D-DAY

D-DAY

Share

ဝေဖန်ပါ ဆန်းစစ်ပါ လေ့လာပါ မျှ ဝေပါ🥰

Photos from Public Voice Television's post 26/03/2025
Photos from သံလွင်ခက် - Than Lwin Khet News's post 26/03/2025
26/03/2025

ကျောက်တံခါးမြို့နယ်မှာ အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဝင်ရောက် တိုက်ခိုက် ၊ အကြမ်းဖက်တပ်သား ၁၂ဦး သေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာရ
မတ် ၂၆ ၊ ၂၀၂၅

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ စဉ့်အိုးလဟာကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို မတ် ၂၅ရက် မနက် ၂နာရီ ၂၃မိနစ်မှာ တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲ ထံမှ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ လေယာဥ်ပစ်ကူတွေ၊ လက်နက်ကြီးတွေ၊ စစ်ကူတွေနဲ့ အပြင်းအထန် ခုခံခဲ့ကြပြီး အပြန်အလှန် ပစ်ခတ်မှု (၄)နာရီကျော် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား (၁၂)ဦး သေဆုံးခဲ့ပြီး (၁၅)ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိကာ G-3 (၁)လက်၊ လက်နက်ငယ် ကျည်တွေနဲ့ စစ်သုံးပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်မှ ရဲဘော် (၁)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး တပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ(၂၅)၊ တိုင်းစစ်ဌာန(ပဲခူး)၊ စစ်ဆင်ရေးနယ်မြေ(၂)၊ အမှတ်(၃၇၀၂) တပ်ရင်း၊ Spring Worrior Column၊ အထူးကွန်မန်ဒိုတပ်ရင်း၊ အမှတ်(၁၈၀၅) ဒရုန်းအထူးတပ်ဖွဲ့ နဲ့ KNLA တပ်ရင်း(၉) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။




Telegram Channel -https://t.me/pvtvmyanmar
ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

10/02/2025

မုံရွာ-ချောင်းဦးလမ်းပိုင်းအနီးမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေပျူစောထီး ပူးပေါင်းစစ်ကြောင်းကို မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်
◼ အကြမ်းဖက်တပ်သား ၄ဦး ပွဲချင်းပြီး သေဆုံးပြီး အများအပြား ပြင်းထန်ဒဏ်ရာရ
ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူရွာမှ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို မုံရွာ-ချောင်းဦးလမ်းပိုင်းအနီးမှာ ဖေဖော်ဝါရီ ၉ရက် မနက် ၈နာရီ ၃၀မိနစ်မှာ အထူးပြုလုပ်ထားတဲ့ ပဒေသာမိုင်း (၃)လုံး တစ်ပွိုင့်၊ (၂)လုံး တစ်ပွိုင့်နဲ့ အသင့်ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်းမှ ဒီနေ့မနက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးပြီး အများအပြား စိုးရိမ်ဒဏ်ရာအခြေအနေတွေနဲ့ စစ်ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရတယ်လို့ ဆိုပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်းကို အသုံးပြုနေကြတဲ့ ပြည်သူတွေ အနေနဲ့ အကြမ်းဖက်စစ်ကောင်စီ ကားတန်းတွေနဲ့ တွေ့ပါက ခပ်ဝေးဝေးမှ ရှောင်ရှားကြဖို့နဲ့ တိုက်ပွဲ ဖြစ်ပွားနေတာနဲ့ ကြုံတွေ့ပါက ရောက်တဲ့ နေရာမှ ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်းမှာ တပ်ဖွဲ့ဝင်များ။



Telegram Channel -https://t.me/pvtvmyanmar
ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Photos from People's Spring's post 10/02/2025
22/10/2024

တပ်ဖွဲ့ရဲ့ ခွင့်ပြုစာမပါဘဲ လက်နက်ခဲယမ်းရောင်း ၊ ဝယ်၊ ဌားရမ်းခြင်း များမလုပ်ဖို့ ယောကာကွယ် ရေးတပ်ထုတ်ပြန်
အောက်တိုဘာ ၂၂ ၊ ၂၀၂၄

မကွေးတိုင်း၊ ယောဒေသအခြေစိုက် YAW DEFENSE FORCE - YPDF ယောကာကွယ်ရေးတပ်မှာ တာဝန်ထမ်းနေကြတဲ့ တပ်ဖွဲ့ဝင်များ အနေနဲ့ တပ်ဖွဲ့ရဲ့ ခွင့်ပြုစာမပါဘဲ လက်နက်ခဲယမ်း ရောင်း၊ ဝယ်၊ ဌားရမ်းတာတွေ မလုပ်ကြဖို့ ယောကာကွယ်ရေးတပ်က မနေ့က ထုတ်ပြန်ပါတယ်။

တပ်ဖွဲ့ရဲ့ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်ရဲဘော်တွေ အားလုံး မိမိတို့ ကိုယ်ကျိုးအတွက် စီးပွားရေး မလုပ်ကြဖို့၊ တရားမဝင် လက်နက် ခဲယမ်းရောင်းချတာကို လုံးဝခွင့်မပြုဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြတာပါ။

ထုတ်ပြန်ထားတဲ့ စည်းကမ်းကို မလိုက်နာပါက တပ်ရဲ့ စ့ည်းကမ်း ထိန်းသိမ်းရေးဌာနက အရေး ယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ချမှတ်ထားတဲ့ စည်းကမ်းတွေကို တပ်ဖွဲ့ဝင်တွေ
အနေနဲ့ ဖောက်ဖျက် ကျူးလွန်နေတာကို တော် လှန်ရေး မဟာမိတ် တပ်ရင်းတွေနဲ့ ပြည်သူတွေ
က တွေ့ရှိပါက လာရောက်တိုင်ကြားနိုင်တယ်လို့ အသိ‌ပေး ထုတ်ပြန်ထားပါတယ်။




Telegram Channel -https://t.me/pvtvmyanmar
၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

22/10/2024

စစ်ကောင်စီကမြို့ရွာများအလှည့်ကျလေကြောင်း
တိုက်ခိုက်နေ၍ တော်လှန်ရေးအောင်မြင်ရန် ပြင်ဆင်မှုလိုအပ်ချက်ပိုကြီးလာဟု TNLA
ဗိုလ်ချုပ်တားဘုန်းကျော် အသိပေး

ထားမြတ်/People's Spring

စစ်ကောင်စီက မြို့ရွာများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ အလှည့်ကျပိုမိုပြုလုပ်လာသည့် အခြေအနေတွင် တော်လှန်ရေးအောင်မြင်မှုရရှိရေး ပြင်ဆင်သည့်လိုအပ်ချက်မှာ ပိုမိုကြီးမားလာကြောင်း တအာင်းတပ်မတော်(TNLA) ခေါင်းဆောင် ဗိုလ်ချုပ်တားဘုန်းကျော်က လူမှုကွန်ရက်တွင် ရေးသားအသိပေးသည်။

TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ရွာများ၊ ကိုးကန့်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော်(AA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပါအဝင် တိုင်းရင်းသားတပ်ဖွဲ့များ
စိုးမိုးထိန်းချုပ်သိမ်းပိုက်ထားသည့် နယ်မြေများရှိ မြို့ရွာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည့် အခြေအနေတွင် TNLA အထွေထွေအတွင်းရေးမှူး
ဗိုလ်ချုပ်တားဘုန်းကျော်က ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ် တားဘုန်းကျော်က ၎င်း၏ ဘုန်းကျော်(လက်ဖက်မြေ)ကလောင်အမည်ဖြင့် "တော်လှန်ရေး New Normal"ဆိုသည့် ကဗျာရေးသားဖော်ပြခဲ့ခြင်းလည်း ဖြစ်သည်။

"မင်းတို့မြို့ ငါနေတဲ့မြို့ မင်းတို့ရွာ ငါနေတဲ့တော…လေယာဉ်ဗုံးတွေ တအုံးအုံး အလှည့်ကျ …ဒီထက်ပိုသေး တကျော့ပြန် တဝုန်းဝုန်းနဲ့…
မောင်းပြန်ရိုင်ဖယ်နဲ့ ကျည်စကျည်နလေးလောက်ပဲ ရှာဖွေပြင်ဆင်ပြီး တော်လှန်ရေးအောင်မယ် ထင်ခဲ့တာ ခုတော့… တော်လှန်ရေး new normal မှာ
ငါတို့လိုအပ်ချက် ပိုကြီးလာပြီ"ဟု ဗိုလ်ချုပ်တာဘုန်းကျော်က အသိပေးထားသည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေးကို မဟာမိတ်များနှင့်အတူ ဆင်နွှဲခဲ့ရာ စစ်ဆင်ရေးပထမပိုင်းတွင် မြို့ ၇မြို့ စစ်ကောင်စီတပ်စခန်းကြီးငယ် ၈၀ ကျော်သိမ်းပိုက်ထားသကဲ့သို့ စစ်ဆင်ရေး ဒုတိယပိုင်းတွင် မြို့ ၅မြို့ နှင့် စစ်ကောင်စီတပ်စခန်း ၅၀ကျော် သိမ်းပိုက်ထားသည့် တော်လှန်ရေးတပ်ဖြစ်သည်။

တရုတ်အစိုးရက စစ်ကောင်စီကို တိုက်ခိုက်သည့် စစ်ဆင်ရေးများရပ်ဆိုင်းရန် ဖိအားပေး ခြိမ်းခြောက်နေသည့်ကြားမှာ တော်လှန်ရေးကို ဆင်နွှဲနေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့လည်း ဖြစ်သည်။

စစ်ကောင်စီကလည်း ၎င်းတို့ စစ်ရှုံးထားသည့် တအာင်းဒေသအပါအဝင် ကိုးကန့်၊ ကချင်၊ ရက္ခိုင်၊ကရင်၊ကရင်နီ၊ မကွေး၊ စစ်ကိုင်း စသည့် နိုင်ငံတဝန်း၌ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး အထူးသဖြင့် အရပ်သားနေထိုင်ရာနေရာများကို တိုက်ခိုက်ခဲ့၍ ပြည်သူလူထုရာချီသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး အိုးအိမ်အဆောက်အဦး ပျက်စီးမှုများစွာရှိခဲ့သည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီ ခေါင်းဆောင်များ ဩဂုတ်အတွင်း တွေ့ဆုံဆွေးနွေးပြီးနောက် ဩဂုတ်လကုန်ပိုင်းမှစတင်ကာ လားရှိုးမြို့အပါအဝင် ၎င်းတို့ စစ်ရှုံးရာဒေသများကို လေကြောင်း စစ်ဆင်ရေးများ နေ့စဉ်ပြုလုပ်နေခြင်းဖြစ်သည်။

စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က KIA၊ MNDAA တပ်များအနေဖြင့် တရုတ်ဘက်က ဖိအားပေးမှု ကြုံနေရသည့်အပြင် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေများသို့လည်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကို ခံနေရကြောင်း ပြောသည်။

ယခုရက်ပိုင်းများအတွင်း KIA ထိန်းချုပ်ထားသည့် လိုင်ဇာအနီး ၊ ဆဒုံး၊ မိုးမောက်-ဗန်းမော်ကြား၊MNDAA နယ်မြေ လောက်ကိုင်၊ လားရှိုး၊ TNLA နယ်မြေ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့ကိုလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု ဦးဇော်ဆန်ကပြောသ်ည။

"အခု ရက်ပိုင်းအတွင်းမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်ရဲ့ စစ်ရေးအခြေအနေကို ကြည့်လိုက်ရင်တော့ စစ်ကောင်စီကတော့ တရုတ်အားကိုးပြီးမှ တရုတ်ကို အကူအညီလှမ်းတောင်းထားတယ်။ တရုတ်ကတော့ KIAနဲ့ TNLA အပါအဝင် ကိုးကန့်တပ်ဖွဲ့ကိုလည်း ဖိအားပေးထားတာရှိသလို တရုတ်ကတော့ ဒီ၀တပ်ဖွဲ့ကိုလည်း ဖိအားပေးထားတယ်လို့ယူဆရတယ်။" ဟု ဦးဇော်ဆန်က ပြောသည်။

စစ်ကောင်စီအနေဖြင့် စစ်ရေးဗျူဟာအရ တောက်လျှောက်ညစ်ပက်နေမည်ဖြစ်၍ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အချင်းချင်းအကြား ညီညွတ်မှုရှိအောင်၊ အောက်ခြေတပ်များအကြား ပြဿနာများ မဖြစ်ရေး ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်း ကဆိုသည်။

ယမန်နေ့ ညပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နှင့် ကချင်ပြည်နယ်၊ မိုးမောက် - ဗန်းမော် ကြား (၇)မိုင် အောင်မြေရွာအနီးကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့အပြင် ယမန်နေ့(အောက်တိုဘာ ၂၁ ရက်) ညနေ ၄ နာရီမှ ၅ နာရီကြားတွင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်း၊ ဧရာဝတီ မြစ်ကမ်းတလျှောက်ရှိ ကျေးရွာများအား လေကြောင်းတိုက်ခိုက်ခဲ့သည်။ အဆိုပါ လေကြောင်းလေကြောင်းတိုက်ခိုက်မှုတွင် Mi-35 တစ်စီး၏ စက်သေနတ် ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၂၈ခန့်အမျိုးသမီး တစ်ဦးနှင့် ၎င်း၏ (၁)နှစ်ခွဲခန့် ကလေးငယ် တစ်ဦး သေဆုံးကာ ၄ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

(ယမန်နေ့ညက လားရှိုးမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - FYV)

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Mayan
Yangon