ROI Marketing
Think Results, Get Results.
Vlogger / Content Creator များအတွက် သတင်းကောင်း❣️
ကဲ....အခုလို Dolla စျေး၊ ကုန်စျေးတွေ အဆမတန်တက်နေချိန်မှာ စျေးသက်သက်သာသာနဲ့ ထိရောက်မှုလည်းရှိတဲ့ Social Media Marketing ၀န်ဆောင်မှုများကို ပေးနေပါပြီနော်...
02/06/2024
Happy Pride Month 2024!..
30/05/2024
လုပ်ငန်းရှင်တွေအနေနဲ့ ဝင်ငွေတိုးပွါးအောင် အလွယ်တကူလုပ်နိုင်တဲ့ အခြေခံနည်းလမ်း (၄)ခု ရှိပါတယ်။
အဲ့နည်းလမ်း (၄)ခုကတော့…
❇️ ဝယ်သူတွေ ပိုများအောင်လုပ်ဆောင်ခြင်း
ဒီနည်းလမ်းက အရိုးရှင်းဆုံးနဲ့ အသိသာဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းကိုဝယ်ယူအားပေးနေကြ Customer က အယောက် ၅၀ ရှိရင် အယောက် ၁၀၀ လောက်ဖြစ်အောင် ကြိုးစားခြင်းဖြင့် ရောင်းအားတိုးပြီးဝင်ငွေတိုးပွါးအောင် လုပ်ဆောင်နိုင်ပါတယ်။
❇️ ဝယ်ယူတဲ့ပမာဏတိုးအောင်လုပ်ဆောင်ခြင်း၊ များများဝယ်သွားအောင်လုပ်ဆောင်ခြင်း
ကိုယ့်ဆိုင်မှာ ဝယ်နေကြ Customer ကို Cross-selling/ Up-selling လုပ်ပြီး များများဝယ်ယူသွားအောင်ကြိုးစားနိုင်ပါတယ်။
တစ်ခုဝယ်မယ့်သူကို နှစ်ခုဝယ်သွားအောင်၊ တစ်သောင်းဖိုးဝယ်မယ့်သူကို Quality ပိုကောင်းတဲ့ သုံးသောင်းတန်ဝယ်သွားအောင် ကြိုးစားခြင်းဖြင့်လည်း ဝင်ငွေတိုးပွါးစေနိုင်ပါတယ်။
❇️ ဝယ်ယူတဲ့အကြိမ်အရေအတွက်ကို များအောင် လုပ်ဆောင်ခြင်း
Customer တွေကို ကိုယ့်ဆီကပဲ ထပ်တလဲလဲ အမြဲဝယ်အောင် ကြိုးစားလို့ရပါတယ်။ ကိုယ့်ဆီက တစ်လကို တစ်ကြိမ်ဝယ်တဲ့သူကို နှစ်ကြိမ်ဝယ်အောင်လုပ်ဆောင်ခြင်းဖြင့်လည်း ဝင်ငွေပိုတိုးစေနိုင်ပါတယ်။ ဒီနည်းလမ်းက တချို့လုပ်ငန်းတွေတော့ လုပ်လို့အဆင်မပြေနိုင်ပါဘူး။
ကျန်းမာရေးနဲ့ ဆေးဝါးလုပ်ငန်းတွေ စသဖြင့် တချို့လုပ်ငန်းတွေက ဒီနည်းလမ်းသုံးလို့အဆင်မပြေကြပါဘူး။
❇️ စျေးနှုန်းတိုးမြှင့်ရောင်းချခြင်း
Customer လည်းတိုးလာအောင်မလုပ်နိုင်ဘူး၊ အကြိမ်အရေအတွက်များအောင်လည်း မလုပ်နိုင်ဘူးဆိုရင် ကိုယ့် ကုန်ပစ္စည်းဝန်ဆောင်မှုကို စျေးနှုန်းတင်ပြီးရောင်းလို့ရပါတယ်။ များသောအားဖြင့် ဒီနောက်ဆုံးနည်းလမ်းက ခက်ခဲလေ့ရှိပါတယ်။ အခြေနေနဲ့အချိန်ခါကို သေချာသုံးသပ်ပြီးမှသာ လုပ်ဆောင်သင့်ပါတယ်။ ဒီတိုင်း အမြတ်ပိုလိုချင်လို့ စျေးမြှင့်ရောင်းလိုက်တာက customer တွေကို လျော့သွားစေတဲ့အတွက် ဝင်ငွေပါလျော့ကြသွားစေနိုင်ပါတယ်နော်။
ခုဆိုရင် မိတ်ဆွေတို့ လုပ်ငန်းအတွက် ဝင်ငွေတိုးပွါးနည်းလမ်း ၄ ခု ကိုမျှဝေပေးလိုက်ပါတယ်….
နောက်ထက်အထောက်ကူပြုစေမယ့် အကြောင်းအရာလေးတွေလည်း ထက်တင်ပေးမှာမလို့ Page လေးကို Follow ထားပါဦးနော်…💕
28/05/2024
“Facebook Marketing ကိုအသုံးပြုပြီး ဝင်ငွေတိုးပွါးလိုက်ပါ”
လူကြီးမင်းတို့ ဒီစာကိုတွေ့ရင် ဘာမှစိတ်ထဲမခံစားရလောက်ပါဘူး..
ဖတ်သာဖတ်လိုက်ရတာ သေသေချာချာမသိရဘူး၊ ဘာမှလည်းထူးပြီးခံစားရမှာမဟုတ်ပါဘူး…
ဒါဆိုရင် “ Social Media Marketing ကို အသုံးချပြီး သင့်လုပ်ငန်းကို ၃လ အတွင်း ဝင်ငွေ ၂ဆ တိုးပွါးလိုက်ပါ”
ဒီလိုဆိုရင်တော့ ပထမတစ်ခုထက် နည်းနည်းပိုစိတ်ဝင်စားစရာကောင်းသွားမှာ အသေချာပါပဲ။
တကယ်လို့ လူကြီမင်းတို့က အပြင်မှာ ဆိုင်ခန်းနဲ့သေချာ ဖွင့်ထားနိုင်ပြီး Online ပေါ်မှာ သေချာမလုပ်နိုင်တဲ့အခြေအနေနဲ့ ကြုံနေတဲ့လုပ်ငန်းရှင်တစ်ယောက်ဆို ဒီခေါင်းစဉ်ကို သေချာပေါက်စိတ်ဝင်စားမှာပဲဖြစ်ပါတယ်။
အခုဆို ခေါင်းထဲမှာ Social Media Marketing ကို သတိထားမိမယ်၊ ၃ လ အတွင်း ဝင်ငွေ ၂ဆ ဆိုတာကိုလည်းစဉ်းစားမိမှာပါ။
✅ တကယ်လည်း စနစ်တကျနဲ့ Online ပေါ်မှာ Marketing သေချာလုပ်နိုင်ရင် သင့်လုပ်ငန်းကို ဒီထက်တိုးပွါးစေနိုင်မှာဆိုတာကို လူကြီးမင်းကိုယ်တိုင်လည်း သဘောပေါက်တဲ့အတွက်ကြောင့်မလို့ လူကြီးမင်းစိတ်ဝင်းစားမှာဖြစ်ပါတယ်။
လက်တွေ့ဘဝမှာလည်း အခုလိုသဘောပါပဲ။
✔️ကိုယ်ရောင်းချင်နေတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ဝယ်သူတွေရဲ့ စိတ်ထဲပေါ်လာအောင်၊ နားလည်သဘောပေါက်လာအောင် သေချာပြောပြနိုင်ဖို့လိုအပ်ပါတယ်။
✔️နောက်ပြီး လူတွေရဲ့ Emotion ကိုထိအောင်လည်းပြောဆိုဆက်ဆံနိုင်ရပါတယ်။ ဝယ်သူတွေ လိုအပ်နေတာ၊ အခက်အခဲကြုံတွေ့နေရတာတွေကို ဘယ်လိုကူညီနိုင်ကြောင်း၊ ဘယ်လိုဖြေရှင်ပေးနိုင်ကြောင်း နားလည်အောင် တိတိကျကျ ရှင်းပြပြောဆိုနိုင်မှ လူကြီးမင်းရဲ့ Content တွေ၊ အရောင်းတွေက ထိရောက်မှုရှိမှာဖြစ်ပါတယ်။
ဒါကြောင့် မိတ်ဆွေတို့ရဲ့ လုပ်ငန်းတွေ ပိုမိုထိရောက် တိုးတက်ဖို့ဆိုရင် ဝယ်သူတွေ ရင်ထဲရောက်အောင် တိတိကျကျပြောဆိုဆက်ဆံန်ိုင်ရပါမယ်။ ဘယ်လို Results တွေကို ဘယ်လောက်အချိန်အတွင်း ဘယ်လိုလုပ်ပေးနိုင်ကြောင်း၊ ဘာတွေအာမခံပေးနိုင်ကြောင်း တိတိကျကျ အသေးစိတ်ဖော်ပြနိုင်ဖို့လိုအပ်ပါတယ်…
နောက်ပိုစ့်တွေမှာလည်း မိတ်တွေတို့လုပ်ငန်းအတွက် သိထားသင့်တဲ့၊ အထောက်ကူပြုစေမယ့် အကြောင်းအရာလေးတွေတင်ပေးမှာမလို့ Page လေးကို Follow ထားပါဦးနော်…💕
23/05/2024
ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေ၊ Business Page Admin တွေက ကိုယ့်လုပ်ငန်းကို အားပေးနေတဲ့ ဝယ်သူ၊ ဖောက်သည်တွေအကြောင်းကို အကြမ်းဖျင်းတော့သိကြလေ့ရှိပါတယ်။
လုပ်ငန်းတိုးချဲ့ဖို့ဖြစ်စေ၊ ပိုပြီးရောင်းအားတက်ချင်လို့ပဲဖြစ်စေ ကိုယ့်လုပ်ငန်းကိုနောက်တစ်ဆင့်တက်မယ်လို့ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ Customer/ Client တွေအကြောင်းကို အရင်ကထက်ပိုလေ့လာ၊ ပိုသိအောင်လုပ်ဖို့ လိုအပ်လာပါပြီ။
ဒီလိုသိရှိလာရဖို့အတွက် တိကျတဲ့ Buyer Persona ဖော်ထုတ်ဖို့ ထည့်သွင်းစဉ်းစားရမယ့် အချက်(၆)ချက်ကို ဒီနေ့မှာ မျှဝေပေးသွားပါမယ်ရှင့်။
✅ Age & Gender
ကိုယ့်ရဲ့ product / service က ဘယ်အသက်အရွယ်အပိုင်းအခြားလောက်ကသူတွေအတွက်လဲဆိုတာ သိဖို့လိုပါတယ်။ ဘယ်အရွယ်လောက်လဲဆိုတာသိမှသာ သူတို့နဲ့ရင်းနှီးတဲ့ စကားလုံးအသုံးအနှုန်းတွေ၊ အပြင်အဆင်တွေ၊ သူတို့အကြိုက်တွေနဲ့ ထိထိမိမိထိုးဖောက်နိုင်မှာဖြစ်ပါတယ်။
ဥပမာ- ကိုယ်က Bar တစ်ခုဖွင့်ထားပြီး အသက် ၃၀ ဝန်းကျင်ကလူတွေကိုအဓိကထားပြီး လာစေချင်တယ်ဆိုရင် ၁၉၉၀ ခုနှစ်ဝန်းကျင်လောက်က သီချင်းအေးအေးလေးတွေ၊ ဆိုင်အပြင်အဆင်လေးတွေက သပ်သပ်ရပ်ရပ်နဲ့ လူလတ်ပိုင်းတွေမျက်စိကျစေမယ့် ဒီဇိုင်းလေးတွေနဲ့ ပြင်ဆင်ထားတာမျိုးပါ။
✅ တည်နေရာ / Location
ကိုယ့်ပစ္စည်း၊ product တွေကို အဓိကဝယ်ယူအားပေးနေသူတွေက ဘယ်မြို့နယ်၊ ဘယ်နေရာကလဲဆိုတာလည်းသိဖို့လိုအပ်ပါတယ်။ ရန်ကုန်လား၊ မန္တလေးလား၊ ရှမ်းပြည်လား စတဲ့ location ကိုသေချာသိရပြီဆိုမှ ကိုယ့် customer တွေအများစုရှိတဲ့နေရာတွေမှာ ဘယ်လိုမျိုးတွေ ခေတ်စားနေလဲ၊ ဘာတွေ Trend ဖြစ်နေလဲ ၊ Facebook မှာ Boost လုပ်တဲ့အခါပဲဖြစ်ဖြစ်၊ Give away တွေပေးတဲ့အခါမှာပဲဖြစ်ဖြစ် တိတိကျကျ customer တွေကို ကိုယ်စားပြုတဲ့ message တွေဖန်တီးနိုင်မှာဖြစ်ပါတယ်။
✅Buying power / Income
ကိုယ့်ကိုအားပေးနေတဲ့သူတွေရဲ့ buying power ကိုသိဖို့ကလည်းတော်တော်အရေးပါပါတယ်။ ကိုယ့် Customer တွေရဲ့ ဝယ်နိုင်အားကိုသိမှသာ ကိုယ့်ဝန်ဆောင်မူ၊ ထုတ်ကုန်တွေကို မှန်ကန်တဲ့စျေးသတ်မှတ်နိုင်မှာဖြစ်ပြီး၊ customer တွေလိုအပ်ချက်နဲ့ကိုက်ညီတဲ့ ကုန်ပစ္စည်းတွေကို ဖြန့်ဝေနိုင်မှာဖြစ်ပါတယ်။
ဥပမာ- ကိုယ်ရောင်းမယ့် ပစ္စည်း/ ဝန်ဆောင်မူက Manager တွေအတွက်လား၊ ရိုးရိုး ရုံးဝန်ထမ်းအတွက်လား၊ အိမ်ရှင်မတွေအတွက်လား၊ CEO/ Director တွေလားဆိုတာကိုသေချာသိမှ ကိုယ်လုပ်ငန်းကို Marketing လုပ်တဲ့အခါမှာလည်း ထိရောက်အောင်လုပ်နိုင်မှာဖြစ်ပါတယ်။
✅ Problem / Pain
ကိုယ့် Customer တွေရဲ့ အခက်ခဲနဲ့ သူတို့ဘာတွေကိုစိုးရိမ်နေလည်းဆိုတာလည်းသိဖို့အရေးကြီးပါတယ်။
ဥပမာ- ကိုယ်က Skin Care တွေရောင်းပြီး ကိုယ့် customer က မိန်းကလေးအရွယ်ငယ်ငယ်လေးတွေဆိုရင် သူတို့စိုးရိမ်မယ့်အရာတွေက (၁) ဝက်ခြံတွေ ဆက်ထွက်နေမှာလား? (၂) အမာရွတ်တွေရော ကျန်ခဲ့မှာလား? (၃) ဝက်ခြံတွေ တကယ်ရော သက်သာလာမှာလား? စတာတွေကိုသိဖို့လိုအပ်ပါတယ်။
✅ Needs, Wants, Goals
Customer တွေက ကိုယ့်ရဲ့ ဝန်ဆောင်မှု/ ကုန်ပစ္စည်းတွေကိုကြိုက်လို့ဝယ်ကြတာမဟုတ်ပဲ ကိုယ့် Product ကိုသုံးလိုက်လို့ရလာမယ့် Results / Benefits အကျိုးကျေးဇူးတွေကြောင့်သာဝယ်တာဖြစ်ပါတယ်။
ဒါ့ကြောင့် ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မူတွေက သူတို့ရဲ့လိုအပ်ချက်/ Goals တွေကိုရယူနိုင်အောင်အထောက်ကူပြုနေဖို့လိုအပ်ပါတယ်။
✅ Daily Life
နောက်ဆုံးအချက်အနေနဲ့ကတော့ ကိုယ့် Customer တွေရဲ့ နေ့စဉ်ဘဝကို ပုံဖော်ကြည့်ဖို့လိုအပ်ပါတယ်။ သူတို့မနက်မိုးလင်းကနေ ညမအိပ်ခင်ထိ ထိတွေဆက်ဆံရတဲ့လူတွေ၊ ကြုံတွေ့ခဲ့ရတာတွေကို အတက်နိုင်ဆုံး ပုံဖော်တွေးကြည့်လိုက်ခြင်းအားဖြင့် Customer တွေ နေ့စဉ် ဘာကိုစိတ်မရှည်ဖြစ်နေကြလဲ၊ ဘာတွေစိုးရိမ်ပြီး ဘာတွေလိုချငိကြလဲဆိုတဲ့အချက်ကို သိလာမှာပဲဖြစ်ပါတယ်။
နောက်ပိုစ့်တွေမှာလည်း မိတ်တွေတို့လုပ်ငန်းအတွက် သိထားသင့်တဲ့၊ အထောက်ကူပြုစေမယ့် အကြောင်းအရာလေးတွေတင်ပေးမှာမလို့ Page လေးကို Follow ထားပါဦးနော်…💕
12/02/2024
10/02/2024
ကိုယ်တင်လိုက်တဲ့ Post တိုင်းက Audience တွေရင်ထဲရောက်ပြီး၊ Sale Post တိုင်းက ရောင်းနေရရင်မကောင်းဘူးလား?
ဒီလိုဖြစ်ဖို့ဆိုရင် ကိုယ့်လုပ်ငန်းရဲ့ Buyer Persona ကိုသိဖို့လိုအပ်ပါတယ်။
📌 ဒီနေ့ခေတ်မှာ လူတွေကကြော်ညာတွေကိုစိတ်မဝင်စားကြတော့ပါဘူး... ဘာလို့လဲဆိုရင်
ကြော်ညာတွေက လူတွေကိုစိတ်မဝင်စားကြတော့လို့ပါတဲ့။
ဒါ့ကြောင့် လူတွေစိတ်ဝင်စားတဲ့ ကြော်ညာတွေ၊ Post တွေ၊ Content တွေဖန်တီးချင်တယ်ဆိုရင် ကိုယ့်လုပ်ငန်းရဲ့ Buyer persona ကို သေချာစဉ်းစားဖို့ အရေးကြီးပါတယ်။
✅ Buyer persona ဆိုတာ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမှုအရှိဆုံး Audience၊ တကယ်လက်တွေ့မှာ ဝယ်ယူနေတဲ့ Customer Data၊ Marketing Research တွေကနေသိရတဲ့ Data စတာတွေကိုအခြေခံပြီး သေချာစဉ်းစားဖော်ထုတ်ထားတဲ့ Buyer Personality ပဲဖြစ်ပါတယ်။
ကိုယ့်လုပ်ငန်းရဲ့ Buyer persona ကိုလည်းသေချာသိပြီး Buyer persona ကိုအခြေခံကာ ထိရောက်တဲ့ Marketing Message တွေ၊ Offer တွေ နဲ့ Content တွေ ဖန်တီးနိုင်ပြီဆိုရင်တော့ ဘာပဲတင်တင်ထိရောက်မှုရှိပြီး လက်မလည်အောင်ရောင်းနေရတော့မှာပဲဖြစ်ပါတယ်။🤩
နောက်ပိုစ့်မှာ Buyer Persona ကိုစဉ်စားဖော်ထုတ်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အဓိက အချက်(၆)ချက်ကို ပြောပြပေးမှာမလို့ Page ကို Follow လေးလုပ်ထားဖို့မမေ့နဲ့ဦးနော်…💕
08/02/2024
ကိုယ့် Page မှာ ရေးနေတဲ့ ပိုစ့်တွေက Content Writing လား?၊ Copy Writing လား?
ဘယ်အမျိုးအစားထဲပါလဲဆိုတဲ့ မေးခွန်းတွေကို ဒီပိုစ့်လေးနဲ့ ဖြေပေးမယ်နော်...🥰
Content Writing နဲ့ Copy Writing ကိုမပြောသေးခင်အရင်ဆုံး Content Marketing ဆိုတာ သိဖို့လိုအပ်ပါတယ်။
Content Marketing ကိုမသိသေးဘူးဆိုရင် ROI Marketing Page မှာ လိုတိုရှင်းလေးပြောပြထားတာမလို့ အဲ့ပိုစ့်လေးကိုအရင် ဖတ်ကြည့်စေချင်ပါတယ်။
Content Marketing အကြောင်း သိပြီးသားဆိုရင် ပထမဦးဆုံး ပြောပြချင်တာက Content Writing နဲ့ Copy Writing က မတူပါဘူးဆိုတဲ့အချက်လေးပါ။
✅ Content Writing ဆိုတာ ကိုယ့် လုပ်ငန်း၊ Product၊ ဝန်ဆောင်မှုတွေကို ရှိလို့ရှိမှန်းတောင်မသိသေးတဲ့ အလားလားရှိတဲ့ ဖောက်သည်တွေကို သိလာအောင်၊
စိတ်ဝင်စားလာအောင်၊ စိတ်ဝင်စားကြောင်းပြသလာအောင်၊ ကိုယ့်လုပ်ငန်းကို Engage ဖြစ်လာအောင် ရေးတဲ့ အရေးအသားတွေလို့ အလွယ်မှတ်လို့ရပါတယ်။
Content Writing မှာဆိုရင် ကိုယ့်ဖောက်သည်တွေ သိချင်နေတဲ့အကြောင်းအရာတွေ၊ သူတိုကြုံတွေ့နေရတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အထောက်အကူပြုတဲ့ Information တွေ၊
ကိုယ် လုပ်ငန်းရဲ့ တန်ဖိုးထားမှုတွေ၊ ကိုယ့်လုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ဆောင်မှုအဆင့်ဆင့်တွေ စတဲ့အကြောင်းအရာတွေကို ရေးသားဖော်ပြလို့ရပါတယ်။
✅ Copy Writing ဆိုတာကတော့ အလွယ်ပြောရရင် စျေးရောင်းတဲ့ ကြော်ညာစာ အရေးအသားတွေဖြစ်ပါတယ်။
ကိုယ့်လုပ်ငန်း၊ ဝန်ဆောင်မှု၊ Product တွေကို သိနေပြီးသားသူတွေကို ရောင်းဖို့ Offer တွေဖန်တီးပေးပြီး ဝယ်ယူစေဖို့ ရေးသားတာကို Copy Writing လို့ပြောလို့ရပါတယ်။
ကိုယ့် Page ကနေ စျေးရောင်းတဲ့ Sale Post တွေပဲရေးတင်တာများတယ်ဆိုရင်တော့ Content Writing လေးတွေလည်း စပြီးရေးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
နောက်ပိုစ့်တွေမှာလည်း မိတ်တွေတို့လုပ်ငန်းအတွက် သိထားသင့်တဲ့၊ အထောက်ကူပြုစေမယ့် အကြောင်းအရာလေးတွေတင်ပေးမှာမလို့ Page လေးကို Follow ထားပါဦးနော်…💕
07/02/2024
စတင်ဖို့ ခမ်းခမ်းနားနားကြီးတွေဖြစ်နေစရာ မလိုပါဘူး..
ခမ်းခမ်းနားနားကြီးဖြစ်လာဖို့တော့ အခုစတင်ဖို့လိုပါတယ်..
06/02/2024
Content Marketing ဆိုတာဘာလဲ?
ဘာလို့ Content Marketing ကအရေးကြီးတယ်လို့ပြောနေကြတာလဲ?
✅ Content Marketing ဆိုတာ လုပ်ငန်းတိုင်း လုပ်ဆောင်သင့်တဲ့အရာဖြစ်ပြီး၊ Content Marketing ကိုပိုင်ပိုင်နိုင်နိုင်လုပ်နေတဲ့လုပ်ငန်းတွေဟာ ပြိုင်ဘက်တွေထက်အမြဲသာပြီး ဝင်ငွေတွေပိုကောင်းနေမှာပဲဖြစ်ပါတယ်။
ဒီပိုစ့်လေးမှာ လူတွေပြောပြောနေတဲ့၊ Agency တွေပြောပြောနေတဲ့ Content Marketing ဆိုတာကို နားလည်သဘောပေါက်သွားအောင် အဆင့်(၄)ဆင့်နဲ့ ပြောပြပေးပါမယ်။
(1) ကိုယ့်လုပ်ငန်းကို ရှိလို့ရှိမှန်းတောင်မသိတဲ့ သူတွေကို ကိုယ့်လုပ်ငန်း၊ Service တွေအကြောင်း သိလာအောင်၊
သတိထားမိလာအောင် လုပ်ဆောင်ရတဲ့အဆင့်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်လုပ်ငန်းကို Awareness ရအောင်ပြုလုပ်ရခြင်းပါ။
(2) ကိုယ်လုပ်ငန်းကို သိလာကြပြီဆိုရင်တော့ ဒုတိယအဆင့်ဖြစ်တဲ့ ကိုယ့်လုပ်ငန်းကို စိတ်ဝင်စားလာအောင်၊
စိတ်ဝင်စားကြောင်းပြသလာအောင်၊ Page မှာ Engage ဖြစ်လာအောင် လုပ်ရတဲ့အဆင့်ပဲဖြစ်ပါတယ်။
Comment မန့်တာ၊ Message ပို့တာ၊ Like & Share၊ Engage တစ်ခုခုလုပ်သွားရင် အဆင့်(၂)ထိ အောင်မြင်တယ်လို့သတ်မှတ်လို့ရပါတယ်။
(3) ကိုယ့် Product၊ Service အကြောင်း (သို့) ကိုယ့်လုပ်ငန်းကို ယုံကြည်လာအောင် ကြိုးစားရတဲ့အဆင့်ပဲဖြစ်ပါတယ်။
ကိုယ့်လုပ်ငန်းက တကယ်ကို အစစ်မှန်ဖြစ်ကြောင်း၊ အခိုင်မာတည်ရှိနေကြောင်း၊ Client Reviews တွေ၊ Feedback တွေနဲ့ယုံကြည်ရကြောင်းကို သေသေချာချာ အခိုင်အမာနဲ့တကွ တင်ဆက်နိုင်ဖို့အရေးကြီးပါတယ်။
(4) ဒီအဆင့်ကတော့ လုပ်ငန်းရှင်တွေအလုပ်ချင်ကြဆုံးအဆင့်ဖြစ်ပါတယ်။ ကိုယ့် Service၊ Product ကိုဝယ်အောင် Offer တွေနဲ့ ရောင်းချရတဲ့အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ Sale Post လေးတွေတင်ပြီး ရောင်းချရခြင်းပါ။ သတိထားရမယ့်တစ်ချက်ကတော့ လူတွေက ယုံကြည်မှပဲ ဝယ်တဲ့အလုပ်ကိုလုပ်ကြတာမလို့ ရှေ့ကအဆင့်(၃)ဆင့်လုံးကို သေသေချာချာလုပ်ဆောင်ထားပြီးပြီဆိုမှ အရောင်းအဆင့်ကိုလုပ်သင့်ပါတယ်။ Page စဖွင့်ကတည်းက အရောင်းပိုစ့်တွေချည်းတင်နေတာမျိုးရှောင်သင့်ပါတယ်နော်။
Content Marketing ဆိုတာ အခုပြောပြခဲ့တဲ့အဆင့်(၄)ဆင့်လုံးကို လုပ်ဆောင်ရတဲ့ Process ကြီးတစ်ခုဖြစ်ပါတယ်။
တစ်ဆင့်ပြီးတစ်ဆင့်သေချာလုပ်သွားရင် မိတ်ဆွေရဲ့လုပ်ငန်းလည်း သေချာပေါက်ရလာဒ်တွေထွက်လာမှာဖြစ်ပြီး အရှိန်အဟုန်နဲ့တိုးတက်လာမှာဖြစ်တာကြောင့် အခုပဲ
Content Marketing ကို ကိုယ့်လုပ်ငန်းမှာ စပြီးအသုံးချကြည့်လိုက်တော့နော်...💓
နောက်ပိုစ့်တွေမှာလည်း မိတ်တွေတို့လုပ်ငန်းအတွက် သိထားသင့်တဲ့၊ အထောက်ကူပြုစေမယ့် အကြောင်းအရာလေးတွေတင်ပေးမှာမလို့ Page လေးကို Follow ထားပါဦးနော်
05/02/2024
ကိုယ့် Page လေးကို လူပိုသိစေချင်တယ်၊ Page Like & Follower လည်းတိုးလာစေချင်တယ်၊
ပိုက်ဆံတော့မသုံးချင်သေးဘူးဆိုရင် အခုပြောပြမယ့် လျှို့ဝှက်ချက်(၃)ချက်ကို လိုက်လုပ်ကြည့်နော်...🥰
(1) Valuable Content/ Post တွေပုံမှန်တင်ပါ။
Valuable Content ဆိုတာ ကိုယ့်လုပ်ငန်းနဲ့ပတ်သက်ပြီး ဖောက်သည်တွေ၊ အလားလာရှိတဲ့ Customer တွေ
တကယ်သိချင်ပြီး တကယ်လိုအပ်နေတဲ့ Post မျိုးတွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအချက်မှာ Value ပါရင်ပြီးရောဆိုပြီး တင်တာမျိုးမဟုတ်ဘဲ
Customer တွေကြုံတွေ့နေရတဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်တဲ့၊ ဖြေရှင်းဖို့ အထောက်ကူပြုတဲ့ Post မျိုးတွေကို ဖန်တီးပါ။
Active ဖြစ်ဖြစ်နဲ့ ပုံမှန်လေးတင်ပေးပါ။
(2) Video တွေကို Reel အဖြစ်နဲ့တင်ပါ။
Video အတိုလေးတွေ (1 မိနစ်အောက်) Video Reel အဖြစ်နဲ့တင်ကြည့်ပါ။ Video တွေကို Facebook Reel အနေနဲ့တင်ရင် ပုံမှန် Post တွေထက် အဆပေါင်းများစွာ Reach ပိုရောက်တဲ့အတွက် ကိုယ့် Page ကို Awareness ပိုရစေပါတယ်။ Budget မသုံးချင်သေးဘူးဆိုရင် ကိုယ် Content တွေ လူများများဆီရောက်ဖို့ Video တွေကို Reel အနေနဲ့တင်တာ အကောင်းဆုံးနည်းလမ်းပါ။🥰
(3) သက်ဆိုင်တဲ့ Group တွေမှာ Post တင်ပါ၊ Share ပါ။
ကိုယ့်ရဲ့ Post လူများများသိစေဖို့ ကိုယ့်လုပ်ငန်းနဲ့သက်ဆိုင်တဲ့ စပ်ဆက်မှုရှိတဲ့ Group တွေမှာ Post တင်တာ၊ Share တာမျိုး တစ်ခါတစ်လေလုပ်လို့ရပါတယ်။ Group Share တွေလုပ်ရင် ကိုယ့်ပိုစ့်က Sale Post အရောင်းပိုစ့်ကြီးမဖြစ်သင့်ဘဲ အပေါ်မှာပြောခဲ့သလို သူတို့အတွက်အကျိုးရှိစေတဲ့ Valuable Content ဖြစ်ဖို့ အရေးကြီးပါတယ်။ မျက်စိနောက်ရလောက်အောင် Group ထဲပိုစ့်တင်တာမျိုးမလုပ်ဘဲ တစ်လမှ တစ်ကြိမ်၊ အများဆုံး နှစ်ကြိမ်လောက်သာလုပ်သင့်ပါတယ်။
Budget မသုံးပဲ ကိုယ့် Page ကိုလူသိများစေချင်တယ်ဆိုရင်တော့ အခုနည်းလမ်းလေးတွေစမ်းကြည့်လို့ရပါတယ်။
တကယ်တော့ Budget တစ်ပြားမှမသုံးဘဲလူအများကြီးဆီကိုရောက်အောင်လုပ်ဖို့ဆိုတာရေရှည်အတွက် မသင့်တော်ပါဘူး။
Page ကို Boost ပြီး Page Promote လုပ်သင့်ပါတယ်။ Budget မသုံးသေးခင် အချိန်ကာလတစ်ခုထိတော့
အခုနည်းလမ်းလေးတွေသုံးပြီး Page Promote လုပ်နိုင်ပါတယ်နော်.. နောက်ပိုစ့်မှာ ပြန်တွေ့ပါမယ်။❣️
Click here to claim your Sponsored Listing.