STAJ Japanese Language Center

STAJ Japanese Language Center

Share

🇯🇵 Learn Japanese from Zero to Job
🎌 Tokutei Ginou Training
🎤 Interview Preparation
✈️ Your Path to Work in Japan

05/06/2026

ညဘက်လမ်းလျှောက်ရင်း 鬼 (နတ်ဆိုး) တွေနဲ့တွေ့ရင် ဘာဆက်ဖြစ်မလဲ? 👹

ညဉ့်နက်သန်းခေါင် အိမ်ပြန်လာတဲ့ ဆာမူရိုင်းတစ်ယောက် လမ်းမှာ နတ်ဆိုးတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့လိုက်တဲ့အခါ...
သူ့ကို နတ်ဆိုးတွေက တံတွေးထွေးလိုက်တဲ့အတွက် အဖြစ်ဆိုးတစ်ခုကြုံရပါတော့တယ်။ နောက်ဆုံးမှာတော့ သူ မမြင်ရတဲ့သူဖြစ်သွားခဲ့တယ်! 😱

သူ့ရဲ့ကိုယ်ခန္ဓာကို ပြန်ရဖို့အတွက် ဘယ်လိုအလွမ်းဇာတ်လမ်းတွေ၊ ဘယ်လိုအံ့ဩစရာကောင်းတဲ့ ကံကြမ္မာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ဒီ Video လေးမှာ ကြည့်ရှုလိုက်ရအောင်။

ဂျပန်ရိုးရာ ပုံပြင်လေးတွေ စိတ်ဝင်စားတဲ့ ကျောင်းသား/သူ များအတွက် အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ 😉

Photos from STAJ Japanese Language Center 's post 05/06/2026

မိနစံ ဂျပန်နိုင်ငံက ခရီးဝေးဘတ်စ်ကားတွေအကြောင်း ကြားဖူးကြလား🤔
(ဂျပန်လိုဖတ်ကြည့်ချင်သူတွေအတွက်လည်း ထည့်ထားပေးတယ်နော်☺️)

ဥပမာ Tokyo ဆိုရင် 『バスタ新宿』လို ဘတ်စ်ကားဂိတ်ကြီးတွေကနေ ဂျပန်နိုင်ငံအနှံ့ကို သွားတဲ့ ဘတ်စ်ကားတွေ စီးနိုင်ပါတယ်။😉

Shinkansen ထက် အချိန်ပိုကြာပေမယ့်၊ တစ်ခါတလေ ကုန်ကျစရိတ်က တစ်ဝက်လောက်သက်သာနိုင်ပါတယ်😱

ဒေသတွင်း ပြေးဆွဲတဲ့ လိုင်းကားတွေဆိုရင် စျေးသက်သာတဲ့အခါ ယန်း ၂၀၀ လောက်နဲ့ စီးလို့ရနိုင်တယ်။😱

ဆင်းချင်တဲ့အခါ button နှိပ်ပြီး ဆင်းယုံပါပဲ။🙂‍↔️

ဒါပေမယ့် bus တချို့ကတော့ ဂျပန်လိုပဲ announcement ပြောတာကြောင့် မကျွမ်းကျင်သေးတဲ့သူတွေအတွက်တော့ “စွန့်စားခန်း” လို ဖြစ်နိုင်ပါတယ်နော်။🥺

အစပိုင်းမှာတော့ စျေးသက်သာတဲ့ လိုင်းကားကို စပြီး နောက်ဆုံးမှတ်တိုင်အထိ စီးကြည့်တာက မြို့ကိုလည်း လေ့လာလို့ရပြီး စိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်ပါတယ်။
Tour bus တွေဆိုရင် guide က လိုက်ရှင်းပြပေးတာကြောင့် ဂျပန်စာလေ့လာဖို့လည်း အထောက်အကူဖြစ်ပါတယ်။

Tokyo မှာတော့ 水上バス (ရေပေါ်ဘတ်စ်ကား) လည်း ရှိပါတယ်။
အကြံပြုချင်တဲ့ လမ်းကြောင်းကတော့ Asakusa ကနေ Hamarikyu အထိ ဖြစ်ပါတယ်။

အခွင့်အရေးရှိရင် မိနစံ စမ်းစီးကြည့်ကြနော် ✨✨✨

皆さんは長距離(ちょうきょり)バスに乗ったことがありますか。例えば東京なら、『バスタ新宿(しんじゅく)』などのバスターミナルから、日本の各地(かくち)に出発(しゅっぱつ)するバスに乗ることができます。新幹線(しんかんせん)よりも時間はかかりますが、半分以下(はんぶんいか)の料金(りょうきん)で行くこともできます。

地域(ちいき)を走る路線(ろせん)バスは、低額運賃(ていがくうんちん)の場合は200円くらいで乗車(じょうしゃ)できます。降りるときはボタンを押して知らせます。デモバスによっては日本語でしかアナウンスがないので、慣れていない人には『冒険(ぼうけん)』かもしれませんね。最初(さいしょ)は、低額運賃の路線の開発(かいはつ)から終点(しゅうてん)まで乗ってみると、町の見学にもなり、面白いと思います。観光(かんこう)バスは、ガイドさんが案内(あんない)してくれますから、ガイドさんが案内してくれますから、日本語の勉強にもなります。

東京には水上(すいじょう)(海上(かいじょう))バスもあります。おすすめのコースは浅草(あさくさ)から浜離宮(はまりきゅう)です。ぜひ、試してみてください。

04/06/2026

📧 JLPT ဖြေဖို့ N3 Reading မှာ メール နဲ့ お知らせ ဖတ်ရတာ ခက်နေသလား?

❌ စာအကုန်ဖတ်➡️မေးခွန်းဖတ်
⭕️မေးခွန်းဖတ်➡️ဘာရှာမရလဲသိ➡️စာပုဒ်ဖတ်

ဒီနေ့ N3 Reading ရဲ့ အမှတ်ရလွယ်ဆုံး メール・お知らせ ဖတ်နည်းကို လေ့လာကြရအောင်!

Photos from STAJ Japanese Language Center 's post 02/06/2026

ဒီသံဘူး👇ထဲက ပေါင်မုန့်လေးတွေက ဘာတွေများလဲ🤔🤔

ဘာလေးတွေလဲ လေ့လာကြည့်ရအောင် မိနစံရေ....✨

ဒါလေးတွေက PANCAN လို့ခေါ်တဲ့ သံဗူးပေါင်မုန့်လေးတွေပါပဲ😱😱😱

ဂျပန်လိုမျိုး ငလျင်ဖြစ်ပွားမှုများတဲ့ နိုင်ငံမှာတော့ ဘယ်အချိန်မှာ ငလျင်ထလှုပ်မလဲ မသိနိုင်တာကြောင့် အရေးပေါ်အစားအစာတွေကို ကြိုတင်ပြင်ဆင်ထားဖို့က တကယ်အရေးကြီးပါတယ်။🔔🔔

“အရေးပေါ်အစားအစာဆိုတာဘာလဲ??”ဆိုတော့ အရေးပေါ်အခြေအနေမှာစားဖို့လုပ်ထားတဲ့မုန့် (ဉပမာ-အရမ်းမာတဲ့ ဘီစကစ်)၊ရေနွေးထည့်လိုက်ယုံနဲ့ စားလို့ရတဲ့ ထမင်းက လူအများဆုံးသုံးခဲ့ကြပေမယ့် ဒီနောက်ပိုင်းခေတ်စားလာတာကတော့ ရေရှည်သိမ်းထားလို့ရတဲ့ ပေါင်မုန့်ဘူးတွေဖြစ်ပါတယ်။😱😱

အဲ့ဒီလိုမျိုး ရေရှည်သိမ်းထားလို့ရတဲ့ ပေါင်မုန့်ဘူးတွေရဲ့ သက်တမ်းကုန်ဆုံးရက်ကတော့ ၃နှစ်ကနေ ၅နှစ်အထိ ရှိပါတယ်တဲ့။ပေါင်မုန့်ဘူးရဲ့ အဖုံးကိုဖွင့်လိုက်မယ်ဆိုရင်တော့ နူးနူးညံ့ညံ့ ဖောင်းပွနေတဲ့ ပေါင်မုန့်ကို မြင်ရမှာပဲ ဖြစ်ပါတယ်။
အရေးပေါ်အခြေအနေတွေနဲ့ ဈေးဝယ်ထွက်ဖို့ခက်တဲ့ သက်ကြီးရွယ်အိုတွေအတွက်ကတော့ တကယ့်ကို အသုံးဝင်တဲ့ တီထွင်ဖန်တီးမှုပစ္စည်းလေးပဲနော်.........

02/06/2026

လျှောက်ထားလို့ရပါသေးတယ်နော်.....📢📢📢

📣 Japanese Language Teacher ခေါ်ယူနေပါသည် 🇯🇵✨

ဂျပန်စာသင်ကြားခြင်းကို စိတ်ဝင်စားပြီး
ကျောင်းသားတွေကို စိတ်ရှည်ရှည်နဲ့ သင်ပေးနိုင်တဲ့ ဆရာ/ဆရာမများကို ခေါ်ယူနေပါသည်😊

လစာ- 9သိန်း~(N2 passed)
လစာ-၁၂သိန်း~(N1 passes)
⭐️လစာကို မိမိ၏ level နှင့် အရည်အချင်း၊အတွေ့အကြုံအလိုက် ညှိနှိုင်းနိုင်ပါသည်။

✅ ဂျပန်စာကို စိတ်ဝင်စားသူ
✅ သင်ကြားရတာကို နှစ်သက်သူ
✅ တာဝန်ယူမှုရှိပြီး ပေါင်းသင်းဆက်ဆံရေးကောင်းသူ
✅ Experience ရှိသူ / မရှိသူ လျှောက်ထားနိုင်ပါသည်✨

📍 Location : ၇မိုင်၊မရမ်းကုန်းမြို့နယ်
⏰ Working Time : 9:00-5:00(Monday to Saturday)

စိတ်ဝင်းစားပါက 09759779733(Viber) သို့ CV Form နှင့် အောင်လက်မှတ်များပေးပို့လျှောက်ထားနိုင်ပါသည်။

01/06/2026

"သင်ယူရင်း လက်တွေ့လုပ်၊ လုပ်ရင်းနဲ့ ကျွမ်းကျင်!" 🇯🇵

အောက်က ပုံလေးတွေက STAJ Japanese Language Center မှ ကျောင်းသား၊ ကျောင်းသူများသည် ဂျပန်နိုင်ငံတွင် အလုပ်ဝင်နိုင်ရန် လိုအပ်သော အခြေခံ ချက်ပြုတ်ရေးနှင့် အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်မှုများကို လက်တွေ့သင်ယူခဲ့ကြတာပဲဖြစ်ပါတယ်။
အစားအစာပြင်ဆင်ခြင်းမှ စတင်ကာ ချက်ပြုတ်ခြင်းအထိ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရင်း လုပ်ငန်းခွင်တွင် လိုအပ်သော စည်းကမ်း၊ တာဝန်ယူမှုနှင့် Teamwork စွမ်းရည်များကိုလည်း မြှင့်တင်နိုင်အောင် ဂျပန်လူမျိုးဆရာမက သင်ကြားပြ‌သပေးတာပါ....

📚 ဂျပန်စာသင်ယူခြင်းသာမက 👨‍🍳 လက်တွေ့ကျွမ်းကျင်မှုများကိုပါ 🌟 အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ပေးနေသော STAJ Japanese Language Center

30/05/2026

ဂျပန်ရောက်နေတဲ့ ကျောင်းသူလေးရဲ့ Reviewလေး✨✨✨

日本へ行った後も
こうやって感謝のメッセージを送ってくれることが
本当に嬉しいです 🤍
これからも頑張ってくださいね 🇯🇵✨

ဂျပန်ရောက်ပြီးနောက်မှာလည်း
ဒီလိုကျေးဇူးတင်တဲ့ message တွေပို့ပေးတာတကယ်ဝမ်းသာရပါတယ်ရှင့်🤍

社長၊ ဆရာ/ဆရာမတွေ၊ သင်တန်းနဲ့ Agent ကို
ယုံကြည်ပြီး ကြိုးစားပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။🥰🥰

ကျောင်းသားတွေ ဂျပန်မှာကြိုးစားနေတဲ့ပုံတွေ သတင်းတွေမြင်တိုင်းကြားတိုင်း
ဒီအလုပ်ကိုလုပ်ရတာ အဓိပ္ပါယ်ရှိတယ်လို့ ခံစားရပါတယ်။✨

ရှေ့ဆက်ပြီးလည်း ဂျပန်မှာ အဆင်ပြေပြေနဲ့အောင်မြင်စွာ ကြိုးစားနိုင်ပါစေ 🇯🇵

29/05/2026

"ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ရိုးရာပုံပြင် Momotaro (မိုမိုတာရို) 🍑⚔️"

ဂျပန်နိုင်ငံမှာဆိုရင် ကလေးတိုင်၊ စိတ်ဓာတ်ကောင်းမွန်တဲ့ သူရဲကောင်းဖြစ်လာမလဲ?

ရွာသားတွေအတွက် နတ်ဆိုးတွေကို နှိမ်နင်းဖို့သွားတဲ့ ခရီးစဉ်မှာ ခွေး၊ မျောက်၊ ရွှေဖားမြီးတို့နဲ့ ဘယ်လိုမဟာမိတ်ဖွဲ့သွားမလဲဆိုတာကို ဒီဗီဒီယိုလေးမှာ ခံစားကြည့်ရှုနိုင်ပါတယ်။ ဂျပန်ယဉ်ကျေးမှုရဲ့ စည်းလုံးညီညွတ်ခြင်းနဲ့ သတ္တိရှိခြင်းဆိုတဲ့ သင်ခန်းစာကောင်းလေးတွေကို ဒီပုံပြင်လေးထဲမှာ မြင်တွေ့ရမှာပါ။

#ဂျပန်ပုံပြင် #မိုမိုတာရို

29/05/2026

📢 Japan Job Page Admin Staff ခေါ်ယူခြင်း

ဂျပန်ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး page & TikTok Page များအတွက်
Page Admin Staff (2) ယောက် ခေါ်ယူနေပါသည်။

📌 တာဝန်များ
✅ Reply များ ပြန်ရန်
✅ Job Post များ တင်ရန်
✅ Applicant များထံမှ လိုအပ်သောအချက်အလက်များ တောင်းရန်
✅ အလုပ်ခေါ်စာများ ရေးတင်ပေးရန်

💰 လစာ — 400,000 MMK +
(အတွေ့အကြုံနှင့် Skill ပေါ်မူတည်၍ ညှိနှိုင်းနိုင်)

📌 လိုအပ်ချက်
🔹 Social Media / Page Admin အတွေ့အကြုံရှိသူ ဦးစားပေး
🔹 Japanese Job Content နားလည်သူ ပိုကောင်း
🔹 လုပ်ငန်းအတွေ့အကြုံရှိပါက ဂျပန်စာမလို
🔹 အတွေ့အကြုံမရှိပါက JLPT N4 အောင်ထားရမည်

📌 လိုအပ်သော Skill
✔ page & TikTok အသုံးပြုတတ်ရမည်
✔ Communication ကောင်းရမည်
✔ Reply ပြန်ရာတွင် ယဉ်ကျေးပြေပြစ်ရမည်
✔ Content ရေးနိုင်သူ ပိုအဆင်ပြေ

📩 စိတ်ဝင်စားသူများ CV Form ပို့ပြီး 09759779733(Viber)သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

Photos from STAJ Japanese Language Center 's post 29/05/2026

အောက်က အစိမ်းရောင် ဂြိုလ်သားနဲ့ တိုင်ပတ်ဖူးသူများရှိကြလား🥲admin ကတော့ ဂျပန်ရောက်ဖူးခါစ ခဏခဏတိုင်ပတ်ပါတယ်😁
အဲ့တော့ ဘာလုပ်ရလဲဆိုတော့ လမ်းကြောင်းတစ်လျှောက်လုံးက ဘူတာရုံနာမည်တွေ အကုန်အလွတ်ကျက်ပလိုက်ရပါတယ်🥺

"ဂျပန်ရဲ့ နှလုံးသား - Yamanote Line" 💚💚💚

ဂျပန်နိုင်ငံရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ဂျပန်လူနေမှုဘဝကို နားလည်ချင်ရင် Yamanote Line (山手線) အကြောင်း သိထားဖို့ လိုပါတယ်။

ဘာလို့ အရေးကြီးတာလဲ?🤔🤔🤔

တိုကျိုမြို့ရဲ့ အဓိကနေရာတွေ (Shinjuku, Shibuya, Tokyo, Akihabara) ကို ပတ်ပတ်လည် ချိတ်ဆက်ပေးထားပါတယ်။

ဂျပန်ကုမ္ပဏီကြီးအများစုက ဒီရထားလမ်းကြောင်းတစ်လျှောက်မှာပဲ ရုံးချုပ်တွေရှိကြပါတယ်။

Yamanote Line ဟာ အဝိုင်းပုံ လမ်းကြောင်းဖြစ်ပြီး တစ်ပတ်ပတ်ဖို့ အချိန် မိနစ်၆၀ ခန့် ကြာမြင့်ပါတယ်။ 😱😱😱

တိုကျိုမှာ အလုပ်လုပ်ချင်သူတွေအတွက်တော့ ဒီရထားလမ်းဟာ မနက်ခင်းလူကြပ်ချိန်တိုင်း တိုးဝှေ့စီးရတာက စိန်ခေါ်မှုကြီးတစ်ခုပေါ့!"🤧🤧🤧



#ပျော်ပျော်ရွှင်ရွှင်ဂျပန်စာသင်ကြမယ်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

No(1/B), U Sein Maung Street, 7 Miles
Yangon