Maple-29

Maple-29

Share

🍁 Maple29

Thoughtfully crafted clothing for women who value comfort, confidence, and timeless style. Made ethically in Myanmar. Wear What Matters.

Photos from Maple-29's post 20/09/2026

Traditional Cheik, Modern Silhouette. 🖤
ရိုးရာချိတ် Pattern လေးကို Modern Smart Casual Look အဖြစ် ပြန်လည်ဖန်တီးထားတဲ့ Maple29 Outfit လေးပါ။
Classic Black နဲ့ ချိတ် Pattern ရဲ့ အလှကို ပေါင်းစပ်ထားပြီး Belt Detail လေးကလည်း ခါးအချိုးကို ပေါ်လွင်စေပါတယ်။
အလုပ်သွားတဲ့နေ့မှာလည်း သပ်သပ်ရပ်ရပ်၊ Café Date နဲ့ Weekend Outing တွေမှာလည်း အလွယ်တကူ ဝတ်ဆင်နိုင်တဲ့ Outfit လေး။
ရိုးရာအလှကို မပျောက်စေဘဲ နေ့စဉ်ဘဝထဲမှာ ခေတ်မီမီ ဝတ်ဆင်ချင်တဲ့ အမျိုးသမီးတွေအတွက်ပါ။
A little tradition. A modern attitude.

19/09/2026

🌿 မြန်မာဆန်ဆန်လေးမှ သဘောကျတဲ့ မမတို့အတွက် 🤍

ရိုးရိုးလေးနဲ့ ကြည့်လိုက်တာနဲ့ မြန်မာမှုအလှကို ခံစားရစေမယ့် ဒီဇိုင်းအသစ်လေး ရောက်ရှိလာပါပြီရှင့် ✨

ချစ်စရာကောင်းပြီး သိမ်မွေ့တဲ့ မြန်မာဆန်ဆန်အလှလေးကို နှစ်သက်တဲ့ မမတို့အတွက် လက်မလွှတ်သင့်တဲ့ Design လေးပါနော် 🥰🌸

MAPLE 29🍁

19/09/2026

လှပတဲ့နေ့ရက်တိုင်းကိုMaple29နဲ့ဖြတ်သန်းလိုက်ပါ💜🍁

Photos from Maple-29's post 18/09/2026

Maple29 ရဲ့ Founder နဲ့ ရဲ့ Working Committee Member တစ်ယောက်အနေနဲ့ အမျိုးသမီးတွေရဲ့ Skill Development အတွက် ပါဝင်ခွင့်ရခဲ့တဲ့ အတွေ့အကြုံလေးတစ်ခုကို မျှဝေချင်ပါတယ်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့မှာ SheCreates နဲ့ Community Alliance Initiatives (မိတ်ဆွေစစ်) တို့ ပူးပေါင်းစီစဉ်ခဲ့တဲ့ ၂ ရက်တာ TikTok Marketing Training မှာ Trainer အဖြစ် တာဝန်ယူပြီး သင်ကြားပို့ချခွင့်ရခဲ့ပါတယ်။

ကိုယ်တိုင် Clothing Brand တစ်ခုကို တည်ထောင်ပြီး Digital Marketing ကို လက်တွေ့အသုံးချခဲ့ရတဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး Target Audience Understanding, Content Strategy, AI Tools, TikTok Video Creation နဲ့ CapCut Editing တွေကို Practical Activities တွေနဲ့အတူ မျှဝေပေးခဲ့ပါတယ်။

သင်တန်းမှာ အမျိုးသမီး Creator နဲ့ Entrepreneur ၃၀ နီးပါး ပါဝင်ခဲ့ကြပြီး တက်တက်ကြွကြွ သင်ယူလေ့ကျင့်ခဲ့ကြတာကို မြင်တွေ့ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။

ဒီ Training မှာ Trainer အဖြစ် ယုံကြည်စွာ ဖိတ်ကြားပြီး အသိပညာနဲ့ အတွေ့အကြုံတွေ မျှဝေခွင့်ပေးခဲ့တဲ့ SheCreates နဲ့ Community Alliance Initiatives (မိတ်ဆွေစစ်) တို့ကို အထူးပဲ ကျေးဇူးတင်ပါတယ်။

သင်တန်းအတွက် နေရာစီစဉ်ပေးခဲ့တဲ့ 3ZERO House Myanmar နဲ့ နှစ်ရက်လုံး တက်တက်ကြွကြွ ပါဝင်ပေးခဲ့ကြတဲ့ သင်တန်းသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။

Maple29 အတွက် Women Empowerment ဆိုတာ အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရုံတင် မဟုတ်ပါဘူး။ ကိုယ်တတ်နိုင်တဲ့ Knowledge နဲ့ Experience တွေကို မျှဝေပြီး တခြားအမျိုးသမီးတွေ ကိုယ့်လုပ်ငန်းကိုယ် တိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ ပံ့ပိုးပေးခြင်းလည်း ပါဝင်ပါတယ်။

Empowering women through fashion, knowledge, and opportunities. 🤍

18/09/2026

မြန်မာရင်ဖုံးကိုထဘီနဲ့ဘဲဝတ်ရတာရိုးနေပြီလား❔
ဒါဆိုရင်အခုလိုလေးတွဲပြီးစမ်းဝတ်ကြည့်နော်💜🍁

Photos from Maple-29's post 18/09/2026

🌸 Simple, Elegant & Eco-Friendly Style! 🌿
​ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ Bowtie Vietnamese Blouse လေးနဲ့ သက်တောင့်သက်သာရှိစေမယ့် Zero Waste Pant တို့ရဲ့ တွဲဖက်မှုလေး ရောက်ရှိလို့လာပါပြီနော် ✨
​အင်္ကျီရင်ဘတ်မှာ Bowtie (ဖဲပြား) ကြိုးချည်ဒီဇိုင်းလေးနဲ့ မီးမောင်းထိုးပြထားပြီး၊ ဗီယက်နမ်စတိုင် ဘေးခွဲရှည် အင်္ကျီအရှည်လေးမို့ ဝတ်ဆင်လိုက်ရင် သွယ်လျပြီး ကျက်သရေရှိစေပါတယ် 🤍
​ကျယ်ပြန့်ပြီး ပေါ့ပါးတဲ့ Zero Waste စတိုင် ဘောင်းဘီရှည်လေးနဲ့ တွဲဖက်ဝတ်ဆင်ထားလို့ တစ်နေကုန် စိတ်လက်ပေါ့ပါးပြီး ကောင်းမွန်တဲ့ Vibe လေးကို ပေးစွမ်းနိုင်မှာပါနော် 🍃
​🎨 ရရှိနိုင်သော အရောင်များ -
✨ Olive Green (အစိမ်းရောင်) + White Pant
✨ Warm Yellow (အဝါရောင်) + Black Pant
✨ Soft Pink (ပန်းရောင်) + Black Pant
​လွတ်လပ်ပေါ့ပါးပြီး အပြင်ထွက်တာပဲဖြစ်ဖြစ်၊ ပွဲတက်တာပဲဖြစ်ဖြစ် အဆင်ပြေစေမယ့် ဒီ Set လေးကို မှာယူချင်တယ်ဆိုရင်တော့ Fb Page messenger/Tt cb ကနေ တဆင့်အမြန်ဆုံး ဆက်သွယ်မှာယူလိုက်တော့နော် 📩✨

18/09/2026

ဒီနေ့တော့မြန်မာအကျီလေးကိုပုံမှန်လိုမဟုတ်ဘဲpantကလေးနဲ့တွဲဝတ်ကြည့်ထားတယ်🩵
ရိုးရာအကျီလေးတွေကသူ့အတိုင်းလည်းလှပေမယ့်ဒီလိုလေးStyleပြောင်းလိုက်တော့ပိုပြီးmodernဖြစ်သွားသလိုဘဲ။
ရိုးရာအလှလေးကိုယ့်စတိုင်နဲ့ကိုယ်ပိုင်အထာလေးထည့်ဝတ်ရတာသဘောကျတဲ့သူတွေဆိုရင်ဒီလိုလေးTryကြည့်နော်💜

Photos from Maple-29's post 17/09/2026

🌱 စတိုင်လ်ကျရင်း ကမ္ဘာမြေကို ချစ်ကြစို့! 🌱
​အစအနလေးတွေတောင် အလဟဿမဖြစ်စေရဘဲ သေသေချာချာ ချုပ်လုပ်ထားတဲ့ "Zero Waste Pant" လေးတွေပါ။ ချည်သားစစ်စစ်ရဲ့ သဘာဝအလှကို ခံစားရင်း သက်သောင့်သက်သာ ဝတ်ဆင်နိုင်ပါတယ်။
​🔸 ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အားပေးတဲ့ ဖက်ရှင်ကို နှစ်သက်သူတိုင်းအတွက် အထူးသင့်လျော်ပါတယ်။
​အရောင်အသွေးစုံလင်စွာ ရရှိနိုင်လို့ စိတ်ဝင်စားရင် အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

​[💌 FbPage Messenger/Tt cbမှတဆင့်ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

Photos from Maple-29's post 16/09/2026

🪔 သီတင်းကျွတ် အခါသမယမှာ ယဉ်ယဉ်လေးနဲ့ ထင်းလင်းလှပစေဖို့... 🪔

​နီးကပ်လာပြီဖြစ်တဲ့ သီတင်းကျွတ် ရာသီမှာ လူကြီးမိဘများကို ကန်တော့ဖို့ပဲဖြစ်ဖြစ်၊ ဘုရားဖူး ကျောင်းတက် ပွဲတက်ဖို့ပဲဖြစ်ဖြစ် ဝတ်ဆင်ရတာ အလွန်တင့်တယ်တဲ့ ခေတ်သစ်မြန်မာဝတ်စုံလေးတွေ ရောက်ရှိလို့လာပါပြီရှင်။ ✨

​🌸 ဒီဇိုင်းနှင့် ပစ္စည်းအမျိုးအစား

​အင်္ကျီလေးကတော့ ကြယ်သီးကြိုးကွင်း လက်ရာဆန်းဆန်းလေးနဲ့ ချုပ်လုပ်ထားပြီး အသားအေးအေးလေးမို့ တစ်နေကုန် ဝတ်ဆင်ထားလည်း ပေါ့ပါးလန်းဆန်းစေပါတယ်။

​ထမိန်လေးကလည်း လှပဆန်းသစ်တဲ့ လှိုင်းတွန့်အဆင်လေးမို့ ဝတ်လိုက်တာနဲ့ ယဉ်ကျေးဆန်းသစ်တဲ့ အလှတရားကို ပေါ်လွင်စေပါတယ်နော်။

​သီတင်းကျွတ်မှာ ချစ်ခင်ရပါသော လူကြီးမိဘ၊ ဆရာသမားများကို မေတ္တာလက်ဆောင် ကန်တော့ပွဲအဖြစ် ပေးအပ်ဖို့အတွက်လည်း အလွန်သင့်တော်ပါတယ်ရှင်။

​🎨 ရရှိနိုင်သော အရောင်များ - အဖြူ၊ အပြာ၊ အစိမ်း၊ အဝါနု၊ ပန်းရောင် (အင်္ကျီ နှင့် ထမိန် အတွဲအစပ် မျိုးစုံ)

📏 Size - M, L, XL

​📩 မှာယူလိုပါက Page Messenger သို့မဟုတ်Tt cb မှတဆင့်ဆက်သွယ်မှာယူနိုင်ပါပြီရှင်။

Telephone

Address

Myaing Haywun Street
Yangon
11061