Loser

Loser

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Loser, Writer, Dagon, Yangon.

15/06/2025

စိတ်ချမ်းသာအောင်နေနည်း (၁၀)ချက်
💛💛💛💛💛💛💛💛💛
________________

၁။ သူများပြောတိုင်း
လိုက်ပြီးမခံစားနဲ့။
(ပိန်တယ်၊ဝတယ်၊ပုတယ်၊ရှည်တယ်၊ဖြူတယ်၊မဲတယ်၊နှိမ်တယ်၊ကဲ့ရဲ့တယ် စသည်ဖြင့်)

၂။ ပြီးခဲ့တဲ့
ဒေါသထွက်စရာတွေ
စိတ်မချမ်းသာစရာတွေ ပြန်မတွေးနဲ့။

၃။ မဖြစ်သေးတဲ့
အကြောင်းအရာတွေကို
စိုးရိမ်သောကစိတ်နဲ့ ကြိုတွေးမနေပါနဲ့။

၄။ ကိုယ်ဝါသနာပါတဲ့အလုပ်ကို
စူးစူးစိုက်စိုက် လုပ်ကြည့်ပါ။

၅။ ကိုယ့်အကြောင်းကို
ကိုယ့်ကွယ်ရာမှာ အတင်းပြောနေတဲ့အကြောင်း
ကိုယ်ပြန်ကြားတဲ့အခါ ခံစားမနေပါနဲ့။
(ကိုယ့်ကို ဒဲ့ပြောတာမှ မဟုတ်တာ၊ ကိုယ်လဲ တိုက်ရိုက်ကြားရတာ မဟုတ်ဘူး)

၆။ ဆုံးရှုံးသွားတဲ့အရာတွေအတွက်
နမြောတဲ့စိတ်နဲ့ ခဏခဏ ပြန်မစဉ်းပါနဲ့။
(ဘာမှပြန်မရတော့ဘူး ပြီးသွားပြီ၊ သင်ခန်းစာပဲယူပါ)

၇။ ကိုယ့်ချစ်သူက
သစ္စာဖောက်သွားတဲ့ခါ ဝမ်းသာလိုက်ပါ
သူ့အကြောင်းကို စောစောစီးစီး
သိလိုက္ရလို့..........

အသဲကွဲချင်လဲ
ယာယီတော့ အသဲကွဲ
မစားနိုင်မသောက်နိုင်
တစ်မှိုင်မှိုင်တစ်တွေတွေ လုပ်မနေနဲ့။
(ကမ္ဘာမှာ လူပေါင်း သန်း၇ထောင်ကျော်ရှိတယ်၊ ကိုယ်နဲ့ထိုက်တန်ရာတစ်ယောက်တော့ရတယ်၊ရောက်လာလိမ့်မယ်)

၈။ များများ ယူဖို့ထက်
များများပေးနိုင်အောင် ကြိုးစား။
(သူများကို များများပေးနိုင်လေ စိတ်ချမ်းသာရလေပဲ)

၉။ ပတ်ဝန်းကျင်ကို
လိုအပ်တာထက်ပိုပြီး
ဂရုမစိုက်မိစေနဲ့။

၁၀။ ကိုယ့်မှာ ရှိသလောက်နဲ့ပဲ
ရောင့်ရဲတင်းတိမ်နိုင်အောင် ကြိုးစားပါ။

(ကိုယ်လုပ်နိုင်စွမ်းရှိသလောက်ပဲ မျှော်လင့်ပါ)

08/11/2022

ကိုယ်နဲ့မှ မဆိုင်တာ

08/11/2022

ဆေးလိပ်အငွေ့တွေ
ဟိုး.....အနက်ရှိုင်းဆုံး ခန္ဓာကိုယ်ထဲထိ
ရှူသွင်းလိုက်မယ် ဘာလို့ဆို
မင်းမှ မင်းဖြစ်နေတဲ့
ကို့စိတ်သေအောင်လို့..

08/11/2022

သူများတွေ ဆေးပေါင်းခနေချိန်
ကိုယ့်မှာလည်း သူမနဲ့
အတိတ်အကြောင်းတွေ ပြန်တွေးပြီး
ဆေးပေါင်းခခဲ့ရတယ်..

08/11/2022

သူမချစ်မှန်း သိတဲ့အခါ
အသဲတခြမ်းကွဲရပြီး
ကိုယ်က မစွန့်လွှတ်နိုင်တဲ့အခါ
နောက်ထပ် အသဲတစ်ခြမ်းပါ ကွဲတယ်

08/11/2022

တွေးရုံနဲ့
မျက်ရည်တွေ
၀ဲတက်လာတာမျိုး

ဒါမှမဟုတ်

မငိုပဲ
မျက်ရည်တွေ
ကျနေတတ်တာမျိုးပေါ့ ။

#ကျေးကို

08/11/2022

ချစ်တဲ့မျက်စိနဲ့ကြည့်ရင် ဘယ်လိုနေနေ
ချစ်ဖို့ကောင်းပါတယ်။ ဟုတ်တယ်။

သူ့ဘာသာ အပြင်အဆင်မတတ်လို့
အဝတ်အစားကို ပုံစံတကျမဝတ်တတ်လို့
မျက်နှာမှာ ဝက်ခြံတွေထွက်နေလို့..
အဆီဖုတွေရှိနေလို့ ဘယ်လိုပဲဖြစ်ဖြစ်
ချစ်တဲ့သူကတော့ ချစ်နေမှာပဲ။

ဒူးတွေ တံတောင်ဆစ်နေရာတွေမည်းနေလို့..
အကြောပြတ်ရာတွေရှိနေလို့ ..ဝလို့
ခန္ဓာကိုယ်အချိုးအစားက ပုံမကျလို့
ကိုယ့်ကိုယ်ကိုယ်စိတ်တိုင်းမကျနေလို့
ဘယ်လိုတွေပဲဖြစ်နေပါစေကွာ..
ချစ်တဲ့သူကတော့ မင်းကိုချစ်နေမှာပဲ။

တကယ်တော့ မင်းရဲ့ဖြစ်တည်မှုတွေ
အားနည်းချက်တွေ မပြည့်စုံမှု‌တွေက
အရေးမကြီးပါဘူး။ မင်းကိုချစ်တဲ့သူက
မင်းကို ဘယ်လိုမျက်စိနဲ့ကြည့်ပေးလဲဆိုတာကပဲ
တကယ့်တကယ် အရေးကြီးတယ်။
အဲ့တော့ ကိုယ့်ရဲ့ဖြစ်တည်မှုကို
အားမလိုအားမရဖြစ်မနေဘဲ ယုံကြည်မှုရှိရှိနဲ့
အရှိကိုအရှိတိုင်း‌လေးပဲနေကြည့်။

တခြားသူရဲ့မျက်စိထဲမှာ
ကိုယ်တကယ်ချစ်ဖို့ကောင်းနေဖို့ဆိုတာကလည်း
ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်ကိုယ်တိုင်က
အရှိတိုင်း အရင်လက်ခံဖို့လိုတယ် ..
အဲ့လိုမျိုးကမှ တကယ်ချစ်ဖို့ကောင်းတာ ..။

🌻🤍
#ဦးဇေ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Dagon
Yangon