True North Learning Platform
သင်ယူစရာ လေ့လာစရာတွေ များစွာဖြင့် True North က သင့်အတွက် လမ်းပြကြယ်အဖြစ် တာဝန်ယူပေးပါရစေ… ။
16/09/2026
ပစ်မှတ်အလွဲ
=========
လမ်းဆုံတစ်ခုမှာ စားသောက်ဆိုင်လေးတစ်ဆိုင်ရှိခဲ့ဖူးပါတယ်။ ဒီလမ်းဆုံက နာမည်ကြီး ဆိတ်ငြ်မ်ရပ်ကွက်ရဲ့ အဝင်ဝနားမှာရှိပါတယ်။ အဲဒီရပ်ကွက်က နိုင်ငံခြားသားတွေ အနေများတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေမှာ အလုပ်လာလုပ်ကြသူတွေလဲ ရှိပါတယ်။ လမ်းထိပ်က ဘတ်စကားမှတ်တိုင်မှာလဲ အလုပ်ခွင်ဝင်မယ့်၊ အလုပ်ကပြန်မယ့် သူတွေနဲ့ စည်ကား နေတတ်တယ်။
စားသောက်ဆိုင်လေးက သိပ်မကြီးပါဘူး။ အနောက်တိုင်း အစားအသောက်လေးတွေနဲ့ အဖျော်ယမကာလေးတွေရောင်းတာမို့ ဈေးတော့ကြီးတယ်။ သူ့ဆိုင်မှာ နိုင်ငံခြားသားတွေ အထိုင်များပါတယ်။ လက်တော့လေးတစ်လုံးနဲ့ အလုပ်လုပ်နေသူတွေ၊ ကော်ဖီတစ်ခွက်နဲ့ စာထိုင်ဖတ်နေသူတွေ ရှိနေတတ်ပါတယ်။ ဆိုင်ထဲမှာ လူတွေရှိနေရင်တောင်မှ စကားသံတိုးတိုးလေးတွေပဲ ကြားရတော့ ဆိတ်ငြိမ် အေးဆေးပါတယ်။
တစ်ချိန်မှာတော့ စားသောက်ဆိုင်ရဲ့ ပိုင်ရှင်ပြောင်းသွားပါတယ်။ ပိုင်ရှင်အသစ်က ဆိုင်ရဲ့ ပတ်ဝန်းကျင်မှာ လူသွားလူလာ များတာကိုကြည့်ပြီး ဈေးကွက်ကို ချဲ့ထွင်ဖို့ ကြိုးစားပါတယ်။ သူက လူတိုင်းကြိုက်ကြတဲ့ မုန့်ဟင်းခါးတို့ ငါးကင်တို့ တင်ရောင်းပါတယ်။ ဘီယာကို ညနေခင်းတွေမှာ လျှော့ဈေးနဲ့ သောက်နိုင်မယ့် အစီအစဉ်တွေလုပ်ပါတယ်။ သူ့ဆိုင်က ဘီယာသောက်တဲ့ သူတွေနဲ့ စည်ကားလာပါတယ်။ ဒါပေမဲ့ သူတို့က ဘီယာပဲလာသောက်ကြတာပါ။ မုန့်ဟင်းခါးကိုတော့ ဈေးကြီးလို့ သူ့ဆိုင်မှာ မစားကြဘူး။ ဘတ်စကားဂိတ်နားမှာ ဖွင့်ထားတဲ့ မုန့်ဟင်းခါးဆိုင်မှာပဲ စားကြသူတွေပါ။
ဘီယာသောက်ရင်း အသံကျယ်ကျယ်နဲ့ စကားများတဲ့သူတွေ ရောက်လာတော့ အရင်က သူ့ဆိုင်မှာ ထိုင်လေ့ရှိတဲ့ သူတွေနဲ့ သဟဇာတ မဖြစ်တော့ပါ။ ဆူညံသံတွေထဲမှာ အလုပ်လုပ်လို့မရ၊ စကားပြောလို့မကောင်းနဲ့မို့ သူ့ဆိုင်ကို မလာကြတော့ပါဘူး။ ဘီယာလာသောက်တဲ့သူတွေကလဲ ဈေးကြီးတဲ့ဆိုင်မို့ အမြဲပုံမှန်မလာန်ိင်ကြပဲ တဖြေးဖြေး လူနည်းသွားပါတယ်။ တင်ထားတဲ့ အစားအသောက်တွေလဲ ရောင်းမကောင်းတော့ ဆိုင်ကိုပိတ်လိုက်ရပါတယ်။
