Naing 7 Engineering Group
Your choice is my responsibility
22/10/2022
ပေ ၂၀ ပေ ၄၀ သို့မဟုတ် ၃၀ ၄၀ သို့မဟုတ် ၄၀ ပတ်လည်မှာ အခန်းဖွဲ့ လေး
18/10/2022
3 ခန်းတွဲ ဆောက်လုပ်နေဆဲ အခြေအနေ
11/10/2022
မန်းလေးမှ ဆောက်လုပ်လျက်ရှိသော Mini Condo
Group နှင့် လက်တွဲ၍ Mandalay မြို့တွင်
အခန်းပေးအခန်းယူ ၆ ထပ်တိုက်
အခန်းပေး အခန်းယူ MiNi Condo or Condo အပြင်
PAE စနစ်ဖြင့် ဆောက်လုပ်ခြင်းများကို
လူကြီးမင်းများ စိတ်ကျေနပ်မှူ အပြည့်ဖြင့် တည်ဆောက်နိုင်ပါတယ် ခင်ဗျာ..
Naing 7 Engineering Group
06/10/2022
ယခု Naing 7 Engineering Group မှ မန္တလေး မှာ အခန်းပေး အခန်းယူ Condo ဆောက်ချင်တယ် အခန်းပေး အခန်းယူ ဆောက်ချင်သူများ ရှိရင် ဆက်သွယ်ပါ အကယ်၍ မြေနေရာအကွက်အကွင်းကောင်းပြီး အခန်းပေး အခန်းယူ မဆောက်ချင်ပဲ အကွက်အပြတ် ရောင်းချင်ပါကလည်း ဝယ်ပါတယ် ဆက်သွယ်ပါ..
စိန်ပန်းတွင် ဆောက်လုပ်လျက်ရှိသော Condo မှ အခန်းများလည်း ရောင်းရန် ရှိပါတယ်..
PAE စနစ်နဲ့ ဆောက်လုပ်လျက်ရှိသော လုံးခြင်းများ လက်စသတ်ပြီးပြီ ဖြစ်၍ PAE စနစ်ဆောက်လုပ်ရေး လုပ်ငန်းသစ်များ ပြန်လည် လက်ခံပါပြီ ခင်ဗျာ
Naing 7 Engineering Group မှ အနယ်နယ်ရှိ လုပ်ငန်းများ လက်စသိမ်းပြီးဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်းသစ်များ ပြန်လည် လက်ခံပါပြီ ခင်ဗျာ..
10/02/2022
အိမ်ရှင်များ သေချာ တွက်ချက် နိုင်စေရန်
PAE ဖြင့် တိုက်ဆောက်ခြင်း ဆောက်လုပ်ရေးလောကမှာ လက်ရှိ လူသုံးများ လူသိများနေတဲ့ PAE စနစ် ရဲ့အကြောင်းကို အိမ်ဆောက်လုပ်မယ့် အိမ်ပိုင်ရှင်ကြီးများ အတွက် ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ရပါတယ်။
__________________________________________
ဲ့_အရှည်အခေါ်အဝေါ်ကတော့
" Plinth Area Estimate " ( PAE ) ဖြစ်ပါတယ်။
ိုတာကတော့ ..... အများလက်ခံထားတာက
အဆောက်အဦဆောက်လုပ်ရာမှာ မိမိဆောက်မည့်
အဆောက်အဦရဲ့ အကြယ်အဝန်း တိကြသော ဧရိယာပေါ်မှာ ကုန်ကျစရိတ်ကို ခန့်မှန်းသတ်မှတ်ပြီး တွက်ချက်၍ အိမ်ရှင်နဲ့ ကန်ထရိုက် ကြားမှာ နာလည်မှုယူကြပြီး ညှိနှိုင်တွက်ချက် ဆောက်ကြတာဖြစ်ပါတယ်
☆ ဆောက်မည့် ခုနှစ်အလိုက် သတ်မှတ်စျေးနှုန်း
☆ ပါဝင်တည်ဆောက်မည့် ပစ္စည်းအပေါ် စျေးနှုန်း
☆ မျှတတဲ့ စျေးနဲ့ ဆောက်လုပ်ကြတာဖြစ်ပါတယ် ။
===================================
PAE စနစ်နဲ့ ဆောက်ကြရာဝယ်
အိမ်ရှင်တွေ အတွက် အလွန် အလုပ်ရှုပ် ခေါင်းစားရတဲ့
မှန်းထားတာထက်ပို တတ်တဲ့ အလုပ်ကို
ကြိုတင်တွက်ချက်ပြီး အဆောက်အဦး
တစ်ခုလုံးပြီးအောင် အိမ်ရှင်နဲ့ ကန်ထရိုက်ကြား မှာ
- မြေတူး လုပ်သားများ
- ပန်းရံ ခရွေး လုပ်သားများ
- လက်သမား အကြမ်း/အချော လုပ်သားများ
- မီးသမား လုပ်သားများ
- ဆေးသမား လုပ်သားများ
- ရေပိုက်သမား လုပ်သားများ
- ကြွေပြားသမား လုပ်သားများ
- သံပန်းသမား လုပ်သားများ
- ခေါင်မိုးသမား လုပ်သားများ ... စသဖြင့်
အဆောက်အဦးတစ်ခုအပေါ် တတ်ကျွမ်း
လုပ်သားကြီးများကို စုပေါင်းပြီး ကန်ထရိုက်များမှ
တာဝန်ယူ ဆောက်လုပ်ပေးသော စနစ်လို့
အလွယ်တကူ နားလည် ကြရန်ဖြစ်ပါတယ် ။
==============================
PAE စနစ်နဲ့ ဆောက်လုပ်တဲ့အခါ
ဆောက်လုပ်မည့် အိမ်ရဲ့ အကျယ်အဝန်းဧရိယာ ကို
PAE Rate နဲ့ မြှောက်၍ စာချုပ်ချုပ်ဆိုပြီး
ဆောက်လုပ်ကြတာပါဘဲ ။
အဲ့လို PAE Rate နဲ့ တွက်ချက်တယ်ဆိုတာကတော့
အလွယ်တကူ နားလည် ထားရမှာကတော့
တည်ဆောက်မည့် အဆောက်အဦးရဲ့ ဧရိယာကို
#တစ်ပေပတ်လည် #ကျသင့်စျေးနှုန်းနဲ့ #မြှောက်ပြီး
- ငွေပေးငွေယူ လုပ်ကြခြင်းပါဘဲ ။
ငွေပေး ငွေယူ လုပ်ကြပြီး ဆောက်လုပ်ခြင်းအတွက်
အသုံးပြုမည့် ....
- သံ အမျိုးအစား
- ဆေး အမျိုးအစား
- ကြွေပြာ အမျိုးအစား
- ဘိလပ်မြေ အမျိုးအစား
- ဝါယာကြိုး အမျိုးအစား
- တံခါး ကြီးခွေ အမျိုးအစား
- အလူမီနီယံ အမျိုးအစား စသဖြင့် ....
ပါဝင်ထည့်သွင်း တည်ဆောက်မည့် ပစ္စည်းများကို
တိတိကျကျ ဆွေးနွေးတိုင်ပင် ညှိနှိုင်း၍
အ ဆောက်အဦး တည်ဆောက်ကြတာ ဖြစ်ပါတယ် ။
==============================
ရေ မီး ဆေး ပစ္စည်း လက်ခ အပြီအစီး
ပါဝင်ပစ္စည်းများ စျေး သတ်မှတ်ပြီးရင်
ကုန်ကျစရိတ် တွက်နည်းကတော့.....
ဥပမာ.....
တစ်ပေပတ်လည်ကို ၃၀၀၀၀/- ကျပ် ဆိုပါစို့
အဆောက်အဦးက
မျက်နှာပွင့် ပေ ၂၀ × နောက်အရှည် ပေ ၄၀ ရှိမည်ဆိုပါက
ခန့်မှန်း ကုန်ကျ ငွေ ကျပ် သိန်း ( ၂၄၀ )
သိန်း ( နှစ်ရာ လေးဆယ် )ကျမှာ ဖြစ်တယ် ။
□ PAE တစ်ပေပတ်လည် ၃၅၀၀၀ ကျပ် ဖြင့်
ဆောက်ပေးမည့် သူ နှင့်
□ PAE တစ်ပေပတ်လည် ၃၀၀၀၀ ကျပ် ဖြင့်
ဆောက်လုပ်ပေးမည့် သူတို့ကြား
စျေး သက်သာသွားပေမယ့် ထည့်ဝင်အသုံးပြုမည့်
ပစ္စည်းများမှာ ဘယ်လိုမှ မတူညီနိုင်ပါ ။
-------------------------------------------------------------------
တချို့ အဆောက်အဦးတွေမှာ
အမိုး မိုးခြင်းနဲ့ ပတ်သက်ပြီးတာ့
- သွပ်မိုး 4 Angel , WAVE Design အထူ/အပါး
- Parapet design ထည့်မှာလား
- Slab အမိုး မိုးကြမှာလား
- အုတ်ကြွပ်မိုး မိုးကြမှာလား
အုတ်ကြွပ် က စျေးမြင့်လို့ သိပ်မမိုးကြပါဘူး
- ရိုးရိုးအိမ်သာ , ဘိုအိမ်သာ
ဘို အိမ်သာမှာ ရှစ်သောင်း ၊ တစ်သိန်း ၊ နှစ်သိန်း
စသဖြင့် စျေးနှုန်အမျိုးမျိုးရှိပါတယ်
☆ ဒီအပေါ်မှာ စျေးက
အလွန့် အလွန်ကွာသွားတတ်ပါသေးတယ် ။
----------------------------------------------------------------
အိမ်ရှင်ဘက်မှ မူလတည်ဆောက်မည့် ဒီဇိုင်းမှာ
မပါဝင်တဲ့ နောက်တိုး .....
ပစ္စည်းများထပ်ထည့်ခြင်း
အခန်းများတိုးချဲ့ခြင်း
စသည့် အပေါ်မှာ နောက်တိုး စာချုပ် ချုပ်ဆိုကြရမှာ
ဖြစ်ပါတယ် ။
-----------------------------------------------------------------
#ငွေပေးငွေယူ စနစ်ကတော့ များသောအားဖြင့်
အဆောက်အဦးဆောက်တော့မည်ဆိုလျှင်
- စာချုပ်ချုပ်ဆိုသည့်နေမှာ စရံ ပေးကြရပါတယ်
- ပန္နက် ဖောင်တေးရှင်း foundation မစခင် တရစ်
ထပ်ပေးရပါတယ်
- မြေညီထပ် တိုင်ထောင် စလပ်လောင်
မပြုလုပ်ခင်မှာ တရစ် ထပ်ပေးရပါတယ်
ကန်ထရိုက်နှင့် အိမ်ရှင်ကြား ညှိနှုင်း တွက်ချက်ပြီး
လုပ်ကြရတာဖြစ်ပါတယ် ။
-----------------------------------------------------------------
လူတိုင်း နားလည်နိုင်သည့် စကားလုံးများဖြင့်
လိုရင်းတိုရှင်း ရေးသာ တင်ပြလိုက်ရပါသည် ...
credit
07/02/2022
လူကြီးမင်းတို့ အရာရာ အာမခံမှူ ရှိဖို့
1. ငွေကြေး 💵💵💵
2. အရည်အသွေး 🏯
3. အချိန်📆🗓️
4. အဆောက်အဦး အာမခံမှူ💁♂️💁
မင်္ဂလာပါ ခင်ဗျာ။
Naing 7 Engineering Group သည် Civil Engineer များ ကိုယ်တိုင် ဖွဲ့စည်း တည်ထောင်ထားသော ဆောက်လုပ်ရေး လုပ်ငန်းစုဖြစ်ပြီး အရည်အသွေး အာမခံချက် အပြည့်ဖြစ် ရေရှည် အောင်မြင်သော သိက္ခာရှိသော လုပ်ငန်းစုအဖြစ် ရပ်တည်နိုင်ရန် ရည်ရွယ်၍ ကြိုးစားနေသော လုပ်ငန်း ဖြစ်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ ဆောက်လုပ်ရေး လုပ်ငန်းစု နဲ့ လက်တွဲ တည်ဆောက်ပါက အထက်ပါ အချက်များ လူကြီးမင်းတို့အတွက် အပြည့်အဝ အာမခံ ချက် ရရှိပါမယ်။ ................................
ရှင်းပြပါရစေ ခင်ဗျာ.....
1. ငွေကြေး အာမခံချက်💸💸
လူကြီးမင်းများ သိသည့်အတိုင်း ဆောက်လုပ်ရေးလောကမှာ ငွေရေးကြေးရေး ပြသနာများ ပေါ်ပေါက်၍ အဆောက်အဦး ဆောက်လုပ်ရာတွင် ပြသနာ မျိုးစုံကြုံတွေ့ ရသည်ကို လူကြီးမင်းများ သိရှိပြီးဖြစ်ပါသည် ။ ကျွန်တော်များ Naing 7 မှ ထို ပြသနာများ မဖြစ်ပေါ်စေရန် မည်သို့သောအခါမှ ငွေကြိုယူခြင်း မရှိပါ။ စာချုပ် ချုပ်ပြီးတာနဲံ ငွေမယူပါ .. စာချုပ်ချုပ်ပြီး ငွေစိုက် ပစ္စည်းဝယ်ပြီးမှ Foundation စမှ first 15% ယူပါတယ်။ အရစ်ချင်းစီတိုင်း ကျွန်တော်တို့ လုပ်ငန်းစုမှ ငွေစိုက်လုပ်ပါတယ် ခင်ဗျာ..လူကြီးမင်းတို့ဘက်မှ အရစ်တိုင်း သတ်မှတ်လုပ်ငန်းအရစ် ပြီးစီးမှ ငွေပေးရတာမျိုးပါ။
2. အရည်အသွေး အာမခံချက် 🏯🏯
ကျွန်တော်တို့ လုပ်ငန်းစုသည့် ရည်ရွယ်ချက် ရည်မှန်ချက် ကောင်းများဖြင့် လုပ်ကိုင်သော လုပ်ငန်းစုဖြစ်သည့်အလျောက်.. အရည်အသွေးပိုင်းအတွက် နာမည် အပျက်မခံ နိုင်ပါ.. ထို့ကြောင့် ကျွန်တော်တို့ ဆောက်လုပ်သော Site တစ် Site တွင် လုပ်ငန်းစချိန်မှ လုပ်ငန်းပြီးဆုံးချိန်ထိ Engineer ၂ ယောက် အမြဲ စောင့်ကြည့်ကြပ်မတ်နေပြီး .. လူကြီးမင်းတို့ဘက်မှလည်း လုပ်ငန်းချိန်အတွင်း အချိန်မရွေး အပြင်က မိမိကြိုက်နှစ်ရာ Engineer ခေါ်၍ အရည်အသွေးကို လာစစ်နိုင်ပါတယ် ခင်ဗျာ။
3. အချိန် အာမခံချက် 📆🗓️
ကျွန်တော်တို့ လုပ်ငန်းစုသည် အချိန်ကို အလွန်တန်ဖိုးထားသောလုပ်ငန်းစုဖြစ်၍ လူကြီးမင်းတို့သည်လည်း အချိန်ကို တန်ဖိုးထားမည်မှာ အသေအချာဖြစ်သောကြောင့် အဆောက်အဦး တစ်ခုအတွက် သတ်မှတ်ကာလ ပေး၍ အတိအကျ ထိုသတ်မှတ်အချိန်ကာလအတွင်း အလုံးစုံ ပြီးစီးရန် ကြိုးစားတည်ဆောက်ပါသည်။ ကျွန်တော်တို့ လုပ်ငန်းဆောင်ရွက်မှူမှ မလိုလာအပ်သော Error တစ်ခုခုကြောင့် သတ်မှတ်ကာလကို ရက်ပိုင်း ကျော်ပါက လူကြီးမင်းတို့ နစ်နာမှူအတွက် ကျွန်တော်များလုပ်ငန်းစုမှ ၁၀ ရက်ကို ၁ သိန်းနှုန်း နစ်နာကြေး ပြန်လည် ပေးဆောင်ပါတယ် ခင်ဗျာ။
4. အဆောက်အဦး အာမခံမှူ💁♂️💁
ကျွန်တော်တို့ လုပ်ငန်းစုသည် အရည်အသွေးကို ဦးစားပေးသည့် အလျောက် အရည်အသွေး ကောင်းမွန်သော ပစ္စည်းများကိုသာ သုံးပါသည်။ လုပ်ငန်း ပြီးစီး၍ အပ်နှံပြီး ၆ လ အတွင်း ပျက်ရွင်းမှူဖြစ်ပေါ်ပါက ပစ္စည်းဖိုး လက်ခ FREE ပြန်လည်ပြုပြင်ခြင်း အာမခံမှူ ၊ ၃နှစ်အတွင်း ဆိုပါက လက်ခ FREE အာမခံမှူ ၊ STRUCTURE ပေါ်မူတည်၍ နှစ်ရှည်အာမခံ ပေးပါသည်။ ထို့ပြင် လုပ်ငန်း ပြီးစီး၍ အပ်နှံချိန်၌ ငွေ 3% ကို ချန်ထားပြီး ၆ လ ပြည့်မှ ယူပါတယ် ခင်ဗျာ။
ထို့ပြင်........
Naing 7 လုပ်ငန်းစုဘက်မှ အောက်ပါအချက်အများကို လည်း လုပ်ငန်းအပ်နှံသူများထံသို့ FOC ဆောက်ရွက်ပေးပါတယ်..
1. ဆောက်လုပ်ခွင် ပြင်ဆင်ခွင့် ကူညီ ဆောင်ရွက်ပေးခြင်း
2. Drawing & Structure and Design
3. Structure Calculation
4. Soil test ပြုလုပ်ပေးခြင်း
FREE ဆောင်ရွက် ရေးဆွဲ ပြုလုပ်ပေးပါသည်။
Naing 7 Engineering Group
29/01/2022
ရေအနက် ၁၀ ပေရှိတဲ့
နေရာမှာ အိမ်ဟောင်းလေးဖျက်ပြိး
အိမ်အသစ်လေး စတင်ဖို့ ခြေလှမ်းစခြင်း
ရေကန်အလေးချိန် နှင့် အမိုးဆလပ်ခိုင်ခံ့မှု
အခုပြောချင်တဲ့အကြောင်းအရာလေးကတော့ မိတ်ဆွေတို့ရဲ့RC အာစီ (သို့မဟုတ်) steel structureလို့ခေါ်တဲ့သံထည်အဆောက်အဦးရဲ့ အမိုးဆလပ်ပြင်ပေါ်မှာ တင်ထားတဲ့ ရေကန်အလေးချိန်အကြောင်းပါ။
အိမ်ဆောက်ကတည်းက အမိုးဆလပ်ပေါ် ရေကန်တင်မဲ့နေရာကို ကြိုစဉ်းစားသင့်ပါတယ်။ အိမ်ဆောက်ပီးမှ သင့်ရာထားမယ်လို့စိတ်ကူးနေတယ်ဆို စာဆုံးအောင်ဖတ်ပေးပါ။
အမိုးဆလပ်မှာ အုတ်ရေကန်ဘဲဆောက်ဆောက်၊ စတီးကန်ဘဲတင်တင်၊ ပလတ်စတစ်ကန်ဘဲထားထား မိမိတင်မဲ့ရေရဲ့ အလေးချိန်ကို သိပါသလား။
ရေတစ်ဂါလံဟာ 8ပေါင်ကနေ ၁၀ပေါင်အထိလေးပါတယ်။(မိမိတို့တင်ထားတဲ့ ရေဂါလံကို အခုဘဲ ၁၀ပေါင်နဲ့မြှောက်ကြည့်ပါ)
တစ်ပေပတ်လည် တစ်ပေအမြင့်ရှိတဲ့ရေရဲ့အလေးချိန်က 62ပေါင် ရှိပါတယ်။
ပိုရှင်းအောင်ပြောရရင် ၃ပေ ပတ်လည် ၃ပေအမြင့်ရှိတဲ့ရေကန်ရဲ့ရေအလေးချိန်က တန်ဝက်(ဘိလပ်မြေ ၁၀အိတ်အလေးချိန်) နီးပါးရှိပါတယ်။
ဒါတောင် အုတ်စီထားတဲ့ အလေးချိန်ထည့်မတွက်ရသေးပါဘူး။
အမိုးဆလပ်မှာ ရေဂါလံ ဘယ်လောက်ထားမယ်ဆိုတာ အိမ်မှာရှိမဲ့ လူဦးရေအရေအတွက်နဲ့ ပျှမ်းမျှတွက်ချက်ပီးတင်ကြပါတယ်။ ရေကန်ကြီးလေ အလေးချိန်ပိုများလေပါ။
ရေကန်တင်ဖို့နေရာရွေးပီးရင် ထိုနေရာမှာရှိတဲ့
ဆလပ်ပြင်ထမ်းနိုင်အား၊
သူ့အောက်က ထုပ်ရဲ့ Size၊
ထည့်မဲ့ သံချောင်းအရေအတွက် လုံလောက်ရဲ့လား အသေးစိတ်တွက်ချက်ရပါတယ်။ ဒါမှသာ တင်မဲ့ရေအလေးချိန်ကို အန္တရာယ်ကင်းကင်းနဲ့ အဆောက်အဦးက သက်တမ်းတစ်လျောက် ထမ်းထားနိုင်မှာပါ။
ရေကန်ထားမဲ့နေရာကို အလွယ်တကူမပြောင်းသင့်ပါဘူး။ ရေရဲ့အလေးချိန်က အထက်မှာပြောထားသလို ၃ပေ ပတ်လည်လေးတောင် တန်ဝက်(ပေါင် ၁၁၀၀) ရှိနေလို့ပါ။ နေရာပြောင်းလိုက်ရင် ပြောင်းထားမဲ့နေရာရှိ ဆလပ်၊ ထုပ် size လုံလောက်ရဲ့လား ပြန်စစ်ရပါမယ်။
ရေရဲ့အလေးချိန်က အရှင်ဖြစ်ပါတယ်။ ဆိုလိုတာက ကန်ပေါ်ရေတင်နေတုန်း ရေဟာ လှုပ်ရှားနေပါတယ် ။မြင်အောင်ပြောရရင် ဝက်တစ်ကောင်ကို အသေထမ်းထားတာနဲ့ အရှင်ထမ်းထားရတာ ဘယ်ဟာ ပိုအားသုံးရပါသလဲ။ အရှင်က ရှုန်းကန်နေတာပါ။
ဆိုတော့ အထက်ကပြောခဲ့သလို size မလုံလောက်ရင် အန္တရာယ်ကြီးပါတယ်။
ချိန်ကိုက်ဗုံးကို ခေါင်းပေါ်တင်ထားရသလိုပါဘဲ။ (ခုလိုပြောလို့ ခြောက်တယ်မထင်ပါနဲ့ ရေကန်ဝိတ်မနိုင်လို့ အိကျနေတဲ့ ဆလပ်ပြင်တွေ ရှိပါတယ်၊ ပြိုကျသွားခဲ့တဲ့အဆောက်အဦးတွေလည်းရှိပါတယ်)
အမိုးပေါ် အပင်စိုက်တဲ့ အိမ်ရှင်တွေလည်းရှိနေပြန်ပါသေးတယ်။ အစောကတည်းက အစီအစဉ်ရှိရင် ကန်ထရိုက်(သို့) အင်ယာကို ကြိုပြောပါ။ အပင်စိုက်မယ်ဆိုမြေကြီးတင်ရပါတယ်။
မြေကြီးရဲ့အလေးချိန်ဟာ တစ်ပေပတ်လည် တစ်ပေအမြင့် မှာ ပေါင်၁၂၀ရှိပါတယ်။ ဒါတောင် ရေလောင်းလိုက်လို့ မြေကြီးစိုသွားရင် ရေရဲ့ အလေးချိန်ပေါင်းထည့်ရတော့မှာပါ။
အိမ်မှာ မိသားစု၅ယောက်နေတယ်ဆိုရင်တောင် အလေးချိန် ပေါင် ၁၀၀၀လောက်ဘဲရှိတာပါ။
အမိုးဆလပ်ပေါ်မှာတော့ ရေဝိတ်၊ အပင်ဝိတ်၊ မြေကြီးဝိတ် ထမ်းထားရတာ ပိုများနေပါတယ်။ ဒီကြားထဲ မိုးများလို့ ရေဆင်းပိုက်က ရေချက်ချင်းမစီးနိုင်ရင် အဲ့မိုးရေ ဝိတ်ပါ ယာယီထမ်းရပါသေးတယ်။
ဒါပေမဲ့ ကန်ထရိုက်က အမိုးဆလပ်မို့ လူမနေဘူး၊ အခန်းမဖွဲ့ဘူး ဆိုပီး size၊ ထည့်မဲ့သံချောင်း လျော့ပီး ဆောက်သွားပေးတယ်ဆို တွေးကြည့်ရုံနဲ့ လန့်ရပါတယ်။
ပြောချင်တာက အိမ်ရှင်တွေက အမိုးဆလပ်ပေါ် ဘာတင်မယ် ဘာလုပ်မယ်ဆိုတာ စဉ်းစားမိသလောက် ကန်ထရိုက် or အင်ယာ ကိုသေချာပြောပြထားပေးပါ။ ပုံဆွဲကတည်းက မြင်သာအောင် ထည့်ဆွဲထားပါ။
သေချာ တွက်ချက်ဆောက်ခိုင်းပါ။
ပိုသေချာချင်ရင် နည်းလမ်းရှိပါတယ်။အင်ယာအခေါ် (load test) စမ်းတယ်ခေါ်ပါတယ်။
မိမိတို့တင်မဲ့ ရေဂါလံနဲ့ ၁၀ နဲ့မြှောက်ပါ။ ဥပမာဆိုပါစို့
ဂါလံ ၃၀၀တင်တယ်ဆိုပါစို့။ ၃၀၀x၁၀=၃၀၀၀ပေါင်
(ဘိလပ်မြေတစ်အိတ်က ၁၁၂ပေါင်လေးတယ်)
၃၀၀၀ကို ၁၁၂နဲ့စား= ၂၆.၇ အိတ်စာအလေးချိန်နဲ့ညီမျှတယ် ။
ပို အန္တရာယ် ကင်း (safe ) ဖြစ်အောင် ၂ဆတိုးရပါမယ်။ အဆောက်အဦးက ရေရှည်မှာ ခံနိုင်အားကျလာတတ်လို့ နောင်တစ်ချိန်မှာ အန္တရာယ်ကင်းအောင်ပါ။ အိတ်၅၀ လောက် ရေကန်တည်မဲ့နေရာကိုဘဲ ကွက်တင်ကြည့်လိုက်ပါ။ (အမိုးဆလပ်တစ်ပြင်လုံး ဖြန့်မတင်ရ ၊ ရေကန်ထားမဲ့ဧရိယာလေးအတိုင်း ဘိလပ်မြေအိတ် စီပီးထပ်တင်ကြည့်ရမယ်)
ဘာမှမဖြစ်ရင် ok ပီ 😆😆
အားလုံးဘဲ အဆင်ပြေသတိထားမိနိုင်ကြပါစေ။ ကျန်တော့်Siteမှာတော့ ကျန်ငွေမပေးချင်နေ။ ပြီးခါနီးမှ အမိုးဆလပ်က ရေကန်တော့နေရာမပြောင်းခိုင်းနဲ့😅😅။ ကြောက်တယ်ဗျ။
, Phyo Pyae Kyaw BE (Civil) MDY
# # # # # # # # # # # # # # # # # # # # #
ကိုရင်သာအေး
&
*********†********
ပါခမျာ
🌈Comfortable Stair (လှေကား တည်ဆောက်ခြင်း)
➡လှေကားတွေ တည်ဆောက်ရာမှာ အတက်အဆင်းသက်သောင့်သက်သာရှိစေဖို့ စဉ်းစားရပါမယ်
#⃣နိုင်ငံတကာစံနှုန်းသက်မှတ်ချက်တွေမှာ
➡ခြေနင်း Tread~10" (အနည်းဆုံး)
➡ခြေကျော် Rise~7-3/4" (အများဆုံး)
➡လှေကားခွင် အကျယ်~3' (အနည်းဆုံး) (လက်ရန်းမပါ)
➡ခေါင်းလွတ်အမြင့် Head Room ~ 6'-8" (အနည်းဆုံး) (ပစ္စည်းဘာညာ သယ်ယူရအဆင်ပြေဖို့)
➡လှေကား အစောင်း~26°(အနည်းဆုံး)
~30° (average)
~45° (အများဆုံး)
ဖြစ်သင့်တယ်လို့ အကြံပြုထားပါတယ်
(အနည်းဆုံးဆိုတာ အဲ့ထက်မနည်းသင့်ဖူးလို့ပြောတာပါ အဲ့ထက်များယူလို့ရပါတယ်)
#⃣Comfortable stair တစ်ခုဖြစ်ဖို့ စဉ်းစားရာမှာ
2R+T=23~25 လို့ယူစဉ်းစားပါတယ် (R=Rise..T=Tread)
➡Riseကိုတည်ပြီးတော့ အရင်စဉ်းစားပါမယ်
💠Eg.{ Floor to Floor Height=11'
Consider.. Rise 6.5"
Rise=(11'×12)/6.5"
=132"/6.5"
= 20.31
(Round Down as 20)
Rise=132/20
=6.6"
Rise6.6"နဲ့ဆို Riserအကျော်အခု 20ပေါ့
Landing ကို Heightရဲ့တစ်၀က်မှာ ထားမယ်လို့ စဉ်းစားကြည့်မယ်ဆိုရင် 10ထစ်မှာ တစ်ဖြတ်ပေါ့
အထစ် 10ထစ်မှာ ခြေနင်း 9ခု ရှိတယ် ( Tread No= Riser-1)
Treadရဲ့ အကျယ်ကို စဉ်းစားကြည့်ရင်
2R+T = 23~25
(2×6.6)+T= 23~25
13.2+T =23 ~25
T =9.8~11.8 လောက်ရှိမယ်ပေါ့
Consider..
ိုTotal Horizontal Distance=9' (Not Including landing width)
Tread=(9'×12)/9
=108"/9
=12" (Ok)
Rise=6.6" Tread=12" }
(Height နဲ့ Horizontal distanceကို stair caseအတွက်ရာထားတဲ့နေရာက ယူပါ )
➡ရလာတဲ့ Rise & Treadကို ကျင်တွယ်ကျ ပုံစံတစ်ခုဖော်ပြီး ကျန်တဲ့ အထစ်တွေအတွက်လည်း အဲ့အတိုင်းပဲ ဆက်သွားပါမယ် (လိုအပ်တဲ့ Treadအကျယ်မရနိုင်တဲ့အခါ Nosing ထည့်ပါ)
➡Landingမထည့်ပဲ လှေကားတစ်ဖြောင့်တည်းပြေးမယ်ဆိုရင်လည်း Tread 15ထစ်ထပ် မပိုသင့်ပါဖူး
➡stair caseနေရာဟာ အတက်အဆင်းအတွက်ပဲ ဖြစ်တာကြောင့် နေရာအများကြီးပုပ်မသွားအောင် စဉ်းစားသင့်ပါတယ်
➡လှေကားထစ် Riserက 'မ' ဂဏန်းဖြစ်ရမယ်ဆိုတာ မြန်မာအယူအဆပါ
IBCမှာတော့ မသတ်မှတ်ထားပါဖူး
➡Public placeတွေမှာဆို Treadကိုကျယ်ကျယ် Riseကိုနိမ့်နိမ့်နဲ့ သွားသင့်ပါတယ်
➡RC အဆောက်အဦးတွေမှာ RC stair လုပ်ရင် လှေကားအတွက် Floorမှာ starter barတွေ ထုတ်ခဲ့ရပါမယ်
➡Tensionဖြစ်မယ့်နေရာတွေကို ကာမိဖို့ Rebarထည့်တာပါ
➡ပုံတွေမှာလည်း ကြည့်ကြည့်ပါ
Reference~ Stair Construction
~ Comfortable Stair
~ International Building Code (IBC)
(Google)
: James Aye
15/01/2022
Naing 7 မှ Engineer များရဲ့ လက်လှမ်းမမှီတဲ့
ရွာလေးတရွာက ဆောက်လုပ်ချင်တဲ့ပုံစံလေးကို
Design
Plan
Drawing
Estimate
စတာတွေကို သေချာတွက်ချက်ပေးပြိး
ဆောက်လုပ်ရန် ညွှန်ကြားပြသပေးခြင်းကိုဆောင်ရွက်ပေးလိုက်ပါတယ်။
ဆောက်လုပ်မှုအနေထားလေးတွေကိုလည်း တဆင့်ခြင်း ဆက်လက်ဖော်ပြသွားပါမယ်ဗျ
12/01/2022
Naing 7 မှ မကြာခင် အပ်တော့မည် အလုံးလေးပါ
From Foundation to landscaping...
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |