Recap Drop.X

Recap Drop.X

Share

Daily Recap Videos
News | Stories | Trending
Fast & Clear Updates
Dont miss whats viral! Follow for daily drops

08/06/2026

🔥 ဘဝင်မြင့်လွန်းခဲ့တဲ့ UFC ဖိုက်တာတွေ... နောက်ဆုံး အရှက်တကွဲ ဖြစ်ခဲ့ကြပုံများ (Part 1)

UFC လောကမှာ ယုံကြည်မှုက အရေးကြီးပေမယ့် ဘဝင်မြင့်လွန်းတဲ့အခါ ပြန်ပေးဆပ်ရတဲ့ အချိန်တွေ ရှိပါတယ်။

ဒီ Video ထဲမှာတော့ UFC သမိုင်းတစ်လျှောက် ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ ကျဆုံးမှုတွေ၊ လူတွေမထင်မှတ်ထားတဲ့ Upset တွေ၊ စကားလုံးထိုးနှက်မှုတွေပြောခဲ့ပြီး နောက်ဆုံး ပြန်ခံခဲ့ရတဲ့ Fighter တွေရဲ့ အဖြစ်အပျက်တွေကို စုစည်းတင်ဆက်ထားပါတယ်။

သင့်အတွက် ဘယ် Fighter ရဲ့ ကျဆုံးမှုက အမှတ်ရစရာအကောင်းဆုံးလဲ? Comment မှာ ရေးခဲ့လို့ရပါတယ် 👇

05/06/2026

UFC ဖိုက်တာတွေ Joshua Van ကို ဘာကြောင့် ကြောက်နေကြတာလဲ?
Joshua Van ရဲ့ ချန်ပီယံ ခရီးကြမ်း 😎

03/06/2026

🔥 “ဒီကောင်လေးက တကယ်တော်တယ်” 🔥

ဖလိုင်းဝိတ်တန်းရဲ့ အန္တရာယ်အရှိဆုံး ဖိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ မန်နယ် ကပ်က လက်ရှိချန်ပီယံ ဂျိုရှူအာ ဗန်ကို ပွင့်ပွင့်လင်းလင်း ချီးကျူးသွားခဲ့ပါတယ်။

တက်ဆူရို တိုင်ရာနဲ့ ပွဲစဉ်မှာ ဂျိုရှူအာ ဗန် ပြသခဲ့တဲ့ စွမ်းဆောင်ရည်၊ ဉာဏ်ပညာနဲ့ ဖိအားအောက်မှာ တည်ငြိမ်စွာ ကစားနိုင်မှုတွေကို မန်နယ် ကပ်က အထူးသဘောကျခဲ့ပြီး...

💬 "ဒီကောင်လေးက တကယ်တော်တယ်" 💬 "အရမ်းပညာသားပါပါ ကစားသွားတယ်" 💬 "သူ့အတွက် ဂုဏ်ယူပါတယ်"

လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ချီးကျူးရုံနဲ့ မရပ်ခဲ့ပါဘူး...

💥 "ကျွန်တော် သူ့ကို အနိုင်ယူနိုင်တယ်" 💥 "နောက်ဆုံးမှာ ချန်ပီယံခါးပတ်က ကျွန်တော့်လက်ထဲ ရောက်လာမယ်"

လို့ ယုံကြည်ချက်အပြည့်နဲ့ ပြောဆိုသွားခဲ့ပါတယ်။

🏆 ဂျိုရှူအာ ဗန် vs မန်နယ် ကပ်

ဒီပွဲဟာ ဖလိုင်းဝိတ်တန်းရဲ့ အကြီးမားဆုံး ပွဲစဉ်တွေထဲက တစ်ပွဲ ဖြစ်လာမလား?

👇 စာဖတ်သူတို့ရဲ့ ခန့်မှန်းချက်ကရော... တကယ်လို့ ဒီဖိုက်တာနှစ်​​ယောက်သာ ထိပ်တိုက်တွေ့ခဲ့ရင် ဂျိုရှူအာ ဗန်က ချန်ပီယံခါးပတ်ကို ဆက်ထိန်းနိုင်မလား? ဒါမှမဟုတ် မန်နယ် ကပ်က ချန်ပီယံအသစ် ဖြစ်လာမလား?

Comment မှာ စာဖတ်သူတို့ရဲ့ အမြင်ကို ရေးခဲ့ပေးပါဦး 👇🔥

03/06/2026

ဗန်ကို တော်တယ်လို့ ဝန်ခံချီးကျူးလိုက်ပေမယ့် ချန်ပီယံခါးပတ်ကို ရအောင်ယူပြမယ်လို့ ပြောလာတဲ့ မာနယ်ကပ်

02/06/2026

လူအများစုက ဒီပွဲကို ကြည့်ပြီး...

