Viloa's Collection

Viloa's Collection

Share

Women Accessories Good Products ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါသည်

Photos from Viloa's Collection's post 03/06/2026

စိတ်ဖိစီးမှုတွေ များလွန်းလို့ ရင်ဘတ်ထဲမှာ ပေါက်ကွဲမတတ် ပြိုလဲလုနီးပါး ဖြစ်နေတဲ့နေ့တွေ ရှိတတ်ပါတယ်။

အဲဒီလိုနေ့တွေဆိုရင် ဘယ်သူ့ကိုမှ သွားပြီး ရှင်းမပြပါနဲ့တော့။ လောကကြီးက ငါ့ကိုမှ ရက်စက်လေခြင်းလို့လည်း ဝမ်းမနည်းပါနဲ့။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ ခံစားချက်ကို ဘယ်သူမှ ထပ်တူ စာနာနားလည်ပေးနိုင်မှာ မဟုတ်လို့ပါ။

လူတွေဆီက အားပေးစကားကို မျှော်လင့်မယ့်အစား ညဉ့်နက်လို့ အားလုံးတိတ်ဆိတ်သွားချိန်မှာ ကိုယ့်နှလုံးသားက ဒဏ်ရာတွေကို ကိုယ်တိုင်ပဲ ပြန်ချုပ်ပေးလိုက်ပါ။ စိတ်ကုန်စရာတွေကို ဒီအတိုင်း ထားခဲ့ပြီး အိပ်စက်အနားယူလိုက်ပါ။ မနက်ဖြန် နေမင်းကြီး ထွက်လာတဲ့အခါ ယုံကြည်မှုအပြည့်နဲ့ ရိုးရှင်းတဲ့ အပြုံးတွေ ပြန်ပွင့်လာပါလိမ့်မယ်။

တစ်ခါတလေ ဘယ်သူကမှ ကိုယ့်ကို အရေးမလုပ်လည်း အေးဆေးပါပဲ။ သူများထက် တော်မနေလည်း စိတ်မရှိပါနဲ့။ လှုပ်ရှားရုန်းကန်နေရတဲ့ လူအုပ်ကြီးကြားထဲမှာ ကိုယ့်စိတ်ကိုပဲ ငြိမ်သက်အောင် ထိန်းထားပြီး ကိုယ်လုပ်စရာရှိတာကို အာရုံစိုက်လုပ်ပါ။

သောကတွေ စိုးရိမ်မှုတွေ ဝင်လာလို့ စိတ်မငြိမ်မသက် ဖြစ်ရတဲ့အခါ ကိုယ့်ရဲ့ တည်ငြိမ်မှုကို အဖျက်ဆီးမခံပါနဲ့။ နှလုံးသား ကွဲကြေရတဲ့ ရက်တွေ ရှိပေမဲ့လည်း လက်ပိုက်ပြီး အရှုံးပေးဖို့ မတွေးပါနဲ့။ လက်ရှိ ကိုယ်လုပ်ရမယ့် အလုပ်လေးတွေကိုပဲ တိတ်တဆိတ် အာရုံစိုက်ပြီး ဆက်လျှောက်လှမ်းခြင်းဟာ တကယ့် ရင့်ကျက်တဲ့ လူကြီးတစ်ယောက်ရဲ့ အရည်အသွေးပဲ ဖြစ်ပါတယ်။

#ခွန်အားဖြစ်စေမယ့်စာစုများ #ဘဝအတွက်

24/05/2026

Bsc Essence Blossom (ခရမ်းရောင်)

​အနံ့ ခပ်ပြင်းပြင်းလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ မွှေးမွှေးကြိုင်ကြိုင်အနံ့လေး ကြိုက်သူတွေအတွက် essence ခရမ်းရောင် ရှိပါတယ်🪻

🪻 အဝတ်အထည်တွေကိူ အရောင်မလွင့်စေဘဲ ချွေးနံ့တွေနဲ့ အနံ့ဆိုးတွေ ကင်းစင်ပြီး ဆွဲဆောင်မှုရှိတဲ့ ရနံ့သင်းသင်းကို စွဲထင်ကျန်စေပါတယ် ။ လန်းဆန်းမှု့ ကို ပေးစွမ်းနိုင်တာမို့ အပြင်ကို နေ့တိုင်းသွားရသူတွေ ရွေးချယ်ကြတဲ့ ခရမ်းရောင်လေးဖြစ်ပါတယ်။

⚡ အမွှေးဆီ ရောစပ်ပြီးသားဖြစ်လို့ သီးသန့်ထပ်သုံးပေးစရာ မလိုပါ။ Machine Wash & Hand Wash နှစ်မျိုးသုံး ဖြစ်ပြီး လက်မှအရေပြားကို ထိခိုက်တာ လုံးဝမရှိပါ။

🇹🇭Directed from Thailand

Bsc Essence liquid detergent (900ml)

📩📩📩📩

မှာယူလိုပါက - cb or 📱

☎️ 09256350936
Viber- 09676298288

Photos from Viloa's Collection's post 24/05/2026

ဘေဘီလေးတို့နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ Sensitive Skin သမားတွေပါ အကုန် အသုံးပြုလို့ရတဲ့ Pororo moisture cream .. 💛

Panthenol ပါဝင်လို့ အသားအရေယားယံတာ ၊ အနီစက်ထွက်တာ နဲ့ နေလောင်တာကိုသက်သာပျောက်ကင်းစေတယ် ... Chemical ပါဝင်မှု နည်းလို့ မျက်နှာနဲ့ ခန္ဓာကိုယ်ပါ လိမ်းလို့ရပါတယ်။

💧 Watery type texture ဖြစ်လို့ လိမ်းလိုက်ပါက စေးစေးကပ်ကပ်ကြီး မဖြစ်နေဘဲ အေးအေးလေးနှင့် အသားထဲကို မြန်မြန်ဆန်ဆန် စိမ့်ဝင်လွယ်တယ်.... Vitamin E နှင့် သဘာဝ အသီးအနှံတွေပါဝင်လို့ အသားခြောက်တာ ကာကွယ်ပေးပါတယ် ..

အသားအရေ စိုစိုအိအိလေး ဖြစ်စေဖို့ ... Pororo 🌱🌱

Pororo moisture cream (100 g )

Expire : 2028

🇰🇷 Direct from Korea

🛒🛒

Photos from Viloa's Collection's post 13/05/2026

Essence Floral (ပန်းရောင်) 💞

ထိုင်းနိုင်ငံမှာ လူကြိုက်များပြီး နာမည်ကြီးတံဆိပ် ဖြစ်တဲ့ BSC ESSENCE Liquid Detergent တွေ ရောင်းပေးပါမယ်နော် ..

​ပန်းရနံ့သင်းသင်းလေးကို နှစ်သက်သူများအတွက်
Essence Floral (pink) .. 🌸

နေ့စဉ်ဝတ် အဝတ်အထည်တွေမှာ ပန်းရနံ့ စွဲကျန်စေတယ်။ အဝတ်အထည်တွေကို နူးညံ့စေပြီးမွှေးရနံ့ကို ကြာရှည်ခံတယ် 🌸

✅ အမွှေးဆီ ရောစပ်ပြီးသားဖြစ်လို့ သီးသန့်ထပ်သုံးပေးစရာ မလိုတော့ပါ ။ ✔️ Machine Wash & Hand Wash နှစ်မျိုးသုံး ဖြစ်ပြီး လက်မှအရေပြားကို ထိခိုက်တာ လုံးဝမရှိပါ။

Bsc Essence liquid detergent (900ml)

Directed from Thailand 🇹🇭

💕

10/05/2026

Auto Foaming Soap Dispenser ⚡

ခေတ်မှီတဲ့ အိမ် , ရုံးခန်း , စားသောက်ဆိုင် စတဲ့နေရာတွေမှာ သန့်ရှင်းသန့်ရပ်ဖို့ အသုံးပြုကြတဲ့ Auto soap dispenser လေး ✔️

အသုံးပြုနည်း -

✔️ စက်လေးကို နံရံတွင် ကပ်ထားပေးပါ .. ချိတ်တွပ်စရာ ပါပြီး ကျောဘက်နဲ့ ကပ်ပေးရပါမယ်။

✔️ စက်အောက်မှာ လက်ကိုထားလိုက်တာနဲ့ Sensor ကသိပြီး အလိုအလျောက် ထုတ်ပေးမှာ ဖြစ်ပါတယ်။

