Spring Educated Generation

Spring Educated Generation

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Spring Educated Generation, School, Yangon.

05/10/2022

ယနေ့ဟာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့၊ ကမ္ဘာ့ဆရာများနေ့ပဲ ဖြစ်ပါတယ်။

ယခုလို ကမ္ဘာ့ဆရာများနေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အတွက်
“အခက်အခဲကြားကတော်လှန် CDM တို့အားမာန်၊ ရဲဝံ့စွန့်စား မြတ်သောဆရာများ”
ဟူသည့် ဆောင်ပုဒ်နှင့် ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုပြီး အခက်အခဲများကြားမှ စစ်အာဏာရှင်ကိုတော်လှန်ပြီး ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့CDM ဆရာ၊ ဆရာမတို့နှင့်တကွ CDM ကျောင်းသား၊ ကျောင်းသူများအာလုံးကို အမြဲထာဝရ လေးစားချီးကျူးဂုဏ်ပြုအပ်ပါတယ်။

29/09/2022

📣 Pre GED Online Class

အာလုံးပဲ မင်္ဂလာပါ 🙏

SEG မှ လာမည့် အောက်တိုဘာလ အတွင်း Pre GED အတန်းဖွင့်လှစ်ပါမယ်။ Pre GED က အချိန်ကာလ ၄ လကြာ တက်ရောက်ရမှာဖြစ်ပါတယ်။

Pre GED အတန်း တက်ရောက်မယ်ဆိုရင်
https://forms.gle/pg4SwFTDXR7bk4wk8
သို့ စာရင်းပေးသွင်းအပ်နှံထားလို့ရပါပြီ။

စာရင်းပေးသွင်းထားသော ကျောင်းသား၊ ကျောင်းသူ တစ်ယောက်ချင်းဆီကို ဆက်သွယ်ပြီး SEG မှ Online သင်တန်းမိတ်ဆက်ပွဲပြုလုပ်ကာ သင်တန်းအကြောင်းအရာ အသေးစိတ်ကို ရှင်းပြသွားမည်ဖြစ်ပါတယ်။

ကျောင်းသား၊ ကျောင်းသူ လူ‌ဦးရေ ကန့်သက်ထားတာမို့ အမြန်ဆုံးစာရင်းပေးလိုက်တော့နော်။

ထပ်မံသိရှိလိုသည်များရှိပါက
Page Messager သို့ [email protected] သို့ ‌မေးမြန်းနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်ရှင့် 🤗

28/09/2022

What is GED? 🤔

ဒီလို ပညာရေးအတွက် လမ်းပျောက်နေတဲ့ ခေတ်ကာလကြီးမှာ GED ဟာ လူသိများလာခဲ့ပါပြီ။ ....

GED - General Educational Development
▫️ကမ္ဘာတစ်၀န်းလုံးရှိနိုင်ငံတော်တော်များများက GED ကို အထက်တန်းအောင် လက်မှတ် အဖြစ် အစားထိုး လက်ခံကြပါတယ်။
▫️အထက်တန်းအောင်လက်မှတ်ကို အကြောင်းအမျိုးမျိုးကြောင့် မရသေးတဲ့ ကျောင်းသား၊ ကျောင်းသူ များအတွက် GED ဆိုတာ ကောင်းမွန်တဲ့ အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။
▫️ထိုင်းနိုင်ငံလိုမျိုး နိုင်ငံခြားကတက္ကသိုလ်များမှာ ကျောင်းတက်မယ်ဆို GED က မရှိမဖြစ်ပါပဲ။

GED မှာ စစ်ဆေးမယ့် ဘာသာရပ်တွေက
▫️Mathematics
▫️Language Art
▫️Social Studies
▫️Science
စတဲ့ ဘာသာရပ် ၄ ခု ဖြစ်ပါတယ်။

GED ကို တက်ရောက်သင့်တဲ့ သူတွေက
▫️အထက်တန်းမပြီးသေးပဲ ပညာရေးလမ်းပျောက်နေသူများ
▫️နိုင်ငံရပ်ခြားနှင့် ထိုင်းနိုင်ငံရှိတက္ကသိုလ်များတွင် ပညာလေ့လာဆည်းပူးချင်သူများ

GED နှင့် ပတ်သက်သော အကြောင်းအရာများ ပိုမို သိရှိလိုပါက
▫️SEG ပညာရေး Online Seminar
▫️ Spring Educated Generation page နှင့်
▫️ [email protected] တို့တွင် မေးမြန်းနိုင်ပါတယ်။

27/09/2022

အားလုံးပဲ မင်္ဂလာပါ 🤗
SEG education မှ ကြိုဆိုပါတယ် ...

SEG - Spring Educated Generation သည် ပညာရေးခရီးလမ်းအဆက်မပျက်စေရန် ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည့် Online အခြေပြု ပညာရေးသင်တန်းကျောင်းတစ်ခု ဖြစ်ပါတယ်။

SEG ကို သင်ကြားရေး B.Ed ဘွဲ့ရ၊ M.Ed ဘွဲ့ရ ဆရာ၊ဆရာမများ နှင့် PhD ဘွဲ့ရ ဝါရင့်ဆရာကြီး၊ ဆရာမကြီး ဖြင့် ဖွဲ့စည်းတည်ထောင်ထားပါတယ်။

ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာရေးခရီးပန်းတိုင် ကို အရောက်သွားနိုင်ဖို့ SEG မှ အစွမ်းကုန် ပူးပေါင်းကူညီဆောင်ရွက်သွားမည် ဖြစ်မည်။

လက်ရှိတွင် အထက်တန်းအောင်လက်မှတ်ကို အကြောင်းအမျိုးမျိုးကြောင့် မရသေးတဲ့ ကျောင်းသား၊ ကျောင်းသူ များအတွက် ကောင်းမွန်တဲ့ အခွင့်အရေးတစ်ရပ်ဖြစ်တဲ့ Pre GED နှင့် GED သင်ရိုးသင်တန်းများ ဖွင့်လှစ်သွားပါမည်။

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Spring Educated Generation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.