YBS Mailbox

YBS Mailbox

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YBS Mailbox, Thant zin 4 Street, Yangon.

23/05/2026

ဒီနေ့ ၂၃ ရက်နေ့ ညနေ 6နာရီလောက် ၆၄ စီးဖို့စောင့်ရင်း မြောက်ဥက္ကလာ ကန်သာယာမှတ်တိုင်မှာတွေ့တဲ့ Sport shirtအဖြူစင်းလေးဝတ်ထားပြီး မျက်မှန်နဲ့ Airpod တပ်ထားတဲ့ကောင်လေးကိုရှာချင်လို့ပါ
ညီမနားလာရပ်တာ ညီမထက်ငယ်မယ်တော့ထင်တယ် အသားဖြူဖြူလေးနဲ့ပါ
ညီမဘေးနားလေးကပ်ပြီးလာရပ်တာ သူက ဖုန်းကြည့်တာ ညီမဘက်စောင်းပြီးကြည့်တာ ညီမကို တစ်ခုခုမေးမို့ထင်လို့
သူနဲ့အကြည့်ချင်းဆုံတော့ သူကပြုံးပြတယ် ချစ်စရာလေးပါ💞
64ကားလာတော့ တက်စီးပြီး တမှတ်တိုင်ထဲပဲ တူတူဆင်းကြတာ
အဲဒါသူ့ရဲ့accလေးဖြစ်ဖြစ်သိချင်လို့ပါ💕

21/05/2026

" YBS 107 ကားပေါ်က ရေစက်... ကျောင်းကွေ့မှတ်တိုင်မှာ ကျန်ရစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ မျှော်လင့်ခြင်း သို့..."
ကျွန်တော် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မိန်းကလေးတစ်ယောက်ကို တကယ်ပဲ အသည်းအသန် ရှာဖွေနေမိပါတယ်။ (မေတ္တာရပ်ခံချင်တာကတော့... အကယ်၍ ကာယကံရှင်မှာ သက်ဆိုင်သူ (ချစ်သူ/အိမ်ထောင်ဖက်) ရှိပြီးသားဆိုရင်တော့ အခုလို ရှာဖွေမိတဲ့အတွက် ရိုးသားစွာနဲ့ ကြိုတင်တောင်းပန်အပ်ပါတယ်ခင်ဗျာ။ စိတ်အနှောင့်အယှက်ဖြစ်စေဖို့ ရည်ရွယ်ချက် မရှိပါဘူး။)
လမ်းကြုံလို့ တွေ့ရုံသက်သက် နှာဘူးထပြီး လိုက်ရှာနေတာ မဟုတ်ပါဘူး။ သူမရဲ့ သေးငယ်တဲ့ အမှတ်အသားလေးတွေအထိ ကျွန်တော့်နှလုံးသားထဲမှာ ရိုက်နှိပ်ထားသလို စွဲထင်ကျန်ရစ်ခဲ့လို့ပါ။
ဒီနေ့ YBS 107 ကားပေါ်မှာ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် ဆုံခဲ့ပြီး ကာယကံရှင်ကိုယ်တိုင် ဖတ်မိရင် ဖြစ်ဖြစ်၊ ဘေးကသူငယ်ချင်းတွေ ဖတ်မိရင်ဖြစ်ဖြစ် သိနိုင်မယ့် သူမရဲ့ အမှတ်အသားတွေကတော့...
သူမဟာ မှိုတက်ရောင် အင်္ကျီလေးနဲ့ ဂျင်းဘောင်းဘီကို ရိုးရိုးရှင်းရှင်းလေး ဝတ်ထားပြီး ကွင်းထိုးသိုင်းဖိနပ်လေး စီးထားတဲ့ မိန်းကလေးပါ။ ဆံပင်အရှည်တွေကို စည်းထား၍ ကလစ်အကြီးကြီးတစ်ခုနဲ့ သပ်သပ်ရပ်ရပ် ညှပ်ထားပြီး နှုတ်ခမ်းထက်မှာ ပန်းရောင်အဖျော့လေး ဆိုးထားတတ်ပါတယ်။ သူမ ခပ်ဖွဖွလေး ပြုံးလိုက်တဲ့ စက္ကန့်ပိုင်းလေးမှာ ညာဘက်ပါးချိုင့်လေးရဲ့ အပေါ်ဘက်နားမှာ ရှိနေတဲ့ မှဲ့လေးတစ်လုံးကို ကျွန်တော် ရင်ခုန်စွာနဲ့ သတိထားမိလိုက်ရတယ်။
သူမ ဖုန်းကြည့်နေတဲ့ အချိန်မှာတော့ ဖုန်းရဲ့ အကြည်ရောင်ကာဗာထဲက အရုပ်လေးတွေထက်... သူမရဲ့ လက်ချောင်းလေးတွေကို ကျွန်တော် ငေးမောနေမိခဲ့တာ။ ဘယ်ဘက်လက်မနဲ့ လက်သန်းမှာ အနီရောင်ဆိုးထားပြီး ကျန်တဲ့ လက်ချောင်းသုံးချောင်းကို အစိမ်းရောင် ဆိုးထားတဲ့ စတိုင်လေးက အရမ်းချစ်စရာကောင်းလွန်းလို့ပါ။ ပြီးတော့... သူမရဲ့ ညာဘက်လက်သန်းနားလေးမှာ အနာ (ဒဏ်ရာ) လေးတစ်ခု ရှိနေတာကို တွေ့တော့ ရင်ထဲမှာ စိုးရိမ်စိတ်လေးတောင် ဖြတ်ခနဲ ဝင်မိသွားသေးတယ်။
အရုပ်သော့ချိတ်လေး တွဲလွဲဆွဲထားတဲ့ ကျောပိုးအိတ်လေးကို လွယ်ပြီး သူမ "ကျောင်းကွေ့" မှတ်တိုင်မှာ ဆင်းသွားခဲ့တဲ့ အချိန်ကစလို့ ကျွန်တော့်ရဲ့ ကမ္ဘာကြီး ခြောက်ကပ်သွားခဲ့ရပါတယ်။
လူမှုကွန်ရက်ဆိုတာ အဝေးကြီးမှာ ရှိနေတဲ့သူတွေကို ပေးဆုံနိုင်တဲ့ နေရာမို့လို့... ကျွန်တော့်ရဲ့ ဒီစိတ်ရင်းမှန်ကို ကူညီတဲ့အနေနဲ့ ဒီမိန်းကလေးကို သိတဲ့သူများရှိရင် ကျေးဇူးပြုပြီး Mention ခေါ်ပေးကြပါဦးဗျာ။ မျှော်လင့်တကြီးနဲ့ ရှာနေတဲ့သူ ရှိနေပါတယ်...။
#ကျောင်းကွေ့မှတ်တိုင် ှာပုံတော် #ရန်ကုန် ုံဆည်းရာ

20/05/2026

Tiktok မှာ trendဖြစ်နေတဲ့
YBSကားပေါ် တဆင့်တက်ပြီးဂုန်းပိုးပြေးတာက်ိုဘယ်သူကစပြီးထွင်လိုက်တာလဲဟင်🙃🙂

20/05/2026

မနက် ၈ နာရီ ၁၅ မိနစ်ဝန်းကျင်လောက်ဆို
အသင်းတိုက်ကားမှတ်တိုင်မှာ
YBS ရပ်စောင့်နေတဲ့ မိန်းကလေးကို ရှာချင်လို့ပါ သူ့ ပုံစံလေးက
အသားဖြူဖြူ အရပ်ရှည်ရှည်
မျက်မှန်လေးနဲ့ပါ တီရှပ် နဲ့
ဘောင်းဘီအရှည်မြဲဝတ်ပါတယ်
ညနေ ၅ နာရီ ဝန်းကျင် အသင်းတိုက်မီးပွိုင့်မှာ တခါတလေ ပြန်တွေ့မိပါတယ်
သူ အလုပ်က ပြန်လာချိန် ဖြစ်မယိထင်တယ်
သူ့ကို အသွား / အပြန် အသင်းတိုက်လမ်းဆုံမှာ တွေ့နေရလို့ပါ
လ အတော်အတန် ကြာခဲ့ပါပြီ။
ယခု post လေး တွေ့မြင်ခဲ့ရင် care react လေးပေးခဲ့ပါ။
Z နဲ့ စတဲ့ နာမည်နဲ့ လာ အပ်ချင်ပါတယ် သူငယ်ချင်းဖြစ်ချင်ပါတယ်။

20/05/2026

မင့်"ရဲ့ အသဲတွေအားလုံးဘဲ ‌စောစီးမောနီး မင်္ဂလာပါလို့ 💗

မင့်"အတွက်ကတော့ ကိုယ့်အားပေးတဲ့အသင်း PL Champion ဖြစ်သွားတော့ ပိုပြီးမင်္ဂလာရှိပြီး ပျော်ရွှင်ရတဲ့ရက်ကလေးတစ်ရက်ပေါ့ 🥇🥰

မင့်"ချစ်ရတဲ့အသင်း Champion 🏆 ဖြစ်သွားတဲ့အထိမ်းအမှတ်အနေနဲ့ ချစ်ရတဲ့ ဖန်လေးတွေကိုဘာလက်ဆောင်ပေးရင်ကောင်းမလဲ ဝိုင်းစဉ်းစားပေးကျပါအုံး ရှိတာလေးနဲ့ဖန်လေးတွေအတွက်အမှတ်တရပေးချင်လွန်းလို့ပါ လုပ်ပေးမဲ့အစီအစဥ်‌‌ေလးကို မင်"တနင်္ဂနွေကျ Pageကနေ ကြေငြာပေးပါ့မယ်နော် 💖

Admin Thant Zin Aung

#ချန်ပီယံအာဆင်နယ်

19/05/2026

Hello ဒီနေ့ဖြစ်သွားတဲ့ကိစ္စလေး တင်ပေးစေချင်လို့ပါ ညီမလိုမဖြစ်အောင်လို့ပါ ညီမဒီနေ့ ၁၂ နာရီလောက်က ၂ စျေးကနေစ​ပြီး ၃၆ စီးတာ ချော်တွင်းကုန်းမှတ်တိုင်နားရောက်တော့ ညီမအနောက်ကို အသက် ၆၀ ကျော် ၇၀ နီး​ပါးလောက် အဖိုးကြီးတစ်ယောက်လာရပ်ပါတယ် သူဘယ်တုန်းတည်းကရပ်လည်း ညီမမသိပါဘူး ညီမကဆင်းမဲ့တံခါးပေါက်နားက ခုံကိုကိုင်ပြီးရပ်နေတဲ့နေရမှာပါ လူအရမ်းများလို့ အဲ့ချိန်အဲ့အဖိုးကြီး ညီမအနောက်ဘက်ကိုအတင်းတိုးပြီး ကပ်ပါတယ် ညီမကလူကြပ်တယ်ထင်လို့ ရှေ့တိုးပေးလိုက်တာ လိုက်တိုးပါတယ် သူ့အောက်ပိုင်းက ညီမတင်ပါးနားကို သူ့အောက်ပိုင်းနဲ့လာထောက်နေတာပါ ညီမအဆင်မပြေတာနဲ့ ညာဘက်ကအတွဲတစ်တွဲနား ကပ်တော့ သူလိုက်ကပ်ပါတယ် စိတ်ထဲဒေါသတဖြည်းဖြည်းထွက်လာလို့ ဘယ်ဘက် တိုင်နားကပ်လိုက်လည်း သူကထပ်ကပ်လာပါတယ် လူကလည်းကြပ်နေတော့ သူ့ရှေ့ကဖယ်ပြီး ညီမညာဘက်အတွဲဘက်ကို ဘေးစောင်းမျက်နှာမူလိုက်တော့ သူကအဲ့ဘေးစောင်းအတိုင်း လိုက်ကပ်တာပါ ညီမဒေါသအတော်ထွက်လာတာပါ ငြိမ်ခံပြီးကြောက်မဲ့ထဲမပါဘူး အရမ်းဒေါသထွက်ပြီးအော်လိုက်ချင်တာ ​ရုပ်ကဗြောင်ငြင်းမဲ့ရုပ်ပေါက်နေပြီး သူမဟုတ်တဲ့အတိုင်းနေနေလို့ ညီမဒီလိုကြုံနေရတဲ့ တွေ့တဲ့လူကတွေပါတယ် ဒါမဲ့ကိုယ်မဟုတ်သလိုနေနေကြပြီး ညီမအော်ရင်တောင် ညီမကိုဝိုင်းမကူတဲ့အပြင် ရူးနေလား အရှက်မရှိဘူးဆိုပြီး ကြည့်မဲ့ရုပ်တွေဖြစ်နေကြလို့ပါ တစ်ချို့လူတွေက အဲ့တော့ ညီမလည်းဘေးနားအတွဲက အကိုကြီးကို နေရာခဏလဲခိုင်းမိပါတယ် သူ့ကောင်မလေးလည်း ညီမခဏနေဆင်းရမှာမို့ ပြောလိုက်ပါတယ် ညီမမြန်ပလာဇာနားဆင်းမှာမို့ နေရာလည်းပေးတဲ့ အကိုကြီးကိုလည်းကျေးဇူးတင်ပါတယ် ညီမကျေးဇူးတင်စကားမပြောမိလိုက်လို့ ဒေါသထွက်ပြီး ဆင်းသွားတာမို့ ညီမကားပေါ်
ကဆင်းတော့လည်း အရမ်းဒေါသထွက်ပြီး စိတ်ထဲဆဲနေမိတာ ဓာတ်ပုံလည်းမရိုက်ခဲ့လိုက်ရပါဘူး လူအရမ်းများနေလို့ ညီမကြုံခဲ့ရတာလေး ပြန်ဝေမျှချင်တာပါ ညီမလိုမိန်းကလေးတွေ ကြုံရရင် မကြောက်ပါနဲ့ အော်ရင်အော်ချမဟုတ်ရင် ဘေးကလူသာ နေရာလဲပြီး အကူအညီတောင်းပါ တဏှာကောင်တွေကတော့ သူတို့ဟာသူတို့အတွက်လိုက်ချောင်းနေမှာပါပဲ

19/05/2026

YBS - 94 အပေါ်က မျက်မှန် နဲ့ အစ်မဆီသို့💖💗
*********************************************

၁၇ရက်နေ့ ညနေဘက် ၄နာရီ လောက်တော့ ရှိမယ်ထင်
တယ်
JC ကနေ 94 ကို စီးပါတယ် ဘူတာကြီးထိ
ကျွန်တော်က jk အမဲ
ဘောင်းဘီ အရှည် မျက်မှန်နဲ့
လက်ထဲမှာလည်း အထုတ်တွေနဲ့
အဲ့အထုတ်တွေကို ထားတာ တိုင်ပတ်နေတဲ့အချိန် အဲ့အစ်မကို သတိထားမိသွားပါတယ်
မျက်နှာလေးက တိုင်းရင်းသူပုံလေး
အဲ့ အစ်မလည်း မျက်မှန်နဲ့ပါ
အကြည့်းချင် ဆုံမိတာ ၅ခါ လောက်ရှိမယ်
ပြီးတော့ သူလည်း ဘူတာကြီးမှာ ဆင်းသွားတာပါ
လိုက်ရှာသေးတယ် မတွေ့တော့လို့
ကျွန်တော်ကို
မှတ်မိမယ် ထင်ပါတယ်

သူက ကားဆရာရဲ့ အနားမှာ ထိုင်တာပါ
သူက သေချာကြည့်တော့ ကျွန်တော်လည်း အသိထဲကလားစဉ်းစားနေရင်း ကျွန်တော်လည်း ရှက်ပြီး အပြင်ဘတ်ကို ဓတ်ပုံလျှောက်ရို - က်နေရတယ်
ထပ်ကြည့်မိတော့
ပြုံးမိသွားတယ်
ကောင်လေးမရှိရင် ဖုန်းနံပါတ်ဖြစ်ဖြစ် acc လေးဖြစ်ဖြစ် လိုချင်လို့ပါ

19/05/2026

(19.5.2026) ရက်နေ့ မနက် ၈ နာရီဝန်းကျင်
၁၃၁ ကားစီးရင်း လှည်းတန်းမရောက်ခင်
ပိုက်ဆံအိတ်အညိုလေးပျောက်သွားလို့ပါဗျ
အရေးကြီးတဲ့ ကဒ်တွေနဲ့ မှတ်ပုံတင်ပါသွားလို့ပါဗျ
မောင်ပိုင်မိုးထွဋ် အမည်နဲ့ပါ

ပြန်လုပ်ဖို့လည်းမလွယ်လို့
တွေ့လို့ကောက်ရရင် ဖုန်းဆက်ပေးပါဗျ
09797994546
095503020
#ကျေးဇူးဆပ်ပါ့မယ်ဗျ🙏🙏🙏

19/05/2026

May31ကမင်မင်သီရိမွေးနေ့မို့ ဖုန်းဘေမဲဖောက်ပေးပါ့မယ်ရှင့် ဒီpageကိုဘယ်လိုစသိခဲ့တာလဲ..ဘာတွေထပ်ပြီးလိုအပ်နေသေးလဲ မန့်သွားပေးပါနော် ၃၁ရက်နေ့ ကံထူးသူလေးတွေကို comment ssနဲ့တင်ပေးပါ့မယ်ရှင်
ပြီးတော့ မင်မင်တို့ Messenger gpလေးရှိပါတယ် စကားပြောစရာမရှိတဲ့သူတွေသူငယ်ချင်းလိုချင်တဲ့သူတွေပဲလာပြောပေးကြပါနော်..ပြန်မထွက်မယ့်သူ..စကားပြောမယ့်သူတွေပဲလာပေးပါနော်
Acc link ချပေးထားမယ်ရှင့်

Thae Thae Thiri

18/05/2026

18.5.2026
ဒီနေ့ ညနေပိုင်း ၇နာရီမထိုးခင်လောက် ၄၂ပေါ်မှာတွေ့တာပါဗျ
အဆင်းနားကခုံမှာထိုင်နေတဲ့ မျက်မှန်လေးနဲ့ကောင်မလေးပါ
တခါတော့အကြည့်ချင်းဆုံလိုက်တယ်ထင်ပါတယ်
ကျနော်က polo နက်ပြာနဲ့ ၀န်ထမ်းကဒ်ကို ကြိုးအပြာလေးနဲ့ဆွဲထားပါတယ်ဗျ
ခုံရတော့လည်း သူ့အရှေ့မှာပါ
အဲ့မိန်းကလေးက ထန်းခြောက်ပင်မှတ်တိုင်မှာ ဆင်းသွားတယ်ဗျ
အဲ့ဒါ ဆိုင်သူမရှိရင် ခင်မင်ရင်းနှီးခွင့်လေးရချင်လို့ပါ အကယ်၍ သူတွေ့ခဲ့လို့ စကားပြောချင်ရင် care react လေးပေးခဲ့ပါလို့
K နဲ့စတဲ့ acc နဲ့လာadd ပါမယ်လို့...

18/05/2026

၇၈ ကားပေါ်မှာ ၁၅ ရက်နေ့ကတွေ့တာပါဗျ
အကောင့်လေးပဲသိချင်တာပါ ဒီတိုင်းလေး သဘောကျမိတဲ့ type ဖြစ်နေလို့ပါ
ခိုးရို - က်မိလိုက်တဲ့အတွက်လည်းတောင်းပန်ပါတယ်ဗျာ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Thant Zin 4 Street
Yangon