Kyaw Xtun Soe
facebook & TikTok account specialist
protecting your digital assets
18/08/2026
ready to use ပဲသုံးခြင်တယ်ညီလေးရေ ဆိုတဲ့
ညီအကိုတွေ အားပေးကျတာ ကျေးဇူးတင်ပါတယ် 🥰
telegram channel
📲 https://t.me/kyawhtunsoe1
page ပျောက်မှ
security ကို သတိရတတ်ကြပါတယ်။
account lock ကျမှ
recovery ကို ရှာတတ်ကြပါတယ်။
တကယ်တော့…
ပြဿနာဖြစ်ပြီးမှ ဖြေရှင်းတာထက်
မဖြစ်ခင်ကတည်းက စနစ်တကျ ပြင်ဆင်ထားတာက ပိုအရေးကြီးပါတယ်။
⸻
ဒီနှစ်ပိုင်းတွေမှာ…
မြန်မာလုပ်ငန်းရှင်တော်တော်များများရဲ့ လုပ်ငန်းက facebook နဲ့ tiktok ပေါ်မှာ အခြေခံလာပါတယ်။
customer တွေနဲ့ စကားပြောတာ။
order လက်ခံတာ။
ကြော်ငြာလုပ်တာ။
brand တည်ဆောက်တာ။
အားလုံးက digital ပေါ်ကို ရောက်လာပါတယ်။
ဒါပေမယ့်…
digital asset ကို ဘယ်လိုကာကွယ်ရမလဲဆိုတာတော့ မသိသေးတဲ့သူတွေ များပါတယ်။
⸻
ဒီ page မှာ…
ပြဿနာတက်တဲ့အချိန်မှ ကူညီပေးတာတင် မဟုတ်ပါဘူး။
လုပ်ငန်းရှင်တွေရဲ့ facebook နဲ့ tiktok account တွေကို…
ပိုလုံခြုံအောင်၊ ပိုစနစ်ကျအောင် လမ်းညွှန်ပေးပါတယ်။
⸻
လက်ရှိ ဝန်ဆောင်မှုများ
page security
account security
page recovery
account recovery
page meta verify
account meta verify
page report support
account report support
tiktok account recovery
tiktok account security
tiktok region support
⸻
ဝန်ဆောင်မှုတိုင်းကို…
အရင်ဆုံး အခြေအနေကို စစ်ဆေးပါတယ်။
ဘာကြောင့် ပြဿနာဖြစ်တာလဲ။
ဘယ်လိုနည်းလမ်းက သင့်တော်လဲ။
ဘယ်လို risk တွေရှိနိုင်လဲ။
ဆိုတာကို ရှင်းပြပြီးမှ ဆက်လုပ်ပါတယ်။
မသေချာတာကို သေချာတယ်လို့ မပြောပါဘူး။
မဖြစ်နိုင်တာကို ဖြစ်မယ်လို့လည်း မကတိပေးပါဘူး။
ဒါပေမယ့်…
လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ နည်းလမ်းကို စနစ်တကျ လမ်းညွှန်ပေးပါတယ်။
⸻
ဒီဝန်ဆောင်မှုက…
online shop လုပ်နေသူတွေ
sme လုပ်ငန်းရှင်တွေ
personal brand တည်ဆောက်နေသူတွေ
content creator တွေ
facebook နဲ့ tiktok ကို အဓိကအသုံးပြုတဲ့ လုပ်ငန်းတွေ
အတွက် ပိုသင့်တော်ပါတယ်။
⸻
page တစ်ခု၊ account တစ်ခုဆိုတာ…
ဒီနေ့ခေတ်မှာ social media account တစ်ခုထက် ပိုပါတယ်။
လုပ်ငန်းတစ်ခုရဲ့ digital asset ဖြစ်နေပါပြီ။
အဲဒီ digital asset ကို…
ပိုလုံခြုံအောင် ထိန်းသိမ်းချင်တယ်ဆိုရင်…
အရင်ဆုံး လာဆွေးနွေးနိုင်ပါတယ်။
ဝန်ဆောင်မှုတိုင်းကို အခြေအနေအလိုက် စစ်ဆေးပြီး meta ရဲ့ လက်ရှိ policy နဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေအပေါ် အခြေခံကာ လမ်းညွှန်ပြီး ကူညီပေးပါတယ်။
ကျော်ထွန်းစိုး
facebook & tiktok account specialist
protecting your digital assets.
page တစ်ခု ပျောက်သွားရင်
လူတော်တော်များများက…
page အသစ်တစ်ခု ပြန်ဖွင့်လိုက်ရင် ရတာပဲ
လို့ ထင်ကြတယ်။
ဒါပေမယ့်…
လုပ်ငန်းရှင်တစ်ယောက်အတွက်တော့…
အဲဒီ page က အသစ်ပြန်ဖွင့်လို့ မရတဲ့အခြေနေတွေ
အများကြီးရှိပါတယ်။
customer တွေရဲ့ message တွေ။
နှစ်နဲ့ချီပြီး တင်ထားတဲ့ content တွေ။
reviews တွေ။
followers တွေ။
ယုံကြည်မှုတွေ။
တစ်ခါတလေ…
မိသားစုတစ်ခုလုံးရဲ့ ဝင်ငွေပါ။
⸻
ကျွန်တော်လဲလွန်ခဲ့တဲ့ (၆) နှစ်ကျော်တုန်းက…
account lock ကျဖူးပါတယ်။
အဲဒီတုန်းက…
ဘယ်သူ့ကို မေးရမှန်းမသိဘူး။
ဘယ်လိုဖြေရှင်းရမလဲ မသိဘူး။
video တွေလည်း ကြည့်တယ်။
နည်းလမ်းတွေလည်း လိုက်စမ်းတယ်။
တချို့အလုပ်ဖြစ်တယ်။
တချို့က ပိုဆိုးသွားတယ်။
အဲဒီထဲက တွေးမိတာ တစ်ခုရှိတယ်။
ဒီလိုကြုံတဲ့သူတွေကို ကူညီပေးနိုင်မယ့်သူ ရှားတယ်။
ဒါနဲ့ ကျွန်တော် စလုပ်ပေးဖြစ်တယ်။
⸻
နောက်ပိုင်း…
ဒီအလုပ်ကိုချစ်လာတယ်
အကူအညီတောင်းတဲ့သူတွေ တဖြည်းဖြည်း များလာတယ်။
မှတ်မိသေးတယ်
ရန်ကုန်က online shop တစ်ခု။
မန္တလေးက အလှကုန်လုပ်ငန်းတစ်ခု။
စားသောက်ဆိုင်တစ်ခု။
service လုပ်ငန်းတစ်ခု။
ပြဿနာက မတူဘူး။
ဒါပေမယ့်…
client တွေပြောတဲ့ စကားကတော့ အတူတူပဲ
အကို page လေးတော့ ပြန်ရချင်တယ်။
⸻
အဲဒီစကားတွေကို ကြားလာတော့..
page တစ်ခုကို ပြန်ရဖို့ထက်
သူတို့ ပြန်လိုချင်တာက
လုပ်ငန်းကို ဆက်လည်ပတ်နိုင်ဖို့ဆိုတာ သိလာတယ်။
order မပျက်ဖို့။
customer မပျောက်ဖို့။
နှစ်နဲ့ချီပြီး တည်ဆောက်ထားတဲ့ brand မပျက်ဖို့။
⸻
ကျွန်တော် ဒီအလုပ်ကို လုပ်လာတာ (၆) နှစ်ကျော်ပါပြီ။
ဒီအချိန်အတွင်းမှာ
တစ်ခုတော့ သေချာသွားတယ်။
လူအများစုက
page ပျောက်မှ recovery ကို ရှာတယ်။
တကယ်တော့
recovery ထက် security က ပိုအရေးကြီးပါတယ်။
အိမ်တစ်လုံးကို
ဖောက်ထွင်းခံရပြီးမှ သော့ပြောင်းတာထက်
မဖောက်ထွင်းခံရအောင် ကြိုကာကွယ်ထားတာက ပိုကောင်းသလိုပါပဲ။
⸻
ဒါကြောင့်…
ဒီ page မှာ…
ပြဿနာဖြစ်တဲ့အချိန်ပဲ ကူညီမှာ မဟုတ်ပါဘူး။
page security ဘယ်လိုလုပ်ရမလဲ။
account security ဘာကြောင့် အရေးကြီးလဲ။
meta verify လုပ်သင့်လား။
page report တက်ရင် ဘာလုပ်ရမလဲ။
tiktok account ကို ဘယ်လိုလုံခြုံအောင် ထိန်းရမလဲ။
ဒီလိုအကြောင်းအရာတွေကိုလည်း အတွေ့အကြုံနဲ့အတူ မျှဝေပေးသွားမှာပါ။
⸻
ကျွန်တော်အမြဲတွေးမိတာ တစ်ခုရှိတယ်။
လုပ်ငန်းရှင်တစ်ယောက်ဟာ
marketing ကို လေ့လာတယ်။
sales ကို လေ့လာတယ်။
content တွေ ရေးတယ်။
ads တွေ run တယ်။
ဒါပေမယ့်…
အဲဒီအားလုံးကို ထိန်းထားတဲ့ digital asset ကိုတော့ မေ့နေတတ်တယ်။
⸻
ဒီနေ့ခေတ်မှာ
page တစ်ခုက…
post တင်တဲ့နေရာ မဟုတ်တော့ပါဘူး။
လုပ်ငန်းတစ်ခုရဲ့ ပိုင်ဆိုင်မှုပါ။
အဲဒီပိုင်ဆိုင်မှုကို…
ပိုလုံခြုံအောင် ထိန်းသိမ်းနိုင်ဖို့။
ပြဿနာဖြစ်ရင် မှန်တဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့။
အဲဒီခရီးမှာ…
တတ်နိုင်သလောက် ကူညီပေးသွားချင်ပါတယ်။
ကျော်ထွန်းစိုး
facebook & tiktok account specialist
protecting your digital assets.
Website
Address
Yangon
11011
Opening Hours
| Monday | 08:00 - 20:00 |
| Tuesday | 08:00 - 20:00 |
| Wednesday | 08:00 - 20:00 |
| Thursday | 08:00 - 20:00 |
| Friday | 08:00 - 20:00 |
| Saturday | 08:00 - 20:00 |
| Sunday | 08:00 - 20:00 |