"တိုပူရီယာ အလွယ်တကူ အနိုင်ရမှာပဲ"

လို့ ပြောနေကြပါတယ်။

ဒါပေမယ့် ကျွန်တော်ကတော့ နည်းနည်းကွဲပြားတဲ့ အမြင်ရှိပါတယ်။

ဂေးသ်ဂျီက လူတွေထင်ထားသလို ရှေ့တိုးပြီး လက်လွှတ်ထိုးနေတဲ့ Fighter မဟုတ်ပါဘူး။

အန္တရာယ်ရှိတဲ့ အခိုက်အတန့်တွေမှာ သူက ကိုယ့်ကိုယ်ကို ကာကွယ်ရင်း ဖိအားပေးတတ်ပါတယ်။

ဒါကြောင့် လူတွေ ထင်ထားသလို အစောကြီး အလဲထိုးခံရဖို့တော့ မလွယ်ပါဘူး။

ဒါပေမယ့် ပြဿနာက...

တိုပူရီယာဟာ အမှားတစ်ချက်ကို စောင့်နေတဲ့ Fighter ဖြစ်ပါတယ်။

သူက ပြိုင်ဘက်ကို နောက်ဆုတ်စေတယ်...
သံဇကာနားအထိ တွန်းပို့တယ်...
ထောင့်တွေ ပြောင်းပြီး အခွင့်အရေးကို ရှာတယ်...

ပြီးတော့ အမှားတစ်ချက် တွေ့တာနဲ့ ပွဲကို အဆုံးသတ်တတ်ပါတယ်။

ကျွန်တော့်အမြင်အရ...

ဂေးသ်ဂျီဟာ လူတွေထင်တာထက် ပိုပြီး တောင့်ခံနိုင်မယ်။

ဒါပေမယ့် တစ်ချိန်ချိန်မှာတော့ သူ့ရဲ့ တိုက်ခိုက်ချင်စိတ်က အနိုင်ယူသွားနိုင်ပါတယ်။

အဲဒီအခိုက်အတန့်မှာပဲ...

တိုပူရီယာရဲ့ တန်ပြန်ထိုးချက် ရောက်လာနိုင်တယ်။

ကျွန်တော့်ရဲ့ ခန့်မှန်းချက်ကတော့...

တိုပူရီယာ အလဲထိုးအနိုင် 🇬🇪🔥

စာဖတ်သူတို့ရော...
ဒီပွဲမှာ ဘယ်သူ့ဘက်က ရပ်တည်ထားလဲ? Comment မှာ ဝင်ရောက် မှတ်ချက်ပေးသွားပါအုံး👇

02/06/2026

တိုပူရီယာ ဘာကြောင့် အနိုင်ရဖို့ ရေပန်းစားနေတာလဲ? | ဂျက်စတင်ဂေဂျီ အတွက် အန္တရာယ်ရှိတဲ့ ပွဲလား

01/06/2026

Takedown လုပ်နိုင်တာနဲ့ ပွဲကို အနိုင်ရပြီလို့ ထင်နေသလား?

သူတို့တွေ ကျွန်တော့်ကို Ground ပေါ်ဆွဲချတဲ့အချိန်မှာ ကျွန်တော်က လက်ဖြန့်ပြီး 'ဒီကောင်တွေ ဘာတွေလာလုပ်နေတာလဲ' တွေးပြီးရယ်နေခဲ့တာပဲ 😆

ဘာလို့လဲဆိုတော့ ကျွန်တော် သိတယ်...
သူတို့ ကျွန်တော့်ကို Takedown လုပ်နိုင်ပေမယ့် Finish လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ။

အဲ့ဒီယုံကြည်ချက်ကပဲ ကျွန်တော့်ရဲ့ အကြီးဆုံးလက်နက်ဖြစ်တယ်။

🔥 "Take Me Down... If You Can."

01/06/2026

Islam Makhachev က ငါ့ကို လွယ်တယ်လို့ထင်နေတာ!" Ian Garry ကိုလည်း ပြန်လက်စားချေချင်တဲ့ Carlos Prates

31/05/2026

သတင်း​ထောက်🗣 - UCL ၃ကြိမ်မြောက် ရပြီးပြီနော် အခုဆို ခင်ဗျားက Legend တစ်ယောက်ဖြစ်နေပြီ ဘယ်လိုခံစားရလဲ?

Luis Enrique 🗣 - အဲ့ဒါတွေ ငါစိတ်မဝင်စားဘူး😎

31/05/2026

UCL နိုင်ပွဲအပြီး PSG အသင်းရဲ့ ပဲ့ကိုင်ရှင် နည်းပြကြီး Luis Enrique ရဲ့ ပြောစကားများ