Eros
photographer
01/01/2023
နှစ်သစ်ဆုတောင်း🙏
ဆင်းရဲသည် ဖြစ်စေဖြစ်စေ
ချမ်းသာသည်
နှလုံးသား ဖြူ စင်တဲ့ သူတွေကြောင့်
ကမ္ဘာမြေကြီး သာယာနိုင်ပါစေ...။
ပညာတတ်သည် ဖြစ်စေ
စာမတတ်သည် ဖြစ်စေ
ကိုယ်ချင်းစာ တတ်သူတွေကြောင့်
ကမ္ဘာ မြေကြီး သာယာနိုင်ပါစေ... ။
ရုပ်ချောသည် ဖြစ်စေ
ရုပ်ဆိုးသည် ဖြစ်စေ
စိတ်ထား မြတ်သူတေွကြောင့်
ကမ္ဘာမြေကြီး သာယာနိုင်ပါစေ... ။
အဆင်ပြေသည် ဖြစ်စေ
အဆင် မပြေသည် ဖြစ်စေ
ရိုးသားစွာ ပေးဆပ်သူ တွေကြောင့်
ကမ္ဘာမြေကြီး သာယာနိုင်ပါစေ
အသားဖြူ သည် ဖြစ်စေ
အသားမဲသည် ဖြစ်စေ
မခွဲခြားဘဲ ဆက်ဆံတတ်သူ တွေကြောင့်
ကမ္ဘာမြေကြီး သာယာနိုင်ပါစေ
ဆာလောင်နေသူကို ဖြစ်စေ
ငိုရှိုက်သံကြားက အရိပ်မဲ့နေသူကို ဖြစ်စေ
ဂရုဏာနဲ့ ကူညီနေသူတွေကြောင့်
ကမ္ဘာ မြေကြီး သာယာနိုင်ပါစေ
ဆပ်နိုင်သည် ဖြစ်စေ
မတတ်နိုင်သည် ဖြစ်စေ
ကျေးဇူးတရားကို
မမေ့တတ်သူတွေကြောင့်
ကမ္ဘာမြေကြီး သာယာနိုင်ပါစေ
အရှုံး အမြတ်ကို တစ်စက်မှ မကြည့်သူ
မေတ္တာတရားကို ဝေငှ ပေးရဲသူ
လူသားဆန်တဲ့ သူတွေကြောင့်
ကမ္ဘာမြေကြီး ငြိမ်းချမ်း နိုင်ပါစေ...
"ချစ်သော"ကတော့
အနားမှာ ထာဝရရှိသွားမယ့်
လူကိုသာပေးသင့်တဲ့ အမည်နာမပါပဲ...
11:11PM
8/7/2K22
အနည်းဆုံးတော့
အဆင်ပြေနေကြောင်း ကြားချင်ရုံလေးပါပဲ
အနားမှာ ကိုယ်မဟုတ်တဲ့ တခြားသော
လက်ကိုဆွဲပြီး ပျော်နေရင်တောင်
ပျော်နေတာ သေချာရုံလေးနဲ့တင်
ကျေနပ်နှစ်သိမ့်နိင်မယ့်
ရူးသွပ်မှုမျိုးလည်း ကိုယ့်မှာရှိပါတယ်....
11:11PM
7/7/2K22
ဘာပဲဖြစ်ဖြစ် ဆက်မသွားပါဘူး
မင်းမကြိုက်ရင် ရပ်ထားမှာပါ
မင်းလိုမှလှမ်းခေါ်
"လာပါပြီ" လို့ တန်းအော်ပြီး ပြေးခဲ့ပါ့မယ်...
ပစ်တိုင်းထောင်တွေဟာ
စကားမပြောတတ်ကြဘူးကွဲ့ အချစ်ရဲ့...
11:11PM
5/7/2K22
အချစ်တွေမမြင်လို့ဆိုပြီးလည်း
အပြစ်တွေ မတင်ခဲ့ပါဘူး...
11:11PM
3/7/2K22
ခဏတိုင်း သတိရတယ်လို့
ပြောပြချင်တာ သိလား
မင်းသဘောကျမှ ပြောပြမှာပါ...
11:11PM
2/7/2K22
ပြတ်သားနိင်လွန်းတာမဟုတ်ပဲ
ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ရင်း
ပျက်စီးသွားခဲ့ရတဲ့ လူတစ်ယောက်ပါ...
ကာလနဲ့ရော ဒေသနဲ့ပါ သတိရပါတယ်...
11:11PM
1/7/2K22
ချစ်ခြင်းမေတ္တာရဲ့အမြင့်ဆုံးအပိုင်းက
အပြန်အလှန်ပို့ထားတဲ့ Message ဟောင်းတွေပြန်ဖတ်
မျက်ရည်တွေလျှံတတ်လာခြင်းပါတဲ့ Crushရေ...
11:11PM
29/6/2K22
မင်း ဟာသလုပ်လိုက်တဲ့
ချစ်ခြင်းမေတ္တာဟာလည်း
ငါ့ဘက်က ထုတ်ပြောရဲဖို့
နှစ်တွေအကြာကြီးအားတင်းခဲ့ရမှာလို့
မတွေးခဲ့မိဘူးလား...
မေးကြည့်တာပါ........
11:11PM
27/6/2K22
ဆက်သွားလို့လည်း မကောင်းတာမို့
ရပ်နားလို့ပဲ စောင့်နေပါ့မယ်
မင်းလိုအပ်မှ ခေါ်ပါတော့ကွယ်...
11:11PM
26/6/2K22
ကြောက်နေလည်း
ရှေ့ဆက်တိုးမိတာ
ချစ်ခြင်းမေတ္တာမှာပဲရှိတာပါ...
တစ်ရက်လေးပဲ ပိုပြီး
အတူရှိရ ရှိရ ဆိုပြီးတော့လေ...
11::11PM
25/6/2K22
သတိရခြင်းတောင်
ကိုယ့်အနားက လစ်ရင်လစ်သလို
ထွက်ထွက်ပြေးနေတာ...
မင်းကို ပိုင်ဆိုင်ဖို့
ယုံကြည်ချက်ရှိတယ်ဆိုတာ
အဲ့ဒါ ကိုယ်ညာတာပါကွာ...
11:11PM
24/6/2K22
Click here to claim your Sponsored Listing.