ဆိုင်ရဲ့ပတ်ဝန်းကျင်မှာ နေထိုင်သွားလာနေကြတဲ့ သူတွေက လုပ်ငန်းခွင် မျိုးစုံက အခြေခံ လူတန်းစားတွေနဲ့ နိုင်ငံခြားသားတွေ/ဆိတ်ငြိမ်ရပ်ကွက်ထဲက ငွေကြေးတတ်နိုင်သူတွေပါ။ ဒီအုပ်စုနှစ်စုရဲ့ လိုအပ်ချက်တွေက မတူကြပါဘူး။ စားသောက်တဲ့ အမယ်တွေလဲ မတူကြသလို နေထိုင်ပုံတွေလဲမတူကြပါဘူး။
အရင်တုန်းက စားသောက်ဆိုင်လေးက နိုင်ငံခြားသားတွေနဲ့ ငွေကြေးတတ်နိုင်တဲ့အုပ်စုကို ပစ်မှတ် (target) ထားပြီး ရောင်းခဲ့တယ်။ နောက်လာတဲ့ ပိုင်ရှင်ကတော့ အုပ်စုနှစ်ခုလုံးကို ဦးတည်ပြီး ရောင်းရချင်တော့ အစားအသောက်တွေ ထပ်ဖြည့်ပြီး ရောင်းဖို့ကြိုးစားတယ်။ သဘာဝခြင်း မတူညီတာကို ပေါင်းစပ်ကြည့်ဖို့ ကြိုးစားတော့ မအောင်မြင်ပဲ ဖြစ်သွားရပါတယ်။
ဘာပစ္စည်းကိုရောင်းမလဲလို့ ဆုံးဖြတ်ရတဲ့ အခါမှာ ဘယ်သူ့ကိုရောင်းမှာလဲလို့ပါ ထည့်စဉ်းစားဖို့ လိုပါတယ်။ တစ်ဦးနဲ့တစ်ဦး လိုအပ်ချက်တွေ၊ ဈေးဝယ်တဲ့ အလေ့အထတွေ၊ စားသုံးပုံ အလေ့အထတွေ မတူတတ်တာကြောင့် ကိုယ်က ဖြည့်ဆည်းနိုင်မယ့် အုပ်စုကိုရွေးချယ်ပြီး ထိထိရောက်ရောက် ပစ်မှတ် (target) ထားနိုင်အောင် ရွေးချယ်ရပါတယ်။
ကိုယ်က နိုင်နိုင်နင်းနင်း စီမံနိုင်ရင် အုပ်စုတစ်စုထက်ပိုပြီး ရွေးချယ်လို့လဲရပါတယ်။ နိုင်နိုင်နင်းနင်းလို့ ဆိုရာမှာ ကုန်ပစ္စည်းတွေ ခင်းကျင်းထားရုံနဲ့ မပြီးပါဘူး။ ဝယ်သူရဲ့ ဝယ်တတ်တဲ့ အလေ့အထ၊ သုံးစွဲတဲ့ အလေ့အထတွေကိုပါ ကိုက်ညီမှုရှိအောင် စီမံပေးတတ်ဖို့ လိုပါတယ်။
ခုပြောခဲ့တဲ့ ဆိုင်လေးကတော့ စားသုံးမှု အလေ့အထ မတူတဲ့ အုပ်စုနှစ်စုကို တစ်ဆိုင်ထဲမှာ ရောင်းဖို့ ကြိုးစားလိုက်တာကြောင့် အုပ်စုနှစ်စုလုံးကို ဆုံးရှုံးလိုက်ရပါတယ်။
မမိုးခိုင်
09/09/2026
ကိုယ့်ဌာနက မဟုတ်ဘူး
တစ်ခါမှာ အိမ်ကအင်တာနက်က ပြတ်တောက်သွားတယ်။ ဆားဗစ်ကို ဖုန်းဆက်တော့ ဖုန်းမကိုင်၊ မက်ဆေ့ပို့တော့လဲ စာမပြန်။ တတ်သိနားလည်တဲ့သူကိုမေးကြည့်တော့ ငွေမသွင်းရသေးလို့ လိုင်းဖြတ်ထားတာ ဖြစ်နိုင်ပါတယ်တဲ့။ အမှန်ကတော့ လဆန်းပိုင်း လစဉ်ကြေးတောင်းတဲ့စာ ရောက်တာနဲ့ ငွေသွင်းနေကျပါ။
မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းပြိး အင်တာနက်ကုမ္ပဏီ ဝန်ထမ်းကတဆင့် ကိုယ့်စာရင်းကို စစ်ဆေးခိုင်းတော့ ငွေသွင်းပြီးပေမယ့် သူတို့စက်မှာ (သို့မဟုတ်စနစ်မှာ) အမှားရှိနေလို့ မသွင်းရသေးဘူးလို့ပြနေတာ ဖြစ်ပါတယ်။ ဒါနဲ့ပဲ အမှားပြင်ဆင်ပြီးသွားတော့ ကိုယ်အင်တာနက်လဲ လိုင်းပြန်တက်လာတယ်။
ဒီလောက်နဲ့ ပြီးသွားရင်လဲ အကောင်းသား။ လျှာရှည်တတ်သူကိုယ်က ကုမ္ပဏီဝန်ထမ်းလေးကို “အန်တီတို့မိတ်ဆွေတချို့လဲ အင်တာနက်တွေ ပြတ်နေတယ်လို့ပြောတယ်။ (ကိုယ်ပြတ်တုန်းက လျှောက်မေးရင်းနဲ့ သိလာတာ)။ သားတို့ စက်မှာ တစ်ခုခုတော့ ဖြစ်နေပြီထင်တယ်” လို့ သတင်း စကားလေး မျှဝေမိပါတယ်။ ဒါဆို သူတို့ရဲ့စက်ကို အချိန်မီပြုပြင်နိုင်ပြီး သူတို့ရဲ့ ဖောက်သည်တွေ အတွက် အမြန်ပြင်ဆင်ပေးနိုင်အောင်လို့ပါ။ ဒါပေမယ့် သူ့ရဲ့တုန့်ပြန်မှုက ကိုယ်မျှော်လင့်ထားသလို မဟုတ်ဘူး။
“အဲဒါ ကျွန်တော်တို့ ဌာနက မဟုတ်ဘူး” တဲ့။
တစ်ခါမှာလဲ ကိုယ်စားဖူးတဲ့ ကိတ်မုန့်လေးကို ဝယ်ချင်တယ်ဆိုလို့ ဆိုင်ကနေမှာပေးလိုက်ပါတယ်။ မုန့်ကိုသွားယူမယ့် မိတ်ဆွေကို ဆိုင်နေရာကို ပြောပြထားတယ်။ သွားယူတဲ့ အခါကျတော့ ဆိုင်က “သူတို့ဆီမှာ မှာထားတာ မဟုတ်ဘူး” လို့ ပြောပါတယ်။ ဖြစ်ချင်တော့ ဆိုင်မှာ ဆိုင်ခွဲကနှစ်ခု ဖြစ်နေတယ်။ တစ်ခုက စားသောက်ဆိုင်၊ အဝင်ဝနားမှာ ရှိတဲ့ ဆိုင်လေးတစ်ခုက မုန့်ရောင်းတဲ့ဆိုင်၊ ကိုယ်ကတော့ နှစ်ဆိုင်လုံးဟာ တစ်ခြံထဲမို့ အတူတူလို့ထင်တယ်။ မတူတယ်ပဲထားဦး၊ တစ်ဝင်းထဲ ရောင်းနေကြတာ သူဘာရောင်းတယ်၊ ကိုယ်ဘာရောင်းတယ်၊ သိကြလိမ့်မယ်လို့ ထင်တယ်။ အဲဒီလိုမသိကြတာရော၊ ကိုယ့်ကိစ္စမဟုတ်ရင် အကူအညီမပေးချင်တာကိုရော မျှော်လင့်မထား မိဘူး။
လုပ်ငန်းခွင်တစ်ခုမှာ ကိုယ်နဲ့ မဆိုင်ရင် ကိုယ့်တာဝန်မဟုတ်ဘူးလို့ ယူဆကြတယ်။ ကိုယ်တာဝန်မဟုတ်ပဲနဲ့ ဝင်ပါမိရင်လဲ သက်ဆိုင်တဲ့သူများက “လာဝင်ရှုတ်တဲ့သူ” လို့ မကြည်ဖြူတတ်တာမျိုး ရှိပါတယ်။ ဒီတော့လဲ ကိုယ်နဲ့ မဆိုင်ရင် စေတနာ မထားမိတာက ကိုယ့်အတွက် ပိုစိတ်ချရတယ်လို့ပဲ နေလိုက်ကြတော့တယ်။
ပိုဆိုးတာက လုပ်ငန်းတစ်ခုထဲပေမယ့် တစ်ဖက်ကလုပ်နေတာကို နောက်တစ်ဖက်က မသိတာပဲ။ အဲဒါကြောင့်လဲ ဌာနတစ်ခုရဲ့ လိုအပ်ချက်ကို နောက်ဌာနတစ်ခုက ဖြည့်ဆည်းပေးရရင် မထိရောက်တာပဲ။
လုပ်ငန်းတစ်ခုမှာ အလုပ်ခွဲခြားလုပ်ကိုင်ခြင်းက အလုပ်ပိုတွင်လို့၊ ကျွမ်းကျင်မှု ဧရိယာတစ်ခုမှာ ဇောက်ချလုပ်ကိုင်ရင် စွမ်းဆောင်ရည်ပိုကောင်းစေလို့၊ အလုပ်သဘာဝအလိုက် ခွဲခြားလုပ်ကိုင် နိုင်အောင် ဌာနတွေ ခွဲထားတတ်တယ်။ ဌာနအလိုက် အလုပ်တွေခွဲထားတယ်ဆိုပေမယ့် အဲဒီခွဲပြီး ထုတ်လုပ်/ဆောင်ရွက်ပေးလိုက်တဲ့ ရလဒ်တွေကို ပြန်ပေါင်းလိုက်မှ ဖောက်သည်ကို ပစ္စည်းတစ်ခု၊ ဝန်ဆောင်မှုတစ်ခု ပေးနိုင်မှာပါ။ ခွဲခြားထားတာများလေလေ ပြန်ပေါင်းတတ်ဖို့ လိုလေလေပဲ ဖြစ်ပါတယ်။ ပြန်မပေါင်းတတ်ရင် နောက်ဆုံးမှာ ထွက်လာမယ့် ရလဒ်က ဆိုးရွားတဲ့ ရလဒ်တစ်ခု ဖြစ်သွားနိုင်ပါတယ်။
Kiyoshi Suzaki ရေးသားတဲ့ The New Shop Floor Management စာအုပ်မှာ တစ်ဖက်နဲ့တစ်ဖက် ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ ဌာနတွေထဲမှာ ဖောက်သည်ဟာ ရွာလည်နေပြီး မလိုအပ်ပဲနဲ့ အချိန်ကုန်ရ၊ အကျိုးမရှိပဲနဲ့ ပင်ပန်းရတတ်တယ်တဲ့။ အပြန်အလှန် ဆက်ဆံရေး ကောင်းတဲ့၊ ပူးပေါင်းဆောင်ရွက်မှှုကောင်းတဲ့ ဌာနတွေရှိမှသာလျှင် ဖောက်သည်အတွက် ပြေပြစ် ချောမောတဲ့ ဝန်ဆောင်မှုကို ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းတွေဆိုရင်လဲ အလားတူပါပဲ။ ဌာနတစ်ခုက ပြုလုပ်ပေးလိုက်တဲ့ ပစ္စည်းကို နောက်ဌာနတစ်ခုမှာ ဆက်လုပ်ပေးရဦးမှာဆိုရင် ဒီဌာနနှစ်ခုက မလွဲမသွေ ပူးပေါင်း လုပ်ဆောင်တတ်ဖို့ လိုနေပါပြီ။
ဌာနတွေခွဲထားလို့ ကိုယ့်ဌာနနဲ့ ဆိုင်တဲ့ အရာလို့ပဲ မမြင်ပါနဲ့။ အားလုံးနဲ့ ဆိုင်တဲ့ အရာလို့ မြင်တတ်ဖို့ လိုပါတယ်။ လုပ်ငန်းတစ်ခုလုံးရဲ့ ရည်မှန်းချက်က ဖောက်သည်ရဲ့ လိုအပ်ချက်ကို ဖြည့်ပေးနိုင်ဖို့ ဖြစ်တဲ့အတွက်၊ ဌာနတစ်ခုခြင်းကလဲ ကိုယ့်ဌာနတစ်ခုတည်းအတွက် ဆိုတဲ့ အမြင်ကျဉ်းနဲ့ မကြည့်ပဲ၊ တူညီတဲ့ ရည်ရွယ်ချက်အတွက် ဌာနအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။
မမိုးခိုင်
25/08/2026
ဂုဏ်သိက္ခာကိုကူညီခြင်း
=================
ဖေ့ဘုတ်မှာ သံတူကြောင်းကွဲ ဇတ်လမ်းလေးတွေကို ဖတ်ရလေ့ရှိပါတယ်။ ဖန်တီးထားတဲ့ ဇတ်လမ်းတွေပေမယ့် နှလုံးသားကို နွေးထွေးစေတဲ့အတွက် တခုတ်တရ ဖတ်မိတတ်တယ်။
ဇတ်လမ်းတွေက ပိုက်ဆံမရှိလို့ ဆာလောင်နေတဲ့ ကလေးတွေကို ဆင်းဒဝစ်မုန့်တွေ ကျွေးလိုက်တဲ့ အကြောင်းတွေ၊ ဆိုးရွားတဲ့ ရာသီဥတုထဲမှာ အိမ်ခြေယာမဲ့ဖြစ်နေတဲ့ ကလေးတွေ ဒါမှမဟုတ် အဖိုးကြီးအဖွားကြီးတွေကို နွေးထွေးတဲ့ အဝတ်အစားတွေ၊ ဖိနပ်တွေ၊ မျှဝေပြီး စွပ်ပြုတ်ပူပူလေး ကျွေးတဲ့ အကြောင်းတွေ၊ ကျောင်းမှာ နေ့လည်စာမပါလာတဲ့ သူငယ်ချင်းကို ထမင်းဘူးမျှဝေကျွေး တဲ့အကြောင်းတွေ၊ ဈေးဝယ်ဖို့ ပိုက်ဆံမရှိတဲ့ ကလေးအမေကို ဈေးဝယ်ပေးတဲ့ အကြောင်းတွေ၊ စားသောက်ဆိုင်ထဲမှာ စားပွဲတစ်လုံးသီးသန့်ထားပြီး သူဆင်းရဲတွေကို ညစာကျွေးတဲ့ အကြောင်းတွေ၊ အဖိုးအို အဖွားအိုတွေကို အဖော်လုပ်ပေးတဲ့အကြောင်းတွေ၊ တစ်စုံတစ်ယောက် ခက်ခဲချိန်မှာ အကူအညီပေးတဲ့ အကြောင်းတွေ ရေးထားတာများပါတယ်။
ဒီဇတ်လမ်းတွေရဲ့ အသက်က ခက်ခဲနေတဲ့သူကို ကူညီလိုက်တဲ့ အကြောင်းကိုချည်းပဲ ပြောချင်တာ မဟုတ်ဘူး။ ဒုက္ခရောက်နေတဲ့သူ ဆိုပေမယ့် သူ့မှာလဲ ဂုဏ်သိက္ခာရှိတယ်။ သူ့ရဲ့ သိက္ခာကို မထိခိုက်စေပဲနဲ့ ဘယ်လို ကူညီနိုင်မလဲလို့ စဉ်းစားပေးထားတာပဲ ဖြစ်ပါတယ်။
“မင်းဗိုက်ဆာနေတယ်မဟုတ်လား။ ငါပေးတဲ့ ဆင်းဒဝစ်ကိုစား။ ဒီစွပ်ပြုတ်ကိုသောက်လိုက်” ... ဆိုတာမျိုးနဲ့ ပေးကမ်းတာမဟုတ်ပဲ “အိမ်မှာ စွပ်ပြုတ်ချက်လိုက်တာ အများကြီးပိုနေလို့ ကူစားပေး ပါဦး” ဆိုတာမျိုးတွေ၊ “ဖိနပ်ဝယ်လာတာ၊ အနွေးထည်ဝယ်လာတာ ကိုယ်နဲ့မတော်လို့ ဝတ်ကြည့်ပါလား” ... ဆိုတာမျိုးတွေနဲ့ ချဉ်းကပ်ကြတာ ဖြစ်ပါတယ်။ သူက ဆင်းရဲလို့၊ သနားစရာကောင်းလို့ ပေးကမ်းကျွေးမွေးတယ် ဆိုတာမျိုးမဟုတ်ပဲ၊ ကိုယ့်ကို ကူညီတဲ့ အနေနဲ့ ယူပါဦးလို့ တဖက်လှည့်နဲ့ လိုအပ်တာကို ဖြည့်ဆည်းပေးကြတာဖြစ်ပါတယ်။
သူများအကူအညီမပါပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်ရမယ်လို့ အသိစိတ်ဓါတ်ရှိတဲ့ သူတွေဟာ သူတို့ကိုအကူအညီပေးရင် စိတ်ထဲမှာ တစ်မျိုးဖြစ်တတ်တယ်။ ကိုယ်ကပဲ အစွမ်းအစမရှိလို့လား။ သူများအမြင်မှာ သနားစရာ ကောင်းနေတာလား.... စသည်ဖြင့် အကူအညီယူရမှာကို ဝန်လေးတတ် တယ်။ ရှက်တတ်တာလဲ ပါကောင်းပါနိုင်တယ်။ ကိုယ်က ပြောတတ်ဆိုတတ်ပေးတတ်မှ သူခမြာ သိက္ခာမကျပဲ အကူအညီကို လက်ခံနိုင်မယ်။
မန္တလေးမှာ ငလျင်ဘေးသင့်တုန်းက ကိုယ့်အိမ်ပြိုသွားလို့သာ ဒုက္ခသည်စာရင်းဝင်သွားရတယ် အရင်ကတော့ တတ်နိုင်တဲ့ သူတွေလဲပါပါတယ်။ သူတို့က ထမင်းထုပ်လာဝေတာမျိုးနဲ့ကြုံတဲ့အခါ
ဝင်ယူဖို့ တော်တော်ခက်ခဲနေတတ်တယ်။ အကင်းပါးတဲ့ အလှူရှင်တွေက သူတို့ရဲ့ အရိပ်အကဲကို ကြညိ့ပြီး ပစ္စည်းကို လက်ခံအောင် ပေးရတယ်တဲ့။
သူများကို ကူညီတာပဲ။ ဂုဏ်သိက္ခာတွေ ဘာတွေ ကြည့်နေရဦးမှာလားလို့ မအောင့်မေ့ပါနဲ့။ သူတို့လဲ လူလူချင်းအတူတူပဲဆိုတော့ လေးစားမှုတော့ရှိသင့်ပါတယ်။ လိုအပ်ချက်ရှိနေတာကြောင့် မျက်နှာအောက်ကျခံရတယ်လို့ မဖြစ်စေသင့်ဘူးပေါ့။ ကိုယ်က မရည်ရွယ်ပေမယ့် လှူချင်ဇောနဲ့ လက်ထဲအတင်းထည့်ပေးလိုက်တာက သူ့အတွက် တမျိုးကြီး ဖြစ်သွားနိုင်တယ်လေ။
နေ့စဉ် ဖေ့ဘုတ်က စာတွေဖတ်ပြီး သူများကို စေတနာရှိလို့ ပေးချင် ကမ်းချင်ရင်၊ တဖက်လူရဲ့ သိက္ခာကို မထိခိုက်စေမိအောင် သတိထားရမယ်ဆိုတဲ့ အသိတရားလေးဖြစ်မိပါရဲ့။
မမိုးခိုင်
23/08/2026
AI Professional Training အောင်မြင်စွာ ပြီးဆုံးပြီ ဖြစ်ပါတယ်။ 👏🏻👏🏻👏🏻
📚📚🖊️🖊️🧑🏫👩🏫👨🏫
ပါဝင်တက်ရောက်ပေးကြသော Banking, Micro Finance, F&B, Trading, Construction, BPO, Consultancy, Water Treatment, Solar, Mobile Phone and Multi-Media Company များမှ မိတ်ဆွေများနှင့်တကွ Social Innovation Project များ ကိုယ်တိုင် လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်နေရသူများ အားလုံးကို ကျေးဇူးတင်ရှိပြီး 🙏🏻
အားလုံးအတွက် လက်တွေ့အသုံးချ AI နည်းပညာများကို တစ်နေ့တာ မမောမပန်း အတူတကွ လက်တွေ့လုပ်ဆောင် သင်ကြားပေးပါသော Trainer ဒေါက်တာကျော်ဖြိုးလင်းကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ 🙏🏻
AI Professional Training
10/08/2026
🚀 AI ခေတ်မှာ နောက်ကျကျန်မနေခဲ့ဖို့ အခုပဲ အမီလိုက်တော့!
အလုပ်တွေကို အရင်ကထက် ပိုမြန်အောင် AI နဲ့ ဘယ်လို ဖန်တီးမလဲ? 🤖✨
လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အလုပ်မှာပဲဖြစ်ဖြစ် AI ကို မသုံးတတ်သေးဘူးဆိုရင် သင်ဟာ သူများထက် အများကြီး နောက်ကျနေပါပြီ။ AI ဆိုတာ သိရုံနဲ့ မလုံလောက်ပါဘူး၊ ထိထိရောက်ရောက် အသုံးချတတ်ဖို့က အဓိကပါ။
လူတိုင်း တက်ရောက်သင့်တဲ့ "AI Professional Training" သင်တန်းမှာ အခြေခံကစပြီး လက်တွေ့နယ်ပယ်အထိ ဘာတွေ သင်ကြားပေးသွားမှာလဲဆိုရင် -
✅ Fundamentals of AI & Prompt Engineering - AI ကို ကိုယ်လိုချင်တဲ့ Result ရအောင် အမိန့်ပေးခိုင်းစေနည်း (Prompt) များ။
✅ Using AI Effectively - နေ့စဉ်အလုပ်တွေကို AI သုံးပြီး အချိန်ကုန်သက်သာအောင် စနစ်တကျ အသုံးချနည်း။
✅ AI for PowerPoint & Presentation - လှပတဲ့ Slide တွေကို စက္ကန့်ပိုင်းအတွင်း ဖန်တီးနည်း။
✅ AI for Photo & Video Editing - ဒီဇိုင်းနဲ့ ဗီဒီယိုတွေကို AI နဲ့ အလွယ်တကူ ဖန်တီးနည်း။
✅ Content Creation with AI - ဆွဲဆောင်မှုရှိတဲ့ စာသားတွေနဲ့ Content တွေကို Professional ကျကျ ရေးသားနည်း။
💰 သင်တန်းကြေး - ၁၈၀,၀၀၀ ကျပ်
🔥 အထူးပရိုမိုးရှင်း (သတိပြုရန်!) 🔥
အရင်ဆုံး စာရင်းသွင်းသူ (၁၀) ဦး အတွက်သာ ၃၀,၀၀၀ ကျပ် တိတိ Discount ပေးသွားမှာဖြစ်လို့ ၁၅၀,၀၀၀ ကျပ်တည်း နဲ့ တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
နေ့ရက်: ၂၂-၈-၂၀၂၆ (စနေနေ့)
အချိန်: မနက် ၉:၀၀ – ညနေ ၅:၀၀
နေရာ: Ka Naung Hub (MICT Park)
အစားအသောက်: နေ့လယ်စာနှင့် လက်ဖက်ရည် စီစဉ်ထားပါသည်
မှတ်ချက်: မိမိကိုယ်ပိုင် Laptop ယူဆောင်လာရန် လိုအပ်ပါသည်။
နေရာကန့်သတ်ထားတာမို့ အခွင့်အရေးကို လက်လွတ်မခံဘဲ အခုပဲ စာရင်းပေးသွင်းလိုက်ပါ! 🏃♂️💨
📩 စာရင်းသွင်းရန်/အသေးစိတ်မေးမြန်းရန်:
Messenger (သို့မဟုတ်) ဖုန်း - 09 4500 66870 ကို အခုပဲ ဆက်သွယ်လိုက်ပါ။
🎯 SME Business Management (7 Days Online Training)