Breakthrough Zone
What we can do?
22/11/2025
အောက်ခြေသန်းတစ်ထောင်
“ဝင်ငွေနည်းပါးခြင်းဆိုတာ ရှင်းရှင်းပြောရရင်တော့ ဆင်းရဲခြင်းပဲ
ဖွံ့ဖြိုးမှုရပ်တန့် ဒါမှမဟုတ် ဆုတ်ယုတ်နေခြင်းဆိုတာက မျှော်လင့်ချက်ကင်းမဲ့မှုပဲ”
ဒီစာအုပ်ထဲမှာပြောထားတဲ့ အကြောင်းရာတွေကိုကြည့်မိရင် အိမ်တစ်အိမ် ဒါမှမဟုတ် နိုင်ငံတစ်ခုမှာ ဆင်းရဲနွမ်းပါးမှုနဲ့ ပဠိပက္ခဖြစ်ပွါးနေမှုက ဒီအိမ် ဒီနိုင်ငံမှာ ဘယ်လောက်ထိ သက်ရောက်မှုရှိနေသလဲ ဆိုတာကိုပြနေပါတယ်
ပြဿနာဆိုတာ လူတိုင်းကြုံတွေ့ရတဲ့အရာဆိုပေမယ့် ပြဿနာရဲ့ အရင်းမြစ်ကိုတော့ ရှာဖွေနိုင်တဲ့လူကရှားတယ်လို့ပြောရမှာပေါ့ လူတွေမှာ များသောအားဖြင့် ရှာဖွေတဲ့နည်းလမ်းထက် အပြစ်တင်ကြတဲ့လူကပိုများတတ်တာ သဘာဝပါပဲ ကိုယ့်အိမ်မှာဘာဖြစ်နေလဲ နားလည်ဖို့အတွက် သူများအိမ်ကိုလိုက်ကြည့်နေဖို့ မလိုပါဘူး ကိုယ့်ပြဿနာကိုယ်ဖြေရှင်းဖို့ကသာ အဓိကဖြစ်သင့်ပါတယ်
ဖြေရှင်းဖို့ဆိုတဲ့နေရာမှာ ပြဿနာကဘာလဲ ဆိုတာကိုအရင်နားလည်နိုင်မှပဲ ဖြေရှင်းနိုင်တာပေါ့
လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဆိုပေမယ့် မဖြေရှင်းပဲထားတာကလည်း နည်းလမ်းအမှန်တော့ မဟုတ်သေးဘူး
နိုင်ငံတစ်နိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုဆိုတာကို ဘာနဲ့တိုင်းတာကြမလဲ နိုင်ငံခြားဝင်ငွေနည်းပါးမှုလား
အလုပ်ရှားပါးမှုပြဿနာလား နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှု မရှိခြင်းကြောင့်လား
ဒါဆိုရင် အိမ်တစ်အိမ်ရဲ့ မတည်ငြိမ်မှုမှာရော ဘယ်အရာတွေကိုအရေးပါတယ်လို့ပြောနိုင်မလဲ
စာရေးသူကဒီစာအုပ်ထဲမှာ ပါဝင်တဲ့ မတည်မြဲတဲ့ အတွင်းရေးပြဿနာများဟာ တည်ငြိမ်အေးချမ်းမှု မရှိခြင်းဟာ အဓိကပြဿနာလို့ဆိုပါတယ်
တည်ငြိမ်မှုမရှိခြင်းကြောင့် ဖြစ်လာသမျှ အကျိုးဆက်တွေအားလုံးဟာ နိုင်ငံတစ်နိုင်ငံပေါ်မှာ ဘယ်လောက်ထိသက်ရောက်နေသလဲဆိုတာ အိမ်တစ်အိမ်ရဲ့ အတွင်းရေးပြဿနာများနဲ့ ဆက်စပ်ဖော်ပြထားတဲ့စာအုပ်ကောင်းတစ်အုပ်ပဲဖြစ်ပါတယ်
Breakthrough Zone #အောက်ခြေသန်းတစ်ထောင်
19/05/2025
Secondhand embarrassment ဆိုတာကို ဘယ်အချိန်လောက်မှာ စသိခဲ့လဲ
ငယ်ငယ်တုန်းက တစ်ယောက်ယောက်က ပေါက်ကရတွေလုပ်နေတာမြင်ရင် ကိုယ့်စိတ်ထဲ “သူ့အစား ငါရှက်လိုက်တာ” ဆိုတာမျိုးကို အကုန်လုံးတော့ခံစားဖူးလောက်မှာပါ
တစ်ခါတလေ ရုပ်ရှင်ဇာတ်ကားထဲက သရုပ်ဆောင်တစ်ယောက် မထော်မနန်းတွေလုပ်ပြတာကိုကြည့်နေရင်း ကိုယ်လုပ်မိသလို ရှက်လာတာမျိုးပေါ့
ငယ်သေးတဲ့အချ်ိန်မှာတော့ ဒါဟာ secondhand embarrassment လို့ နားမလည်သေးပေမယ့် မျက်နှာပူတာ ရှက်တာကိုတော့ ခံစားတတ်နေပါပြီ
Secondhand embarrassment ဖြစ်တယ်ဆိုတာ တကယ်တော့ empathy ပါပဲ တစ်ဖက်လူကို စာနာ တတ်တာပေါ့ သူလုပ်နေတဲ့အပြုအမူက ရှက်စရာဆိုတာ သူမသိလည်း ကိုယ်ကသိနေတော့ သူ့လိုမျိုးမဖြစ်မိအောင်လည်း ကိုယ့်ကိုကိုယ် ကာကွယ်ပြီးသားဖြစ်တာပေါ့
တစ်ယောက်ယောက်က တလွဲတွေလုပ်နေတယ်ဆိုတာကိုမြင်တာနဲ့တင် ကိုယ်ကတော့ ဒါကိုရှောင်သင့်တယ်ဆိုတဲ့ အသိလေးရှိသွားတာပေါ့ secondhand embarrassment ရှိတာ ကောင်းလားမေးရင်တော့ ကောင်းတဲ့အခါလည်း ရှိသလို ဆိုးတဲ့အခါလည်းရှိပါတယ်
ရှက်စရာအပြုမူတစ်ခုကိုမလုပ်မိအောင်ထိန်းသိမ်းနိုင်သလိုပဲ secondhand embarrassment အလွန်အကျွံ ခံစားမိတာကတော့ မကောင်းတဲ့အရာပါ တစ်ခြားသူတွေရဲ့ ရှက်စရာအပြုအမူကို ကိုယ်ကအလွန်အကျွံခံစားမိနေရင်တော့ ကိုယ့်အတွက် stress ရစရာတွေပဲဖြစ်လာမှာပါ
တချို့အချိန်တွေမှာ ပြုလုပ်သူကိုယ်တိုင်တောင် ရှက်စရာလို့မခံစားမိတာကို ကိုယ့်အမြင်နဲ့ ကိုယ့်ဘာသာရှက်နေတာမျ်ိုးလည်းဖြစ်နေတတ်ပါတယ်
ဆိုတော့ secondhand embarrassment ကို empathy ဖြစ်မှု စဉ်းစားတွေးခေါ်နိုင်မှုစတဲ့ ကောင်းတဲ့အရာတွေအတွက် ခံစားနိုင်သလို အလွန်အကျွံဖြစ်လာခဲ့ရင်တော့ ကိုယ့်ရဲ့ mental health ကိုထိခိုက်လာနိုင်ပါတယ်
02/05/2025
“Sometimes, it’s better not to know than to know.”
တစ်ချို့အရာတွေက တစ်ခါတစ်လေမှာ မသိဘဲနေတာက ပိုပြီး စိတ်သက်သာရာ ရနိုင်မလား?
ငယ်ငယ်တုန်းက ကလေးဘဝအရွယ်မှာ အသေးဖွဲကိစ္စလေးတွေကအစ ပျော်စရာလို့မြင်နိုင်ပေမယ့် အသက်အရွယ်တစ်ခု ရောက်လာတဲ့အချိန်မှာ ဒီလိုကိစ္စမျိုးလေးတွေက ပျော်စရာမဖြစ်နိုင်တော့တာ အစတည်းက ပျော်စရာမဖြစ်ခဲ့လို့လား ဒါမှမဟုတ် ကြီးပြင်းလာမှုရဲ့ ပြယုဂ်တစ်ခုပဲဖြစ်နေတာလား
ကလေးဘဝတုန်းက အရမ်းကြိုက်ခဲ့တဲ့မုန့်တစ်ခု၊ကစားစရာ၊
လုံလုံလောက်လောက်မရခဲ့တဲ့အရာတွေကို
အရွယ်ရောက်ပြီးနောက်ပိုင်း လိုချင်သလောက် ရနိုင်တဲ့အရွယ်မှာရလာခဲ့ရင် ခံစားရတဲ့ပျော်ရွှင်မှုက ငယ်ငယ်တုန်းက ခံစားရသလောက် ကြီးနိုင်တော့မယ်မထင်ဘူး
တစ်ချို့အရာတွေက အစတည်းက ဖြစ်နေပြီးသားပေ
မယ့် ကိုယ်က နားလည်နိုင်စွမ်းရှိတဲ့ အရွယ်တစ်ခုကို
မရောက်နိုင်သေးရင် နားလည်နိုင်မှာမဟုတ်ပါဘူး
လောကဓံဆိုတာ ဘာမှန်းမသိတဲ့အရွယ်မှာ အရာအားလုံးဟာ ပျော်ရွှင်စရာတွေလို့ပဲမြင်နေနိုင်ပေမယ့် တကယ်တမ်းကျ ကိုယ်မသိတတ်ခင်အချိန်တည်းက ဖြစ်ပျက်နေပြီးသားအရာတွေဖြစ်နေတတ်တာပါ
ကလေးဘဝကနေ လူငယ်ဘဝကိုရောက်လာတယ် အဲ့ကနေမှ လူကြီးဖြစ်လာကြတယ် အပြောင်းအလဲဆိုတဲ့အချိန်တွေက အခက်ခဲဆုံးပါပဲ ဘဝအကြောင်း နားမလည်သေးတဲ့အရွယ်ကနေ ရုတ်တရက် လောကဓံကိုကြုံတွေ့လိုက်ရတယ် အဆင်သင့်မဖြစ်သေးပေမယ့် လက်ခံလိုက်ရတယ် များသောအားဖြင့် လူငယ်တွေဟာ လောကဓံကိုကြုံတွေ့ခါစအချိန်မှာ လမ်းပျောက်တတ်ကြ
ပါတယ်
ဒါကို ငါ့အလှည့်ကျမှ ဘာလို့ဒါတွေဖြစ်နေရတာလဲဆိုတဲ့ အတွေးဟာ တစ်ခါတလေမှာ ကိုယ်တစ်ယောက်တည်း လောကဓံကြုံရတာမဟုတ်ဘဲ ကိုယ်က ဖြစ်ပျက်ပြီးသား အရာတွေကိုနားလည်နိုင်စွမ်းရှိတဲ့ အနေအထားတစ်ခုကို ရောက်လာတာမျိုး ဖြစ်တတ်ပါတယ်
ပျော်စရာတွေက နည်းပါးသွားတာလား ဒါမှမဟုတ် နားလည်လက်ခံနိုင်စွမ်းတွေ များလာတာလား သေချာတာတစ်ခုကတော့ လက်မခံချင်ရင်တောင် လက်ခံပြီးနေရမယ့် အခြေအနေဖြစ်နေတာပါပဲ အိပ်မက်တွေနောက်လိုက်ရင်း ကိုယ့်ကိုကိုယ်ပျောက်ဆုံးသွားတာတွေလည်း အများကြီးပဲပေါ့
လောကဓံကိုဘာမှန်းမသိတဲ့ ကလေးအရွယ်လေးမှာ တစ်သက်လုံးရှင်သန်နေဖို့ဆိုတာကလည်း မဖြစ်နိုင်တဲ့ အိပ်မက်လေးတစ်ခုပါပဲ…
22/04/2025
Relationship တစ်ခုတည်မြဲဖို့ဆိုရင် အခြေခံအချက်အနေနဲ့တော့ Love,Passion နဲ့ Mutual Respect ရှိဖို့လိုအပ်တယ်
ဘယ်လိုပဲချစ်ကြပါတယ်ဆိုဆို အပြန်အလှန်လေးစားမှုလေးတစ်ခုကတော့ boundary အနေနဲ့ထားသင့်တယ်လို့ထင်တယ် ဒီဘက်ခေတ် relationship တွေမှာတော့ ဒါမျိုးတွေသိပ်မတွေ့ရဘူးလို့လည်းမြင်မိတယ်
note-Love is important but others also matter
အချစ်ကအရေးကြီးပါတယ် ဒါပေမဲ့ တစ်ခြားအရာတွေကလည်း အရေးပါတယ်
ဒါဆိုအချစ်မရှိလို့ရောဖြစ်နိုင်ပါ့မလား ချစ်ခြင်းမေတ္တာမပါတဲ့ ဆက်ဆံရေးတစ်ခုကတည်တံ့လိမ့်မယ်လို့တော့မထင်ဘူး
ဒါဆို အချစ်တစ်ခုတည်းနဲ့ရော အရာအားလုံးက အဆင်ပြေနိုင်ပါ့မလား
ချစ်နေရုံနဲ့ ဘာဖြစ်ဖြစ် သည်းခံနိုင်တယ်ဆိုတာကတော့ သဘာဝမကျပါဘူး
ကိုယ့်ကိုချစ်တယ်လို့သာပြောနေပေမယ့် တစ်ဖက်လူရဲ့ action မှာတကယ်ရော အချစ်ပါရဲ့လားဆိုတာ စဉ်းစားရမယ်လို့ထင်တယ်
နှုတ်ဖျားလေးက ချစ်နေပေမယ့် ကိုယ်စိတ်ဆင်းရဲစရာ ကိစ္စတွေပဲရွေးလုပ်နေမယ်ဆိုရင် အချစ်လို့ခံယူထိုက်ပါဦးမလား
ဆက်ဆံရေးတစ်ခုဆိုတာ give and take ရှိသင့်တယ် အပေးအယူဆိုတာထက် အသွားအပြန်လို့ပဲသုံးနှုန်းပါမယ် ကိုယ်ပေးနေသလောက် မေတ္တာတွေ တစ်ဖက်
ကလက်ခံနိုင်ပြီး သူ့ဘက်ကလည်းပြန်ပေးနိုင်မှ ခိုင်မာတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်မှာပါ
တစ်ခုတော့ရှိတာပေါ့ ကိုယ်ဟာ အချစ်ကိုပေးနိုင်ပြီး လက်လည်းလက်ခံနိုင်တဲ့ လူတစ်ယောက်သာဆိုရင် ကိုယ့်အတွက် toxicity ဖြစ်နေတဲ့ environment ကနေ ထွက်သွားနိုင်ဖို့လည်း လိုပါတယ်
Stop being your own worst critic.
Be kind to yourself, You deserve compassion too.
26/03/2025
ကိုယ့်အပေါ်မှာညှာတာမှုရှိတဲ့လူကိုရွေးချယ်ပါတဲ့
လူတွေမှာလေ ဘယ်သူကတော့ကိုယ့်အပေါ် စေတနာရှိတယ် ဘယ်သူကတော့ ကိုယ့်ကိုဘယ်လိုအနေအထားနဲ့ဆက်ဆံတယ်ဆိုတာ အားလုံးကနားလည်ကြပါတယ် ကိုယ့်အပေါ်ကောင်းတဲ့သူ စေတနာရှိတဲ့သူ မေတ္တာရှိပါတယ်ဆိုတဲ့ လူတွေအားလုံးထဲမှာ
တကယ်တမ်း ကိုယ့်ကိုညှာတာတဲ့လူက ဘယ်နှစ်ယောက်လောက်များပါနိုင်မလဲ
ညှာတာမှုဆိုတာကို ဘာနဲ့တိုင်းတာနိုင်မလဲ
သူ့မှာ ၁၀၀ ရှိလို့ ၅၀ ပေးနိုင်တဲ့လူနဲ့ ၂၀ ရှိတာ၂၀ လုံး ကိုယ့်အတွက်ပေးနိုင်တဲ့လူ ဒီနှစ်ယောက်ထဲမှာ ဘယ်သူကကိုယ့်အပေါ်စေတနာပိုရှိနိုင်မယ်လို့ထင်ပါသလဲ ဒါဆိုစေတနာကိုငွေကြေးနဲ့တိုင်းတာတယ်လို့သတ်မှတ်နိုင်မလား
လူတွေဟာ တော်တော်များများ self centered ထားကြပါတယ် ကိုယ့်ကိုကိုယ်ဆိုတာပြီးမှ တစ်ခြားသူဆိုတာဖြစ်တာပါ ဒီတော့ ကိုယ့်ကိုယ်ကိုရှေ့တန်းမတင်ဘဲ တစ်ခြားလူတစ်ယောက်အတွက် အနစ်နာခံပေးနိုင်တယ်ဆိုတာက တော်ရုံနဲ့တော့
မဖြစ်နိုင်ပါဘူး
ကိုယ့်ကိုကိုချစ်လို့ စေတနာရှိလို့ ကိုယ့်ဘဝကိုစိတ်ရင်းအမှန်နဲ့ အမြင့်ကိုရောက်စေချင်တဲ့လူက ၁၀၀ မှာ
၁ ယောက်တောင်ရှာတွေ့နိုင်ပါတော့မလား
ကိုယ်ပြောတဲ့စကားကိုနားထောင်ပေးပြီး ကိုယ့်ခံစားချက်တွေကိုလျစ်လျူမရှူတာ၊ ကိုယ်ဟာလောကကြီး
ထဲမှာ တစ်ယောက်တည်းအထီးကျန်နေတာမဟုတ်ဘူးဆိုတဲ့ အသိကိုတွေ့မြင်စေတာ၊ ကိုယ့်အမှားတွေအတွက် အပြစ်မမြင်ဘဲ နားလည်ပေးပြီး အဆင်ပြေ
စေနိုင်မယ့် နည်းလမ်းကိုရွေးချယ်တာ၊ သူ့ရဲ့အပြောအဆို အမူအရာတွေအားလုံးဟာ ကိုယ့်ကို
မထိခိုက် မနာကျင်စေဘဲ အင်အားဖြစ်စေတာ၊ သူ့ဘဝကိုအနစ်နာခံပြီး ကိုယ့်ဘဝအတွက်ဖြည့်စည်းပေးတာ၊
သူ့ရဲ့အရာအားလုံးဟာ ကိုယ်နဲ့သက်ဆိုင်တယ်လို့ ခံစား
ရလောက်တဲ့အထိ စိတ်လုံခြုံမှုအပြည့်အဝပေးနိုင်တာ
သူဟာတကယ်ပဲ ကိုယ့်အပေါ်ကို မေတ္တာထားနိုင်ပါလားလို့ အသိကိုတွေ့မြင်စေတဲ့လူဟာ ကိုယ့်အပေါ် တကယ် ညှာတာမှုရှိတဲ့လူပါပဲ ကိုယ်တိုင်ကလည်း ဒါကိုသိမြင်ဖို့လိုတာပေါ့ ဒါမှ သူ့ရဲ့ညှာတာမှုဟာလည်း အရေးပါအရာရောက်တဲ့ action တစ်ခုဖြစ်လာနိုင်မှာပါ
Great Good luck sometimes touches a person at least once ဆိုတဲ့စကားလိုပါပဲ လူတွေရဲ့ lifetime တစ်လျှောက်မှာ ဘဝရဲ့ right time right person ကိုဘယ်နှစ်ခါများတွေ့နိုင်မှာမို့လို့လဲ
တကယ်လို့ ကိုယ့်ဘေးနားမှာ ကိုယ့်ကိုညှာတာထောက်ထားတဲ့လူတစ်ယောက်သာရှိနေပြီဆိုရင်တော့
ဒါဟာ Blessing တစ်ခုပါပဲ
11/03/2025
ဘဝကသံပုရာသီးပေးလာတဲ့အခါ သံပုရာရည်ဖျော်သောက်လိုက်ဆိုတဲ့ စကားရှိတယ်မလား
ဒါဆို ဘဝကလိမ္မော်သီးပေးလာခဲ့ရင်ရော လိမ္မော်ဖျော်ရည်လုပ်သောက်လိုက်ပေါ့လေ
When Life Gives You Tangerines ကို စစချင်း trailer ထွက်တဲ့အချိန်တွေတုန်းက အယ်ဆွန်းရဲ့ character ကိုနည်းနည်း selfish ဖြစ်မယ်လို့ထင်ခဲ့ဖူးတယ် ငယ်ငယ်တည်းက စာတော်တဲ့ကောင်မလေး စာအုပ်ကလွဲပြီးလက်ထဲဘာမှမရှိခဲ့တဲ့သူ သူ့မှာရည်မှန်းချက်တွေ မျှော်လင့်ချက်တွေရှိတယ် ကဗျာဆရာမဖြစ်ချင်တယ်
ဂွမ်ရှစ်ကို သူချစ်ပေမယ့် လက်မထပ်ဘူးလို့ပြောတာရောပေါ့
ဒါတွေကိုကြည့်ရင် သူကသေချာပေါက် သူ့တက်လမ်းပဲကြည့်မယ်လို့ထင်မိခဲ့ဖူးတယ် ဒါပေမဲ့ တကယ်တမ်း Drama ကြည့်ပြီးတဲ့နောက်မှ သူဟာ အားလုံးအတွက် အနစ်နာခံခဲ့တယ်ဆိုတာကို ပေါ်လွင်လာခဲ့တာ
“ဇနီးဆိုတာ မီးဖိုချောင်ဝင်တဲ့မိန်းမလို့ ပြောကြပေမယ့် အသက် ၂၀ ပိုင်း ကျွန်မဘဝက ဟင်းချက်တဲ့မိန်းမသာသာဖြစ်ခဲ့ပေမယ့် ပျော်ရွှင်တဲ့နေ့ရက်တွေကိုဖြတ်သန်းခဲ့ရပါတယ်”
အနစ်နာခံနိုင်တဲ့စိတ်ဆိုတာ လူတိုင်းမှာမရှိနိုင်ပါဘူး
လူတိုင်းက တစ်ခြားလူတစ်ယောက်အတွက်နဲ့ သူ့ဘဝတစ်ခုလုံးကိုရင်းနှီးမြှုပ်နှံဖို့ဆိုတာ တော်ရုံမလွယ်တဲ့ကိစ္စပါ ဂွမ်ရှစ်နဲ့အယ်ဆွန်းတို့နှစ်ယောက်လုံး သူတို့ဘဝရဲ့ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေကိုစွန့်လွှတ်ပြီး မိသားစုဘဝတစ်ခုထူထောင်ခဲ့ကြတယ် မပြည့်စုံပေမယ့် သူတို့သမီးလေးစားဖို့အတွက် ဟင်းတစ်ခွက်တော့ စားပွဲပေါ်အမြဲတင်ထားနိုင်ခဲ့တယ် သူတို့နှစ်ယောက်လုံးဘယ်တုန်းကမှ နောင်တမရခဲ့ပါ
ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေစွန့်လွှတ်ပြီး လောကဓံကိုနှစ်ယောက်အတူတူကျော်ဖြတ်ခဲ့ကြတယ် သူတို့နှစ်ယောက်လုံး အတ္တမကြီးခဲ့ကြပါဘူး အဲဒီထဲမှာမှ အယ်ဆွန်းလို ကဗျာဆရာဖြစ်ချင်ခဲ့တဲ့ကောင်မလေးတစ်ယောက်က သူ့အိပ်မက်တွေကိုစွန့်လွှတ်လိုက်ရပေမယ့် သူ့ဘဝတစ်ခုလုံး ဒီယောကျ်ားနဲ့သားသမီးအတွက် မြှုပ်နှံခဲ့လိုက်တာ တကယ့်လက်တွေ့မှာ ဒီလိုအနစ်နာခံပေးနိုင်တဲ့လူဆိုတာ အရမ်းရှားပါတယ်
အထူးသဖြင့် ခုလိုခေတ်ကြီးထဲမှာပေါ့
“သမီးကတော့ အမေ့လိုမျိူးဆင်းရဲတဲ့မိသားစုနဲ့လက်ထပ်ပြီးမနေနိုင်ပါဘူး”
“အမေလည်း အမေ့နည်းအမေ့ဟန်နဲ့ပျော်ခဲ့တာပေါ့
ဘဝရဲ့အလင်းရောင်တွေရှိပြီး ပန်းချီကားတစ်ချပ်လိုပြည့်စုံတဲ့ အခိုက်တန့်တွေဘယ်လောက်များလိုက်သလဲ
အဲဒီအချိန်ကိုပြန်သွားရမယ်ဆိုရင်တောင် သမီးအဖေနဲ့ပဲလက်ထပ်မှာပါ”
မတူညီတဲ့အမြင် မတူညီတဲ့ခေတ်ကာလနှစ်ခုထဲ အမေနဲ့သမီးရဲ့မတူညီခဲ့တဲ့ ရှူထောင့်တစ်ခုပေါ့ အယ်ဆွန်းလိုဘဝကြီးကိုရင်းနှီးမြှုပ်နှံဖို့ဆိုတာ ကိုယ်တိုင်ကနောင်တ ကင်းနိုင်မှဖြစ်မှာပါ နောင်တစ်ချိန်မှာ ဖြစ်ချင်တာတွေဖြစ်ခွင့်မရခဲ့လို့ တစ်ခြားကိုအပြစ်တင်နေမယ်ဆိုရင် ဒါဟာ သေချာတဲ့အနစ်နာခံရွေးချယ်မှုတစ်ခုမဟုတ်ခဲ့လို့ပဲပြောရမယ်ထင်တယ်
အိမ်ထောင်တစ်ခုမှာ ကိုယ့်ကိုယုံကြည်ပြီး ကိုယ့်လက်ကိုဆွဲပြီး နောက်ကလိုက်လာခဲ့တဲ့ ဇနီးတစ်ယောက်ကို သူ့ဘဝကြီးတစ်ခုလုံးနဲ့ရင်းပြီး ကာကွယ်ပေးတဲ့ဂွမ်ရှစ်ကလည်း အဲဒီ့ခေတ် အချိန်တွေထဲမှာ ဖိုဝါဒီကြီးစိုးမှုကို ရိုက်ချိုးပြလိုက်တဲ့
character တစ်ခုပါပဲ
သူတို့တွေချစ်ခဲ့ကြတယ် လောကဓံကိုအတူရင်ဆိုင်ကျော်ဖြတ်ကြတယ် လက်တွဲမဖြုတ်ဘဲရှေ့ဆက်ကြတယ် အတ္တမကြီးခဲ့ကြဘူး ဘဝကပြည့်စုံမနေပေမယ့် သူတို့ကမ္ဘာကြီးထဲမှာတော့ သူတို့ဟာ
ပြည့်စုံနေခဲ့ကြပါတယ်….
10/03/2025
Toxicity…
တစ်ခါတစ်လေ တစ်ချိန်တည်းမှာပဲ ချစ်ခြင်းမေတ္တာနဲ့ နာကျည်းမှုကို အတူတူခံစားနေရမယ်ဆိုရင် အဲဒါက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ toxic relationship ဖြစ်နိုင်ပါတယ်
အလွယ်ကူဆုံးပြောရရင်တော့ ဒီဘက်ခေတ်မှာအများဆုံးရှာတွေ့နိုင်တဲ့ဆက်ဆံရေးတစ်ခုပဲပေါ့
Toxic relationship ဆိုတာ တစ်ခါတလေမှာသမီးရည်းစားဆက်ဆံရေးမျိုးမှမဟုတ်ဘဲ မိဘနဲ့သားသမီးကြား သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေတွေကြားထဲမှာလည်းဖြစ်နိုင်ပါတယ်
ကိုယ်တိုင်ကလည်းတစ်ခါတစ်ရံ Toxic relationship မှာရောက်နေတာလား မသိနိုင်သလို ကိုကိုယ်တိုင်ဟာ Toxic ဖြစ်နေတဲ့လူတစ်ယောက်ဆိုတာကိုမသိတာမျိုးလည်းဖြစ်နေတတ်ပါတယ်
ကိုယ်တိုင်က ဒီလို toxic community ထဲကိုရောက်နေပေမဲ့ မရုန်းထွက်နိုင်တာမျိုးတွေလည်း အများကြီးတွေ့ရတာပေါ့နော်
ပထမဆုံးအနေနဲ့ကတော့ ကိုယ်တိုင်က ဒီလိုအဆိပ်အတောက်ဖြစ်စေတဲ့ပတ်ဝန်းကျင်မှာရောက်
နေပြီဆိုတာကိုနားလည်ရင် အရင်ဆုံးရုန်းထွက်နိုင်ဖို့ကိုလုပ်ရမှာပါ
Control- ကိုယ်ဟာတစ်ခြားလူတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာနေ နေရတာလားဆိုတာ
အရင်ဆုံးစဉ်းစားရပါမယ် ဒီလိုထိန်းချုပ်မှုတွေကြားထဲစိတ်ကျဉ်းကျပ်မှုတွေခံစားနေရရင် ဒါဟာ ပျော်ရွှင်တဲ့ဆက်ဆံရေးတစ်ခုမဖြစ်နိုင်တော့ပါ
Lack of trust- အမြဲစောင့်ကြည့်ခံနေရတာ၊ ကိုယ်ဟာဘာတွေပဲလုပ်လုပ် တစ်ဖက်လူရဲ့ မယုံကြည်မှုကိုပဲ
ရနေမှာပါ ဒါကိုတစ်ခါတစ်လေမှာ ကိုယ့်ကိုချစ်လို့ ဒီလိုတွေလုပ်နေတယ်လို့ positive တွေးစရာမလိုပါဘူး အရာအရာတိုင်းဟာ သူ့ limit နဲ့သူပါ
Constant stress- ကိုယ်က တစ်ဖက်လူအနားမှာရှိနေချိန် ဒါမှမဟုတ် သူ့အကြောင်းတွေးနေတဲ့အချိန်မျိူးမှာတောင် ပျော်ရွှင်တဲ့ခံစားချက်မျိူးမရနေဘဲ စိတ်ဖိစီးမှုကို ခံစားနေရရင် ဒီလူဟာ ကိုယ့်အတွက်ရှေ့ဆက်ဖြစ်
နိုင်ပါ့တော့မလားဆိုတာ စဉ်းစားဖို့လိုနေပါပြီ
Being used- သူလိုချင်တာတွေကိုပဲလိုက်လုပ်ပေးနေရပြီး ကိုယ့်အဆင်ပြေမှုကို ဂရုမစိုက်တတ်တဲ့လူတစ်ယောက်အတွက် ပေးဆပ်ရတာ တန်သလားဆိုတာ တွေးကြည့်ပါ
Verbal abuse- ဝေဖန်တယ်ဆိုတာ တစ်ခါတစ်လေမှာ ကောင်းစေချင်လို့ အကြံပြုတာမျိုးဖြစ်နိုင်ပေမယ့်
ကိုယ့်ရဲ့အားနည်းချက် ခံစားချက်တွေကိုပါ မငဲ့ကွက်ပဲ
သူဖြစ်စေချင်တာတွေအတွက်နဲ့ ကိုယ့်ကို force လုပ်နေရင် တစ်ဖက်လူဟာ ကိုယ့်ကိုမငဲ့ညာဘူးဆိုတာသေချာပါတယ်
Emotional manipulation- ခြိမ်းခြောက်တာ၊ လှည့်ဖျားတာ၊ တစ်ဖက်လူက ကိုယ်ဟာကြောက်တတ်တဲ့လူမှန်းသိလို့ ခြိမ်းခြောက်တယ်ဆိုတာတကယ်တော့ ကိုယ့်စိတ်ကို abuse လုပ်နေတာပါပဲ violence ဆိုတာ ခန္ဓာကိုယ်နာကျင်စေအောင်ပြုလုပ်တာ တစ်ခုတည်းမဟုတ်ပါ
စိတ်ထိခိုက်အောင်လုပ်တာဟာလည်း အကြမ်းဖက်နည်းတစ်မျိူးပါပဲ
ဒီလိုမျိုးတွေဖြစ်လာခဲ့ရင် ကိုယ်ဟာအဆိပ်အတောက်ဖြစ်စေတတ်တဲ့ပတ်ဝန်းကျင်မှာ ရှင်သန်နေပြီလို့ပြောလို့ရပါတယ် ရုန်းထွက်နိုင်ဖို့အတွက်အရေးကြီးတာကတော့…
Know your value- ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်ဖို့ပါ ကိုယ့်ဘဝဟာ သူ့အပေါ်မှာမူတည်မနေပါဘူး တစ်ခြားလူတွေက ကိုယ့်တန်ဖိုးကို
မသိရင်တောင် ကိုယ်ကတော့ ကိုယ့်တန်ဖိုးကိုသိဖို့လိုပါတယ်
Don’t forget that- ကိုယ်ဟာတစ်ခြားလူ
တစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပေးနိုင်လောက်တဲ့အင်အားမျိုးမရှိပါဘူး
ငါပြင်ပေးရင်တော့ ရနိုင်လောက်ပါတယ် I can fix
ဆိုတာက လက်တွေ့မှာထင်တာထက်
အများကြီးပိုခက်ခဲပါတယ်
Conciliation- ကိုယ်တစ်ယောက်တည်းမဖြေရှင်းနိုင်ရင် ဘေးနားပတ်ဝန်းကျင်ကအကူအညီ အကြံဉာဏ်
ကိုယူပါ
Decision making - ဆုံးဖြတ်ချက်ကိုပြတ်ပြတ်
သားသားချပါ ရုန်းထွက်လိုက်မှ အဆင်ပြေမယ့်အခြေအနေမျိုးဆို ရအောင်ရုန်းထွက်ပါ ကိုယ်တိုင်ကရုန်းထွက်နိုင်မှ လွတ်မြောက်မှာပါ
Toxic relationship တွေထဲမှာ ရှိနေရတာက အရမ်းကို ပင်ပန်းစရာပါ ကိုယ့်ကိုယ်ကို အသိအမှတ်ပြုပြီး ချစ်ပေးဖို့၊ ကိုယ့်စိတ်ကျန်းမာရေးကို ဦးစားပေးဖို့ကအရေးကြီးပါတယ်….
09/03/2025
“Youth and era”
လူငယ်တိုင်းမှာ အိပ်မက်တွေ၊ ရည်မှန်းချက်တွေ၊ အခွင့်အလမ်းတွေနဲ့ မျှော်လင့်ချက်တွေ ရှိကြပါတယ်
အဲဒါနဲ့အတူပဲ ခေတ်နဲ့တစ်ပြေးညီ ကျော်ဖြတ်ရမယ့်အခက်အခဲတွေပါ တဖြည်းဖြည်း ပေါ်လာနိုင်ပါတယ်။
ခေတ်ဟာ ပိုမိုအရှိန်မြှင့်လာနေပြီး လူငယ်တွေရဲ့စိတ်နေသဘောထားကလည်း ပြောင်းလဲနေကြပါပြီ
နည်းပညာတွေ အရမ်းမြန်လာလို့ အနာဂတ်ကို ပိုမိုမြင်နိုင်လေ့ရှိပေမယ့်၊ ပျောက်ဆုံးနေတာတွေလည်း အများကြီးရှိတာပေါ့
စိတ်ဖိစီးမှုတွေ၊ လူမှုရေး၊ပညာရေး၊ဆုံးဖြတ်ချက်တွေကြားမှာ တစ်ခါတစ်လေ ဘယ်လိုရှေ့ဆက်ရမှန်း မသိတာမျိုးလည်း ဖြစ်နေတတ်ပါတယ်
So I will give a little advice to you all
✔️Passion-ခေတ်ကြီးထဲမှာ မျှော်မှန်းချက်နဲ့ ရပ်တည်ပါ ရည်မှန်းချက် မျှော်လင့်ချက်တို့ဆိုတာ အရေးပါပါတယ် လူငယ်တစ်ယောက်ရဲ့အိပ်မက်တွေထဲမှာ မဖြစ်နိုင်ဘူးဆိုတာမရှိဘူးလို့ထင်တတ်ကြတာပဲမလား
✔ Believe in yourself – အခြားသူတွေရဲ့ အမြင်ထက်၊ ကိုယ့်ဘက်ကနေ ကိုယ့်ဘဝကို ကိုင်တွယ်နိုင်ဖို့ လိုပါတယ်
✔ Build yourself – ခေတ်နဲ့လိုက်မသွားနိုင်ရင် ပျောက်သွားမှာစိုးရိမ်နေမှာထက် ကိုယ့်ပုံစံနဲ့ ကိုယ့်လမ်းကို ရွေးချယ်ပါ
✔ “Fail” ဆိုတာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းသာပါ တစ်ခါကျရှုံးသွားတယ်ဆိုပြီး ဘဝကအမြဲတမ်းကျရှုံးနေရမှာပဲလို့တွေးဖို့မလိုပါဘူး အခွင့်အလမ်းအသစ်တွေကို ဖန်တီးဖို့အတွက် အတွေ့အကြုံလိုတယ်။
✔ Comparison” ကို လျှော့ချပါ
ဒီခေတ်ထဲမှာတော့ လူတိုင်းက တခြားတယောက်နဲ့ နှိုင်းယှဉ်ခံရတာပါပဲ ဒါပေမယ့် ကိုယ့်ရည်ရွယ်ချက်က “သူ့ထက်ကောင်းလာဖို့” မဟုတ်ဘဲ “အရင်ကကိုယ်ထက် လက်ရှိကိုယ်က ပိုကောင်းလာဖို့ပါပဲ”
Decision making
❌ ခေတ်ကြီးကို ကြောက်နေမှာလား?
✅ ခေတ်ကြီးထဲမှာ ကိုယ့်အတွက် အကောင်းဆုံး လမ်းကိုဖန်တီးမှာလား?
ခေတ်က မပြောင်းလဲနိုင်ဘူး။
ဒါပေမယ့် လူငယ်တွေကတော့ ခေတ်ကို ပြောင်းလဲနိုင်တယ်။
မနက်ဖြန်ဆိုတာ အနာဂတ်တစ်ခု မဟုတ်ပါဘူး ကိုယ့်
လက်ထဲမှာရှိနေတဲ့ အခွင့်အရေးတစ်ခုပါ။
Hi I’m emerald👐🏼
This is your daily source of motivation, inspiration, and positivity. Whether you’re chasing your dreams, overcoming obstacles, or just looking for a boost, I am here to remind you that you are capable of greatness.
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
YGN