Taste With Me

Taste With Me

Share

Our Motto is "Food will Boost Your Mood".

We, Taste With Me is an Authentic Food Vlog Channel which creating Food and Restaurants Blog Writing, Vlog Shooting, Honest Review Writing, Food Photography and Commercial Advertising.

Photos from Taste With Me's post 03/04/2026

မန္တလေးရောက်ရင် ဘယ်သွားပြီး ဘာစားရမလဲ မသိသေးတဲ့သူလေးတွေအတွက်.....🤔💭

Hello အားလုံးပဲ မင်္ဂလာပါရှင့်။🙋🏻‍♀️
Taste With Me ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်။ 🍽️
အကြာကြီးနေမှ Page လေး မှာ ယုတစ်ယောက် ပြန်ပေါ်လာခဲ့ပါပြီ။🤭

ဒီတခေါက်မှာတော့ ယုက မန္တလေးရောက်တုန်း ဘယ်ဆိုင်လေးတွေမှာ ဘာလေးတွေ သွားစားဖြစ်ခဲ့ပြီး ဘယ်အစားအစာလေးတွေက အရမ်းကို စားကောင်းခဲ့သလဲဆိုတာလေးတွေကို ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။🙆🏻‍♀️
Food Vlog သီးသန့်ရိုက်ဖို့ သွားတဲ့ခရီးစဉ်လေးမဟုတ်ဘဲ အလုပ်နားချိန် အလျဉ်းသင့်သလို ရှာဖွေပြီး သွားစားဖြစ်ခဲ့တဲ့ ဆိုင်လေးတွေကို ပြန်ဝေမျှပေးတာမို့ ဈေးနှုန်းအတိအကျလေးတွေ မမှတ်ခဲ့ရတာမျိုးရယ်၊ ဆိုင်နေရာထိုင်ခင်းလေးတွေ သေချာဓာတ်ပုံမရိုက်ဖြစ်ခဲ့တာမျိုးလေးတွေရယ်ကိုတော့ စိတ်မရှိကြပါနဲ့နော်။🥺

ကဲ.....ဒါဆိုရင်တော့ ပုံတစ်ပုံချင်းစီအောက်မှာ Caption လေးတွေ ဖတ်ပြီး အဆုံးထိ ကြည့်ပေးသွားကြပါဦးရှင့်။😉

(Rating ပေးမှုများဟာ မိမိတို့ ဆိုင်ရောက်နေစဉ်အချိန်အတွင်း အခြေအနေများအပေါ်သာမူတည်ဆုံးဖြတ်ခြင်းဖြစ်ပြီး ဆိုင်၏အခြေအနေ၊ အချိန်အခါနှင့် တစ်ဦးချင်းစီ၏ စိတ်ခံစားချက်များအပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်ပါသည်။ ဈေးနှုန်းနှင့် အခြားအပြင်အဆင်များအားလုံးသည်လည်း ဆိုင်၏ အခြေအနေပေါ်မူတည်၍ပြောင်းလဲမှုများရှိနိုင်ကြောင်း ကြိုတင်အသိပေးပြောကြားအပ်ပါသည်။)

(Disclaimer: Rating given are based on the most accurate and comprehensive information available. In addition to individual preferences, factors such as context, timing, and the specific goals of the program contribute to the overall assessment. While there may be variations in opinions and perspectives among different stakeholders, the aim is to provide fair evaluations.)

("Food will Boost Your Mood" ဆိုတဲ့ Taste With Me ရဲ့ ဆောင်ပုဒ်လေးအတိုင်း မိမိတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးအတွက် အစားအသောက်နဲ့ စားသောက်ဆိုင်များကို သင့်လျော်မှန်ကန်စွာ ရွေးချယ်နိုင်စေဖို့ အလျဉ်းသင့်သလို Honest Review လေးများကို ဆက်လက်တင်ဆက်ခွင့်ပြုပါရှင့်။)

#သွားစားမယ်

05/08/2024

မြန်မာထမင်းဟင်းကို သန့်သန့်ရှင်းရှင်းနဲ့ အရသာရှိရှိ စားချင်သူတွေအတွက်...🍛

အားလုံးပဲ မင်္ဂလာပါရှင်။
Taste With Me ကနေ ကြိုဆိုလိုက်ပါတယ်။🍽️

ဒီတခေါက် Taste With Me ရဲ့ "သွားစား" အစီအစဉ်လေးမှာတော့ တောင်ဥက္ကလာပမြို့နယ်က "27 lunch box @ စားမြိန်လှ" ဆိုတဲ့ မြန်မာထမင်းဆိုင်လေးကို Review ပေးချင်ပါတယ်ရှင်။💁🏻‍♀️

ဒီဆိုင်လေးကတော့ ယုရဲ့ ရုံးနဲ့လည်း နီးတော့ အမြဲလိုလို သွားစားဖြစ်နေကျ ဆိုင်လေးပေါ့နော်။ ဆိုင်လေးက ကျဉ်းပေမဲ့ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းဖြစ်ပြီး ထမင်းဟင်းတွေကိုလည်း အိမ်ချက်လက်ရာအတိုင်း အရသာရှိရှိစားသောက်နိုင်တာကြောင့် ယုက မြန်မာထမင်းဟင်းကြိုက်သူတို့အတွက် လမ်းညွှန်ပေးလိုက်ရပါတယ်ရှင်။🙆🏻‍♀️

ထူးခြားချက်အနေနဲ့ကတော့ ဟင်းတွေကို မြေအိုးလေးနဲ့ ချက်တာကြောင့် အနံ့အရသာနဲ့ ပိုပြည့်စုံပြီး အာဟာရဓာတ်ကိုလည်း အပြည့်အဝရရှိစေပါတယ်။ အရသာလည်း ရှိ၊ အာဟာရလည်း ပြည့်ဝစေတဲ့ မြန်မာထမင်းဟင်းတွေကို ယုတစ်ယောက် ဘယ်လိုတွေတောင် အားရပါးရ စားပြမလဲဆိုတာကိုတော့ Video လေးမှာ အဆုံးထိကြည့်ပေးကြပါဦးနော်။😉

Taste With Me ရဲ့ Rating System လေးအရ...
အစားအသောက်အရသာပိုင်း : ⭐⭐⭐⭐
Service : ⭐⭐⭐⭐
အစားအသောက်သန့်ရှင်းမှုနဲ့ ပြင်ဆင်ပုံ : ⭐⭐⭐🌙
ဆိုင်နေရာသန့်ရှင်းမှုနဲ့ ပြင်ဆင်ပုံ : ⭐⭐⭐🌙

(ဒီ Rating ပေးမှုများဟာ မိမိတို့ ဆိုင်ရောက်စဉ်အချိန်အတွင်း အခြေအနေများအပေါ်သာမူတည်ဆုံးဖြတ်ခြင်းဖြစ်ပြီး ဆိုင်၏အခြေအနေ၊ အချိန်အခါနှင့် တစ်ဦးချင်းစီ၏ စိတ်ခံစားချက်များအပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်ပါသည်။ ဈေးနှုန်းနှင့် အခြားအပြင်အဆင်များအားလုံးသည်လည်း ဆိုင်၏ အခြေအနေပေါ်မူတည်၍ပြောင်းလဲမှုများရှိနိုင်ကြောင်း ကြိုတင်အသိပေးပြောကြားအပ်ပါသည်။)

(Disclaimer: The ratings given are based on the most accurate and comprehensive information available. In addition to individual preferences, factors such as context, timing, and the specific goals of the program contribute to the overall assessment. While there may be variations in opinions and perspectives among different stakeholders, the aim is to provide fair evaluations.)

Page Link: https://www.facebook.com/profile.php?id=100095047879784&mibextid=LQQJ4d

📍ဆိုင်လိပ်စာလေးကတော့ အမှတ် - ၈၇၉(က)၊ မေတ္တာလမ်း၊ (၁၀) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

("Food will Boost Your Mood" ဆိုတဲ့ Taste With Me ရဲ့ ဆောင်ပုဒ်လေးအတိုင်း မိမိတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးအတွက် အစားအသောက်နဲ့ စားသောက်ဆိုင်များကို သင့်လျော်မှန်ကန်စွာ ရွေးချယ်နိုင်စေဖို့ အလျဉ်းသင့်သလို Honest Review လေးများကို ဆက်လက်တင်ဆက်ခွင့်ပြုပါရှင့်။)

#စားမြိန်လှ
#သွားစားမယ်

16/07/2024

ကိုရီးယားအစားအစာကောင်းကောင်းလေး စားချင်သူတို့အတွက် မဖြစ်မနေ တခေါက်လောက်တော့ သွားစားကြည့်သင့်တဲ့ဆိုင်လေး🇰🇷🥢

အားလုံးပဲ မင်္ဂလာပါရှင်။
Taste With Me ကနေ ကြိုဆိုလိုက်ပါတယ်။🍽️

ဒီတခေါက် Taste With Me ရဲ့ "သွားစား" အစီအစဉ်လေးမှာတော့ ကိုရီးယားအစားအစာကြိုက်သူတော်တော်များများ သိထားနှင့်ပြီးသား ဖြစ်တဲ့ တောင်ဥက္ကလာပမြို့နယ်က "The Table Restaurant" ဆိုတဲ့ ဆိုင်လေးကို Review ပေးချင်ပါတယ်ရှင်။💁🏻‍♀️

ဒီဆိုင်လေးကိုတော့ ယုက သတိထားမိနေတာကြာပြီဖြစ်ပေမဲ့ ခုမှပဲ သေချာလေး သွားစားဖြစ်တယ်ပေါ့နော်။ မစားခင် ပဲခေါက်ဆွဲစားချင်နေလို့ Online ပေါ်မှာ ရှာကြည့်လိုက်တော့ Foodie တော်တော်များများက ဒီဆိုင်လေးမှာ ပဲခေါက်ဆွဲကောင်းကြောင်း ညွှန်းကြတာနဲ့ ယုလည်း ဟုတ်မဟုတ် သွားစားကြည့်ဖြစ်ပါတယ်ရှင့်။
တကယ်ကောင်းမကောင်းနဲ့ ယုအကြိုက်ဟုတ်မဟုတ်ကတော့ Video လေးကို အဆုံးထိကြည့်ပေးကြပါဦးနော်။😉

Taste With Me ရဲ့ Rating System လေးအရ...
အစားအသောက်အရသာပိုင်း : ⭐⭐⭐⭐
Service : ⭐⭐⭐⭐
အစားအသောက်သန့်ရှင်းမှုနဲ့ ပြင်ဆင်ပုံ : ⭐⭐⭐⭐
ဆိုင်နေရာသန့်ရှင်းမှုနဲ့ ပြင်ဆင်ပုံ : ⭐⭐⭐🌙

(ဒီ Rating ပေးမှုများဟာ မိမိတို့ ဆိုင်ရောက်စဉ်အချိန်အတွင်း အခြေအနေများအပေါ်သာမူတည်ဆုံးဖြတ်ခြင်းဖြစ်ပြီး ဆိုင်၏အခြေအနေ၊ အချိန်အခါနှင့် တစ်ဦးချင်းစီ၏ စိတ်ခံစားချက်များအပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်ပါသည်။ ဈေးနှုန်းနှင့် အခြားအပြင်အဆင်များအားလုံးသည်လည်း ဆိုင်၏ အခြေအနေပေါ်မူတည်၍ပြောင်းလဲမှုများရှိနိုင်ကြောင်း ကြိုတင်အသိပေးပြောကြားအပ်ပါသည်။)

(Disclaimer: The ratings given are based on the most accurate and comprehensive information available. In addition to individual preferences, factors such as context, timing, and the specific goals of the program contribute to the overall assessment. While there may be variations in opinions and perspectives among different stakeholders, the aim is to provide fair evaluations.)

Page Link: https://www.facebook.com/profile.php?id=100064966893690&mibextid=LQQJ4d

📍ဆိုင်လိပ်စာလေးကတော့ အမှတ် - ၁၄၉၊ ပါရမီလမ်း၊ (၄) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
🚨(ဗုဒ္ဓဟူးနေ့တိုင်း ဆိုင်လေး ပိတ်ပါတယ်တဲ့ရှင်)

("Food will Boost Your Mood" ဆိုတဲ့ Taste With Me ရဲ့ ဆောင်ပုဒ်လေးအတိုင်း မိမိတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးအတွက် အစားအသောက်နဲ့ စားသောက်ဆိုင်များကို သင့်လျော်မှန်ကန်စွာ ရွေးချယ်နိုင်စေဖို့ အလျဉ်းသင့်သလို Honest Review လေးများကို ဆက်လက်တင်ဆက်ခွင့်ပြုပါရှင့်။)

#သွားစားမယ်

14/05/2024

ကိုရီးယားအရသာစစ်စစ်တွေကို တစ်နေရာထဲမှာ စုံစုံလင်လင်ရနိုင်တဲ့ တောင်ဥက္ကလာပမြို့နယ်က Korea Food Lover ဆိုတဲ့ ကင်မ်ချီမြေလေးရဲ့ Review Video လေးပဲ ဖြစ်ပါတယ်ရှင့်။🇰🇷🥢

Photo Post : https://www.facebook.com/share/p/tKANVQCy8drE44pM/?

Photos from Taste With Me's post 14/05/2024

မြန်မာနိုင်ငံမှာနေရင်းနဲ့ ကိုရီးယားမြေကို ရောက်သွားသလို ခံစားရစေမဲ့ ကိုရီးယားအစားအစာ ချစ်မြတ်နိုးသူတို့ဆုံရာ Korea Food Lover🇰🇷🥢

အားလုံးပဲ မင်္ဂလာပါရှင်။
Taste With Me ကနေ ကြိုဆိုလိုက်ပါတယ်။🍽️

ဒီတခေါက် Taste With Me ရဲ့ "သွားစား" အစီအစဉ်လေးမှာတော့ ကင်မ်ချီမြေက အစားအစာတွေကို တစ်နေရာထဲမှာ စုံစုံလင်လင် စားနိုင်မဲ့ တောင်ဥက္ကလာပမြို့နယ်က "Korea Food Lover"ဆိုတဲ့ ဆိုင်လေးကို Review ပေးချင်ပါတယ်ရှင်။💁🏻‍♀️

ဒီဆိုင်လေးကတော့ Kimchi နဲ့ နာမည်ရပြီးသားဆိုင်လေးဖြစ်ပြီး ကိုရီးယားအရသာစစ်စစ် အစားအသောက်တွေလည်း ရသလို Mini Mart လေးလည်း ရှိတာကြောင့် ကိုရီးယားခေါက်ဆွဲတွေ၊ အအေးတွေ၊ မုန့်တွေကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ Korea Product တွေကို Online ကနေလည်း မှာယူနိုင်ပြီး ကိုယ်တိုင် ဆိုင်ထိုင်စားချင်ရင်လည်း ရတာကြောင့် ဆိုင်လိပ်စာလေးနဲ့တကွ အသေးစိတ်လေးတွေကို ယုပုံလေးတွေမှာ ရေးပေးထားပါမယ်နော်။🙆🏻‍♀️

ဒီဆိုင်လေးမှာ ယုစားခဲ့တာတွေကတော့ Pork Bulgogi, Bibimbap, Spicy Chicken Feet, Teokbokki, Fish Cake, Kimbap, Spicy Raw Crab, Ramen, Jajangmyeon တို့ပဲဖြစ်ပါတယ်။🍽️

Video Post : https://www.facebook.com/share/v/t6WxyJHS7mhmQvH5/?mibextid=WC7FNe

Taste With Me ရဲ့ Rating System လေးအရ...
အစားအသောက်အရသာပိုင်း : ⭐⭐⭐🌙
Service : ⭐⭐⭐⭐
အစားအသောက်သန့်ရှင်းမှုနဲ့ ပြင်ဆင်ပုံ : ⭐⭐⭐⭐
ဆိုင်နေရာသန့်ရှင်းမှုနဲ့ ပြင်ဆင်ပုံ : ⭐⭐⭐⭐

(ဒီ Rating ပေးမှုများဟာ မိမိတို့ ဆိုင်ရောက်စဉ်အချိန်အတွင်း အခြေအနေများအပေါ်သာမူတည်ဆုံးဖြတ်ခြင်းဖြစ်ပြီး ဆိုင်၏အခြေအနေ၊ အချိန်အခါနှင့် တစ်ဦးချင်းစီ၏ စိတ်ခံစားချက်များအပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်ပါသည်။)

ကိုရီးယားအစားအစာကောင်းကောင်းလေးတွေကိုမှ ကြိုက်နှစ်သက်သူလေးတွေအတွက်တော့ သွားစားကြည့်သင့်တဲ့ ဆိုင်ကောင်းလေး တစ်ဆိုင်ဖြစ်ပါတယ်ရှင့်။💯

Page Link: https://www.facebook.com/profile.php?id=100069899238948&mibextid=LQQJ4d

📍ဆိုင်လိပ်စာလေးကတော့ အမှတ် - ၁၇/(ခ)၊ (၁၁) ရပ်ကွက်၊ မေတ္တာလမ်းနဲ့ ရာဇသင်္ကြန်လမ်းထောင့်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

("Food will Boost Your Mood" ဆိုတဲ့ Taste With Me ရဲ့ ဆောင်ပုဒ်လေးအတိုင်း မိမိတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးအတွက် အစားအသောက်နဲ့ စားသောက်ဆိုင်များကို သင့်လျော်မှန်ကန်စွာ ရွေးချယ်နိုင်စေဖို့ အလျဉ်းသင့်သလို Honest Review လေးများကို ဆက်လက်တင်ဆက်ခွင့်ပြုပါရှင့်။)

#သွားစားမယ်

Photos from Taste With Me's post 18/03/2024

ဗိုလ်ဆွန်ပတ်လမ်းထဲက ဝါဖြေမုန့်ဈေးတန်းလေးမှာ မုန့်တွေအစုံဝယ်စားမယ်😋

အားလုံးပဲ မင်္ဂလာပါရှင်။
Taste With Me ကနေ ကြိုဆိုလိုက်ပါတယ်။🍽️

ဒီတခေါက် Taste With Me ရဲ့ "သွားစား" အစီအစဉ်လေးမှာတော့ ဆူးလေဘုရားအနီး ဗိုလ်ဆွန်ပတ်လမ်း (အလယ်ဘလောက်) မှာရှိတဲ့ ဝါဖြေမုန့်ဈေးတန်းလေးမှာ ယုတစ်ယောက် စိတ်ကြိုက် မုန့်တွေဝယ်စားခဲ့ရင်း လမ်းတလျှောက် တွေ့ခဲ့ရတဲ့ မုန့်လေးတွေကိုပါ ဖော်ပြပေးလိုက်ရပါတယ်ရှင့်။💁🏻‍♀️

("Food will Boost Your Mood" ဆိုတဲ့ Taste With Me ရဲ့ ဆောင်ပုဒ်လေးအတိုင်း မိမိတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးအတွက် အစားအသောက်နဲ့ စားသောက်ဆိုင်များကို သင့်လျော်မှန်ကန်စွာ ရွေးချယ်နိုင်စေဖို့ အလျဉ်းသင့်သလို Honest Review လေးများကို ဆက်လက်တင်ဆက်ခွင့်ပြုပါရှင့်။)

#သွားစားမယ်

Photos from Taste With Me's post 08/12/2023

မူကထမှ မူကထဆိုသူလေးတွေအတွက်...📣🥘

အားလုံးပဲ မင်္ဂလာပါရှင်။
Taste With Me ကနေ ကြိုဆိုလိုက်ပါတယ်။🍽️

ဒီတခေါက် Taste With Me ရဲ့ "သွားစား" အစီအစဉ်လေးမှာတော့ တောင်ဥက္ကလာပမြို့နယ် မေတ္တာလမ်းပေါ်က "Siam Mookata"ဆိုတဲ့ ဆိုင်လေးကို Review ပေးချင်ပါတယ်ရှင်။💁🏻‍♀️

ဒီဆိုင်လေးက ဖွင့်ထားတာ သိပ်တော့မကြာသေးပါဘူး။ မူကထမှာဆိုရင်တော့ ကြက်သား၊ ဝက်သား၊ အမဲသား၊ ပင်လယ်စာတို့ ရနိုင်ပြီး အသား Quality တော်တော်လေးကောင်းတဲ့အပြင် အချဉ်ရည်ကတော့ အရသာထိထိမိမိနဲ့ လုံးဝရှယ်ပါပဲ။💯
ဆိုင်နေရာ အပြင်အဆင် သပ်သပ်ရပ်ရပ်လေးနဲ့ ဓာတ်ပုံရိုက်လို့လည်းလှတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။ 📸
နောက်ပြီး ကြိုက်သလောက်စား ကျသလောက်ရှင်းဆိုတော့ ကိုယ်စားနိုင်သလောက်ကိုပဲ Budget ချိန်ပြီး စားလို့ရတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။🥢

ဟင်းရည်အရသာလေးကတော့ အချိုနဲ့ တုန်ယမ်း (၂) မျိုးရပါတယ်။ ယုကတော့ ထုံးစံအတိုင်း တုန်ယမ်းနဲ့ပဲ စားခဲ့ပါတယ်။🧡

ဒီဆိုင်ရောက်ရင် Try ကြည့်စေချင်တဲ့ Menu လေးတစ်ခုကတော့ Siam ကြက်သားတုံးကြော်လေးပါ။ ကြက်သားတုံး အိအိလေးတွေကိုမှ အရသာစိမ့်စိမ့်ချိုချိုလေးနဲ့ အစပ်ပြေစားလို့ကောင်းတဲ့ Menu လေးတစ်ခုဖြစ်ပါတယ်။ ယုတော့ စားကြည့်ပြီး တော်တော်လေး သဘောကျခဲ့ပါတယ်။😋

Drink လေးတွေအနေနဲ့ ယု Try ကြည့်ခဲ့တာလေးတွေကတော့ Thai အော်ရီရန်း၊ Thai နာနတ်သီးပေါင်းနဲ့ Thai Jelly ရေခဲသုပ်တို့ပဲ ဖြစ်ပါတယ်။ သောက်ကြည့်ခဲ့တဲ့ Drink လေးတွေအကုန် တမျိုးစီ ကောင်းကြပါတယ်။👍🏻
ယုအကြိုက်ဆုံးကတော့ Thai နာနတ်သီးပေါင်းလေးပါ။ နာနတ်သီးအဖတ်လေးတွေ အများကြီးပါပြီးတော့ ချိုချိုချဉ်ချဉ်အရသာလေးနဲ့ အအီပြေစေပြီး သောက်လို့ကောင်းပါတယ်။🍍
Thai အော်ရီရန်းကတော့ ကော်ဖီကြိုက်သူလေးတို့အတွက် Must Try ပါ။ ကဖိန်းဓာတ်လိုအပ်နေချိန် ကော်ဖီသောက်လိုက်ရရင် လန်းဆန်းသွားသလိုမျိုး ခံစားချက်အပြည့်ရပါတယ်။🥤
Thai Jelly ရေခဲသုပ်လေးကတော့ ပူပူစပ်စပ်တွေစားအပြီး ရင်ထဲချိုအေးသွားစေမဲ့ Vibe လေးပါ။🍧

ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေ ည ၉ နာရီအထိ ဖွင့်ပါတယ်။🕰️

Taste With Me ရဲ့ Rating System လေးအရ...
အစားအသောက်အရသာပိုင်း : ⭐⭐⭐⭐
Service : ⭐⭐⭐⭐
အစားအသောက်သန့်ရှင်းမှုနဲ့ ပြင်ဆင်ပုံ : ⭐⭐⭐🌙
ဆိုင်နေရာသန့်ရှင်းမှုနဲ့ ပြင်ဆင်ပုံ : ⭐⭐⭐️🌙

(အထက်ပါ Rating ပေးမှုများဟာ မိမိတို့ ဆိုင်ရောက်စဉ်အချိန်အတွင်း အခြေအနေများအပေါ်တွင်သာ မူတည်ဆုံးဖြတ်ခြင်းဖြစ်ပြီး ဆိုင်၏ အခြေအနေ၊ အချိန်အခါနှင့် တစ်ဦးချင်းစီ၏ စိတ်ခံစားချက်များအပေါ်မူတည်၍ အပြောင်းအလဲ ရှိနိုင်ပါသည်။)

မူကထကြိုက်သူတွေအတွက် ထိုင်းမှာစားရတဲ့အရသာအတိုင်း အချဉ်ကောင်းကောင်းနဲ့ အရသာထိထိမိမိစားချင်ရင်တော့ ဒီဆိုင်လေးမှာ သွားစားကြည့်ဖို့ Recommend ပေးပါတယ်ရှင့်။✅

Page Link: https://www.facebook.com/pyaeshan24241?mibextid=LQQJ4d

📍ဆိုင်လိပ်စာလေးကတော့ အမှတ် (၈၆၉)၊ မေတ္တာလမ်း၊ (၁၃)ဈေး (ခ) ငွေယမုံဈေးအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ပဲဖြစ်ပါတယ်။

("Food will Boost Your Mood" ဆိုတဲ့ Taste With Me ရဲ့ ဆောင်ပုဒ်လေးအတိုင်း မိမိတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးအတွက် အစားအသောက်နဲ့ စားသောက်ဆိုင်များကို သင့်လျော်မှန်ကန်စွာ ရွေးချယ်နိုင်စေဖို့ အလျဉ်းသင့်သလို Honest Review လေးများကို ဆက်လက်တင်ဆက်ခွင့်ပြုပါရှင့်။)

#သွားစားမယ်

Photos from Taste With Me's post 24/10/2023

ဒီနေ့ တက်ရောက်ဖြစ်ခဲ့တဲ့ Mr.Cow Taiwanese Food & Bbq(烤大爷) Grand Opening အမှတ်တရလေးပါရှင့်။🤍

Photos from Taste With Me's post 16/09/2023

ကောင်လေးတွေအနေနဲ့ ကိုယ့်ကောင်မလေး (ဒါမှမဟုတ်) ကိုယ့် Crush လေးကို ခေါ်သွားသင့်တဲ့ တောင်ဥက္ကလာပမြို့နယ်က Sweet Land လေးတစ်ခု🧁 (📌Giveaway included🎁)

အားလုံးပဲ မင်္ဂလာပါရှင်။
Taste With Me ကနေ ကြိုဆိုလိုက်ပါတယ်။🍽️

ဒီတခေါက် Taste With Me ရဲ့ "သွားစား" အစီအစဉ်လေးမှာတော့ ကောင်မလေးတွေ တော်တော်များများ သဘောကျစေမဲ့ ဓာတ်ပုံရိုက်လို့လည်း လှ၊ အစားအသောက်လေးတွေလည်း ဆန်းသစ်တဲ့ တောင်ဥက္ကလာပမြို့နယ်က "Dear D’sert" ဆိုတဲ့ ဆိုင်လေးကို Review ပေးချင်ပါတယ်ရှင်။💁🏻‍♀️

ဒီဆိုင်လေးကတော့ Online ပေါ်မှာ နာမည်ရပြီးသားဆိုင်လေးဖြစ်တာမို့ သိပြီးသားသူတွေအတွက်တော့ သိပ်မဆန်းတော့ပါဘူးရှင့်။ အရောင်စုံစုံလင်လင်လေးတွေနဲ့ ချစ်စရာ Mochi လေးတွေရတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။🍡

ဆိုင်လေးရဲ့အပြင်အဆင်လေးက ချစ်စရာကောင်းတဲ့အပြင် အစားအသောက်လေးတွေကလည်း သူ့ဟာနဲ့သူ အရသာရှိပြီး စားလို့ကောင်းပါတယ်ရှင့်။✨
Dessert ဆိုင်လေးဖြစ်တာကြောင့် အချိုနဲ့ပတ်သက်တာတွေ ပိုရပါတယ်။ Couple လေးတွေအနေနဲ့လည်း Date လို့ကောင်းပြီး သူငယ်ချင်းတွေအနေနဲ့ Dessert Date လေး လုပ်ချင်ရင်လည်း အဆင်ပြေစေမဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်ရှင်။🙆🏻‍♀️

ဒီဆိုင်လေးမှာ ယုစားခဲ့တာတွေကတော့ Signature Mochi, Omelette Bbang, Brunch Pancake, Spicy Noodle Pillow, Barbie Paradise, Cold Mint Mocha, Hot Espresso Con Pana, Kiwi Hill, Ice-cream Mochi တို့ပဲဖြစ်ပါတယ်။🍡🌮🥞🍝🍧☕🥝🍨
တစ်ခုချင်းစီရဲ့ ဈေးနှုန်းနဲ့ အရသာအသေးစိတ်လေးတွေကိုတော့ ယု ပုံလေးတွေအောက်မှာပဲ သေချာလေး ရေးပေးထားပါမယ်နော်။💕

Taste With Me ရဲ့ Rating System လေးအရ...
အစားအသောက်အရသာပိုင်း : ⭐⭐⭐🌙
Service : ⭐⭐⭐⭐
အစားအသောက်သန့်ရှင်းမှုနဲ့ ပြင်ဆင်ပုံ : ⭐⭐⭐⭐
ဆိုင်နေရာသန့်ရှင်းမှုနဲ့ ပြင်ဆင်ပုံ : ⭐⭐⭐⭐

(ဒီ Rating ပေးမှုများဟာ မိမိတို့ ဆိုင်ရောက်စဉ်အချိန်အတွင်း အခြေအနေများအပေါ်သာမူတည်ဆုံးဖြတ်ခြင်းဖြစ်ပြီး ဆိုင်၏အခြေအနေ၊ အချိန်အခါနှင့် တစ်ဦးချင်းစီ၏ စိတ်ခံစားချက်များအပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်ပါသည်။)

Dessert ကောင်းကောင်းလေးတွေကြိုက်တတ်ပြီး ဓာတ်ပုံလှလှလေးတွေလည်း ရိုက်ချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးက Sweet Girl လေးတွေအတွက် အကြိုက်တွေ့စေမယ်လို့ မျှော်လင့်ပါတယ်ရှင့်။😉

📌Giveaway လေးအနေနဲ့ကတော့ Dear D'sert မှာ (1) သောင်းကျပ်ဖိုး Free စားလို့ရမဲ့ ကူပွန် (၃) စောင်ကို (၃) ယောက်တိတိ မဲဖောက်ပေးမှာပဲ ဖြစ်ပါတယ်ရှင့်။🎁
Giveaway လေးမှာ ပါဝင်ချင်တယ်ဆိုရင်တော့
🩷 Taste With Me page လေးကို Like & Follow လုပ်ပေးပါ။
🩷 ဒီ Post လေးကို React လေးပေးပြီး Share ပေးပါ။ Share Post လေးမှာ Dear D'sert ကနေ ကိုယ်စားချင်တဲ့ Menu Item လေး တစ်ခုရယ် လို့ ရေးပြီး Share ပေးပါနော်။
🩷 ကိုယ် Share ထားတဲ့ Ss လေးကို ဒီ Post အောက်မှာ Comment လာမန့်ပေးပါ။
🔺ဒီ Rule လေးတွေနဲ့ ကိုက်ညီမှုရှိတဲ့သူ (၃) ဦးကို 20.9.2023 (9:00 pm) မှာ Number Picker လေးနဲ့ မဲဖောက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင့်။
(ယုက Comment မန့်ထားတဲ့ သူလေးတွေအောက်မှာ နံပါတ်စဉ်လေးတွေ လိုက်တပ်ပေးပါမယ်နော်)

Page Link: https://www.facebook.com/deardsertbakery.mm?mibextid=LQQJ4d

📍ဆိုင်လိပ်စာလေးကတော့ အမှတ် (၄၂၈)၊ သစ္စာလမ်းနဲ့ ဗလိက္ကလမ်းထောင့်၊ (၁၀) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

("Food will Boost Your Mood" ဆိုတဲ့ Taste With Me ရဲ့ ဆောင်ပုဒ်လေးအတိုင်း မိမိတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးအတွက် အစားအသောက်နဲ့ စားသောက်ဆိုင်များကို သင့်လျော်မှန်ကန်စွာ ရွေးချယ်နိုင်စေဖို့ အလျဉ်းသင့်သလို Honest Review လေးများကို ဆက်လက်တင်ဆက်ခွင့်ပြုပါရှင့်။)

#သွားစားမယ်

Photos from Taste With Me's post 09/09/2023

ပင်လယ်စာတွေကို ဈေးနှုန်းသင့်တင့်ပြီး တဝကြီးစားချင်နေကြတဲ့သူတွေ ရှိလား?🙋🏻‍♀️

အားလုံးပဲ မင်္ဂလာပါရှင်။
Taste With Me ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။🍽️

ဒီတခေါက် Taste With Me ရဲ့ "သွားစား" အစီအစဉ်လေးမှာတော့ ကမာရွတ်မြို့နယ်၊ အင်းယားပန်းခြံဝင်း (ကန်ဘောင်)မှာရှိတဲ့ Raw25 Fresh Seafood Distribution And Buffet ဆိုတဲ့ ပင်လယ်စာမူကထဆိုင်လေးကို Review ပေးချင်ပါတယ်ရှင်။🙋🏻‍♀️

ဒီဆိုင်လေးကတော့ ပင်လယ်စာလတ်လတ်ဆတ်ဆတ်တွေကို ဈေးတန်တန်လေးနဲ့ ကိုယ်စားနိုင်သလောက် အဝစားလို့ရတဲ့ မူကထဘူဖေးဆိုင်လေးပဲ ဖြစ်ပါတယ်ရှင်။🥢

ပုစွန်၊ ဂဏန်း၊ ဂုံး၊ ခရု၊ ကင်းမွန်၊ ရေဘဝဲ စတဲ့ ပင်လယ်စာမျိုးစုံရနိုင်တဲ့အပြင် ကြက်မဲ၊ ကြက်ဆင်၊ ဝက်သုံးထပ်သား၊ အမဲသား၊ ကြက်သဲ၊ ကြက်မြစ်၊ ကြက်တောင်ပံ၊ ကြက်ခြေထောက်၊ ငါးအသားလွှာ စတဲ့ အသားမျိုးစုံကိုလဲ ရနိုင်ပါသေးတယ်။ ပင်လယ်စာအတုမသုံးပဲ အစစ်တွေပဲသုံးထားပြီး လတ်လည်း လတ်ဆတ်တာကြောင့် ပင်လယ်စာကြိုက်သူတွေအတွက်တော့ စိတ်ချလက်ချနဲ့ တမုန်းဆွဲလို့ရတာပေါ့ရှင်။😋

ဒါတင်မကသေးဘဲ အသီးအရွက်၊ Sidedish (၁၂) မျိုး၊ အချိုပွဲတွေဖြစ်တဲ့ အအေး၊ ကျောက်ကျော၊ မြန်မာမုန့်၊ အသီးအနှံတွေနဲ့ ရေခဲမုန့်ပါ အစုံအလင်ရပါသေးတယ်ရှင်။🤤

အရည်အရသာအနေနဲ့ကတော့ တုန်ယမ်း၊ ချဥ်စပ်၊ မာလာ၊ အချိုဆိုပြီး (4)မျိုးရရှိနိုင်ပါတယ်ရှင့်။🍲

ဒါ့အပြင် (11) ယောက်လာစားရင် Cocktails (1) Tower Free လည်း ရဦးမှာဖြစ်ပါတယ်ရှင်။🍺

စိတ်ဝင်စားမှုအများဆုံးအချက်ဖြစ်မဲ့ ဈေးနှုန်းလေးကတော့ ပုံမှန်စျေး (19000) ကျပ်ဖြစ်ပြီး (30.9.2023)အထိကို 10% Discount လည်း ရှိတာမို့ တစ်ဦးကို အပြီးအစီး (17100) ကျပ်ပဲ ကျသင့်တော့မှာဖြစ်ပါတယ်ရှင့်။ အချိန်အားဖြင့်လည်း ၂ နာရီခွဲ ပေးထားတာမို့ အေးဆေး တဝကြီး စားလို့ရတာပေါ့ရှင်။🍴

အရသာအားဖြင့်တော့ ပင်လယ်စာတွေက လတ်ဆတ်ပြီး မူကထအိုးနဲ့တင်မဟုတ်ဘဲ မီးသွေးမီးဖိုလေးနဲ့ ကင်စားတဲ့အခါ ပုစွန်တို့ ဂဏန်းတို့က လတ်ဆက်တာကြောင့် မွှေးပြီး ချိုနေရောပါပဲရှင်။🦐🦀
ယုကတော့ မူကထထက် ဒီတိုင်း မီးသွေးမီးဖိုလေးနဲ့ ကင်စားခဲ့ရတာလေးကို ပိုသဘောကျခဲ့ပါတယ်ရှင်။😋

Taste With Me ရဲ့ Rating System လေးအရ...
အစားအသောက်အရသာပိုင်း : ⭐⭐⭐🌙
Service : ⭐⭐⭐
အစားအသောက်သန့်ရှင်းမှုနဲ့ ပြင်ဆင်ပုံ : ⭐⭐⭐
ဆိုင်နေရာသန့်ရှင်းမှုနဲ့ ပြင်ဆင်ပုံ : ⭐⭐⭐

(ဒီ Rating ပေးမှုများဟာ မိမိတို့ ဆိုင်ရောက်စဉ်အချိန်အတွင်း အခြေအနေများအပေါ်သာမူတည်ဆုံးဖြတ်ခြင်းဖြစ်ပြီး ဆိုင်၏အခြေအနေ၊ အချိန်အခါနှင့် တစ်ဦးချင်းစီ၏ စိတ်ခံစားချက်များအပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်ပါသည်။)

ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့ကြားထဲက ပင်လယ်စာအစုံအလင်အပြင် အသားလွှာတွေပါ ရနိုင်ပြီး ဈေးနှုန်းတန်တန်လေးနဲ့ အဝစားချင်သူတွေအတွက်တော့ သွားစားကြည့်သင့်တဲ့ဆိုင်လေးတစ်ဆိုင်ပဲ ဖြစ်ပါတယ်ရှင့်။🙆🏻‍♀️

Page Link: https://www.facebook.com/Raw25FreshSeafoodDistributionAndBuffet?mibextid=LQQJ4d

📍ဆိုင်လိပ်စာလေးကတော့ အင်းယားလမ်း၊ အင်းယားပန်းခြံဝင်း (ကန်ဘောင်)၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်ရှင်။

("Food will Boost Your Mood" ဆိုတဲ့ Taste With Me ရဲ့ ဆောင်ပုဒ်လေးအတိုင်း မိမိတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးအတွက် အစားအသောက်နဲ့ စားသောက်ဆိုင်များကို သင့်လျော်မှန်ကန်စွာ ရွေးချယ်နိုင်စေဖို့ အလျဉ်းသင့်သလို Honest Review လေးများကို ဆက်လက်တင်ဆက်ခွင့်ပြုပါရှင့်။)

#သွားစားမယ်

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon