစရာမလိုတော့တဲ့အတွက် လုပ်ငန်းခွင်ရဲ့ Budget Condition ကို Control လုပ်နိုင်ပါလိမ့်မယ်___
ဒါကြောင့်- ဒီလိုနေရာတွေမှာ ကုန်ကျမည့်စရိတ်တွေကို တခြား Operation Process တွေမှာ အသုံးပြုနိုင်တဲ့အတွက် လုပ်ငန်းခွင်ရဲ့ Expanding လုပ်ဖို့နဲ့ တခြား Project တွေမှာ ငွေကို ရင်းနှီးမြှုပ်နှံထားလို့ရပါတယ် -
ဒါပေမဲ့ အားနည်းချက်လေးတွေတော့ရှိတာပေါ့နော် _
လုပ်ငန်းက လိုအပ်မှ Suppliers တွေဆီကနေ မှာတာဆိုတော့ - တခါတလေ မမျှော်လင့်ထားတဲ့ အခက်ခဲတွေကြောင့် နောက်ကျတာတို့ မရတာတို့တော့ဖြစ်လာနိုင်ပါတယ်-
အဲ့လိုဆိုရင်တော့ Operation Process တွေ Postpone ဖြစ်တာတို့ Delay ဖြစ်တာတို့ကြုံလာနိုင်ပြီး Customer နဲ့ ကိုယ့်Business ကြားက Relationship လေးတော့ပျက်စီးသွားနိုင်ပါတယ်_
အဲ့ကြောင့် လိုအပ်တဲ့ Resources တွေကို Suppliers တွေ အလွယ်ရနိုင်တဲ့ Location မျိုးဆိုရင်တော့_ Just in time Method လေးကိုသုံးပြီး Business မှာ Cost တွေကိုလျှော့ချပြီး Cash Flow Condition ကို Control လုပ်လို့ရတာပေါ့နော်- အဲ့ကြောင့် လုပ်ငန်းတခုရဲ့ Business Strategy တွေချမှတ်တဲ့အခါမှာ Average Cost တွေကိုလျှော့ချနိုင်ဖို့ Just in Time Method လေးကိုလည်း မမေ့သင့်ဘူးနော် --
Category
Website
Address
Alerts
Be the first to know and let us send you an email when Hello ECON posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.