DigitalNet Myanmar
✔️Digital Marketing Services
✔️page Services
✔️Website Creation Services
Facebook Password မေ့သွားပါက ပြန်လည်ဆယ်တင်နည်း
Link: https://www.facebook.com/login/identify
12/07/2023
အဝတ်အစား page တွေရောင်းအားတက်ချင်မှသာ ဖတ်ပါရန်
Online Shop ရောင်းချသူတွေအနေနဲ့ ရောင်းအားတက်ချင်တာ မှန်ပေမယ့် လက်တွေ့မှာ ရောင်းအားက ထင်သလောက်မကောင်းဘူးဆိုရင် ဒီအချက်လေးတွေပြင်ပေးဖို့ လိုနေလို့ ဖြစ်ပါတယ်။ တော်တော်များများ ပစ္စည်းတွေရောက်တယ်၊ ပုံရိုက်မယ်၊ content ကိုအဆင်ပြေသလိုလေးရေးပြီး boost ထိုးမယ်၊ တစ်ချို့ service အပ်ကြတယ်...လက်တွေမှာ ထင်သလို ဖြစ်မလာပဲ စိတ်ညစ်နေကြရပါတယ်။ ဒီလိုဖြစ်နေတယ်ဆိုရင်-
✍🏼Content ကိုဒီအချက် ( ၃ )ချက်နဲ့ အရင်ပြင်ရေးပေးဖို့ လိုပါတယ်...
🎯ကိုယ်ရောင်းချင်တဲ့ အဝတ်အစားက ဘယ်လိုလူတွေကို Target ထားတာလဲ အရင်သတ်မှတ်ပါ (လူငယ်တွေကို Target ထားရင် လူငယ်တွေနဲ့သက်ဆိုင်ပြီး popular ဖြစ်စေမယ့် အသုံးအနှုန်းလေးတွေနဲ့ ညှပ်ရေးပေးသင့်ပါတယ် - "အပြင်ထွက်တဲ့အခါ ပေါ့ပေါ့ပါးပါးလေးနဲ့ ပေါ်လွင်နေချင်ရင်တော့"၊ "လူတွေကြားထဲ ထင်းကနဲ ပေါ်လွင်ပြီး လှပကျော့ရှင်းနေချင်တယ်ဆိုရင်" စသည်ဖြင့် အသုံးပြုသင့်)
🎯Location သတ်မှတ်ပါ - ကိုယ်ရောင်းတဲ့ products ကအရမ်းခေတ်ဆန်ပြီး လူငယ်တိုင်းကြိုက်တယ်ဆိုပေမယ့် ရန်ကုန်၊ မန္တလေးမြို့လောက်ပဲ ဝတ်လို့အဆင်ပြေတာ ရှိပါတယ်။ ကိုယ်ကမြန်မာတစ်နိုင်ငံလုံးအနှံပို့ပေးတယ်ဆိုပေမယ့် ကိုယ်ရောင်းတဲ့ products ကနယ်မြို့တွေနဲ့ သင့်တော်လား? အဆင်ပြေနိုင်လား? နယ်ကလူတွေအနေနဲ့ ဝတ်လေ့ဝတ်ထရှိရဲ့လား? စဉ်းစားပေးဖို့ လိုအပ်ပါတယ်။ (ကိုယ်ရောင်းတဲ့ products ပေါ်မူတည်ပြီး ဝယ်နိုင်ချေရှိတဲ့ Location တွေကိုပဲ ဖိပြီး ကြော်ငြာတာက ရောင်းရနိုင်ချေပိုများပါတယ်)
🎯Boost လုပ်မယ့်ကြော်ငြာ Post ကရိုးရိုးရှင်းရှင်းနဲ့ အချက်အလက်ပြည့်စုံပါစေ။ ရိုးရှင်းတဲ့ content လေးတွေကို လူတွေကကြိုက်ကြပါတယ် ဒါပေမယ့်...
✅ယိုးဒယားမိတ်
✅ဈေးနှုန်းဘယ်လောက်
အာ့လိုရိုးရှင်းပေမယ့် လူတွေမဝယ်ကြသေးပါဘူး ဒီတော့
✅အသား Quality လေးကောင်းတယ်
✅ရေလျော်ခံပြီး အသီးလည်းမထတဲ့အပြင် ပုံထဲအတိုင်းလေး ချွတ်ဆွတ်ပါနော် (အပြင်ပုံလေးလည်း ထည့်ပေးထားပါတယ်)
ဒီလိုလေးထပ်ထည့်ရင် သူတို့စိတ်ထဲက သံသယကိုပါ မိမိကမြင်ပြီး ကြိုရေးရှင်းပြပေးထားလို့ ရောင်းရနိုင်ချေ ပိုတိုးလာပါလိမ့်မယ်။ ဒီလိုလေးရေးပေးခြင်းက ဝယ်ယူမယ့်သူများအတွက် ယုံကြည်မှုတိုးလာစေနိုင်တဲ့အပြင် သက်တောင့်သက်သာ ရှိစေပါတယ်။ ဒီလိုအချက်လေးတွေထည့်ပြီးရင်တော့ ဆိုင်ရှိရင်ဆိုင်မှာလာကြည့်လို့ရကြောင့် Online Shop ဆိုရင်လည်း Deli နဲ့အိမ်အရောက် ငွေချေဆောင်ရွက်ပေးကြောင်း နယ်ဆိုလည်း ဘယ်လိုပို့ပေးကြောင်း ရှင်းလင်းစွာပြောပေးဖို့လိုအပ်ပါတယ်။
နောက်ဆုံးအပိတ်လေးကိုလည်း CTA (Call to Action) လို့ခေါ်တဲ့ Customers တွေကို တိုက်တွန်းတဲ့ ပုံစံမျိုး " ရောက်ကုန်လေးတွေမို့ မြန်မြန်မှာထားမှ စိတ်ချရမယ်နော် " " လက်ကျန်ရှင်းတာမလို့ ဒီဈေးနဲ့ရတာနော် " " ဒီတစ်ခေါက်ပဲ ဒီဈေးနဲ့ရမှာနော် " စသည်ဖြင့် တိုက်တွန်းတဲ့ပုံစံမျိုးလေးနဲ့ ဝယ်သူရဲ့စိတ်ကို ဝယ်ချင်အောင်နှိုးဆွပေးဖို့လည်း လိုအပ်ပါတယ်...
♦️ဒီ post လေးက သင့်အတွက် တစ်ခုခုအကျိုးရှိတယ်ဆိုရင် comment မှာ "Yes" လို့ရေးပေးခဲ့ပြီး အခြားသူများလည်း သိရှိအောင် "Share" လေးလုပ်ပေးဖို့တောင်းဆိုပါရစေနော်...
♦️♦️♦️ဒီလို content မျိုးလေးတွေနဲ့ ပုံတွေ(အခမဲ့) services အပ်ချင်ရင်တော့ DigitalNet Myanmar မှာ $5 ကနေ Boost Service အပ်လို့ရနိုင်ပြီး Monthly Package များလည်း ရယူနိုင်စေရန် Cb ကနေ " Hi " လုပ်လိုက်ပါတော့...
အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်
DigitalNet Myanmar
07/07/2023
Boost တွေထိုးနေပေမယ့် ရှုံးနေလား?
မြတ်နေလား?
Budget တိုးသင့်လား?
ဘယ်လိုပြန်စစ်ဆေးသင့်ပါသလဲ?
Online Business လုပ်ကိုင်နေသူတိုင်း Boost ဆိုတာကို Run ကြပါတယ်။ ဒါပေမယ့် ROI (Return On Investment) ကိုပြန်လည်တိုင်းတာ စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါမှ ကိုယ် boost ထားတာ အောင်မြင်လား၊ မြတ်လား၊ ရှုံးလား၊ budget ဘယ်အချိန်မှာ တိုးသင့်လဲဆိုတာကို ဆုံးဖြတ်နိုင်စေမှာပဲ ဖြစ်ပါတယ်...
ROI Formula
--------------
(ROI = Net Profit / Total Investment x 100)
ဉပမာဆိုကြပါစို့...
ကိုယ်ကအဝတ်အစားရောင်းဖို့အတွက် ရင်းထားငွေ (၅၀၀၀၀၀)ကျပ်ရှိတယ်။ Boost အတွက် (၁၀၀၀၀၀)ကျပ်သုံးမယ်ဆိုရင် ကိုယ့်ရဲ့စုစုပေါင်း ရင်းနှီးမည့်ငွေ Total Investment (၆၀၀၀၀၀)ကျပ် ဖြစ်ပါတယ်။
ဒုတိယအဆင့်ကတော့ Boost လိုက်လို့ရောင်းလိုက်ရတဲ့ အမြတ်က (၇၀၀၀၀၀)ကျပ်ရတယ်ဆိုရင် Net Profit (၁၀၀၀၀၀) ကျပ်ဖြစ်ပါတယ်...
ဒီတော့ အပေါ်က Formula လေးကိုအသုံးပြုပြီးတွက်မယ်ဆိုရင်
Result = 16.5% အမြတ်ရတယ်လို့ အဖြေထွက်ပါတယ်
ဒီတော့ ကိုယ့်ရဲ့ ရင်းနှီးငွေ (၆၀၀၀၀)ကျပ်ပေါ်မှာ (16.5%) ဖြစ်တဲ့ အမြတ်ငွေ (၁၀၀၀၀၀) ကျပ်ရတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။
ဒီလိုသိရှိနေပါက မိမိ Run နေတဲ့ campaign Boost အတွက် ရှုံးနေလား၊ မြတ်နေလား၊ budget တိုးသင့်လား၊ ရပ်လိုက်ရမလား စသည်ဖြင့် တွက်ချက်လို့ရတဲ့အတွက် Stock ပစ္စည်းတွေရှိတယ်၊ Campaign Boost Results လည်းကောင်းပြီး Budget ထပ်မတိုးမိလိုက်လို့ ထိုက်သင့်တာထက် ပိုတဲ့ရောင်းအား အမြတ်ငွေတွေ ဆုံးရှုံးရမှုမှ ကာကွယ်နိုင်မှာဖြစ်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။
သင့်လုပ်ငန်းအတွက်ဒီလိုပြဿနာမျိုးလေးတွေကို စောင့်ကြည့်တွက်ချက်ပေးမယ့် Boost Service လေးအပ်ချင်ရင်တော့ $2 မှစပြီး Boost Service အပ်လို့ရတဲ့ DigitalNet Myanmar ကိုသတိရလိုက်ပါ
ဒီ post လေးက အကျိုးရှိတယ်ဆိုရင် share လေးလုပ်ပေးခဲ့ဖို့ တောင်းဆိုပါတယ်
ဆုံးအောင်ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်
02/07/2023
သင့်လုပ်ငန်းအတွက် လအလိုက် Package လေးနဲ့ ဈေးကွက်ထိုးဖောက်လိုက်ပါ
🔰နေ့စဉ်ဈေးကွက်ပေါ်မှာ လုပ်ငန်းတွေများပြားလာတာနဲ့အမျှ အရင်လိုရောင်းမကောင်းတော့ပဲ ရောင်းအားကျနေပါသလား?
🔰Content တွေ၊ Graphic Design တွေကြောင့် စိတ်သောကရောက်နေပါသလား?
🔰Boost ထိုးပေမယ့် ရောင်းအား ထင်သလောက်မတက်ပဲ အခက်တွေ့နေပါသလား?
ဒါတွေအားလုံးကို DigitalNet Myanmar မှာ လအလိုက် Package လေးများရယူပြီး ဖြေရှင်းလို့ရပါပြီ။ Package လေးများကို လစဉ် တစ်သိန်းခွဲမှ သုံးသိန်းခွဲအထိ ရွေးချယ်ရယူနိုင်စေမှာဖြစ်ပြီး (၂)လနှင့်အထက် ရယူပါကလည်း %discount လေးများလည်း ရယူနိုင်ပါပြီ...
👉ပုံလေးတွေမှာ Package အလိုက် ဝန်ဆောင်မှုပေးမယ့် အချက်အလက်လေးများ အသေးစိတ်ပါဝင်ပါတယ်👈
Service အပ်နှံပြီးပါက Zoom Metting ဖြင့် လူကြီးမင်းတို့ လုပ်ငန်းအတွက် အခမဲ့ Consultant ပါဝင်ပါတယ်...
အပ်နှံလိုပါက Cb မှာအသေးစိတ် စုံစမ်းမေးမြန်းနိုင်သလို အောက်ပါ ဖုန်းနံပါတ်သို့လည်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ...
☎️09 666 612 216
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ
DigitalNet Myanmar
28/06/2023
Page လေးမှာ လူတွေစည်ကားနေစေချင်တယ် ဆိုရင်တော့ ဒီ E-3 လုံးနဲ့ VRC Formula လေးလိုပါတယ်
✨E - Educate မိမိတို့ရောင်းတဲ့ products or services နဲ့ဆိုင်တဲ့ knowledge content တွေတင်ပေးရမယ်
✨E - Entertain ဖျော်ဖြေမှု/ Moti တစ်ခုပါရမယ်
✨E- Engage ကိုယ်ကကြီးပဲတင်ပြီး ပစ်ထားလို့မရပါဘူး၊ စာဖတ်သူနဲ့ အပြန်အလှန် စကားပြောလို့ရမယ့် မေးခွန်းလေးတွေ၊ ဉာဏ်စမ်းလေးတွေကဲ့သို့ စကားစမြည်ပြောစရာ အကြောင်းအရာရှိရမယ်
✨V- Valuable တန်ဖိုးရှိရမယ်
✨R- Relevant မိမိပြောချင်တာကိုပြောတာထက် ဖတ်တဲ့သူ/customers ကြားချင်တာ သိချင်တာ ဖြစ်ရမယ်
✨C- Consistent ပုံမှန်တင်ပေးနေရမယ်
ဒီအချက်လေးတွေကို အချိန်(၁/၂)လ လောက်စမ်းလုပ်ကြည့်သင့်ပါတယ်။ ချက်ချင်းလုပ် ချက်ချင်းရမယ့်ဆေးနည်းမဟုတ်ပါဘူး (အာ့လိုဆေးနည်းလည်းမရှိပါဘူး)။ အချိန်အတိုင်းအတာတစ်ခု ရောက်တဲ့အခါ မိမိ page လေး စိုပြေပြီး ရောင်းအားလည်း တက်လာစေမှာ ဖြစ်တဲ့အပြင် အမြဲတမ်း Royal Customers များရလာနိုင်စေမှာပဲ ဖြစ်ပါတယ်။
ဒီလိုအကျိုးရှိစရာလေးများကို တင်ပြပေးနေမှာဖြစ်လို့ Follow လေးလုပ်ပြီး အားပေးခဲ့ပါဦးနော်...
28/06/2023
Profile Page မှာ Admin or Editor ခန့်နည်းလေးကို အေးဆေးလေးကြည့်လို့ရအောင် ပုံလေးတွေနဲ့ တစ်ဆင့်ချင်းမျှဝေပေးထားပါတယ်...
28/06/2023
ဒီနေ့တော့ Facebook Team နဲ့ Live Chat ပြောဆိုရာမှာ အဆင်ပြေချောမွေ့စေရန် လုပ်ဆောင်ရမယ့်အဆင့်ဆင့်လေးများကို မျှဝေပေးလိုက်ပါတယ်
19/06/2023
Online Shop လုပ်ငန်းတွေ ရောင်းအားတက်အောင် ဘာတွေလုပ်ဆောင်သင့်သလဲ?
Online Shop ဆိုင်များအနေနဲ့ ရောင်းအားတက်လာစေရန်အတွက် ဆောင်ရွက်လို့ရတဲ့ နည်းလမ်းတွေအမြောက်အများရှိပါတယ်။ ဒီထဲကမှ အရေးကြီးပြီး ရောင်းအားတက်စေမယ့် ဆေးနည်းအချို့ကို မျှဝေပေးလိုက်ပါတယ်-
𝙄𝙢𝙖𝙜𝙚𝙨
ဘယ်လို Online Shop လုပ်ငန်း ဖြစ်ပါစေ လူတိုင်းမှာ တူညီတဲ့တစ်ချက်ရှိပါတယ်။ ထိုအချက်ကတော့ Images တွေပဲဖြစ်ပါတယ်။ မိမိကိုယ်ကို ပြန်မေးကြည့်လို့ရပါတယ်။ အဝတ်အစားရောင်းတဲ့ ကြော်ငြာတစ်ခုကိုတွေ့ရင် ပုံအရင်ကြည့်တာ ဖြစ်ပါတယ်။ ပုံတောင်မှ ဘာလေးကဆန်းပြီး ဒီဇိုင်းလေးလှနေမလဲ မသိစိတ်ကနေ လိုက်ရွေးလေ့ရှိပါတယ်နော်။ နောက်တစ်ခုအနေနဲ့လည်း မိမိစိတ်ကူးထဲကနဲ့ ကိုက်မယ့်အဝ်အစား ဒီဇိုင်းကို မြင်ရင်တော့ သေချာပါတယ် " ကြော်ငြာခေါင်းစဉ်၊ content နဲ့ စိတ်ချရရဲ့လား၊ ဈေးနှုန်းချိုသာလား၊ promotion ရှိလား ထပ်ကြည့်တာ ဖြစ်ပါတယ်။
𝘾𝙤𝙣𝙩𝙚𝙣𝙩 မှာအရေးကြီးတဲ့ (၂)ချက်
Body Content တွေအဆင်ပြေနေတယ်ဆိုကြပါစို့ ဝယ်ဖို့လည်း ရာခိုင်နှုန်းများနေပြီဆို ဘာထပ်ကြည့်ဖြစ်ပါသလဲ?
🧲 အိမ်အရောက် ငွေချေလုပ်ပေးသလား? နယ်ဆိုရင်ငွေလွှဲဝင်တာနဲ့နောက်နေ့ နီးစပ်ရာကားဂိတ်ပို့ပေးတယ် (ဘာညာ)
🧲 ဆိုင်လိပ်စာ နှင့် ဖုန်းနံပါတ် (ဆိုင်မရှိလည်း အိမ်လိပ်စာထည့်သင့်)
ယနေ့ customers services ကောင်းတဲ့ ဆိုင်အချို့သုံးတဲ့နည်းရှိပါသေးတယ်။ ဝယ်ဖို့ ဘာညာ/ဘာညာ အဆင့်အဆင်ပြေနေပြီဆိုရင် ငွေမလွှဲခိုင်းသေးပဲနဲ့ အကိုတို့/အမတို့ ပစ္စည်းလေးတွေဘောက်ချာလေး အခုပဲဖွင့်ပြီး SS လေးပို့လိုက်မယ်နော်ဆိုပြီး လုပ်တာလေးတွေတော်တော်ထိရောက်ပါတယ်။ ဒါဆို customers လည်းငြင်းရခက်၊ သူ့ကိုယုံကြည်ကြောင်းလည်း ပြသရာရောက်)
ဒီအချက်လေးတွေက ဝယ်ချင်တဲ့သူကိုထပ်ပြီးသေချာအောင် ဆွဲဆောင်နိုင်စေမယ့်နည်းလမ်း ဖြစ်ပါတယ်။ " ကိုယ်ဆိုရင်ရော ဆိုင်လိပ်စာ၊ ဖုန်းနံပါတ်တောင် မပါတဲ့ page မှာဈေးဝယ်မှာလား "
𝙋𝙧𝙤𝙙𝙪𝙘𝙩𝙨 အကြောင်း
🔰မိမိရောင်းတဲ့ products အမျိုးအစား
🔰ဈေးနှုန်းအတိအကျ (ယခင်ဈေး # # #? ယခုဈေး # # #?)
တစ်ခုယူရင် ဘယ်လောက်၊ နှစ်ခုယူရင်ဘယ်လောက် စသည်ဖြင့် customers ကိုဆုံးဖြတ်ရလွယ်စေရန် ရှင်းအောင်ရေးပေးဖို့ လိုအပ်ပါတယ်။
𝘽𝙤𝙤𝙨𝙩 𝙎𝙩𝙧𝙖𝙩𝙚𝙜𝙮
မိမိက post လေးတစ်ခုတင်တယ်။ Boost ထိုးမယ် "ဈေးရောင်းကောင်းချင်တယ် "။ ကိုယ့်ဘာသာလုပ်ကြည့်တယ် results ကိုအားမရဘူး။ နောက်တော့ ဟိုမေး၊ ဒီမေးနဲ့ service အပ်တယ်. မိမိလိုချင်တာကို မပြည့်မှီပြန်ဘူး...
ဘာတွေလိုနေတာလဲ?
Strategy လိုနေတာ ဖြစ်ပါတယ်။ Strategy Theory တွေကိုကျော်ပြီး လက်တွေ့ကိုပဲ ဖြတ်ပြောပေးသွားပါ့မယ် -
✅တစ်လမှာ Reach ဘယ်လောက်ရလဲ?
✅Organic engagement ဘယ်လောက်ရလဲ။ Boost ဘယ်နှစ်ခါထိုးပြီး engagement ဘယ်လောက်ရလဲ?
✅ယခင်လ page messenger မှာလာရောက်စုံစမ်းသူ ဘယ်နှစ်ယောက်ရှိလဲ? ဒီထဲကမှ Sale ဖြစ်တာ ဘယ်နှစ်ယောက်လဲ?
🚩ဥပမာ Sale ဖြစ်တာ လူ(၁၀၀) ဆိုကြပါစို့...နောက်လမှာ (၂)ဆတက်ချင်ရင် ဘာလုပ်သင့်ပါသလဲ?
အဖြေပါပြီးသားပါ...
အခုလက်ရှိ Reach (၁၀၀၀၀၀) ရှိရင် (၂၀၀၀၀၀)သိန်းဖြစ်အောင်လုပ်၊ Engagement လက်ရှိထက် (၂) ဆလုပ်၊ Messenger မှာ လာရောက်စုံစမ်းသူ (၃၀၀) ရှိပြီး လူ(၁၀၀)ပဲရောင်းရရင် နောက်လအတွက် စုံစမ်းသူ (၆၀၀)ရှိအောင်လုပ် ဒါဆို Sale (၂၀၀) ရလာပါလိမ့်မယ်။ ဒါဆိုရင် Marketing Strategy တော့ သိသွားပြီးဆိုတော့ Boost Strategy လေးဆက်ပြောပေးပါ့မယ်။
ဘယ်လို 𝘾𝙖𝙢𝙥𝙖𝙞𝙜𝙣 တွေ 𝙍𝙪𝙣 ရမှာလဲ -
✅Sales (၂)ဆတက်ဖို့ မိမိလုပ်ငန်းနဲ့ products ကိုမသိတဲ့ သူတွေသိအောင် Reach Campaign တွေ Run ရပါမယ် (ဒါမှ customers အသစ်ရမှာ ဖြစ်ပါတယ်)
✅သိတဲ့အဆင့်မှာ ရပ်မနေပဲ Engagement ဖြစ်အောင် Engagement Campaign တွေ Run ရပါမယ် (လတစ်လရဲ့ ဒုတိယနှင့် တတိယအပတ်မှာ Run သင့်)
✅နောက်ဆုံးမှ Messenger Campaign ကို ဒီ Audience တွေကိုပဲ Retarget နဲ့ လတစ်လရဲ့ လဆန်းနဲ့ နောက်ဆုံးအပတ်မှာ Run သင့်ပါတယ်။
ဒီ post လေးကတော့ ခုမှစတင်လုပ်ကိုင်မယ့် ညီအကို/မောင်နှမတွေအတွက် အကြံပြုမျှဝေပေးရခြင်း ဖြစ်ပါတယ်။ ဒီ post လေးက သင့်အတွက် တစ်ခုခုအတွေးလေးများ ရခဲ့ပြီးအကျိုးရှိတယ်ဆိုရင် comment မှာ Yes လို့ရေးပေးခဲ့ပါလို့ တောင်းဆိုလိုက်ပါရစေ...
ကျေးဇူးတင်ပါတယ်
သာယာသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ
DigitalNet Myanmar
Yan Nyein Aung
19/06/2023
Facebook Tips လေးများသိရှိနိုင်စေရန် Page ကို Like လုပ်ခဲ့ပေးနိုင်ပါတယ်ခင်ဗျာ...
19/06/2023
Facebook Tips လေးများသိရှိနိုင်စေရန် Page ကို Like လုပ်ခဲ့ပေးနိုင်ပါတယ်ခင်ဗျာ
16/06/2023
သူရောင်းလို့ ဝယ်ရတယ်ဆိုတာ မဖြစ်စေနဲ့နော်
ကိုယ့်ဘာသာ စဝယ်
အာ့လိုကြောတာတော့ မခံနဲ့😁😁😁
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11071