✔️ လက်သန့်ဆေးရည် / Spray / Foam ကြိုက်နှစ်သက်ရာ ထည့်ပြီး အသုံးပြုနိုင်ပါတယ် ။

📩📩

လိုအပ်ပါက cb or ☎️ 09256350936

🛒 မြို့နယ်တိုင်း အိမ်အရောက်ငွေချေ ပို့ပေးပါတယ်။

08/05/2026

💜 DMP Baby Lotion Lavender 🪻

ခရမ်းရောင်လေးက 𝗟𝗮𝘃𝗲𝗻𝗱𝗲𝗿 နဲ့ ဖော်စပ်ထားလို့အသားရည်ကို စိုပြေဝင်းပစေပါတယ်။ အနံ့သင်းသင်းလေးနဲ့မို့ ဘေဘီလေးတို့ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

✔️စေးကပ်မှု မရှိပါ ။ အသားထဲကိုစိမ့်ဝင်လွယ်ပြီးတစ်နေကုန်မွှေးပျံ့နေစေပါတယ်.. အသားအရေ ခြောက်သွေ့တာ ၊ မဲညစ်နေတာတွေလဲကို ပျောက်ကင်းစေလို့ လူကြီးတွေပါ အသုံးပြုလို့ရပါတယ်နော် ..

✔️ဓာတုပစ္စည်းတွေ မပါဝင်ပဲ သဘာဝအတိုင်း ထုတ်ထားတာမို့ ကလေးရဲ့ အသားအရေကို သိသိသာသာ ဖြူဝင်းလာစေပါ။

Made in Thailand 🇹🇭

480 ML - 27000 ks

🔺 YGN , instock
🚚 မြို့နယ်တိုင်းကို အိမ်အရောက်ငွေချေ ပို့ပေးပါသည်။

03/05/2026

Dmp baby bath ရောင်စုံ ထပ်ရောက်ထားပါတယ်နော် ..

✨ DMP ရဲ့ ထူးခြားချက်များ..

💚 အမာရွတ်ပျောက်တယ်...အသားဖြူတယ်...အမဲစက်တွေပျောက်စေတယ်။
💚pH 5.5 Balanced: အသားအရေရဲ့ သဘာဝအတိုင်း စိုပြေမှုကို ထိန်းသိမ်းပေးပြီး အသားမပတ်စေခြင်း။
💚 💯Sensitive ဖြစ်တဲ့ အသားရည်နဲ့ သင့်တော်ပြီး မီးဖွားပြီးခါစ မေမေတွေ အနေနဲ့လဲ အသုံးပြုလို့ပါတယ်။
💚 Head-to-Toe: ခေါင်းလျှော်၊ ကိုယ်တိုက် တစ်ဗူးတည်းနဲ့ အပြီးအစီးမို့ အရမ်းကို အဆင်ပြေပါတယ်။

Price- 18000 ks

⚡⚡⚡⚡

&shower

30/04/2026

ညောင်ရေသွန်းပွဲတော် .... ✍️

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ ရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်တဲ့ ညောင်ရေသွန်းပွဲကို နွေဥတုရဲ့ နောက်ဆုံးလ ဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာ ကျင်းပကြပါတယ်။

ကဆုန်လဟာ နွေရာသီရဲ့ အပူပြင်းဆုံးကာလ ဖြစ်တဲ့အပြင် ကောင်းကင်တွင် မိုးသားတွေ အုံ့မှိုင်းကာ တဂျိန်းဂျိန်းနှင့် မိုးချုန်းသံတွေ ခဏ ခဏ ကြားရတဲ့ လလဲ ဖြစ်ပါတယ်။ " အသူရာနတ်မင်းက သိကြားမင်းရှိရာ တာဝတိံသာနတ်ပြည်သို့ စစ်မောင်းသံပေးနေသည့်အလား ထင်ရသည်" ဟုပင် ဆိုကြပါတယ်။

ဒါကြောင့် ညောင်ရေသွန်းပွဲကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အနေနဲ့ အမွန်အမြတ်ထားရာ ပွဲတော်တစ်ခုအနေနဲ့ ခြိမ့်ခြိမ့်သဲသဲ စည်စည်ကားကား ကျင်းပကြပါတယ်။ ကဆုန်လပြည့်နေ့ မရောက်မီ တစ်ရက်အလိုတွင် ဘုရား၊ စေတီပုထိုးက ညောင်ပင်တွေမှာ အမှိုက်သရိုက်တွေကိုလဲ ရှင်းလင်းထားတက်ကြပါတယ်။ ကဆုန်လပြည့်နေ့ နံနက်ခင်းမှာ သက်ကြီးရွယ်အိုတွေကအစ လူငယ်တွေအထိ ဥပုသ်သီလ ယူကြပါတယ်။ ဘုရားစေတီတွေမှာ ပရိတ်တရားတော်၊ ဓမ္မစကြာ တရားတော်တွေကိုလဲ ရွတ်ဖတ်ကြပါတယ်။

ထိုနေ့တွင် အမျိုးသမီးတွေက ယောဂီအဝတ်အစားတွေ သေသေသပ်သပ် ဝတ်ကာ ညောင်ပင်ခြေရင်းတွင် ရေသွန်းလောင်းကြပါတယ်။ တချို့နေရာ ဒေသတွေမှာ ရိုးရာဓလေ့အရ ယောကျာ်းလေးကိုလု က အိုးစည် ဒိုးပတ်တွေနဲ့ ကခုန် ဖျော်ဖြေတာ မြင်ရတက်ပါသေးတယ် ။ တစ်ချို့က စတုဒီသာကျွေးပြီး ကုသိုလ်ယူတက်ကြပါတယ်။

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ နေ့တစ်နေ့ဖြစ်တဲ့အပြင် ဘုရားစေတီဝန်းကျင်ရှိ ဗောဓိညောင်ပင်တွေကို ညောင်ရေသွန်းပေးတာက မြန်မာလူမျိုးတို့အတွက် ကြည်နူးချမ်းမြေ့စရာ ကောင်းလှပါတယ်။

ထို ကဆုန်လပြည့်နေ့ အချိန်အခါသမယနေ့မှစပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ ကပ်ကြီး(၃)ပါးနှင့်တကွ ဘေးအန္တရာယ်အပေါင်း လွတ်မြောက်ကာ စီးပွားလာဘ်လာဘများ တိုးတက်ကောင်းမွန်ပြီး ကံကောင်းခြင်းတွေ ရယူပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် 🙏

Photos from Viloa's Collection's post 26/04/2026

☀️ နွေရာသီမှာ ရေပိုသောက်ပေးပါ 💧

နွေရာသီတွင် အပူရှိန်မြင့်တက်လာပြီး ခန္ဓာကိုယ်မှာ ချွေးများထွက်ပြီး ရေဓါတ်ဆုံးရှုံးမှု ဖြစ်လာနိုင်ပါတယ် ။ ဒါကြောင့် ကျန်းမာရေး ကောင်းမွန်စေဖို့ နေ့စဉ် လုံလုံလောက်လောက် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

နွေရာသီမှာ ရေများများသောက်ခြင်းရဲ့ ကောင်းကျိုးများ ...

✨ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ် .
✨ ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးတယ်.
✨ ပင်ပန်းနွမ်းနယ်တာကို လျော့နည်းစေတယ်.
✨ အပူရှိန်ကြောင့် ဖြစ်လာတဲ့ မူးဝေတာနဲ့ ခေါင်းကိုက်တာကို ကာကွယ်ပေးတယ်.
✨ အသားအရေကို လန်းဆန်းပြီး ကျန်းမာစေတယ်.

နွေရာသီတွင် ရေသောက်တာနဲ့ ပတ်သက်ပြီး သတိပြုရန်အချက်...

🧂တစ်နေ့တွင် ရေ ၈ - ၁၀ ခွက် ခန့် သောက်ပေးပါ.
🧂 နေပူထဲတွင် လှုပ်ရှားမှုများ ရှိပါက ရေကို ပိုသောက်ပေးပါ.
🧂 ရေငတ်မှသာ မစောင့်ပဲ အချိန်မှန်သောက်ပေးပါ.
🧂အရက် ၊ ကော်ဖီ နှင့် အချိုရည်တွေ အလွန်အ ကျွံ သောက်တာ ရှောင်ပေးပါ.

💛

စာသားကူးယူခြင်းမပြုပါ ❌

ချစ်ကာကာများ ရေသောက်ဖို့ မမေ့ရစေဖို့ လက်ဆွဲကိုင်းအလှနဲ့ ရေဗူး လှလှလေး ရှိပါတယ်နော် .. 💛

Price- 22000 ks ( အစိမ်း , ပန်း)

🌸🍀🌸

#ရေဗူးအလှ

Photos from Viloa Baby Cots and Accessories ကလေးပုခက်အမျိုးမျိုးနှင့်အသုံးအဆောင်များ's post 30/09/2024
Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon