Thai Princess

Thai Princess

Share

Business

12/06/2026
12/06/2026

ပါးကွက်သားများနှင့်ကခုန်ခြင်း

စစ်ကြောရေးမှအပြန် အပိုင်း(၂)

Dawei Watch | အက်ဆေး

တုံ ... တုံ ... တုံ ... တုံ

တုံ ... တုံ ... တုံ ... တုံ

ကြမ်းခင်းသမံတလင်းပေါ်ကို သံပိုက်ချောင်းရဲ့ ထိပ်ဖျားနဲ့ တစ်ချက်ချင်းခေါက်ရာက ထွက်ပေါ်လာနေတဲ့ “တတုံတုံ” အသံ။

နှစ်စက္ကန့်ခြားလောက်တစ်ခါ စည်းချက်ကျကျ။

အဲဒီရှည်လျားလှတဲ့ ည၊ မှောင်လွန်းလှတဲ့ ညရဲ့ သန်းခေါင်မရှိတရှိအချိန်ရောက်မှ ပါးကွက်သားရဲ့ လက်သုံးတော်ဟာ ရိုးရိုးသံပိုက်လုံးတစ်ချောင်း မဟုတ်ဘဲ ဘေ့စ်ဘောရိုက်တံတစ်ခုဖြစ်တယ်ဆိုတာကို သတိထားမိတယ်။

တော်ရုံပန်းသီးခပ်ကြီးကြီးတစ်လုံး အရွယ်လောက်ရှိတဲ့ ဘေ့စ်ဘောလုံးကို လူတစ်ယောက် မတ်တပ်ရပ်အနေအထားကနေ အားကုန်လွှဲပြီးရိုက်ဖို့အဆင်ပြေအောင် ဒီဇိုင်းထုတ်ထားတဲ့ သုံးပေသာသာ အခေါင်းပွ သံတုတ်ချောင်း။

အရင်းမှာ လက်တစ်ဆုပ်စာ ပိုင်ပိုင်နိုင်နိုင် ဆုပ်ထားနိုင်အောင် ရှူးနေပြီး အဖျားဘက်ကို တဖြည်းဖြည်း ထိပ်ဝကျယ်သွားတဲ့ ပါးကွက်သားရဲ့လက်သုံးတော်။

ငါးရံ့ခေါင်းဟင်းနဲ့ နပန်းလုံးနေတုန်းကကြားခဲ့ရတဲ့ သံချောင်းခေါက်သံတွေအစား နားထဲမှာ ပါးကွက်သားရဲ့ သေမင်းတမန်နဲ့ သမံတလင်းထိလို့ထွက်ပေါ်လာတဲ့ တတုံတုံ အသံကသာ မင်းမူနေတယ်။

ဒီမင်းမူမှုဟာ အဲဒီတိတ်ဆိတ်လှတဲ့ ညရဲ့ ညဦးကြက်တွန်ချိန်ကနေ လင်းအားကြီး အာရုဏ်တက်အထိ တစ်ညတာ အချိန်လေးအတွင်းသာမဟုတ်ဘဲ အခု ဒီစာကိုရေးနေတဲ့အချိန်အထိ ဦးနှောက်ထဲမှာ စွဲငြိနေလိမ့်မယ်လို့ အဲဒီညက မတွေးခဲ့မိသည်မှာ အမှန်ပါ။

နောက်ကျောဘက် ခပ်လှမ်းလှမ်းကနေ ထွက်ပေါ်လာနေတဲ့ ပါးကွက်သားရဲ့ သေမင်းခေါ်သံဟာ ရုတ်တရက်ကြီး တိတ်သွားပြန်တယ်။ နောက်တော့ ရှေ့ကို ခြေတစ်လှမ်းတိုးလာတဲ့ ကတ္တီပါဖိနပ်နဲ့ သမံတလင်းရှပ်တိုက်သံ တရှပ်ရှပ်။ ပြီးတော့ တိတ်ဆိတ်မှုဟာ တစ်ဖန်ကြီးစိုးနေပြန်တယ်။

စက္ကန့်တွေဟာ ဘယ်လောက်ကြာသွားပြီလဲ မရေတွက်မိ၊ မိနစ်ပိုင်းများကြာသွားလေသလား။ နောက်တော့ နားထဲကို လေတိုးသံ သဲ့သဲ့ကလေးဝင်လာတယ်။ တစ်စုံတစ်ရာကို အားနဲ့လွှဲပြီးလေထုထဲကို မြှောက်တင်လိုက်တဲ့ “ဝှီး” ဆိုတဲ့အသံ။

ပြီးတော့ အဲဒီတစ်စုံတစ်ရာဟာ လေကိုခွင်းပြီး အောက်ကို အရှိန်နဲ့ ပြန်ပြုတ်ကျလာကာ “ဘုန်း” ကနဲဆိုပြီး ကျွန်တော့်ကျောပြင်ကို လာထိတဲ့အသံ။

နောက်ထပ် လေထဲကို ပြန်လည်ထိုးခွင်းတက်သွားတဲ့ ဘေ့စ်ဘောရိုက်တံနဲ့ လေထုထိသံ “ဝှီး” ခနဲ။ ကျောပြင်ကို သံပိုက်ချောင်းလာထိသံ “ဘုန်း” ကနဲ။

“ဝှီး၊ ဘုန်း”၊ “ဝှီး၊ ဘုန်း”၊ “ဝှီး၊ ဘုန်း”၊ “ဝှီး၊ ဘုန်း” အချိန်တွေဘယ်လောက်ကြာသွားမှန်းသတိမထားမိ။ ၁၀ မိနစ်လား၊ မိနစ် ၃၀ လား မသဲကွဲ၊ မမှတ်နိုင်အား။

အဆုတ်ဟာ ပေါက်ထွက်သွားပြီလား၊ ငါ အသက်ရှူနေသေးတာလား။ ငါ နာကျင်နေသလား။ မသိ၊ မသိ။ ဘာမှမသိ။

“တုံ” ခနဲအသံတစ်ချက်ထပ်မြည်ပြီး ကျောပြင်ပေါ် အဆက်မပြတ်ကျနေတဲ့ ဘေ့စ်ဘောတုတ်ဟာ သူ့မိတ်ဆွေသမံတလင်းပေါ်မှာ ခေတ္တပြန်အနားယူနေပြန်တယ်။

ပါးကွက်သားဟာ ကျောဘက်ခြေတစ်လှမ်းအကွာမှာရပ်နေရာကနေ ကျွန်တော့်ဘယ်ဘက်မှာ ကပ်လျက်သား မုဆိုးဒူးထောက်ထိုင်ချတယ်။

သူ့ခါးမှာလွယ်ထားတဲ့ ဇစ်တွေအများကြီးပါတဲ့ ခါးပတ်အိတ်ထဲကနေ စီးကရက်တစ်လိပ်ကို တဖြည်းဖြည်းထုတ်ယူတယ်။ အစိမ်းရောင်ဂတ်စ်မီးခြစ်ကို ပြန်သိမ်းလိုက်တဲ့အချိန်မှာ ဆေးလိပ်မီးခိုးနံ့တွေထောင်းခနဲထလာတယ်။

စီးကရက်ကို နောက်ထပ် နှစ်ဖွာလောက်ရှိုက်ပြီးချိန်မှာတော့ သူ့ခေါင်းဟာ ကျွန်တော့်လည်ပင်းနားကို တဖြည်းဖြည်းကပ်လာတယ်။

အပေါစားရေမွှေးနံ့ရယ်၊ ချည်စုတ်စုတ်ခပ်စူးစူးအနံ့တွေရယ် နှာခေါင်းထဲ စုပြုံတိုးဝင်လာကြတယ်။ ပါးကွက်သားဟာ သူ့ပါးစပ်ကို ဟရုံကလေး ဟပြီး တိုးတိုးနဲ့ ပြတ်ပြတ် ပြောတယ်။

သူ့ပါးစပ်သာ ကျွန်တော့်နား အနား တစ်လက်မလောက်အကွာမှာသာ ကပ်မနေရင် သူပြောတာကြားရဖို့မလွယ်။ ဒါပေမဲ့ အရာရာ တိတ်ဆိတ်လွန်းနေတဲ့ ညမှာ သူ့အသံကို ကျွန်တော်ကောင်းကောင်းကြားခဲ့ရပါတယ်။

“မင်းကိုသေအောင်သတ်မှာ၊ မေးတာကို မှန်အောင်ပြော” တကယ်တော့ ရှပ်လက်ရှည်အဖြူကလေးနဲ့ ပလေကပ်ပုဆိုးဝတ်ပြီး ဖျင်လွယ်အိတ်တစ်လုံးသာ လွယ်လိုက်ရင် မြန်မာကဗျာဆရာတစ်ယောက်နဲ့ ချွတ်စွပ်တူနေမယ့် အဲဒီအသားခပ်ဝါဝါ ပိန်ကိုင်းကိုင်း ပါးကွက်သားဟာ ကျွန်တော့်ကို ဘာမေးခွန်းမှ မမေးခဲ့။

စစ်ကြောရေးတစ်လျှောက်လုံး သူလုပ်ခဲ့တဲ့ တစ်ခုတည်းသောအလုပ်က ကျွန်တော့်ကျောပြင်ကို ဗျောတင်တဲ့အလုပ်တစ်ခုပဲ။ တစ်ကြိမ်တစ်ကြိမ် ကျပြန်တော့ စီးကရက်တွေတစ်လိပ်ပြီးတစ်လိပ် မီးကူးဖွာနေရင်းက စကားတွေအမျှင်မပြတ် ပြောနေတတ်သေးတယ်။ တစ်ကိုယ်တည်း ရေရွတ်နေတာမျိုး။

“ငါပြောတာဟုတ်တယ်မို့လား” ဆိုပြီး သူ့စကားကို ထောက်ခံခိုင်းတာမျိုး။

သူပြောတဲ့အကြောင်းအရာအများစုက လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်း ကျော်တဲ့ခွတဲ့ အကြောင်းတွေ၊ အလုပ်ပင်ပန်းတဲ့အကြောင်းတွေနဲ့ အလုပ်မရှိအကိုင်မရှိ၊ ကျွန်တော်တို့လိုစာမတတ် ပေမတတ် သူများမြှောက်ပေးတိုင်း လမ်းပေါ်ထွက်တဲ့ကောင်တွေကြောင့် သူတို့ အေးဆေးမနေရဘဲ စောက်လုပ်တွေရှုပ်နေရတယ် ဆိုတဲ့အကြောင်းမျိုးတွေပါ။

ပြီးရင်တော့လာပါပြီထုံးစံအတိုင်း ညချမ်းချိန်ခါ သံစဉ်သာ။

“ဝှီး၊ ဘုန်း”၊ “ဝှီး၊ ဘုန်း”၊ “ဝှီး၊ ဘုန်း”၊ “ဝှီး၊ ဘုန်း”

အစပိုင်းအချိန်တွေမှာ အထာမနပ်သေးတော့ သူ့သေမင်းတမန်ကို မြှောက်လိုက်ပြီဆိုတာသိတာနဲ့ ခါးညောင်းတာသက်သာအောင် ပေါင်နှစ်လုံးကြားက သမံတလင်းပေါ်မှာ ထောက်ထားတဲ့ လက်ထိတ်တန်းလန်းနဲ့လက်နှစ်ဖက်ကို တင်းနေအောင်ထောက်ထားပြီး ကြံ့ကြံ့ခံထားဖို့ ကြိုးပမ်းနေခဲ့သေးတယ်။

တွေးတာက လက်ဝါးနှစ်ဖက်ကို သမံတလင်းမှာ ကပ်နေအောင်ထောက်ထားလိုက်ရင် ပခုံးနှစ်ဖက်က တင်းပြီး ကျောပေါ်ကျလာတဲ့ရိုက်ချက်တွေကိုတွန်းကန်ထားနိုင်မယ်ထင်ခဲ့မိတာပါ။

ထိပ်တုံးထဲရောက်နေတဲ့ ခြေထောက်နှစ်ဖက်ကတော့ အားမကိုးသာ။ ခြေကျင်းဝတ်နှစ်ဖက်ဟာ စပြီးယောင်ကိုင်းလာနေပြီ။ ဒါပေမဲ့ညနက်လာတာနဲ့အမျှ မုဆိုးစိုင်သင် ဆိုသလို ဒါဟာ ဗျူဟာအမှားကြီးမှန်း တဖြည်းဖြည်း သဘောပေါက်လာခဲ့တယ်။

လက်နှစ်ဖက်ကိုထောက်ပြီးတင်းထားလေ ပိုနာကျင်လေဖြစ်လာတယ်။ အသက်ကောင်းကောင်း မရှူနိုင်တော့။

ကဗျာဆရာက ညာသန်။ ကျွန်တော့်ဘယ်ဘက်ပုခုံးနောက်နားကနေ ခြေစုံရပ်ပြီး ဆော်ပလော်တီးနေတော့ ဘေ့စ်ဘောတံရဲ့ကြီးနေတဲ့အဖျားပိုင်းတစ်ခုလုံးဟာ ကျွန်တော့်ညာဘက်လက်ပြင်ကို အားနဲ့အင်နဲ့ အရှိန်ပြင်းပြင်း ဝင်ဝင်ဆောင့်နေတယ်။

အဲဒီရိုက်ချက်တွေဟာ နောင်တစ်ချိန်မှာ ကျွန်တော့်ညာဘက်လက်ပြင်အတွင်းပိုင်းမှာ အချိန်တိုင်းနီးပါးကိုက်ခဲနေစေပြီး၊ ညာလက်ရဲ့လက်ညှိုးနဲ့ လက်သူကြွယ် နှစ်ချောင်းကို သွားတဲ့အကြောတွေကို အတွင်းဒဏ်ရသွားစေကာ၊ အဲဒီလက်ချောင်းကလေးနှစ်ချောင်းကို အမြဲတမ်း ထုံကျင်နေစေလိမ့်မယ်ဆိုတာကို မသိခဲ့ပေ။

ညတဖြည်းဖြည်းနက်လာလေလေ ပါးကွက်သားရဲ့ အားနဲ့အထာကို ဆဝါးမိလာလေလေဖြစ်လာတော့ သူ့သေမင်းတမန်လေထဲက ပြန်ဆင်းလာပြီဆိုတာကိုသိတာနဲ့ လက်နှစ်ဖက်ကို အရင်လို တင်းမထားတော့ဘဲ ခန္ဓာကိုယ်ကို ရှေ့ဘက်ကို အသာကလေးယို့ပေးလိုက်တယ်။

ဒီလိုနည်းနဲ့ လက်ပန်းကျလုနီးပါးဖြစ်နေတဲ့ ပါးကွက်သားရဲ့ စွမ်းအင်နဲ့ ကျွန်တော့်ရဲ့ဗျူဟာတို့ ညလုံးပေါက် အားပြိုင်ကခုန်ကြလေသတည်းပေါ့။

ပါးကွက်သားရဲ့ သိုင်းကျမ်းတွေကို စည်းချက်ကျကျနားထောင်ပြီးရင်တော့ မေးလိုရာမေး၊ ရေးလိုရာရေး ကဏ္ဍလာပါပြီ။ ဘာဖြေဖြေရေးလိုရာရေးတာပါ။

အဲဒီ အမေးအဖြေကဏ္ဍတစ်ခုလုံးဟာ နောင်တစ်ချိန်မှာ ပြုလုပ်မယ့် “အထူးတရားစီရင်ကာ ထောင်မကျ ကျအောင်ချရေး မဟာစီမံကိန်းကြီး” ရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာကို ရေးရေးလေးတော့ သတိထားမိခဲ့ပါရဲ့။

ဒီအင်တာဗျူးဆက်ရှင်ကို အဓိကတာဝန်ယူသူနဲ့ “သူနိုင်ကိုယ်နိုင် ဉာဏ်ပြိုင်ပွဲ” ကို နောင်ရေးမယ့်စာတွေမှာ ဖောက်သည်ချပါဦးမယ်။

ဒီလိုနဲ့ကဗျာဆရာပါးကွက်သားတစ်လှည့်၊ မာယာများတဲ့အင်တာဗျူးသမားတစ်လှည့်နဲ့ ချီတက်လာနေရင်း တစ်ချီမှာတော့ ကျွန်တော့်ဘေးကပ်လျက်က ကျွန်တော့်မိတ်ဆွေထားတဲ့အခန်းထဲက အသံဗလံတွေ ကြားလာရတယ်။

အခန်းထဲ ထည့်လိုက်ကတည်းက ကျွန်တော့်မိတ်ဆွေကို ရိုက်တာနှက်တာ လုပ်သံမကြားရ။ ဒါကလည်း ကျွန်တော်နဲ့ပါးကွက်သားကြားက အခြားသောအားပြိုင်ပွဲတစ်ခုရဲ့ရလဒ်ပါ။ နောက်မှရှင်းပြပါဦးမယ်။

အခြေအနေကို သုံးသပ်မိချိန်မှာ တစ်ဖက်ခန်းကို လူသစ်တစ်ယောက် ထည့်လိုက်တယ်ဆိုတာ သိလိုက်ပြီ။

ကျွန်တော့်မိတ်ဆွေကို အဲဒီအခန်းထဲက ထုတ်လာကြပြီး အခန်းရှေ့လူသွားစင်္ကြံက ခုံတန်းရှည်တစ်ခုမှာ ထိုင်ခိုင်းနေတာကို မီးရောင်ခပ်မှိန်မှိန်မှာ မြင်နေရတယ်။

အဲဒီနောက်မှာတော့ နားမခံသာနိုင်လောက်အောင်အဆက်မပြတ်ကြားရတဲ့ “တရွှီရွှီ” အသံနဲ့ လူသစ်ရဲ့ ညည်းငြူသံ။

နောင် ထောင်ထဲရောက်ချိန် အဲဒီညကစစ်ကြောရေးကိုရောက်လာတဲ့ လူသစ်နဲ့ စကားစပ်မိရင်း သူပြောတာက သူ့ခေါင်းကိုကတ္တီပါအိတ်တစ်လုံးနဲ့စွပ်ထားတာ။ ပြီးမှ အပြင်ကာဗာတွေ ချွတ်ထားတဲ့ကြေးမီးကြိုး သုံးပင်ကိုပူးချည်ပြီး မျက်နှာနဲ့ခေါင်းအနှံ့ ရိုက်တာတဲ့။

တကယ်တော့ စစ်ကြောရေးမှာ ကျွန်တော့်ကဗျာဆရာပါးကွက်သားက ကျွန်တော့်ကိုဆော်တယ်ဆိုတာ တခြားသူတွေရဲ့ ဇာတ်လမ်းတွေနဲ့ယှဉ်လိုက်ရင် အကင်းပဲရှိတယ်ဆိုတာ နောင်မှာသိလာရပါတယ်။

ခေါင်းရဲ့ငယ်ထိပ်နေရာကို သံတုတ်နဲ့ရက်ပေါင်းများစွာ အရိုက်ခံထားရလို့ ဦးရေပြားတစ်ခုလုံး ပြောင်တလင်းခါသွားတဲ့သူထက် ကျွန်တော်က ပိုနာမှာလား။

ခြေထောက်နှစ်ချောင်းကို ခြေမျက်စိကနေပူးချည်၊ ထုပ်တန်းမှာခေါင်းကိုအောက်စိုက်ဆွဲထားပြီး ညလုံးပေါက် ဇောက်ထိုးအထားခံရတဲ့သူထက် ကျွန်တော့် အနာက ကြောက်စရာကောင်းဦးမှာလား။

လက်တွေ ခြေထောက်တွေကိုသွပ်နန်းကြိုးတွေနဲ့ချည်၊ မျက်လုံးကိုမှိတ်ခိုင်းထားပြီး မျက်ခွံအပေါ်ကနေ သားရေပင်နဲ့အဆက်မပြတ် ကပ်ပြီးပစ်လို့ မျက်လုံးတစ်ဖက်ပျက်သွားတဲ့သူရဲ့ရှေ့မှာ ကျွန်တော့်အနာကို ထုတ်ပြရမှာလား။

ကိုယ်လုံးတီးချွတ်ခိုင်းပြီး ဆီးခုံမွှေးတွေအကုန်ပြောင်သွားတဲ့အထိမီးရှို့၊ ပြီးမှလိင်တံတစ်ခုလုံးရဲ့ အရေပြား ပတ်ပတ်လည်ကိုဆေးလိပ်မီးနဲ့ တစ်ပေါက်ချင်း တစ်ပေါက်ချင်း စိမ်ပြေနပြေ အထိုးခံရလိုက်လို့ သေရာပါအရှက်တရားရခဲ့သူရဲ့ရှေ့မှာ ကျွန်တော့်ဇာတ်ကြောင်းကို အထုပ်ဖြေပြနေရဦးမှာလား။

တူညီတဲ့အချက်ကတော့ ကျွန်တော်တို့အားလုံးဟာ ပါးကွက်သားတွေနဲ့ကစားခဲ့ကြတယ်ဆိုတာပဲ။ သူတို့ရဲ့ စည်းချက်မှာ နာကျင်မှုကိုမေ့ဖျောက်ထားပြီး ဉာဏ်ပညာနဲ့ကခုန်ခဲ့ကြတယ်ဆိုတာပဲ။

■ ဇာတ

ဆက်လက်ဖော်ပြပါမည် -

Photos from GAR is me's post 12/06/2026
Photos from Thai Princess's post 05/06/2026

၁။ ဒေါင်းနဲ့ရိုက်မယ့် Short Film ကို ဒေါင်းဘက်က အကြောင်းပြချက်မရှိဖျက်သွားလို့ ​ဘယ်လိုမှဆက်သွယ်မရတဲ့အဆုံး ထိုင်းကသူ့အိမ်အထိ လိုက်တောင်းပန်တယ်။ ဒေါင်း လုံခြုံရေးပေါက်မှာစိုးလို့ ဖြူဖြူတစ်ယောက်တည်း Grab နဲ့ သွားခဲ့တာပါ။ ထွက်တောင်မတွေ့ဘူး။

၂။ နိုင်ငံသားအဖြစ်က ရပ်စဲကြောင်း ကြေငြာခံရတယ်။

၃။ ၂၅% ယူတယ်ဆိုပြီး မင်းမော်ကွန်းက တိုက်ခိုက်စွပ်စွဲတာခံရတယ်။

တော်လှန်ရေး၊ နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ ဘာမှမရှိဘူး။

(ဖြစ်ခဲ့တာ တစ်နှစ်ကြာပါပြီ။ ဒေါင်းဘက်က ခုမှ block ဖြည်ပြီး စာပြန်တာ)

03/06/2026

နေရာအသစ် တစ်ခုမှာ တစ်ကိုယ်တော် စပြီးနေထိုင်

မယ့် လူငယ်တွေအတွက် မရှိမဖြစ်တဲ့ survival skills (၅) ခု

(၁) ငွေကြေးစီမံခန့်ခွဲမှု ( financial management)

RK နဲ့ ငွေကြေးချမ်းသာတဲ့ လူငယ်တွေကို မရည်ညွှန်းပါ။

ကိုယ်က ခြေခံလူတန်းစား အလုပ်ရှာနေတဲ့ လူငယ်

တစ်ယောက် ဒါမှမဟုတ် အလယ်လတ်တန်းစား

လူငယ်တစ်ယောက်ဆိုရင် ဝင်ငွေထွက်ငွေကို

စီမံတတ်ဖို့ အသုံးပြုတတ်ဖို့အရမ်းအရေးကြီးပါတယ်။

လူတိုင်းသိတဲ့အချက်ဖြစ်ပြီး အခြေခံကျတဲ့

အချက်က ဝင်ငွေထွက်ငွေမမျှတာပေါ့ ။

စိတ်ပိုင်းဆိုင်ရာနဲ့လည်း အများကြီးဆိုင်သွားပါပြီ ။

အောက်မှာ ပြောပြပါမယ်။ လစာအကုန်သုံးတာ။

မလောက်တဲ့အခါ သူများဆီချေးငှါးတာ။

အရံငွေမထားတာ စတဲ့ ပြသနာတွေ ဖြစ်လာနိုင်တာမို့

ရသလောက် စုပြီး သင့်တင့်တဲ့ ငွေကိုပဲ သုံးဖို့ပါ။

ဘဝကို ပုံမှန်လေးလည်ပတ်ပြီး ရောင့်ရဲစိတ်မွေးထား

ပါ။ FB ပေါ်ကမြင်သမျှကို အဟုတ်မထင်ပါနဲ့ဘဝမ

ထင်ပါနဲ့ ။အကောင်းအဆိုး ခွဲခြားတတ်ပါ။

သမ္မာအာဇီဝနဲ့ငွေရှာပါ။

အလွယ်လမ်းမလိုက်ပါနဲ့ ။ ဘာသာတရား

ယုံကြည်ကိုးကွယ်သူဆိုလည်း မမေ့ပါနဲ့ ။

(ဖတ်ရရှည်မှာမို့အတိုချုပ်ပဲ ရေးတာပါ)

(၂) ပေါင်းသင်းဆက်ဆံရေး (Communication skills )

အရမ်းအရေးကြီးပါတယ်။ လူပေါင်းမှန်မှ ပေါင်း

တတ်မှ နေရာရမယ် အလုပ်အကိုင်ပိုအခွင့်အလမ်းရှိ

တာပါ။ ကျနော်ဆိုလည်း communication ကောင်း

တယ် ထင်ရပေမယ့်တကယ့်တကယ်ကျ ကြိုးစားနေ

ရဆဲပါ။ တော်ရုံလူနဲ့ စကား မပြောချင်တာမျိုး မပြော

တတ်တာမျိုး အားနာတတ်တာမျိုးက အတားအဆီးဖြစ်နေဆဲပါ။

အပေါင်းအသင်းမိတ်ဆွေ များလေ အခွင့်အ

လမ်းများလေပါပဲ။ အဲ့တော့ Communication Skills ဖြည့်ပါ ။

(၃) Self Care ( လွယ်လွယ်ပြောရရင်ကိုယ့်ဟာကိုယ် ဂရုစိုက်ပေါ့)

နေမကောင်းရင် ကုန်းထပြီးဆေးသောက်အစာစားပြီး ကိုယ့်ဟာကိုယ်လုပ်နိုင်ဖို့လိုပါတယ်။

စိတ်ကျန်းမာဖို့အတွက်လည်း အရေးကြီးတယ်။

စိတ်အတက်အကျကြားမှာ ကိုယ့်ဟာကိုယ် control

လုပ်နိုင်ဖို့ လိုပါတယ်။ အနေအထိုင်

အစားအသောက်လည်း ဂရုစိုက်ဖို့လိုပြန်ပါတယ် ။

ကျန်းမာမှ အလုပ်ရှာနိုင်မယ် အလုပ်လုပ်နိုင်မယ် ။

အနားယူအပန်းဖြေဖို့အတွက်လည်း ကိုယ်နဲ့ည

ကိုက်ညီနဲ့ နည်းလမ်းတွေ ရှာဖွေထားရပါမယ်။ဝင်ငွေ

အများကြီးမရှိရင် ငွေကုန်ကြေးကျနည်းမယ့် ဝါသနာ

ကို အခြေခံသင့်တယ်။ အဲ့ဒီအတွက်အလည်း

communication skills ကအရေးကြီးပြန်ပါတယ်။

တစ်ခုနဲ့ တစ်ခုက ချိတ်ဆက်နေကြတာမျိုးပါ။

(၄) Adaptability ( လိုက်လျောညီထွေရှိဖို့)

နေရာအသစ်ဆိုတဲ့အတိုင်း community အသစ်မှာ

လူအသစ်တွေနဲ့တွေ့ရမှာပါ။ အကောင်းအဆိုးခွဲခြား

တတ်ဖို့က လည်း ကိုယ့်ရဲ့ ပင်ကိုယ်ဗီဇ အသိအတိ

ညာဏ်ပညာနဲ့ တာသွားပါတယ်။ ကိုယ်ဘယ်

လောက်လူရည်လည်လဲ ။ ဘယ်အတိုင်းအတာထိ ကို

င်တွယ်ပြီး အံဝင်ဂွင်ကျနေနိုင်လဲဆိုတဲ့အပေါ်

မူတည်ပါတယ်။ ယဉ်ကျေးမှု အသစ်၊ အလုပ်ပုံစံ

အသစ်၊ဘာသာစကားစတဲ့ အချက်တွေနဲ့

လိုက်လျောညီထွေဖြစ်ဖို့အရေးကြီးပါတယ်။

ကိုယ်က မအောင်မြင်ခင် (အောင်မြင်မှုဆိုတာ

ကိုယ်ရှာနေတဲ့ အလုပ်လေးရတာ ၊ဝင်ငွေ ပိုများလာ

တာ၊ ကိုယ့်ကို လူတွေပိုယုံကြည်လာတာ၊

တစ်ယောက်တည်း သွားတတ်လာတတ်တာ၊

အကြောက်တရားတခုခု ကို ရင်ဆိုင်လာနိုင်တာ၊

ဘာသာစကားအသစ် ပိုကောင်းလာတာ အစသဖြင့်

သေးသေး လေးတွေကလည်း ဘဝရဲ့ နေ့တွေမှာ

အောင်မြင်မှုပါ) ဝင်ငွေများများမရခင် သည်းခံ

စိတ်မွေးပြီး ကြံ့ကြံ့ခံနိုင်ဖို့လိုပါတယ်။

(၅) Problem solving skills ( ပြသနာတွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်)

အိမ်ပြောင်းတာ ၊အိမ်ရှင်နဲ့စကားများတာ နားလည်မှု

လွဲတာ အစသဖြင့်ကိုင်တွယ်တတ်လာမယ်။ ဖြေရှင်း

တတ်လာမယ်၊ ရေကိစ္စ ၊မီးကိစ္စ၊ တခြားလူမှုရေး ၊

ကျန်းမာရေး ပညာရေး အစစအရာရာ ကိုယ့်လက်ကို

ယ့်ခြေဖြစ်တာမို့ ဖြေးရှင်းတတ်ဖို့လိုသလို အဲ့

ဒီproblem solving skills ပါ တပြိုင်တည်း

တတ်မြောက်လာမှာ ဖြစ်ပါတယ်။

အိမ်လခ တက်တဲ့အခါ ငါဘယ်ဟာ ချွေတာသုံးမလဲ

အစသဖြင့် ချင့်ပြီးနေထိုင်ဖြေရှင်းဖို့လိုလာပါပြီ။

အဲ့ထက်မက skills အများကြီးရှိပါသေးတယ်။

အခြေခံကျတဲ့ အချက်(၅) ချက်ကိုရေးထားတာပါ။

အချက်တစ်ခုနဲ့တစ်ခု ချိတ်ဆက်

လုပ်ဆောင်ဖို့လိုပါတယ် ။

တစ်ယောက်တည်း နေထိုင်နိုင်ပြီ ၊အပေါ်က

အချက်လေးတွေလောက်ပဲ ကိုယ်က ကောင်းကောင်း

ကိုင်တွယ်နိုင်ပြီဆိုရင် အရင်

ထက်ပိုပြီး confidence ရှိတဲ့ လူငယ်တစ်ယောက် ဖြစ်လာမှာပါ။

သည်းခံပါ။ရိုးသားပါ။ကြိုးစားပါ။

အားလုံးအဆင်ပြေကြပါစေ။

02/06/2026

လွန်ခဲ့တဲ့ အနှစ် ၂၀ က အစိုးရဝန်ထမ်းဘဝ

နေ့စားဘဝ- မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး

လုပ်ငန်း ၊EPC ပေါ့။

၁၀တန်းအောင် အလုပ်စဝင်တော့ နေ့စား တစ်နေ့

၅၀၀ကျပ် ။ အလုပ်က လုပ်ချင်လို့ကိုလုပ်တာ အဲ့ဒီ

အချိန် ကိုယ့်ဝင်ငွေက တစ်လ ၄/၅/၆သောင်း ရှိ

တယ်။ ကိုယ်က အလုပ်လုပ်ရတာကိုကြိုက်ခဲ့တာ။

မိဘတွေက မလုပ်ခိုင်းဘူး ပင်ပန်းမှာစိုးလို့ ကိုယ်က

အဲ့ချိန်ကတည်းက ကျောင်းတက်( တက္ကသိုလ်တက်ဖို့

စရိတ် ကိုယ့်ဟာကိုယ်ရှာနိုင်နေပြီ) ရင်းအလုပ်

လုပ်တာ။
နေ့စား-တစ်လ -၁၅၀၀၀ ကျပ်ပေါ့။ ဟိုဖြတ်ဒီဖြတ် စုငွေ

ဘာညာနဲ့ဆို ၁၂၀၀၀ လောက်တော့ကျန်တယ်။

အခုလို online

shopping ခေတ်မစားခင် ဖုန်းဆို hand phone မ

ပေါ်ခင် (ကိုယ်တွေမကိုင်နိုင်သေးတဲ့ကာလ) ဆိုတော့

Mistin လာပါပြီရှင်ဆိုတဲ့ခေတ် Mistin စာအုပ်ကနေ

ထိုင်းကို ပစ္စည်းမှာရတာ ။ကိုယ်က ရုံးသွားရင် ဝယ်မ

ယ့်သူရှာစရာမလို စာအုပ်အသစ်ရောက်ပြီလားမေး

ပြီး ဝက်ဝက်ကွဲဝယ်ကြတာ ။ကိုယ်ကအော်ဒါ

ကောက်ပစ္စည်းမှာ ကော်မရှင်ရ အဲ့လိုနည်းနဲ့ ကိုယ်သုံး

မယ့် cosmetic ဖိုးရှာခဲ့တာ။ ကျောင်းဖွင့်ချိန်ကျောင်း

ပြေးတက် ညဖက်ဆို ကျူရှင်ဆရာ/ဂိုက်ဆရာ

လုပ်ပြီး အသုံးစရိတ် ရခဲ့သေးတာ။

GSM ဖုန်းတွေစပေါ်တဲ့အချိန် ဖုန်းတွေချပေးပြီဟေ့

သိန်း၃၀တန်ဖုန်းတွေ ပြီးတော့ ၅သိန်းတန်ဖုန်းတွေ ဆို

တော့ ကိုယ့်မှာ စုဆောင်းပြီး ချက်ချင်းဝယ်တာ ။

ကိုယ်စီးတဲ့ဆိုင်ကယ်ကအစ laptop အဆုံး မိဘပူဆာ

တယ်ဆိုတာ မရှိဘူး။ ၂ခါလည်းမပူဆာဘူး

ဘယ်တော့မှ ငါ့ဟာငါ ဝယ်မယ်ဆိုတဲ့ မာနက ခုထိပဲ။

နေ့စားဘဝ- ပြောချင်တာလာပြီ။ ကိုယ်က

အားငယ်တတ် အားနာတတ်တဲ့သူ။

နေ့စားမီတာစာရေး နဲ့အလုပ်ဝင်တာ ။မိဘ ဂုဏ်လေး

ရှိပေမယ့် ကိုယ်က အများအမြင်မှာ လိမ္မာယဉ်ကျေး

အလိုက်သိငြိမ်ဝပ်ပိပြားတဲ့ လူငယ်တစ်ယောက်ပဲ အဲ့

ထက်မပိုဘူး။ ကလေးကလိမ္မာလိုက်တာပေါ့။ အစိုးရ

ရုံးဆိုတော့ ရုံးတက်ရုံးဆင်းက flexible ဖြစ်လင့်

ကစား အထက်လူကြီးတွေရဲ့ ခိုင်းတာ အသေခံရ

တာ။ ကိုယ်က ရိုကျိုးပြီးလုပ်ပေးလေ ခိုင်းကောင်း

လေပေါ့။ အိမ်ရောက်မှ ကိုယ်က ငြီးတာ။ ကိုယ်နဲ့မ

ကိုက်တဲ့ ကိုယ့်သိက္ခာကို ထိခိုက်တဲ့အလုပ်တွေ

ကိုယ်မကြိုက်တဲ့ အလုပ်တွေ ကိုယ်မလုပ်ချင်တာ

တွေလုပ်ခဲ့ရတဲ့အချိန်။ အဲ့လိုနဲ့ နေ့စားကနေ officially

permanent Staff ဖြစ်သွားတယ်။ ရာထူးက ဒု-ကြီး

မှုး(မီတာ) မီတာဆိုတာ မီတာစာရေး - ရပ်ကွက်ထဲ တစ်

အိမ်တက်တစ်အိမ်ဆင်းမီတာတွေဖတ်ရမှတ်ရ စာရ

င်းသွင်းရ ၊ရုံးမှာလည်း အလုပ်တွေလုပ်ရ အိမ်

ပြန်ရောက်ရင်ငြီး ပင်ပန်း အဲ့လိုနဲ့ ကျောင်းပြီးတဲ့အထိ

လုပ်ခဲ့တာ။ နေ့စားဘဝတုန်းကတော့ ပိုပင်ပန်းတယ်

တခြား မီတာစာရေးတွေရဲ့ လယ်ဂျာလို့ခေါ်တဲ့ ၂

ပေလောက်ရှိတဲ့ စာအုပ်ကြီးတွေ၊ မီတာနံပါတ်

မှတ်တဲ့ကဒ်ပြားတွေမှာ ရေးမှတ်ပေးရတယ်။

တခါတစ်လေ သူတို့မုန့်ဖိုးပေးကြတယ်။ ကိုယ်က

တရားဝင် မီတာစာရေးဖြစ်တော့ ကိုယ့်အပိုင်

ရပ်ကွက်တွေနဲ့ လယ်ဂျာ အပိုင်နဲ့ပေါ့ ဟန်ကျနေတာ။

ကောင်းတာတွေက ကွန်ပျူတာစာစီစာရိုက်ကျွမ်း

သွားတာ၊စာရင်းဇယား လုပ်တတ်သွားတာ အထာ

နပ်သွားတာပေါ့။ အဲ့လိုနဲ့ ဝန်ထမ်းဘဝကို မ

ပျော်တော့ ရုံးတက်ရုံးဆင်းအလုပ်ကို မုန်းလာပြီ။

ရုံးမတက်ဘဲ ရုန်းထွက်ချင်တဲ့ ကာလတွေပေါ့ မိဘ

တွေက ကိုယ့်သား ရာထူးလေးရလာ၊တက်လမ်းလေး

ရှိလာတော့ ဆက်လုပ်စေချင်တယ် ကိုယ်က စာနည်း

နည်းတတ်လာ အပြင်လောကကို ပိုလေ့လာချင်

ထွက်သွားချင် အဲ့မှာ ဘဝကစ ပြသနာတွေတက်ကြ

တော့တာပဲ။

နေ့စားဘဝကနေ ဝန်ထမ်းဘဝ ကထွက်တဲ့အထိ ၆ /၇

နှစ်လောက်အချိန်တွေမြုပ်နှံခဲ့တာ ။

ပျော်စရာတွေလည်း များခဲ့တယ်အမှတ်တရတွေ

ဘဝရဲ့အစတွေ အနိမ့်အမြင့်တွေက ပြန်တွေးတိုင်း

သတိရစရာ သင်ခန်းစာတွေ အခြေခံဖြတ်သန်းမှု

အတွေ့အကြုံတွေပါပဲ။ ဒါပေမယ့် ဝန်ထမ်းဘဝ မ

လွတ်မြောက်သေးပါဘူး။နောက်တစ်နေရာလည်း

ဝန်ထမ်းဘဝထပ်ဖြစ်ခဲ့သေးတဲ့အကြောင်းရေးပါဦးမယ်။
ပုံက လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က အဆင်လေးပေါ့

Want your business to be the top-listed Interior Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon